ဟောလိဝုဒ်အက်ရှင်ကြယ်ပွင့်ကြီး အာနိုးရှဝါဇနက်ဂါ၏ လော့စ်အိန်ဂျလိစံအိမ်
ဟောလိဝုဒ်အက်ရှင်ကြယ်ပွင့်ကြီး အာနိုးရှဝါဇနက်ဂါ၏ လော့စ်အိန်ဂျလိစံအိမ် - Property News in Myanmar from iMyanmarHouse.com
25 Aug 2022 11:36 am တွင် တင်ခဲ့သည်
445 ကြိမ် ကြည့်ရှု့ပြီး
ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင် (iMyanmarHouse.com)
[Unicode]
အာနိုးရှဝါဇနက်ဂါ (မွေး ၁၉၄၇) သည် ရုပ်ရှင်မင်းသား၊ ရုပ်ရှင်ထုတ်လုပ်သူ၊ စီးပွားရေးလုပ်ငန်းရှင်၊ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဖြစ်သည်။
၂၀၀၃ ခုနှစ်မှ ၂၀၁၁ ခုနှစ်ကြား ကယ်လီဖိုးနီးယားပြည်နယ်၏ ၃၈ ဦးမြောက် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။
၂၀၀၄ နှင့် ၂၀၀၇ ခုနှစ်များတွင် တိုင်းမ် မဂ္ဂဇင်းကြီး၏ ကမ္ဘာ့သြဇာအလွှမ်းဆုံးပုဂ္ဂိုလ် ၁၀၀ ဦးစာရင်းတွင် ထည့်သွင်းဖော်ပြခံရသူ ဖြစ်သည်။
Canan the Barbarian (၁၉၈၂) ဇာတ်ကားဖြင့် လူသိများခဲ့သည်။ Terminator ဇာတ်ကားများဖြင့်လည်း နာမည်ကြီးခဲ့ပြီး ၁၉၈၄ မှ ၂၀၁၉ ခုနှစ်အထိ Terminator ဇာတ်ကား ၅ ခု ရိုက်ကူးခဲ့သည်။
Commando (၁၉၈၅) ၊ Predator (၁၉၈၇)၊ Red Heat (၁၉၈၈) ဇာတ်ကားများမှာလည်း နာမည်ကြီးသည်။
၁၉၆၉ ခုနှစ်တွင် အင်္ဂလိပ်စာဆရာမတစ်ဦးဖြစ်သူ ဘာဘရာ အောက်ထ်လန်းနှင့် ဆုံစည်းခဲ့ပြီး ၁၉၇၄ ခုနှစ်ထိ အတူနေခဲ့ကြသည်။
သြစတေးလျသား အာန်ိုး အမေရိကသို့ ရောက်ပြီး ၆ လမှ ၈ လခန့်အတွင်း ဘာဘရာနှင့် စတင်ဆုံစည်းခဲ့ခြင်းဖြစ်ပြီး ဆန်တာမိုနီကာရှိ တိုက်ခန်းလေးတစ်ခုတွင် အတူနေခဲ့ကြသည်။
ထိုစဉ်က အာနိုးမှာ ငွေကြေးအနည်းငယ်သာရှိသည်။ သူတို့နှစ်ဦး ကမ်းခြေသို့ နေ့တိုင်းသွား၏။ အိမ်နောက်ဘက်ကွက်လပ်တွင် အကင်များလုပ်စားကြ၏။
အာနိုးသည် သူ၏ အခြားချစ်သူတစ်ဦးဖြစ်သော Sue Moray နှင့် ၁၉၇၇ ခုနှစ်၊ ဇူလိုင်လတွင် ဗင်းနစ်ရှိ ကမ်းခြေတစ်ခုတွင် ဆုံစည်းခဲ့သည်။
ယင်းနောက် သြဂုတ်လတွင်လည်း အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ၏ တူမ သတင်းထောက်မလေး မာရီယာ ရှရိုင်ဗာနှင့် ချစ်ကြိုက်ခဲ့ပြန်သည်။
အာနိုးသည် Sue နှင့် မာရီယာတို့ ၂ ဦးကို တပြိုင်တည်းချစ်ကြိုက်ခဲ့ခြင်းဖြစ်သည်။
၁၉၈၆ ခုနှစ်တွင် မာရီယာနှင့် လက်ထပ်ခဲ့ကာ သားသမီး ၄ ဦးထွန်းကားသည်။
(အာနိုးရှဝါဇနက်ဂါ၏ လော့စ်အိန်ဂျလိစံအိမ်)
အာနိုး၏ လော့စ်အိန်ဂျလိစံအိမ်တွင် အိပ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၁၀ ခန်းပါဝင်ကာ အကျယ်အဝန်းမှာ စတုရန်းပေ ၁၅၀၀၀ နီးပါးရှိသည်။
တည်နေရာမှာ လော့စ်အိန်ဂျလိမြို့၊ Bel Air အရပ်၊ Chalon လမ်းပေါ်တွင် တည်ရှိသည်။
စံအိမ်မှတဆင့် လော့စ်အိန်ဂျလိမြို့ကြီးနှင့် ပင်လယ်ပြင်၏ ခမ်းနားသော ရှုမျှော်ခင်းများကို တွေ့မြင်နိုင်သည်။
စံအိမ်မှာ ကျယ်ကျယ်ဝန်းဝန်းရှိသောကြောင့် အာနိုးအနေဖြင့် ပွဲကြီးလမ်းကြီးများကို မိသားစု၊ မိတ်ဆွေများနှင့်အတူ ပြုလုပ်နိုင်သည်။
(အသေးစိတ်အချက်အလက်များ)
အိပ်ခန်း- ၇ ခန်း
အိပ်ခန်း - ၁၀ ခန်း
အကျယ်အဝန်း- ၁၄၅၀၀ စတုရန်းပေ
တန်ကြေး- ကန်ဒေါ်လာ ၂၁ သန်း
အာနိုးရှဝါဇနက်ဂါ အိမ်လိပ်စာ- Chalon Rd, Los Angeles, CA 90049
အာနိုးရှဝါဇနက်ဂါ၏ ကြွယ်ဝမှု- ကန်ဒေါ်လာ သန်း ၄၀၀
(ဆက်စပ်သတင်း)
https://www.imyanmarhouse.com/news/read/1003490
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Arnold Schwarzenegger House: The California Pad (urbansplatter)
[Zawgyi]
သြစတေးလျသား အာနိုး အမေရိကသို့ ရောက်ပြီး ၆ လမှ ၈ လခန့်အတွင်း ဘာဘရာနှင့် စတင်ဆုံစည်းခဲ့ခြင်းဖြစ်ပြီး ဆန်တာမိုနီကာရှိ တိုက်ခန်းလေးတစ်ခုတွင် အတူနေခဲ့ကြသည်။
အိပ်ခန်း- ၇ ခန်း
အိပ်ခန်း - ၁၀ ခန်း
(ဆက်စပ်သတင်း)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အလန်းစား Decoration များနှင့် အလှဆင်ထားတဲ့ Bar များ စုစည်းမှု
အလန်းစား Decoration များနှင့် အလှဆင်ထားတဲ့ Bar များ စုစည်းမှု
တိတ်ဆိတ်လှပတဲ့ ရွာငယ်လေး Shirakawa-go
တိတ်ဆိတ်လှပတဲ့ ရွာငယ်လေး Shirakawa-go
အင်္ဂလန်အသင်း အခြေစိုက်တည်းခိုလျက်ရှိသည့် ကာတာမှ ကမ်းခြေဟိုတယ်နှင့် လေ့ကျင့်ရေးကစားကွင်း...
အင်္ဂလန်အသင်း အခြေစိုက်တည်းခိုလျက်ရှိသည့် ကာတာမှ ကမ်းခြေဟိုတယ်နှင့် လေ့ကျင့်ရေးကစားကွင်း...
ဝိုင်ချက်စက်ရုံ၊ စားသောက်ဆိုင်များနှင့် ဈေးဆိုင်တို့ပါဝင်သည့် ကျေးရွာတစ်ခုလုံးကို ပေါင် ၂ ဒသမ ၆ သန်းဖြင့် ရောင်းမည်...
ဝိုင်ချက်စက်ရုံ၊ စားသောက်ဆိုင်များနှင့် ဈေးဆိုင်တို့ပါဝင်သည့် ကျေးရွာတစ်ခုလုံးကို ပေါင် ၂ ဒသမ ၆ သန်းဖြင့် ရောင်းမည်...
ကယ်လီဖိုးနီးယားပြည်နယ်မှ အပျော်စီးမီးပုံးပျံလုပ်ငန်းနှင့် ခြံဝန်း ၃ ခု ဒေါ်လာ ၁၂ သန်းဖြင့် ရောင်းမည်...
ကယ်လီဖိုးနီးယားပြည်နယ်မှ အပျော်စီးမီးပုံးပျံလုပ်ငန်းနှင့် ခြံဝန်း ၃ ခု ဒေါ်လာ ၁၂ သန်းဖြင့် ရောင်းမည်...
ဂျပန်အသင်း ကာတာတွင် တည်းခိုနေထိုင်သော Radisson Blu ဟိုတယ်
ဂျပန်အသင်း ကာတာတွင် တည်းခိုနေထိုင်သော Radisson Blu ဟိုတယ်
၁၆ သင်းရှုံးထွက်အဆင့်သို့ တက်သွားပြီဖြစ်သော နည်းပြ လူးဝစ်ဗန်ဂါး၏ နယ်သာလန်အသင်း ကမ္ဘာ့ဖလားတွင် တည်းခိုနေထိုင်သော St. Regis ဟိုတယ်...
၁၆ သင်းရှုံးထွက်အဆင့်သို့ တက်သွားပြီဖြစ်သော နည်းပြ လူးဝစ်ဗန်ဂါး၏ နယ်သာလန်အသင်း ကမ္ဘာ့ဖလားတွင် တည်းခိုနေထိုင်သော St. Regis ဟိုတယ်...
ခရစ္စတီယာနို ရော်နယ်ဒို ကာတာတွင် တည်းခိုနေထိုင်သော ဟိုတယ်
ခရစ္စတီယာနို ရော်နယ်ဒို ကာတာတွင် တည်းခိုနေထိုင်သော ဟိုတယ်
စပိန်နိုင်ငံက ကျောက်ဆောင်တွေကို ထွင်းပြီး မြို့တည်ထားတဲ့ ဆေတေနီးမြို့လေး
စပိန်နိုင်ငံက ကျောက်ဆောင်တွေကို ထွင်းပြီး မြို့တည်ထားတဲ့ ဆေတေနီးမြို့လေး
ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲရန် နံပါတ် ၁ နေရာမှ ရေပန်းစားနေသော မက်ဆီ၏ အာဂျင်တီးနားအသင်း တည်းခို နေထိုင်သည့် ကာတာတက္ကသိုလ်အဆောက်အအုံ...
ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲရန် နံပါတ် ၁ နေရာမှ ရေပန်းစားနေသော မက်ဆီ၏ အာဂျင်တီးနားအသင်း တည်းခို နေထိုင်သည့် ကာတာတက္ကသိုလ်အဆောက်အအုံ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ကိုရီးယားအကျော်ကြားဆုံး မိန်းကလေး K-PoP အဖွဲ့ BLACKPINK က ဂျင်းနီနဲ့ လီဆာတို့ နေတဲ့ နေအိမ်ကြီးတွေကို လေ့လာရအောင်
ကိုရီးယားအကျော်ကြားဆုံး မိန်းကလေး K-PoP အဖွဲ့ BLACKPINK က ဂျင်းနီနဲ့ လီဆာတို့ နေတဲ့ နေအိမ်ကြီးတွေကို လေ့လာရအောင်
ကထိန်သင်္ကန်းလှူဒါန်းရခြင်းအကျိုးတရား (၅) ပါး
ကထိန်သင်္ကန်းလှူဒါန်းရခြင်းအကျိုးတရား (၅) ပါး
ခရစ္စတီယာနို ရော်နယ်ဒို ကာတာတွင် တည်းခိုနေထိုင်သော ဟိုတယ်
ခရစ္စတီယာနို ရော်နယ်ဒို ကာတာတွင် တည်းခိုနေထိုင်သော ဟိုတယ်
ရိုးသားမှုတန်ဖိုး......
ရိုးသားမှုတန်ဖိုး......
အိန္ဒိယနိုင်ငံ၊ ရာဂျတ်စ်သန်ပြည်နယ်က လူအများကိုးကွယ်ကြသည့် ဂမ္ဘီရဆိုင်ကယ် နတ်ကွန်း၏ ကျောချမ်းဖွယ် ဇာတ်လမ်း
အိန္ဒိယနိုင်ငံ၊ ရာဂျတ်စ်သန်ပြည်နယ်က လူအများကိုးကွယ်ကြသည့် ဂမ္ဘီရဆိုင်ကယ် နတ်ကွန်း၏ ကျောချမ်းဖွယ် ဇာတ်လမ်း
အင်္ဂလန်လက်ရွေးစင်ဘောလုံးသမားများ၏ ချစ်သူ၊ ဇနီးများ ကာတာကမ္ဘာ့ဖလားတွင် တည်းခိုလျက်ရှိသည့် တိုက်တန်းနစ်သင်္ဘောထက် ၄ ဆကြီး
အင်္ဂလန်လက်ရွေးစင်ဘောလုံးသမားများ၏ ချစ်သူ၊ ဇနီးများ ကာတာကမ္ဘာ့ဖလားတွင် တည်းခိုလျက်ရှိသည့် တိုက်တန်းနစ်သင်္ဘောထက် ၄ ဆကြီး
ခြအကြောင်းနှင့် ခြရှင်းနည်း.....
ခြအကြောင်းနှင့် ခြရှင်းနည်း.....
မီရှဲယိုနှင့် အသက် ၇၃ နှစ်အရွယ်ခင်ပွန်း ဘီလျံနာတို့ နေထိုင်သော ဆွစ်ဇာလန်မှ စံအိမ်
မီရှဲယိုနှင့် အသက် ၇၃ နှစ်အရွယ်ခင်ပွန်း ဘီလျံနာတို့ နေထိုင်သော ဆွစ်ဇာလန်မှ စံအိမ်
ပါမစ်ပျောက်ဂရန်ကို ဝယ်မိလို့ လက်လွတ်ဆုံးရှုံးရတော့မယ်။
ပါမစ်ပျောက်ဂရန်ကို ဝယ်မိလို့ လက်လွတ်ဆုံးရှုံးရတော့မယ်။
နိုဝင်ဘာ ၂၀ တွင် စတင်ကျင်းပတော့မည့် ၂၀၂၂ ကာတာကမ္ဘာ့ဖလား ကစားကွင်းသစ်ကြီးများ
နိုဝင်ဘာ ၂၀ တွင် စတင်ကျင်းပတော့မည့် ၂၀၂၂ ကာတာကမ္ဘာ့ဖလား ကစားကွင်းသစ်ကြီးများ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
hill-garden-tbc
billionaire
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store