ဂျင်းဘောင်းဘီအကျပ်တွေကို တစ်နေ့လုံးအကြာကြီးဝတ်မယ်ဆိုရင် ဘာတွေဖြစ်လာနိုင်လဲ... - Property Knowledge in Myanmar from iMyanmarHouse.com
1142 Views

ဂျင်းဘောင်းဘီအကျပ်တွေကို တစ်နေ့လုံးအကြာကြီးဝတ်မယ်ဆိုရင် ဘာတွေဖြစ်လာနိုင်လဲ...

Knowledge | Posted by Hnin Ei Khin

[Unicode]

 

လူတော်တော်များများက ဂျင်းဘောင်းဘီတွေကို နှစ်ပေါင်းများစွာ စတိုင်ကျကျဝတ်ဆင်လာခဲ့ကြတာပါ။ ၂၀၂၂ ခုနှစ်မှာလည်း ခေတ်စားနေတုန်းပါပဲ။ ဒါပေမဲ့ အပြင်သွားတဲ့ အခါမျိုးမှာပဲ ကျပ်တဲ့ဂျင်းဘောင်းဘီတွေကို ဝတ်ဆင်သင့်ပါတယ်။ အိမ်မှာရှိနေတဲ့အချိန်၊ အိမ်ပြန်ရောက်တဲ့အချိန်မှာ ချောင်ချောင်ချိချိဘောင်းဘီမျိုးကို ရွေးချယ်ဝတ်ဆင်တာအကောင်းဆုံးပါပဲ။ စတိုင်ကျတဲ့ ဂျင်းဘောင်းဘီအကျပ်တွေကို မကြာခဏဝတ်ဆင်တာ (သို့) တစ်နေ့လုံးအကြာကြီးဝတ်ဆင်တာက သင်ထင်ထားတာထက် ပြဿနာတွေပိုဖြစ်စေနိုင်ပါတယ်။ ဂျင်းဘောင်းဘီအကျပ်တွေကို ပုံမှန်ဝတ်ဆင်တာက သင့်ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်မှုရှိစေနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဘာတွေဖြစ်လာနိုင်လဲဆိုရင်....

သင့်ခြေထောက်တွေကို နာကျင်စေနိုင်တယ်

ဂျင်းဘောင်းဘီတွေက စတိုင်ကျတာဟုတ်ပေမဲ့ အပြင်သွားတဲ့အခါမျိုး ခဏတစ်ဖြုတ်ဝတ်ဆင်တာပိုကောင်းပါတယ်။ ဂျင်းဘောင်းဘီအကျပ်မဟုတ်ဘဲ ဂျင်းဘောင်းဘီအပွကို ဝတ်ဆင်လို့လည်းရပါတယ်။ တစ်နေ့လုံးအကြာကြီး ဂျင်းဘောင်းဘီအကျပ်ကို ဝတ်ဆင်ထားတာက သင့်ခြေထောက်က ကြွက်သားနဲ့သွေးလွှတ်ကြောတွေကို နာကျင်စေနိုင်ပါတယ်။ ဂျင်းဘောင်းဘီနဲ့ ခါးပတ်တို့ ပေါင်းစပ်လိုက်တဲ့အခါမှာလည်း သင့်ရဲ့ပေါင်မှာ Skinny Pant Syndrome လို့ ခေါ်တဲ့ တုံကျင်နာကျင်တဲ့အခြေအနေမျိုးဖြစ်လာနိုင်ပါတယ်။

သွေးလည်ပတ်မှုကိုနှေးကွေးစေတယ်

ဂျင်းဘောင်းဘီဝတ်တဲ့အခါ သင့်ခြေထောက်တွေလေလံနာကျင်သလိုခံစားရရင် သက်တောင့်သက်သာရှိတဲ့ဘောင်းဘီတွေကို ရွေးချယ်ဝတ်ဆင်တာအကောင်းဆုံးပါပဲ။ သင့်ခါးတစ်ဝိုက် တင်းကျပ်လွန်းတဲ့ အဝတ်အစားတွေဝတ်ဆင်တာက သင့်ရဲ့သွေးလည်ပတ်မှုကို လျော့ကျစေပြီး နှလုံးနဲ့ အခြားအင်္ဂါအစိတ်အပိုင်းတွေဆီ သွေးတွေ စီးဆင်းဖို့ သွေးပြန်ကြောတွေအတွက် ပိုပြီးခက်ခဲစေနိုင်ပါတယ်။

ရင်ပူရင်ဆာဖြစ်ခြင်းကို ပိုဆိုးရွားစေတယ်

ဂျင်းဘောင်းဘီအကျပ်တွေကို အကြာကြီးဝတ်ဆင်ရင်းနဲ့ သင့်ခါးတစ်ဝိုက်မှာ အရာတွေထင်ကျန်ခဲ့တာကို သင် သေချာပေါက် သတိထားမိဖူးမှာပါ။ ဝမ်းဗိုက်ကို ဖိအားဖြစ်တဲ့ အဝတ်အစားအကျပ်တွေက အက်ဆစ်ပြန်စီးခြင်း (Acid Reflux)ကို ဖြစ်စေနိုင်ပါတယ်။ သင်က ရင်ပူရင်ဆာဖြစ်ခြင်းကို မခံစားဘူးရင်တောင် ဂျင်းဘောင်းဘီကို နှစ်ပတ်လောက် ပုံမှန်ဝတ်ဆင်မယ်ဆိုရင် သင်လည်း အက်ဆစ်ပြန်စီးခြင်း ဖြစ်နိုင်ခြေရှိပါတယ်။

ကိုယ်နေဟန်ထားအပေါ် သက်ရောက်စေနိုင်တယ်

ဂျင်းဘောင်းဘီအကျပ်တွေကို အကြာကြီးဝတ်ဆင်ရင်း သင့်ကို ပျော့တိပျော့ခွေနေစေနိုင်ပါတယ်။ ‌ဂျင်းဘောင်းဘီအကျပ်တွေက သင့်ရဲ့ခါးနဲ့ တင်းပါးကြားရှိ ကျန်းမာရေးနဲ့ညီညွှတ်တဲ့မျှတမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး အလွန်အမင်းခါးအောက်ပိုင်းကွေးညွှတ်စေနိုင်တဲ့အတွက် သင့်ရဲ့ကျောရိုးနုလွှာမှာ ဖိအားဖြစ်စေနိုင်ပါတယ်။

မျိုးဆက်ပွားကျန်းမာရေးအတွက် မကောင်းနိုင်

နေ့တိုင်း ဂျင်းဘောင်းဘီအကျပ်တွေဝတ်ဆင်တာက ကူးစက်ရောဂါနဲ့ ယားယံခြင်းတွေကို ကြုံတွေ့ရနိုင်ခြေများလာစေနိုင်ပါတယ်။ အဲဒီအထဲကမှ တစ်ခုက နာတာရှည်အမျိုးအသီးအပြင်လိင်အင်္ဂါနာကျင်ခြင်း (Vulvodynia) အခြေအနေဖြစ်ပါတယ်။ ဂျင်းဘောင်းဘီအကျပ်ကို တစ်ပတ် (၄) ကြိမ် (သို့) (၄) ကြိမ်ထက်ပိုဝတ်ဆင်တဲ့ အမျိုးသမီးတွေက မဝတ်တဲ့အမျိုးသမီးတွေထက် Vulvodynia ဖြစ်နိုင်ခြေ နှစ်ပိုများတယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ရပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: yoyarlay

 

 

 

[Zawgyi]

ဂ်င္းေဘာင္းဘီအက်ပ္ေတြကို တစ္ေန႔လုံးအၾကာႀကီးဝတ္မယ္ဆိုရင္ ဘာေတြျဖစ္လာႏိုင္လဲ...

 

လူေတာ္ေတာ္မ်ားမ်ားက ဂ်င္းေဘာင္းဘီေတြကို ႏွစ္ေပါင္းမ်ားစြာ စတိုင္က်က်ဝတ္ဆင္လာခဲ့ၾကတာပါ။ ၂၀၂၂ ခုႏွစ္မွာလည္း ေခတ္စားေနတုန္းပါပဲ။ ဒါေပမဲ့ အျပင္သြားတဲ့ အခါမ်ိဳးမွာပဲ က်ပ္တဲ့ဂ်င္းေဘာင္းဘီေတြကို ဝတ္ဆင္သင့္ပါတယ္။ အိမ္မွာ႐ွိေနတဲ့အခ်ိန္၊ အိမ္ျပန္ေရာက္တဲ့အခ်ိန္မွာ ေခ်ာင္ေခ်ာင္ခ်ိခ်ိေဘာင္းဘီမ်ိဳးကို ေ႐ြးခ်ယ္ဝတ္ဆင္တာအေကာင္းဆုံးပါပဲ။ စတိုင္က်တဲ့ ဂ်င္းေဘာင္းဘီအက်ပ္ေတြကို မၾကာခဏဝတ္ဆင္တာ (သို႔) တစ္ေန႔လုံးအၾကာႀကီးဝတ္ဆင္တာက သင္ထင္ထားတာထက္ ျပႆနာေတြပိုျဖစ္ေစႏိုင္ပါတယ္။ ဂ်င္းေဘာင္းဘီအက်ပ္ေတြကို ပုံမွန္ဝတ္ဆင္တာက သင့္က်န္းမာေရးအေပၚ ဆိုးက်ိဳးသက္ေရာက္မႈ႐ွိေစႏိုင္တဲ့အတြက္ေၾကာင့္ျဖစ္ပါတယ္။ ဘာေတြျဖစ္လာႏိုင္လဲဆိုရင္

သင့္ေျခေထာက္ေတြကို နာက်င္ေစႏိုင္တယ္

ဂ်င္းေဘာင္းဘီေတြက စတိုင္က်တာဟုတ္ေပမဲ့ အျပင္သြားတဲ့အခါမ်ိဳး ခဏတစ္ျဖဳတ္ဝတ္ဆင္တာပိုေကာင္းပါတယ္။ ဂ်င္းေဘာင္းဘီအက်ပ္မဟုတ္ဘဲ ဂ်င္းေဘာင္းဘီအပြကို ဝတ္ဆင္လို႔လည္းရပါတယ္။ တစ္ေန႔လုံးအၾကာႀကီး ဂ်င္းေဘာင္းဘီအက်ပ္ကို ဝတ္ဆင္ထားတာက သင့္ေျခေထာက္က ႂကြက္သားနဲ႔ေသြးလႊတ္ေၾကာေတြကို နာက်င္ေစႏိုင္ပါတယ္။ ဂ်င္းေဘာင္းဘီနဲ႔ ခါးပတ္တို႔ ေပါင္းစပ္လိုက္တဲ့အခါမွာလည္း သင့္ရဲ႕ေပါင္မွာ Skinny Pant Syndrome လို႔ ေခၚတဲ့ တုံက်င္နာက်င္တဲ့အေျခအေနမ်ိဳးျဖစ္လာႏိုင္ပါတယ္။

ေသြးလည္ပတ္မႈကိုေႏွးေကြးေစတယ္

ဂ်င္းေဘာင္းဘီဝတ္တဲ့အခါ သင့္ေျခေထာက္ေတြေလလံနာက်င္သလိုခံစားရရင္ သက္ေတာင့္သက္သာ႐ွိတဲ့ေဘာင္းဘီေတြကို ေ႐ြးခ်ယ္ဝတ္ဆင္တာအေကာင္းဆုံးပါပဲ။ သင့္ခါးတစ္ဝိုက္ တင္းက်ပ္လြန္းတဲ့ အဝတ္အစားေတြဝတ္ဆင္တာက သင့္ရဲ႕ေသြးလည္ပတ္မႈကို ေလ်ာ့က်ေစၿပီး ႏွလုံးနဲ႔ အျခားအဂၤါအစိတ္အပိုင္းေတြဆီ ေသြးေတြ စီးဆင္းဖို႔ ေသြးျပန္ေၾကာေတြအတြက္ ပိုၿပီးခက္ခဲေစႏိုင္ပါတယ္။

ရင္ပူရင္ဆာျဖစ္ျခင္းကို ပိုဆိုး႐ြားေစတယ္

ဂ်င္းေဘာင္းဘီအက်ပ္ေတြကို အၾကာႀကီးဝတ္ဆင္ရင္းနဲ႔ သင့္ခါးတစ္ဝိုက္မွာ အရာေတြထင္က်န္ခဲ့တာကို သင္ ေသခ်ာေပါက္ သတိထားမိဖူးမွာပါ။ ဝမ္းဗိုက္ကို ဖိအားျဖစ္တဲ့ အဝတ္အစားအက်ပ္ေတြက အက္ဆစ္ျပန္စီးျခင္း (Acid Reflux)ကို ျဖစ္ေစႏိုင္ပါတယ္။ သင္က ရင္ပူရင္ဆာျဖစ္ျခင္းကို မခံစားဘူးရင္ေတာင္ ဂ်င္းေဘာင္းဘီကို ႏွစ္ပတ္ေလာက္ ပုံမွန္ဝတ္ဆင္မယ္ဆိုရင္ သင္လည္း အက္ဆစ္ျပန္စီးျခင္း ျဖစ္ႏိုင္ေျခ႐ွိပါတယ္။

ကိုယ္ေနဟန္ထားအေပၚ သက္ေရာက္ေစႏိုင္တယ္

ဂ်င္းေဘာင္းဘီအက်ပ္ေတြကို အၾကာႀကီးဝတ္ဆင္ရင္း သင့္ကို ေပ်ာ့တိေပ်ာ့ေခြေနေစႏိုင္ပါတယ္။ ‌ဂ်င္းေဘာင္းဘီအက်ပ္ေတြက သင့္ရဲ႕ခါးနဲ႔ တင္းပါးၾကား႐ွိ က်န္းမာေရးနဲ႔ညီၫႊတ္တဲ့မွ်တမႈကို အေႏွာင့္အယွက္ျဖစ္ေစႏိုင္ၿပီး အလြန္အမင္းခါးေအာက္ပိုင္းေကြးၫႊတ္ေစႏိုင္တဲ့အတြက္ သင့္ရဲ႕ေက်ာ႐ိုးႏုလႊာမွာ ဖိအားျဖစ္ေစႏိုင္ပါတယ္။

မ်ိဳးဆက္ပြားက်န္းမာေရးအတြက္ မေကာင္းႏိုင္

ေန႔တိုင္း ဂ်င္းေဘာင္းဘီအက်ပ္ေတြဝတ္ဆင္တာက ကူးစက္ေရာဂါနဲ႔ ယားယံျခင္းေတြကို ၾကဳံေတြ႕ရႏိုင္ေျခမ်ားလာေစႏိုင္ပါတယ္။ အဲဒီအထဲကမွ တစ္ခုက နာတာ႐ွည္အမ်ိဳးအသီးအျပင္လိင္အဂၤါနာက်င္ျခင္း (Vulvodynia) အေျခအေနျဖစ္ပါတယ္။ ဂ်င္းေဘာင္းဘီအက်ပ္ကို တစ္ပတ္ (၄) ႀကိမ္ (သို႔) (၄) ႀကိမ္ထက္ပိုဝတ္ဆင္တဲ့ အမ်ိဳးသမီးေတြက မဝတ္တဲ့အမ်ိဳးသမီးေတြထက္ Vulvodynia ျဖစ္ႏိုင္ေျခ ႏွစ္ပိုမ်ားတယ္လို႔ သုေတသီေတြက ေတြ႕႐ွိခဲ့ရပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

Credit: yoyarlay

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service