အသား၊ ငါးတွေကိုရေခဲသေတ္တာထဲ ဘယ်လိုသိမ်းထားသင့်လဲ။ ဘယ်လောက်ခံလဲ ? - Property Knowledge in Myanmar from iMyanmarHouse.com
7174 Views

အသား၊ ငါးတွေကိုရေခဲသေတ္တာထဲ ဘယ်လိုသိမ်းထားသင့်လဲ။ ဘယ်လောက်ခံလဲ ?

Knowledge | Posted by Si Thu Aung

[Unicode]

 

ခုခေတ် အိမ်ရှင်မတွေထဲမှာနေ့တိုင်းဈေးသွားပြီးချက်ပြုတ်စားသောက်ကြတဲ့သူ အ တော်ကိုနည်းသွားပါပြီ။ အိမ်အလုပ်ကတစ်ဖက် အခြားအပြင်အလုပ်ကတစ်ဖက် တွဲပြီးလုပ်လာကြတဲ့သူများလာတာကြောင့် ဈေးအစား ရေခဲသေတ္တာကသာသူတို့အတွက် အဆင်အပြေဆုံးပစ္စည်းသိမ်းဆည်းသိုလှောင်ရာနေရာတစ်ခုဖြစ်လာပါတယ်။

ဒါပေမယ့် ဒီရေခဲသေတ္တာတွေထဲမှာစားစရာတွေကိုသေချာမသိမ်းထားတတ်ရင် ကျန်းမာရေးအပေါ် ဆိုးကျိုးတွေ အများကြီးသက်ရောက်နိုင်ပါတယ်။ အရေးအကြီးဆုံးကတော့ အသားတွေပေါ့။

ဒီလိုဘက်တီးရီးယားတွေ အပြည့်ဖြစ်နေတတ်တဲ့ အသားတွေကိုရေခဲသေတ္တာထဲမှာသေချာမသိမ်းထားတဲ့အခါ ရေခဲသေတ္တာကြီးကဘက်တီးရီးယားတွေ ပျော်စံရာနေရာတစ်ခု ဖြစ်သွားနိုင်ပါတယ်။ ရေခဲသေတ္တာထဲထည့်ထားတာပဲ အသားတွေ လုံးဝပုပ်မသွားနိုင်ပါဘူးဆိုတဲ့ အယူအဆကလည်းမှားနေတဲ့အရာတစ်ခုပါ။

ရေခဲသေတ္တာထဲဘယ်လောက်ထည့်ထည့် အသားတွေမှာလည်းသူ့သက်တမ်းကုန်ဆုံးရက်ရှိပါတယ်။ ဒီတော့ အသားတွေကိုရေခဲသေတ္တာထဲဘယ်လိုသိမ်းရမလဲ၊ ဘယ်အသားတွေက ဘယ်လောက်ခံလဲဆိုတာတွေကိုအိမ်တစ်အိမ်ရဲ့ ကျန်းမာရေးကိုတာဝန်ယူထားတဲ့ အိမ်ရှင်မတိုင်းသိထားဖို့လိုတယ်နော်။

ရေခဲသေတ္တာရဲ့ အစိတ်အပိုင်းတွေကိုအရင်လေ့လာကြည့်ရအောင် ။

အသားတွေ သိမ်းဆည်းတဲ့အကြောင်းအပြောခင် ရေခဲ့သေတ္တာအကြောင်းအရင်သိဖို့လိုပါတယ်။ ရေခဲသေတ္တာဆိုတာအေးခဲနေတဲ့ နေရာတစ်ခုဖြစ်ပေမယ့် သူ့ကိုအကြမ်းအားဖြင့် အကန့် ၂ ကန့် ခွဲထားတယ်ဆိုတာလူတိုင်းသိကြမှာပါ။

ရေခဲစေတဲ့ အပေါ်ကန့်နဲ့ ဒီတိုင်းအေးနေတဲ့ အောက် အကန့်အကျယ်ကြီး ၂ ခုပေါ့။ အသားတွေကိုထုပ်ပိုးသိမ်းဆည်းတဲ့နေရာမှာဒီအကန့်တွေကလည်းအရေးပါတဲ့အတွက် ဆက်ကြည့်လိုက်ရအောင် ။

အနီရောင်ရှိတဲ့အသားတွေ

အမဲသားတို့ ဝက်သားတို့ဆိုတာရေခဲသေတ္တာအောက်အကန့်မှာဆိုရင် ၅ ရက်လောက်အထိခံပြီးအပေါ်ကန့် အခဲခန်းထဲမှာဆိုရင် ၁ နှစ်လောက်အထိသိမ်းထားနိုင်ပါတယ်။

ကြိတ်ထားတဲ့ အသားတွေဖြစ်တဲ့ ကြက်သား၊ အမဲသား၊ ဝက်သားတစ်ချို့တို့ကိုတော့ ရေခဲသေတ္တာအောက်ကန့်ထဲမှာ ၂ ရက်လောက်ပဲသိမ်းထားနိုင်ပြီးအပေါ်ကန့်ထဲမှာတော့ ၄ လလောက်ထိအခဲခံထားလို့ရပါတယ်။

အသားချောင်းတွေ

hot dog တို့လိုအသားချောင်းတွေကတော့ အထုတ်မဖွင့်ခင်ဆိုရေခဲသေတ္တာအောက်ကန့်ထဲမှာအနည်းဆုံး ၂ပတ်လောက်ခံပြီး ဖွင့်ပြီးသားအထုတ်တွေကိုတော့ ၅ ရက်အတွင်းစားပေးရပါမယ်။ ရေခဲတဲ့ အကန့်ထဲမှာသိမ်းထားမယ်ဆိုရင်တော့ ၁ လ ၂ လ လောက်အထိခံပါတယ်။

ဝက်ပေါင်ခြောက် ၊ ဝက်အူချောင်း

ဝက်ပေါင်ခြောက်ကတော့ ရေခဲသေတ္တာအောက်ကန့်ထဲမှာ ၁ ပတ်လောက်ပဲအထားခံပြီး ဝက်အူချောင်းတွေကတော့ ၂ ရက်လောက်ပဲခံပါတယ်။ ရေခဲသေတ္တာအပေါ်ကန့်ထဲမှာသိမ်းမယ်ဆိုရင်တော့ ၁ လလောက်အထိ အထားခံပါတယ်။

 

ကြက်ဥ

ကြက်ဥအစိမ်းတွေကိုတော့ ရေခဲသေတ္တာအောက်ကန့်မှာပဲသိမ်းထားတတ်ကြပြီး ၁ လလောက်အထိ တာရှည်ခံပါတယ်။ ပြုတ်ပြီးသား ကြက်ဥကတော့ တစ်ပတ်လောက်အထိပဲခံတတ်ပြီး ၁ ပတ်ထက်ကျော်သွားရင် မစားသင့်တဲ့ အစားအစာတွေထဲမှာပါပါတယ်။

အသားတွေ တာရှည်ခံတဲ့အကြောင်းတွေကိုသိပြီးပြီဆိုတော့ အသားတွေကိုစနစ်တကျ ဘယ်လိုသိမ်းဆည်းကြမလဲ ။ ။

* ဈေးကဝယ်လာတဲ့ အသားတွေကိုရေစင်အောင် ဆေးပါ။

* အသားတွေကိုသေချာဆေးပြီးပြီးဆိုတာနဲ့ ရေခဲသေတ္တာထဲထည့်ဖို့ ထုပ်ပိုးဖို့ ပြင်ဆင်ပါတော့။

* ဘူးထဲမှာလေအလုံပိတ်ထည့်ထားတာမျိုးဖြစ်ဖြစ်၊ zip lock ပါတဲ့ ပလတ်စတစ်အိတ်လေးထဲသိမ်းထားတာမျိုး ဖြစ်ဖြစ် သေချာထုပ်ပိုးသိမ်းဆည်းပါ။

* အသားတွေကိုသပ်သပ်နေရာဖယ်ထားပြီးသိမ်းပါ။ အသီးအရွက် တွေနဲ့ မရောပါနဲ့။ ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

အသား၊ ငါးေတြကိုေရခဲေသတၱာထဲ ဘယ္လိုသိမ္းထားသင့္လဲ။ ဘယ္ေလာက္ခံလဲ ?

ခုေခတ္ အိမ္႐ွင္မေတြထဲမွာေန႔တိုင္းေဈးသြားၿပီးခ်က္ျပဳတ္စားေသာက္ၾကတဲ့သူ အ ေတာ္ကိုနည္းသြားပါၿပီ။ အိမ္အလုပ္ကတစ္ဖက္ အျခားအျပင္အလုပ္ကတစ္ဖက္ တြဲၿပီးလုပ္လာၾကတဲ့သူမ်ားလာတာေၾကာင့္ ေဈးအစား ေရခဲေသတၱာကသာသူတို႔အတြက္ အဆင္အေျပဆုံးပစၥည္းသိမ္းဆည္းသိုေလွာင္ရာေနရာတစ္ခုျဖစ္လာပါတယ္။

ဒါေပမယ့္ ဒီေရခဲေသတၱာေတြထဲမွာစားစရာေတြကိုေသခ်ာမသိမ္းထားတတ္ရင္ က်န္းမာေရးအေပၚ ဆိုးက်ိဳးေတြ အမ်ားႀကီးသက္ေရာက္ႏိုင္ပါတယ္။ အေရးအႀကီးဆုံးကေတာ့ အသားေတြေပါ့။

ဒီလိုဘက္တီးရီးယားေတြ အျပည့္ျဖစ္ေနတတ္တဲ့ အသားေတြကိုေရခဲေသတၱာထဲမွာေသခ်ာမသိမ္းထားတဲ့အခါ ေရခဲေသတၱာႀကီးကဘက္တီးရီးယားေတြ ေပ်ာ္စံရာေနရာတစ္ခု ျဖစ္သြားႏိုင္ပါတယ္။ ေရခဲေသတၱာထဲထည့္ထားတာပဲ အသားေတြ လုံးဝပုပ္မသြားႏိုင္ပါဘူးဆိုတဲ့ အယူအဆကလည္းမွားေနတဲ့အရာတစ္ခုပါ။

ေရခဲေသတၱာထဲဘယ္ေလာက္ထည့္ထည့္ အသားေတြမွာလည္းသူ႕သက္တမ္းကုန္ဆုံးရက္႐ွိပါတယ္။ ဒီေတာ့ အသားေတြကိုေရခဲေသတၱာထဲဘယ္လိုသိမ္းရမလဲ၊ ဘယ္အသားေတြက ဘယ္ေလာက္ခံလဲဆိုတာေတြကိုအိမ္တစ္အိမ္ရဲ႕ က်န္းမာေရးကိုတာဝန္ယူထားတဲ့ အိမ္႐ွင္မတိုင္းသိထားဖို႔လိုတယ္ေနာ္။

ေရခဲေသတၱာရဲ႕ အစိတ္အပိုင္းေတြကိုအရင္ေလ့လာၾကည့္ရေအာင္ ။

အသားေတြ သိမ္းဆည္းတဲ့အေၾကာင္းအေျပာခင္ ေရခဲ့ေသတၱာအေၾကာင္းအရင္သိဖို႔လိုပါတယ္။ ေရခဲေသတၱာဆိုတာေအးခဲေနတဲ့ ေနရာတစ္ခုျဖစ္ေပမယ့္ သူ႕ကိုအၾကမ္းအားျဖင့္ အကန္႔ ၂ ကန္႔ ခြဲထားတယ္ဆိုတာလူတိုင္းသိၾကမွာပါ။

ေရခဲေစတဲ့ အေပၚကန္႔နဲ႔ ဒီတိုင္းေအးေနတဲ့ ေအာက္ အကန္႔အက်ယ္ႀကီး ၂ ခုေပါ့။ အသားေတြကိုထုပ္ပိုးသိမ္းဆည္းတဲ့ေနရာမွာဒီအကန္႔ေတြကလည္းအေရးပါတဲ့အတြက္ ဆက္ၾကည့္လိုက္ရေအာင္ ။'

အနီေရာင္႐ွိတဲ့အသားေတြ

အမဲသားတို႔ ဝက္သားတို႔ဆိုတာေရခဲေသတၱာေအာက္အကန္႔မွာဆိုရင္ ၅ ရက္ေလာက္အထိခံၿပီးအေပၚကန္႔ အခဲခန္းထဲမွာဆိုရင္ ၁ ႏွစ္ေလာက္အထိသိမ္းထားႏိုင္ပါတယ္။

ႀကိတ္ထားတဲ့ အသားေတြျဖစ္တဲ့ ၾကက္သား၊ အမဲသား၊ ဝက္သားတစ္ခ်ိဳ႕တို႔ကိုေတာ့ ေရခဲေသတၱာေအာက္ကန္႔ထဲမွာ ၂ ရက္ေလာက္ပဲသိမ္းထားႏိုင္ၿပီးအေပၚကန္႔ထဲမွာေတာ့ ၄ လေလာက္ထိအခဲခံထားလို႔ရပါတယ္။

အသားေခ်ာင္းေတြ

hot dog တို႔လိုအသားေခ်ာင္းေတြကေတာ့ အထုတ္မဖြင့္ခင္ဆိုေရခဲေသတၱာေအာက္ကန္႔ထဲမွာအနည္းဆုံး ၂ပတ္ေလာက္ခံၿပီး ဖြင့္ၿပီးသားအထုတ္ေတြကိုေတာ့ ၅ ရက္အတြင္းစားေပးရပါမယ္။ ေရခဲတဲ့ အကန္႔ထဲမွာသိမ္းထားမယ္ဆိုရင္ေတာ့ ၁ လ ၂ လ ေလာက္အထိခံပါတယ္။

ဝက္ေပါင္ေျခာက္ ၊ ဝက္အူေခ်ာင္း

ဝက္ေပါင္ေျခာက္ကေတာ့ ေရခဲေသတၱာေအာက္ကန္႔ထဲမွာ ၁ ပတ္ေလာက္ပဲအထားခံၿပီး ဝက္အူေခ်ာင္းေတြကေတာ့ ၂ ရက္ေလာက္ပဲခံပါတယ္။ ေရခဲေသတၱာအေပၚကန္႔ထဲမွာသိမ္းမယ္ဆိုရင္ေတာ့ ၁ လေလာက္အထိ အ ထားခံပါတယ္။

ၾကက္ဥ

ၾကက္ဥအစိမ္းေတြကိုေတာ့ ေရခဲေသတၱာေအာက္ကန္႔မွာပဲသိမ္းထားတတ္ၾကၿပီး ၁ လေလာက္အထိ တာ႐ွည္ခံပါတယ္။ ျပဳတ္ၿပီးသား ၾကက္ဥကေတာ့ တစ္ပတ္ေလာက္အထိပဲခံတတ္ၿပီး ၁ ပတ္ထက္ေက်ာ္သြားရင္ မစားသင့္တဲ့ အစားအစာေတြထဲမွာပါပါတယ္။

အသားေတြ တာ႐ွည္ခံတဲ့အေၾကာင္းေတြကိုသိၿပီးၿပီဆိုေတာ့ အသားေတြကိုစနစ္တက် ဘယ္လိုသိမ္းဆည္းၾကမလဲ ။ ။

* ေဈးကဝယ္လာတဲ့ အသားေတြကိုေရစင္ေအာင္ ေဆးပါ။

* အသားေတြကိုေသခ်ာေဆးၿပီးၿပီးဆိုတာနဲ႔ ေရခဲေသတၱာထဲထည့္ဖို႔ ထုပ္ပိုးဖို႔ ျပင္ဆင္ပါေတာ့။

* ဘူးထဲမွာေလအလုံပိတ္ထည့္ထားတာမ်ိဳးျဖစ္ျဖစ္၊ zip lock ပါတဲ့ ပလတ္စတစ္အိတ္ေလးထဲသိမ္းထားတာမ်ိဳး ျဖစ္ျဖစ္ ေသခ်ာထုပ္ပိုးသိမ္းဆည္းပါ။

* အသားေတြကိုသပ္သပ္ေနရာဖယ္ထားၿပီးသိမ္းပါ။ အသီးအ႐ြက္ ေတြနဲ႔ မေရာပါနဲ႔။ ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service