နယူးယောက်မြို့တော်ဝန်အိမ်တော်တွင် သရဲရှိကြောင်း မြို့တော်ဝန်သစ် ပြောကြား

နယူးယောက်မြို့တော်ဝန်အိမ်တော်တွင် သရဲရှိကြောင်း မြို့တော်ဝန်သစ် ပြောကြား - Property News in Myanmar from iMyanmarHouse.com
16 Jun 2022 11:16 am တွင် တင်ခဲ့သည်
625 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(Gracie Mansion အိမ်တော်တွင် တစ္ဆေသရဲများရှိကြောင်း မြို့တော်ဝန် Eric Adams ကျိန်ဆိုပြောကြား)

နယူးယောက်မြို့တော်ဝန်သစ် အဲရစ် အဒမ်စ် (Eric Adams) သည် တစ္ဆေသရဲများကို ယုံကြည်သူတစ်ဦး ဖြစ်ဟန်ရသည်။

ညကလပ်များသို့ သွားလေ့ရှိသူ မြို့တော်ဝန် အဲရစ်သည် ကခုန်ရခြင်းကို နှစ်သက်သူတစ်ဦး ဖြစ်သည်။

New York Yankees ဘေ့စ်ဘောအသင်း၏ ကစားကွင်း သတင်းထုတ်ပြန်ရေးနေရာတွင် အင်္ဂါနေ့ကစားပွဲတွင် မြို့တော်ဝန်က ထိုသို့ ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။

“ဘယ်သူတွေ ဘာပြောပြော ကျွန်တော်ဂရုမစိုက်ပါဘူး။ အဲဒီမှာ သရဲတွေရှိတယ် ကိုယ့်လူတို့”ဟု မြို့တော်ဝန်က Yankees ကွင်းမှ သတင်းကြေညာသူများဖြစ်သော Michael Kay နှင့် Cameron Maybin တို့အား ပြောခဲ့သည်။

အစီအစဉ်ကြေညာသူတို့က မြို့တော်ဝန်အား အစီအစဉ်ကြေညာသောနေရာသို့ ဖိတ်ခေါ်ခဲ့ခြင်းလည်း ဖြစ်သည်။

မြို့တော်ဝန်အိမ်တော်အတွင်း အရာဝတ္ထုများ အလိုအလျောက်ရွေ့လျားနေခြင်းကို တွေ့သည့်အပြင် ခြေသံများလည်း ကြားရကြောင်း မြို့တော်ဝန်က ပြောသည်။

ထိုအဆောက်အအုံကို ၁၉၄၂ ခုနှစ်ကတည်းက မြို့တော်ဝန်အိမ်တော်အဖြစ် အသုံးပြုခဲ့ခြင်းဖြစ်ပြီး သက်တမ်း ၂၂၃ နှစ်ရှိပြီဖြစ်သည့် ရှေးဟောင်းအဆောက်အအုံကြီး ဖြစ်သည်။

အကယ်၍ မြို့တော်ဝန်အိမ်တော်သာ အမှန်တကယ်သရဲခြောက်သည်ဆိုပါက သမိုင်းပညာရှင်များ၊ ပရလောက သုတေသီများအတွက် သတင်းထူးတစ်ခု ဖြစ်သည်။

ယခင်က မြို့တော်ဝန်အိမ်တော်ရှိ တစ္ဆေများ၊ ခြောက်လှန့်သည့်ဖြစ်ရပ်များအကြောင်း လူအများ မသိခဲ့ကြ။

(၁၉၄၂ ခုနှစ်မှစပြီး မြို့တော်ဝန်အိမ်တော်အဖြစ် အသုံးပြုခဲ့သော Gracie Mansion အိမ်တော်)

“ကျွန်မတော့ အဲ့လိုမျိုးတွေ မကြားဖူးခဲ့ပါဘူး”ဟု မြို့တော်ဝန်အိမ်တော်တွင် စားဖိုမှူး၊ ပွဲလမ်းမန်နေဂျာအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ အင်နာ မာရီယာ ဆန်တိုရယ်လီက ပြောသည်။

အင်နာသည် နယူးယောက်မြို့တော်ဝန်များဖြစ်သော David Dinkins, Rudy Giuliani နှင့် Michael Bloomberg တို့ လက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

အင်နာသည် တခါတရံတွင် ၁၉ နာရီကြာမြင့်သည့် တာဝန်အဆိုင်းများ ထမ်းဆောင်ခဲ့ရပြီး မြို့တော်ဝန်နှင့် ဧည့်သည်တော်များကို ကျွေးမွေးဧည့်ခံသည့်တာဝန်များ ထမ်းဆောင်ခဲ့ရသည်။

အင်နာက သူမ တာဝန်ထမ်းဆောင်ခဲ့သည့် နှစ်ပေါင်းများစွာကာလအတွင်း သရဲခြောက်သည့် သတင်းမျိုး မကြားမိကြောင်း ပြောသည်။

သို့သော် မြို့တော်ဝန်အိမ်တော်တွင် သရဲခြောက်ကြောင်း ပြောသည်မှာ မြို့တော်ဝန် အဲရစ် အဒမ်စ်တစ်ဦးတည်းမဟုတ်ချေ။

၂၀၁၄ မှ ၂၀၂၁ ခုနှစ်အထိ နယူးယောက်မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဘီလ် ဒီ ဘလာစီယို (Bill de Blasio) ၏ ဇနီး ရှားလိန်း မက္ကရေး (Chirlane McCray ) ကလည်း သရဲခြောက်ကြောင်း ပြောခဲ့ဖူးသည်။

၂၀၁၇ ခုနှစ်အတွင်း တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် မက္ကရေးက ပြောသည်မှာ အိမ်တော်အတွင်း မူမမှန်သည့် ဖြစ်ရပ်များ ကြုံတွေ့ခဲ့ရကြောင်း ပြောဖူးသည်။

“တံခါးတွေက သူ့ဟာသူ ပွင့်လာတာ၊ ပြန်ပိတ်သွားတာတွေ ခဏခဏကြုံရတယ်။ ကြမ်းပြင်တွေက တစ်ယောက်ယောက်လမ်းလျှောက်လာသလိုမျိုး တကျွိကျွိမြည်သံတွေ ကြားရတယ်”ဟု မက္ကရေးက ပြောသည်။

ယခုအိမ်တော်တွင် သေဆုံးခဲ့ဖူးသူမှာ အိမ်တော်ကို ဆောက်လုပ်ခဲ့သည့် ကုန်သည်ကြီး၏ ချွေးမ Elizabeth Wolcott Gracie ဖြစ်ပြီး ၁၈၁၉ ခုနှစ်တွင် ဦးနှောက်သွေးကြောပြတ်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။

(အိမ်တော်တွင် သရဲများရှိကြောင်း မြို့တော်ဝန် Eric Adams က အင်္ဂါနေ့ည ကစားပွဲတွင် ပြောကြားခဲ့သည်)

(မြို့တော်ဝန်အိမ်တော်ဖြစ်လာမည့်စံအိမ်တွင် ဦးနှောက်သွေးကြောပြတ်ကာ သေဆုံးခဲ့သူ Elizabeth Wolcott Gracie ၏ ဆီဆေးပန်းချီကား)

နယူးယောက်မြို့၊ မန်ဟက်တန်အရပ်၏ ရှေးအကျဆုံး သစ်အဆောက်အအုံများ တွင် တစ်ခုပါဝင်သော မြို့တော်ဝန်အိမ်တော်သည် ကျောချမ်းစရာကောင်းသော ပုံသဏ္ဍာန်ရှိသည်။

“အဲဒီနေရာက ကျွန်တော့်ကို ကျောချမ်းစေပါတယ်။ တကယ်ကို အိုမင်းဟောင်းနွမ်းပြီး ရှေးကျတဲ့အိမ်ကြီးပါ။ အဲဒီမှာ နေရတဲ့သူဆို ဒီတိုင်းပဲ ခံစားကြရမှာပါပဲ”ဟု အရှေ့ ၈၆ လမ်းအသင်းမှ လက်ထောက်ဥက္ကဌ Andrew Fine က ပြောသည်။

NYC Ghosts ခရီးစဉ် တည်ထောင်သူ Lance Zaal က မြို့တော်ဝန်အိမ်တော်သည် နယူးယောက်မြို့၏ တစ္ဆေခြောက်သည်ဟု လူသိများသော စာရင်းတွင် မပါသေးကြောင်း အတည်ပြုသည်။

(မြို့တော်ဝန် ဘလာစီယိုလက်ထက်က Gracie အိမ်တော်ကို Halloween ပွဲတော်အတွက် ပြင်ဆင်မွမ်းမံထားပုံ)

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Is Gracie Mansion haunted? Mayor Adams says ‘there’s ghosts in there’ (nypost.com)

[Zawgyi]

နယူးေယာက္ျမိဳ႕ေတာ္ဝန္အိမ္ေတာ္တြင္ သရဲရွိေၾကာင္း ျမိဳ႕ေတာ္ဝန္သစ္ ေျပာၾကား

(Gracie Mansion အိမ္ေတာ္တြင္ တေစၦသရဲမ်ားရွိေၾကာင္း ျမိဳ႕ေတာ္ဝန္ Eric Adams က်ိန္ဆိုေျပာၾကား)

နယူးေယာက္ျမိဳ႕ေတာ္ဝန္သစ္ အဲရစ္ အဒမ္စ္ (Eric Adams) သည္ တေစၦသရဲမ်ားကို ယံုၾကည္သူတစ္ဦး ျဖစ္ဟန္ရသည္။ ညကလပ္မ်ားသို႔ သြားေလ့ရွိသူ ျမိဳ႕ေတာ္ဝန္ အဲရစ္သည္ ကခုန္ရျခင္းကို ႏွစ္သက္သူတစ္ဦး ျဖစ္သည္။

New York Yankees ေဘ့စ္ေဘာအသင္း၏ ကစားကြင္း သတင္းထုတ္ျပန္ေရးေနရာတြင္ အဂၤါေန႔ကစားပြဲတြင္ ျမိဳ႕ေတာ္ဝန္က ထိုသို႔ ေျပာၾကားလိုက္ျခင္းလည္း ျဖစ္သည္။

“ဘယ္သူေတြ ဘာေျပာေျပာ ကၽြန္ေတာ္ဂရုမစိုက္ပါဘူး။ အဲဒီမွာ သရဲေတြရွိတယ္ ကိုယ့္လူတို႔”ဟု ျမိဳ႕ေတာ္ဝန္က Yankees ကြင္းမွ သတင္းေၾကညာသူမ်ားျဖစ္ေသာ Michael Kay ႏွင့္ Cameron Maybin တို႔အား ေျပာခဲ့သည္။

အစီအစဥ္ေၾကညာသူတို႔က ျမိဳ႕ေတာ္ဝန္အား အစီအစဥ္ေၾကညာေသာေနရာသို႔ ဖိတ္ေခၚခဲ့ျခင္းလည္း ျဖစ္သည္။

ျမိဳ႕ေတာ္ဝန္အိမ္ေတာ္အတြင္း အရာဝတၳဳမ်ား အလိုအေလ်ာက္ေရြ႕လ်ားေနျခင္းကို ေတြ႔သည့္အျပင္ ေျခသံမ်ားလည္း ၾကားရေၾကာင္း ျမိဳ႕ေတာ္ဝန္က ေျပာသည္။

ထိုအေဆာက္အအံုကို ၁၉၄၂ ခုႏွစ္ကတည္းက ျမိဳ႕ေတာ္ဝန္အိမ္ေတာ္အျဖစ္ အသံုးျပဳခဲ့ျခင္းျဖစ္ျပီး သက္တမ္း ၂၂၃ ႏွစ္ရွိျပီျဖစ္သည့္ ေရွးေဟာင္းအေဆာက္အအံုၾကီး ျဖစ္သည္။

အကယ္၍ ျမိဳ႕ေတာ္ဝန္အိမ္ေတာ္သာ အမွန္တကယ္သရဲေျခာက္သည္ဆိုပါက သမိုင္းပညာရွင္မ်ား၊ ပရေလာက သုေတသီမ်ားအတြက္ သတင္းထူးတစ္ခု ျဖစ္သည္။

ယခင္က ျမိဳ႕ေတာ္ဝန္အိမ္ေတာ္ရွိ တေစၦမ်ား၊ ေျခာက္လွန္႔သည့္ျဖစ္ရပ္မ်ားအေၾကာင္း လူအမ်ား မသိခဲ့ၾက။

(၁၉၄၂ ခုႏွစ္မွစျပီး ျမိဳ႕ေတာ္ဝန္အိမ္ေတာ္အျဖစ္ အသံုးျပဳခဲ့ေသာ Gracie Mansion အိမ္ေတာ္)

“ကၽြန္မေတာ့ အဲ့လိုမ်ဳိးေတြ မၾကားဖူးခဲ့ပါဘူး”ဟု ျမိဳ႕ေတာ္ဝန္အိမ္ေတာ္တြင္ စားဖိုမွဴး၊ ပြဲလမ္းမန္ေနဂ်ာအျဖစ္ လုပ္ကိုင္ခဲ့ဖူးသူ အင္နာ မာရီယာ ဆန္တိုရယ္လီက ေျပာသည္။

အင္နာသည္ နယူးေယာက္ျမိဳ႕ေတာ္ဝန္မ်ားျဖစ္ေသာ David Dinkins, Rudy Giuliani ႏွင့္ Michael Bloomberg တို႔ လက္ထက္တြင္ တာဝန္ထမ္းေဆာင္ခဲ့သူ ျဖစ္သည္။

အင္နာသည္ တခါတရံတြင္ ၁၉ နာရီၾကာျမင့္သည့္ တာဝန္အဆိုင္းမ်ား ထမ္းေဆာင္ခဲ့ရျပီး ျမိဳ႕ေတာ္ဝန္ႏွင့္ ဧည့္သည္ေတာ္မ်ားကို ေကၽြးေမြးဧည့္ခံသည့္တာဝန္မ်ား ထမ္းေဆာင္ခဲ့ရသည္။

အင္နာက သူမ တာဝန္ထမ္းေဆာင္ခဲ့သည့္ ႏွစ္ေပါင္းမ်ားစြာကာလအတြင္း သရဲေျခာက္သည့္ သတင္းမ်ဳိး မၾကားမိေၾကာင္း ေျပာသည္။

သို႔ေသာ္ ျမိဳ႕ေတာ္ဝန္အိမ္ေတာ္တြင္ သရဲေျခာက္ေၾကာင္း ေျပာသည္မွာ ျမိဳ႕ေတာ္ဝန္ အဲရစ္ အဒမ္စ္တစ္ဦးတည္းမဟုတ္ေခ်။

၂၀၁၄ မွ ၂၀၂၁ ခုႏွစ္အထိ နယူးေယာက္ျမိဳ႕ေတာ္ဝန္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ေသာ ဘီလ္ ဒီ ဘလာစီယို (Bill de Blasio) ၏ ဇနီး ရွားလိန္း မကၠေရး (Chirlane McCray ) ကလည္း သရဲေျခာက္ေၾကာင္း ေျပာခဲ့ဖူးသည္။

၂၀၁၇ ခုႏွစ္အတြင္း ေတြ႔ဆံုေမးျမန္းခန္းတစ္ခုတြင္ မကၠေရးက ေျပာသည္မွာ အိမ္ေတာ္အတြင္း မူမမွန္သည့္ ျဖစ္ရပ္မ်ား ၾကံဳေတြ႔ခဲ့ရေၾကာင္း ေျပာဖူးသည္။

“တံခါးေတြက သူ႔ဟာသူ ပြင့္လာတာ၊ ျပန္ပိတ္သြားတာေတြ ခဏခဏၾကံဳရတယ္။ ၾကမ္းျပင္ေတြက တစ္ေယာက္ေယာက္လမ္းေလွ်ာက္လာသလိုမ်ဳိး တကၽြိကၽြိျမည္သံေတြ ၾကားရတယ္”ဟု မကၠေရးက ေျပာသည္။

ယခုအိမ္ေတာ္တြင္ ေသဆံုးခဲ့ဖူးသူမွာ အိမ္ေတာ္ကို ေဆာက္လုပ္ခဲ့သည့္ ကုန္သည္ၾကီး၏ ေခၽြးမ Elizabeth Wolcott Gracie ျဖစ္ျပီး ၁၈၁၉ ခုႏွစ္တြင္ ဦးေႏွာက္ေသြးေၾကာျပတ္ကာ ေသဆံုးခဲ့ျခင္းျဖစ္သည္။

(အိမ္ေတာ္တြင္ သရဲမ်ားရွိေၾကာင္း ျမိဳ႕ေတာ္ဝန္ Eric Adams က အဂၤါေန႔ည ကစားပြဲတြင္ ေျပာၾကားခဲ့သည္)

(ျမိဳ႕ေတာ္ဝန္အိမ္ေတာ္ျဖစ္လာမည့္စံအိမ္တြင္ ဦးေႏွာက္ေသြးေၾကာျပတ္ကာ ေသဆံုးခဲ့သူ Elizabeth Wolcott Gracie ၏ ဆီေဆးပန္းခ်ီကား)

နယူးေယာက္ျမိဳ႕၊ မန္ဟက္တန္အရပ္၏ ေရွးအက်ဆံုး သစ္အေဆာက္အအံုမ်ား တြင္ တစ္ခုပါဝင္ေသာ ျမိဳ႕ေတာ္ဝန္အိမ္ေတာ္သည္ ေက်ာခ်မ္းစရာေကာင္းေသာ ပံုသ႑ာန္ရွိသည္။

“အဲဒီေနရာက ကၽြန္ေတာ့္ကို ေက်ာခ်မ္းေစပါတယ္။ တကယ္ကို အိုမင္းေဟာင္းႏြမ္းျပီး ေရွးက်တဲ့အိမ္ၾကီးပါ။ အဲဒီမွာ ေနရတဲ့သူဆို ဒီတိုင္းပဲ ခံစားၾကရမွာပါပဲ”ဟု အေရွ႕ ၈၆ လမ္းအသင္းမွ လက္ေထာက္ဥကၠဌ Andrew Fine က ေျပာသည္။

NYC Ghosts ခရီးစဥ္ တည္ေထာင္သူ Lance Zaal က ျမိဳ႕ေတာ္ဝန္အိမ္ေတာ္သည္ နယူးေယာက္ျမိဳ႕၏ တေစၦေျခာက္သည္ဟု လူသိမ်ားေသာ စာရင္းတြင္ မပါေသးေၾကာင္း အတည္ျပဳသည္။

(ျမိဳ႕ေတာ္ဝန္ ဘလာစီယိုလက္ထက္က Gracie အိမ္ေတာ္ကို Halloween ပြဲေတာ္အတြက္ ျပင္ဆင္မြမ္းမံထားပံု)

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Is Gracie Mansion haunted? Mayor Adams says ‘there’s ghosts in there’ (nypost.com)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
area-one-business-complex
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service