မျက်နှာသုတ်ပုဝါကို တစ်ပတ် ဘယ်နှစ်ကြိမ် လျှော်ဖွတ်ပေးသင့်လဲ - Property Knowledge in Myanmar from iMyanmarHouse.com
914 Views

မျက်နှာသုတ်ပုဝါကို တစ်ပတ် ဘယ်နှစ်ကြိမ် လျှော်ဖွတ်ပေးသင့်လဲ

Knowledge | Posted by Si Thu Aung

[Unicode]

ကပ်ရောဂါဖြစ်ပွားကတည်းက ကျွန်တော်တို့တွေက တစ်ကိုယ်ရေသန့်ရှင်းရေးအလေ့အထတွေနဲ့ပတ်သက်ပြီး အရမ်းအလေးထားနေရပါတယ်။ လက်ကို ခဏခဏဆေးတာ၊ Mask တပ်တာနဲ့ အပြင်ကပြန်ရောက်တာနဲ့ အဝတ်အစားလဲလှယ်တာတွေက လုပ်ရိုးလုပ်စဉ်လိုဖြစ်နေပါပြီ။ ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေတဲ့ မျက်နှာသုတ်ပုဝါကိုလည်း သန့်ရှင်းနေအောင် ထားဖို့လည်း အရေးကြီးပါတယ်။ ကျွန်တော်တို့တွေက ရေချိုးပြီးတိုင်း၊ မျက်နှာသစ်ပြီးတိုင်း မျက်နှာသုတ်ပုဝါ၊ တဘတ်တို့ကို အသုံးပြုကြပါတယ်။ တဘတ်နဲ့ မျက်နှာသုတ်ပုဝါတွေမှာလည်း ရောဂါပိုးမွှားတွေ ကပ်ညှိနေတတ်ပါတယ်။

မျက်နှာသုတ်ပုဝါက မမြင်နိုင်တဲ့ရောဂါပိုးမွှားတွေ ပေါက်ဖွားနိုင်တဲ့နေရာပါပဲ။ မျက်နှာသုတ်ပုဝါတစ်ခုတည်းကို နေ့တိုင်းအသုံးပြုတာက အရေပြားပြဿနာတွေဖြစ်လာနိုင်ပါတယ်။ မျက်နှာသုတ်ပုဝါကို ပုံမှန်လျှော်ဖွတ်မပေးရင် သင့်မှာ ဘာတွေဖြစ်လာနိုင်လဲဆိုတာနဲ့ မျက်နှာသုတ်ပုဝါကို တစ်ပတ် ဘယ်နှစ်ကြိမ်လျှော်ဖွတ်ပေးသင့်လဲဆိုတာတွေကို ဖော်ပြပေးလိုက်ရပါတယ်။

မျက်နှာသုတ်ပုဝါကို ဘာကြောင့် လျှော်ဖွတ်ပေးသင့်လဲ

အပြင်သွားတဲ့အခါ (သို့) လက်နဲ့ နေရာတော်တော်များများကို ထိမိတဲ့အခါ လေထဲမှာရှိတဲ့၊ အရာဝတ္ထုတွေမှာရှိနေတဲ့ ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ မှိုတွေက အရေပြားမှာ ကပ်ညှိနေတတ်ပါတယ်။ ကျွန်တော်တို့ ရေချိုးပြီး မျက်နှာသုတ်ပုဝါနဲ့ သုတ်လိုက်တဲ့အခါ အရေပြားမှာရှိတဲ့ ပိုးမွှားတွေအကုန်လုံးက မျက်နှာသုတ်ပုဝါဆီ ရောက်သွားမှာဖြစ်ပါတယ်။ အဲဒီမျက်နှာသုတ်ပုဝါကိုပဲ ပြန်ပြီး အသုံးပြုမယ်ဆိုရင် ရောဂါပိုးနဲ့ အရေပြားပြဿနာတွေကို ဖိတ်ခေါ်နေသလိုဖြစ်စေမှာပါ။ အခြားသူတွေနဲ့ အတူတူသုံးမယ်ဆိုရင် ပိုပြီးတောင် အန္တရာယ်များပါတယ်။

မျက်နှာသုတ်ပုဝါကို မလျှော်ဖွတ်ဘဲ ပြန်သုံးမယ်ဆိုရင် ဘာဖြစ်မလဲ

မျက်နှာသုတ်ပုဝါ၊ တဘတ်တို့ကို မလျှော်ဖွတ်ဘဲ အချိန်ကြာကြီး သုံးမယ်ဆိုရင် အညစ်အကြေးနဲ့ အရေပြားဆဲလ်အသေတွေက မျက်နှာသုတ်ပုဝါမှာ ကပ်နေမှာပါ။ အဲဒီမျက်နှာသုတ်ပုဝါကို သုံးလိုက်တဲ့အခါမှာ အရေပြားမှာ အညစ်အကြေးတွေနဲ့ ဆဲလ်အသေတွေ ရောက်သွားပြီး မွေးညင်းပေါက်တွေ ပိတ်သွားစေမှာဖြစ်ပါတယ်။ ဒါက ဝက်ခြံပေါက်ခြင်းရဲ့အကြောင်းအရင်းတစ်ခုဖြစ်နိုင်ပါတယ်။ နှင်းခူနာ၊ အနီကွတ်ထတာ၊ ပွေးလို အရေပြားပြဿနာတွေလည်းဖြစ်လာနိုင်ပါတယ်။ သင်က အရေပြားပြဿနာရှိတဲ့သူဆိုရင် ညစ်ပတ်တဲ့တဘတ်၊ မျက်နှာသုတ်ပုဝါကို အသုံးပြုတာက အခြေအနေကို ပိုပြီးဆိုးရွားစေနိုင်ပါတယ်။

မျက်နှာသုတ်ပုဝါ၊ တဘတ်တို့ကို ဘယ်နှစ်ခါ လဲလှယ်ပေးသင့်လဲ

အရေပြားပြဿနာက‌နေကို ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် မှန်ကန်တဲ့နည်းလမ်းက မျက်နှာသုတ်ပုဝါကို မကြာခဏ လျှော်ဖွတ်ပေးဖို့ပါပဲ။ မျက်နှာသုတ်ပုဝါကို (၃) ခါအသုံးပြုပြီးသွားရင် လျှော်ဖွတ်ပေးသင့်တယ်လို့ တချို့ကျွမ်းကျင်ပညာရှင်တွေက အကြံပြုထားပါတယ်။ ဒါကြောင့် နေ့တိုင်း ရေချိုးရင် မျက်နှာသုတ်ပုဝါကို တစ်ပတ် (၂) ကြိမ် လျှော်ဖွတ်ပေးပါ။ မျက်နှာသုတ်ပုဝါကို အသုံးပြုပြီးရင်လည်း မျက်နှာသုတ်ပုဝါကို အစိုကြီးမထားဘဲ ခြောက်အောင် လုပ်ပါ။ ဒီလိုလုပ်မယ်ဆိုရင် အရေပြားပြဿနာတွေမဖြစ်အောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ရိုးရာလေး

 

[Zawgyi]

မ်က္ႏွာသုတ္ပုဝါကို တစ္ပတ္ ဘယ္ႏွစ္ႀကိမ္ ေလွ်ာ္ဖြတ္ေပးသင့္လဲ

 

ကပ္ေရာဂါျဖစ္ပြားကတည္းက ကြၽန္ေတာ္တို႔ေတြက တစ္ကိုယ္ေရသန္႔႐ွင္းေရးအေလ့အထေတြနဲ႔ပတ္သက္ၿပီး အရမ္းအေလးထားေနရပါတယ္။ လက္ကို ခဏခဏေဆးတာ၊ Mask တပ္တာနဲ႔ အျပင္ကျပန္ေရာက္တာနဲ႔ အဝတ္အစားလဲလွယ္တာေတြက လုပ္႐ိုးလုပ္စဥ္လိုျဖစ္ေနပါၿပီ။ ကြၽန္ေတာ္တို႔ ေန႔စဥ္အသုံးျပဳေနတဲ့ မ်က္ႏွာသုတ္ပုဝါကိုလည္း သန္႔႐ွင္းေနေအာင္ ထားဖို႔လည္း အေရးႀကီးပါတယ္။ ကြၽန္ေတာ္တို႔ေတြက ေရခ်ိဳးၿပီးတိုင္း၊ မ်က္ႏွာသစ္ၿပီးတိုင္း မ်က္ႏွာသုတ္ပုဝါ၊ တဘတ္တို႔ကို အသုံးျပဳၾကပါတယ္။ တဘတ္နဲ႔ မ်က္ႏွာသုတ္ပုဝါေတြမွာလည္း ေရာဂါပိုးမႊားေတြ ကပ္ညႇိေနတတ္ပါတယ္။

မ်က္ႏွာသုတ္ပုဝါက မျမင္ႏိုင္တဲ့ေရာဂါပိုးမႊားေတြ ေပါက္ဖြားႏိုင္တဲ့ေနရာပါပဲ။ မ်က္ႏွာသုတ္ပုဝါတစ္ခုတည္းကို ေန႔တိုင္းအသုံးျပဳတာက အေရျပားျပႆနာေတြျဖစ္လာႏိုင္ပါတယ္။ မ်က္ႏွာသုတ္ပုဝါကို ပုံမွန္ေလွ်ာ္ဖြတ္မေပးရင္ သင့္မွာ ဘာေတြျဖစ္လာႏိုင္လဲဆိုတာနဲ႔ မ်က္ႏွာသုတ္ပုဝါကို တစ္ပတ္ ဘယ္ႏွစ္ႀကိမ္ေလွ်ာ္ဖြတ္ေပးသင့္လဲဆိုတာေတြကို ေဖာ္ျပေပးလိုက္ရပါတယ္။

မ်က္ႏွာသုတ္ပုဝါကို ဘာေၾကာင့္ ေလွ်ာ္ဖြတ္ေပးသင့္လဲ

အျပင္သြားတဲ့အခါ (သို႔) လက္နဲ႔ ေနရာေတာ္ေတာ္မ်ားမ်ားကို ထိမိတဲ့အခါ ေလထဲမွာ႐ွိတဲ့၊ အရာဝတၳဳေတြမွာ႐ွိေနတဲ့ ဘတ္တီးရီးယား၊ ဗိုင္းရပ္စ္နဲ႔ မိႈေတြက အေရျပားမွာ ကပ္ညႇိေနတတ္ပါတယ္။ ကြၽန္ေတာ္တို႔ ေရခ်ိဳးၿပီး မ်က္ႏွာသုတ္ပုဝါနဲ႔ သုတ္လိုက္တဲ့အခါ အေရျပားမွာ႐ွိတဲ့ ပိုးမႊားေတြအကုန္လုံးက မ်က္ႏွာသုတ္ပုဝါဆီ ေရာက္သြားမွာျဖစ္ပါတယ္။ အဲဒီမ်က္ႏွာသုတ္ပုဝါကိုပဲ ျပန္ၿပီး အသုံးျပဳမယ္ဆိုရင္ ေရာဂါပိုးနဲ႔ အေရျပားျပႆနာေတြကို ဖိတ္ေခၚေနသလိုျဖစ္ေစမွာပါ။ အျခားသူေတြနဲ႔ အတူတူသုံးမယ္ဆိုရင္ ပိုၿပီးေတာင္ အႏၲရာယ္မ်ားပါတယ္။

မ်က္ႏွာသုတ္ပုဝါကို မေလွ်ာ္ဖြတ္ဘဲ ျပန္သုံးမယ္ဆိုရင္ ဘာျဖစ္မလဲ

မ်က္ႏွာသုတ္ပုဝါ၊ တဘတ္တို႔ကို မေလွ်ာ္ဖြတ္ဘဲ အခ်ိန္ၾကာႀကီး သုံးမယ္ဆိုရင္ အညစ္အေၾကးနဲ႔ အေရျပားဆဲလ္အေသေတြက မ်က္ႏွာသုတ္ပုဝါမွာ ကပ္ေနမွာပါ။ အဲဒီမ်က္ႏွာသုတ္ပုဝါကို သုံးလိုက္တဲ့အခါမွာ အေရျပားမွာ အညစ္အေၾကးေတြနဲ႔ ဆဲလ္အေသေတြ ေရာက္သြားၿပီး ေမြးညင္းေပါက္ေတြ ပိတ္သြားေစမွာျဖစ္ပါတယ္။ ဒါက ဝက္ျခံေပါက္ျခင္းရဲ႕အေၾကာင္းအရင္းတစ္ခုျဖစ္ႏိုင္ပါတယ္။ ႏွင္းခူနာ၊ အနီကြတ္ထတာ၊ ေပြးလို အေရျပားျပႆနာေတြလည္းျဖစ္လာႏိုင္ပါတယ္။ သင္က အေရျပားျပႆနာ႐ွိတဲ့သူဆိုရင္ ညစ္ပတ္တဲ့တဘတ္၊ မ်က္ႏွာသုတ္ပုဝါကို အသုံးျပဳတာက အေျခအေနကို ပိုၿပီးဆိုး႐ြားေစႏိုင္ပါတယ္။

မ်က္ႏွာသုတ္ပုဝါ၊ တဘတ္တို႔ကို ဘယ္ႏွစ္ခါ လဲလွယ္ေပးသင့္လဲ

အေရျပားျပႆနာက‌ေနကို ကိုယ့္ကိုယ္ကို ကာကြယ္ဖို႔အတြက္ မွန္ကန္တဲ့နည္းလမ္းက မ်က္ႏွာသုတ္ပုဝါကို မၾကာခဏ ေလွ်ာ္ဖြတ္ေပးဖို႔ပါပဲ။ မ်က္ႏွာသုတ္ပုဝါကို (၃) ခါအသုံးျပဳၿပီးသြားရင္ ေလွ်ာ္ဖြတ္ေပးသင့္တယ္လို႔ တခ်ိဳ႕ကြၽမ္းက်င္ပညာ႐ွင္ေတြက အၾကံျပဳထားပါတယ္။ ဒါေၾကာင့္ ေန႔တိုင္း ေရခ်ိဳးရင္ မ်က္ႏွာသုတ္ပုဝါကို တစ္ပတ္ (၂) ႀကိမ္ ေလွ်ာ္ဖြတ္ေပးပါ။ မ်က္ႏွာသုတ္ပုဝါကို အသုံးျပဳၿပီးရင္လည္း မ်က္ႏွာသုတ္ပုဝါကို အစိုႀကီးမထားဘဲ ေျခာက္ေအာင္ လုပ္ပါ။ ဒီလိုလုပ္မယ္ဆိုရင္ အေရျပားျပႆနာေတြမျဖစ္ေအာင္ ကာကြယ္ႏိုင္မွာျဖစ္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ႐ိုးရာေလး

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

Upcoming Property Events

From 04 Oct To 05 Oct

Magical World Apartment

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service