"Pinewood Villa" project အောင်မြင်စွာ ရောင်းချပြီးစီး - Property Interview from iMyanmarHouse.com
3249 ကြိမ် ကြည့်ရှု့ ပြီး

"Pinewood Villa" project အောင်မြင်စွာ ရောင်းချပြီးစီး

Posted by ယဉ်မွန်ထူး (iMyanmarHouse.com)

♦️♦️♦️ ကလောရှိ Pinewood Villa စီမံကိန်း၏ ဒါရိုက်တာ ဦးနေထူးနှင့် တွေ့ဆုံမေးမြန်းခြင်း

မေး။ ။ Pinewood Villa စီမံကိန်းကို ဖော်ဆောင်ဖြစ်ခဲ့ပုံကို ပြောပြပေးပါဦးရှင့်။

ဖြေ။ ။ကျွန်တော်က Real Estate နှင့်ပတ်သက်ပြီး ဝါသနာပါ စိတ်ဝင်စားသူတဲ့သူတစ်ယောက်ဖြစ်တော့ Pinewood Villa ကို ပထမဆုံး ဖော်ဆောင်ဖြစ်ခဲ့ပါတယ်။

မေး။ ။ဒီစီမံကိန်းကြီး ရောင်းချဖို့ကို iMyanmarHouse.com နဲ့ ပူးပေါင်းဖြစ်ခဲ့ပုံလေးကိုလည်း ပြောပြပေးပါဦးရှင့်။

ဖြေ။ ။ iMyanmarHouse.com ကိုတော့ ကြားဖူးနေတာ ကြာပြီ၊ iMyanmarHouse.com အလုပ်လုပ်ပုံတွေကိုလည်း သိနေ၊ မြင်နေရတယ်။ iMyanmarHouse.com က တခြား project တွေ ရောင်းနေတာလည်း အောင်မြင်နေတော့ ကျွန်တော်တို့ကလည်း အားကိုးပြီး လုပ်ဖြစ်သွားတယ်ပေါ့။

မေး။ ။ ဒီအရောင်းပြပွဲကြီးကို မကျင်းပခင် ဘယ်လောက်အတိုင်းအတာထိ ရောင်းနိုင်မယ်ဆိုပြီး ခန့်မှန်းထားတာများ ရှိလားရှင့်။

ဖြေ။ ။ဟုတ်ကဲ့ ရှိပါတယ်။ ကျွန်တော်တို့က ဒီ project ကို စလုပ်တည်းက (၁၄)လုံးတည်း လုပ်တာ၊ သိပ်လည်း မမှန်းထားဘူး၊ နည်းနည်းလေး ရောင်းထွက်ရင် လုပ်ငန်းလေး လည်ပတ်လို့ ရမယ်ပေါ့။ အဲ့လိုမျိုးလေး မှန်းထားတာပေါ့။ အခုလို အကုန်လုံး ရောင်းထွက်သွားတော့လည်း တော်တော်လေး ဝမ်းသာရပါတယ်။

မေး။ ။ခုလိုမျိုး အကုန်ရောင်းထွက်သွားတဲ့အပေါ်မှာ iMyanmarHouse.com ကို ဘယ်လိုများ feedback ပေးချင်လဲရှင့်။

ဖြေ။ ။ နောက် တခြား project တွေကိုလည်း iMyanmarHouse.com နဲ့လုပ်မယ်ပေါ့။ iMyanmarHouse.com က marketing strategy လည်း ကောင်းတယ်။ ကျွန်တော်တို့ကိုလည်း သေချာကြော်ငြာပေးတယ်။ တခြား service တွေလည်း ကောင်းတယ်။

Project နဲ့ ပတ်သက်ပြီး နည်းနည်းလေး ထပ်ထည့်ပြောချင်ပါတယ်။ ဒီ project ကို ကလောမှာလုပ်တဲ့အချိန်မှာ ကလောဒေသရဲ့ လူနေမှု ပတ်ဝန်းကျင်တွေ သဘာဝပတ်ဝန်းကျင်တွေကို အဓိကအနေနဲ့ မထိခိုက်အောင် လုပ်တယ်။ ဝါသနာပါတယ် စီးပွားရေးလုပ်တာ မှန်ပေမယ့် ကလောဒေသကို မထိခိုက်ဘဲ အကျိုးပြုနိုင်အောင် လုပ်တာပေါ့။

စီးပွားရေးလုပ်တာက လုပ်တာပဲ သူများကိုလည်း အကျိုးပြုတယ်၊ ဒေသခံတွေအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ပေးနိုင်တဲ့ Project က ဖြစ်အောင်လုပ်မယ်လို့ ကျွန်တော်ရဲ့ partner နဲ့ တိုင်ပင်ပြီး ကျွန်တော်တို့ လူငယ်တွေပဲဆိုတော့ Brand တစ်ခုအနေနဲ့ရအောင် ကြိုးစားထားပါတယ်။

မေး။ ။နောက်ထပ် Project တွေရော ဖော်ဆောင်ဖို့ ရှိသေးလားရှင့်။

ဖြေ။ ။ရှိပါသေးတယ်ခင်ဗျ။ ကလောမှာ ဒီလိုမျိုးအိမ်ရာနဲ့ပတ်သက်ပြီးတော့ပဲ ထပ်လုပ်ဖို့တွေ ရှိတယ်။ တခြားဒေသတွေမှာလည်း လုပ်ဖို့ ရှိပါတယ်ခင်ဗျ။

မေး။ ။Project တွေ ဆက်လုပ်မယ်ဆိုရင်ရော iMyanmarHouse.com နဲ့ ဆက်လက် လက်တွဲဖို့ ရှိလားရှင့်။

ဖြေ။ ။ ရှိပါတယ် ခင်ဗျ။ iMyanmarHouse.com နဲ့ပဲ ဆက်လုပ်မှာပါ၊ iMyanmarHouse.com နဲ့ အဆင်ပြေပါတယ်။

မေး။ ။ဟုတ်ကဲ့ အခုလို ဖြေပေးတဲ့အတွက် iMyanmarHouse.com မှ ကျေးဇူးတင်ပါတယ်ရှင့်။

iMyanmarHouse.com
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App