ပြင်ဆင်ပြီး အသင့်နေ သာကေတ ရဲ့ အကောင်းဆုံး မီနီကွန်ဒို ရောင်းပါမည်။

Posted on 20 Jun 2025 6:09 pm Views 243 Ad Number S-14637327

Thaketa | Yangon Region

Mini Condo

18.6 ft x 54 ft 1004.4 Square Feet

2 Bedroom(s) 1 Bathroom(s)

Price 3,200 Lakh (Kyats)

Owner Direct 

ကိုယ်တိုင်နေဖို့အတွက် ရှယ်ပြင်ပြီးမှ မနေဖြစ်ပဲ ပိတ်ထားတာကြာပြီမလို့ မရောင်းချင်ပဲ ရောင်းပါတော့မယ်။

သာကေတ (၄)တောင်ရပ်ကွက် ကျောင်းလမ်းမှာ ရှိတဲ့ Mini Condo အလွှာနိမ့်အခန်း ဖြစ်ပါတယ်။

Room Facts
-------------
- 18.5' x 54'
- ဒုတိယထပ် (၃ လွှာ)
- အရှေ့ဘက်လှည့်
- မြေရှင် အခန်း
- 2 Bedrooms (1 Double & 1 Single) , 1 Bathroom
- ပြင်ဆင်ပြီး အသင့် တက်နေရုံပါ။
- Lift with Generator
- Central Water System
- Transformer System
- စည်ပင်ရေ နဲ့ အဝီစိရေ
- Aircon 1.5 HP (3)လုံး
- EPC , Inverter , Lift Generator & Own Genertor မျာအသုံးပြုရန်အတွက် မီးလိုင်း (၄)လိုင်းအထိ ခွဲပေးထားပါတယ်။
- တိုက် သက်တမ်း (၇) နှစ်ဝန်းကျင် ဖြစ်ပါတယ်။

Information Details
------------------
- * 40'x60' မြေကွက်မှာတည်ဆောက်ထားတဲ့ ၂ခန်းတွဲ 8 Storey with Penthouse တိုက် ဖြစ်ပါတယ်။
• အခန်းအကျယ်အဝန်းအနေနဲ့ 1004 sqm (18.6' x 54') အပြည့် ရှိပါတယ်။
• ထိုင်ဝမ် နည်းပညာ အသုံးပြုပြီး ရှဲလာဘုတ် များနဲ့ အတွင်းအပြင် (၂)ထပ် အတွင်းမှာ အသံလုံ , မီးမစွဲ , အပူသက်သာ စေတဲ့ Glass wool ဖော့ များထည့်ထားတဲ့ အိပ်ခန်း (၂)ခန်းဖွဲ့ထားပြီး Double Bedroom (1)ခန်း နဲ့ Single Bedroom (1)ခန်း ဖြစ်ပါတယ်။
• ဒုတိယ ထပ် (၃ လွှာ) ရဲ့ ညာဘက်ခြမ်း အခန်းဖြစ်ပြီး ဝရံတာအကျယ် က မျက်နှာစာအပြည့် ရရှိပါတယ်။ Floor နဲ့ ဘောင် များကို ကြွေပြား အသစ်ပြန်ကပ်ထားပါတယ်။
• (၄) ယောက်စီး Lift ပါရှိပြီး Emergency Generator for Lift လည်းရှိတာကြောင့် အတက်အဆင်းအတွက် စိတ်ပူဖို့မလိုပါဘူး။
• ကြမ်းခင်းအတွက် SPC အမာ မသုံးထားပဲ The Eco Floor ရဲ့ LVT အပျော့သားကို အသုံးပြုထားလို့ နှစ်ကြာလည်း ကျွတ်ဆတ်ပြီး ကျိုးပဲ့တာမျိုး မဖြစ်နိုင်ပါ။ (https://www.facebook.com/VinylFlooringMyanmar)
• Main Entrance အတွက် Fingerprint , Smart Card , Passcode , Mobile App & Copy ကူးမရတဲ့ Mechanical Key ဆိုပြီး Function အစုံ ပါဝင်တဲ့ Smart Door Lock တပ်ဆပ်ထားပါတယ်။ (https://www.facebook.com/smartiottechnologycoltd)
• တအိမ်လုံး Jotun Brand ဆေးသုတ်ထားပါတယ်။
• Main Entrance အတွက် Stainless Steel 304 ဘာဂျာ တံခါး တပ်ဆင်ထားပါတယ်။
• ပြတင်းပေါက် , ဝရံတာ နဲ့ အရေးပေါ်ထွက်ပေါက် တွေမှာ သံပန်း ပတ်လည်တပ်ဆင်ထားပါတယ်။
• ဧည့်ခန်း နဲ့ အိပ်ခန်းတိုင်းမှာ Mitsubishi Aircon 1.5 HP (Non-inverter) တွေတပ်ဆင်ထားပါတယ်။
• အိပ်ခန်း ပြတင်းပေါက် (၂)ပေါက်အတွက် Aluminium Slide Window အထူသား အသုံးပြုထားပြီး Door အတွက်ကို Korea နိုင်ငံထုတ် ABS Door တပ်ဆင်ထားပါတယ်။(https://www.facebook.com/homegalaxyinteriormall)
• Balcony Entrance မှာ Smart Roller ခြင်ဇကာ တပ်ထားပြီး ပြတင်းပေါက်တိုင်းမှာ uPVC Slide ခြင်ဇကာ နဲ့ Aluminium Slide Door အထူသား ကို ပြောင်းလဲတပ်ဆင်ထားပါတယ်။
• ဝရံတာ မှာ ဆန်းရှိုတ် ထုတ်ထားပြီး သံပန်းအပြည့် တပ်ဆင်ထားပါတယ်။
• မီးဖိုချောင်မှာ Cabinet တပ်ဆင်ထားပါတယ်။
• ရေချိုးခန်း Floor ကို မချော်စေတဲ့ ကြွေပြား အကောင်းစား အသုံးပြုထားပါတယ်။
• မျက်နှာသစ် လက်ဆေးဘေ စင် နဲ့ မှန် အတွက် American Standard ကိုအသုံးပြုထားပါတယ်။
• အိမ်သာ ဘိုထိုင်ကို Cotto တံဆိပ် အသုံးပြုထားပါတယ်။
• Kangroo Water Heater with Pump (3500 watt) ကို တပ်ဆင်ပေးထားပါတယ်။
• CCTV 4 Channel အထိုင်စက် နဲ့ 1 Channel ကို တပ်ဆင်ထားပါတယ်။ 4 Channel အထိ တပ်တိုးတပ်ဆင်လို့ရပါတယ်။
• Switch Socket , Light Tray များကို Opple Brand နဲ့ Downlight များကို FSL Brand အသုံးပြုထားပါတယ်။
• မီးကြိုးများကိုလည်း တအိမ်လုံး အသစ်ပြန်ထည့်ထားပြီး မီးမကူးစေမယ့် Cover (2)ထပ် ပါသည့် 2.5 ဆိုဒ်ပြည့် wire များကိုသာ တပ်ဆင်ထားပါတယ်။
• မီးလိုင်းများအားလုံး နဲ့ Antenna Cable ကို Condo Style အမြုပ်တပ်ဆင်ထားပါတယ်။
• Main Switch များကို Schneider Brand အသုံးပြုထားပါတယ်။
• မီးပျက်နေစဉ် မီးစက်(Lift Generator) နှိုးထားချိန်မှာ အခန်းတွင်း Lighting အသုံးပြုလို့ရအောင်စီစဉ်ထားပါတယ်။
• ကိုယ်ပိုင် Transformer ရှိတာကြောင့် မီးအားအတက်အကျ လုံးဝ မရှိသလောက် ငြိမ်ပါတယ်။
• ရေ ကိုယ်တိုင် တင်ဖို့မလိုအပ်ပဲ အသုံးပြုလိုတဲ့အချိန် ဘုံဘိုင်ခေါင်းဖွင့်တာနဲ့ ရေကျပါတယ်
• စည်ပင်ရေ အဓိက အသုံးပြုပြီး ရေမလာတဲ့အချိန်မှာ ရေကား ဝယ်ပြီး ဖြည့်တာကြောင့် အဝီစိရေ လို ဝါထိန် နေတာမျိုးမရှိပါဘူး
• မြေအောက်ရေကန်ကနေ အပေါ်ရေတိုင်ကီ ထဲ Auto Pump တက်ထားပါတယ်။
• မြေရှင်ကိုယ်တိုင် နေထိုင်ပြီး တိုက်ပေါ် စေတနာ တကယ်ကောင်းပြီး လုံခြုံရေး ကိုလည်း အထူး ဂရုစိုက်တဲ့ မိသားစု ဖြစ်ပါတယ်။

အားသာချက် များ
-----------------
- သုံးရေ အတွက် တော်တော်အဆင်ပြေပါတယ်။
- တိုက်ရှေ့ မှာ မူလတန်းကျောင်း ရှိလို့ ရာသက်ပန် View Block မဖြစ်နိုင်ပါ။
- အတွင်းလမ်းကျယ် ဖြစ်ပြီး ကားပါကင်အတွက် တိုက်ရှေ့မှာ (၃)စီး နဲ့ ကျောင်းဘက်ခြမ်းမှာ (၇)စီး လောက်အထိ ရပ်လို့ရတဲ့အပြင် ယာယီအတွက် (၂)ထပ် ရပ်ရင်တောင် အေးအေးဆေးဆေး သွားလို့ရတဲ့အထိ အဆင်ပြေပါတယ်။
- ယမုံနာ လမ်းမကြီး နဲ့ မြင်တော်သာလမ်း (၂)ဖက်ပေါက် ဖြစ်ပါတယ်။
- စည်ပင် ဥပဒေ မထွက်ခင်မှာ မြေအပြည့် ဆောက်ထားလို့ အခန်းအတွင်းက တခြားတိုက်ခန်းတွေထက် (၆)လက်မ လောက် ပိုကျယ်ပါတယ်။
- နေ့ခင်းဘက် လုံခြုံရေး ရှိပါတယ်။
- ကိုယ်တိုင်နေထိုင်ဖို့ အတွက် မြေရှင်ဆီက ဝယ်ယူထားပြီး Quality ပစ္စည်းများကို အသုံးပြုထားတာဖြစ်ပါတယ်။
- ပြင်ဆင်ပြီး (၃)လ ဝန်းကျင်လောက်ပဲ နေထိုင်ထားတာကြောင့် အခန်းအသစ်တိုင်း ရှိနေပါတယ်။

အားနည်းချက်များ
------------------
• ဆေးကို အကောင်းဆုံးသုံးထားပေမယ့် labour ကြောင့် အခန်းဖွဲ့ နေရာ ဆက်ကြောင်းတချို့မှာ အစွန်းအထင်း ရှိနေပါတယ်။ တချို့နေရာတွေမှာ ဆေးမညီတာအနည်းငယ် ရှိပါတယ်။
• မီးဖိုခန်းကို Budget အခြေအနေအရ ကြွေပြား , မီးဖိုခုံ တွေကို ကန်ထရိုက်က အပ်တဲ့အတိုင်း ပြန်သုံးခဲ့ပါတယ်။
• မြေအပြည့် ဆောက်ထားတာကြောင့် ဘေးမြေကွက်က လုံးချင်းတိုက် နဲ့ အနည်းငယ် နီးနေတာမျိုး ရှိပါတယ်။

Price - သိန်း 3200 (တကယ် ကြိုက်နှစ်သက်တယ်ဆိုရင် ညှိနှိုင်းလို့ရပါတယ်)

အကျိုးဆောင်များအတွက် 2% စီစဉ်ပေးပါမယ်။

အဝယ်တိုက်ရိုက်ဆိုရင် အကျိုးဆောင်ခ လျော့ပေးပါမယ်။

အခန်းကြည့်လိုတယ်ဆိုရင် တရက် ကြိုတင်ချိန်းဆိုပေးဖို့ မေတ္တာရပ်ခံပါတယ်။
ဒိထက်ပိုပြီး သိချင်တာများရှိခဲ့ရင် Messenger ကနေ တဆင့် ဆက်သွယ် စုံစမ်းလို့ရပါတယ်။

Description

  • Complete
  • Fully Furnished
 Contact Advertiser By Phone
 Chat with Advertiser

Property Location Map

Compare Add to Favorites Share Report

Featured Ad

Let's apply Home Loan at iMyanmarHouse.com to own your dream home!

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
 

သာကေတမြို့နယ် ရောင်းရန် အိမ်ခြံမြေများ

ပိုမိုကြည့်ရှုရန်

ကားအရောင်းကြော်ငြာများ

ပိုမိုကြည့်ရှုရန်