စွယ်တော်စီးတီးကွန်ဒို ပိုင်ရှင်တိုက်ရိုက်

Posted on 2 Jun 2025 3:57 pm Views 322 Ad Number S-14559738

Mingaladon | Yangon Region

Condo | 8th Floor

1000 Square Feet

2 Bedroom(s) 2 Bathroom(s)

Price 3,700 Lakh (Kyats)

Owner Direct  Bank Installment

Swe Taw City Condo အရောင်း (3,700 သိန်း ညှိနှိုင်း) - အကျိုးဆောင်လက်ခံပါသည်

(ဘဏ်ချိတ်ဖြင့် ဝယ်ယူရန် စိတ်ဝင်စားသောမိတ်ဆွေများ အောက်တွင်အသေးစိတ် ဖတ်ရှုပေးပါခင်ဗျာ)

အချိုးကျမြေပိုင်ဆိုင်မှုရရှိမယ့် ဧက ၃၀ ကျော်ကျယ်ဝန်းတဲ့ Swe Taw City Condo က 2 Bedroom အခန်းလေး ငွေလိုလို့ အမြန်ရောင်းချင်ပါတယ်ခင်ဗျာ။ အလွှာနိမ့် အတွင်းဘက်ခြမ်းတောင် ဒီစျေးနဲ့ရဖို့မလွယ်တဲ့အချိန် အလင်းရောင် လေဝင်လေထွက်ကောင်းတဲ့ Golf ကွင်း View မျက်နှာစာဘက်အခြမ်း ဖြစ်တဲ့အပြင် Fully Furnished နဲ့ အတန်ဆုံးစျေးနဲ့ ရောင်းမှာဖြစ်ပါတယ်။
Building - A
Floor - 8th Floor
Room Type - 2 Bedroom
၂၄ နာရီ ရေ/လျှပ်စစ်မီး
၂၄ နာရီ လုံခြုံရေး
အခန်းအကျယ် - 1,000 Sqft
အခန်းအမြင့် - 9.5 ပေ အမြင့်
Master Bedroom (၁) ခန်း
Single Bedroom (၁) ခန်း
Store Room (၁) ခန်း
ရေချိုးခန်း+အိမ်သာတွဲလျက် (၂) ခန်း
အိပ်ခန်းဝရန်တာ (၁) ခု
ဧည့်ခန်းဝရန်တာ (၁) ခု
Car Parking
Gym
Swimming Pool
24 Hour ရေလိုင်း (၂) လိုင်း (ဂျိုးဖြူ + အဝီစိ)
24 Hour Passenger Lift (၃) စင်း၊ Cargo Lift (၁) စင်း
Backup Generator
Backup Solar System
Built-In ရေပူ/ရေအေးစနစ် ပါဝင်ပြီး
Video Intercom, Guard Call, and Access Control စနစ်
LG Dual Inverter Aircon (၃) လုံး
LG 2 Door ရေခဲသေတ္တာ (၁) လုံး
၂ အိုးချက် Build-In Gas Strove တပ်ဆင်ပြီး
တစ်ယောက်အိပ်ခုတင် (၂) လုံး
နှစ်ယောက်အိပ် ခုတင် (၁) လုံး
ဗီဒို (၂) လုံး
Dining Table and Chairs Set
၆ ယောက်ထိုင် 6 Seaters Sofa Set

Nearby Places
Terminal M Shopping Mall
အောင်မင်္ဂလာ အဝေးပြေး
EV Charging Stations
ဆီဆိုင်များ
Royal Mingaladon ဂေါက်ကွင်း
Thanlwin Private School
ယူနန် Restaurant
Hotels & Bars
Thingangyun Gyi Market
May Yi Nandar Market
Shwe Pauk Kan Market

အားသာချက်များ
ငွေအမြန်ဖော်ဖိုလိုတဲ့အတွက် လက်ရှိပေါက်စျေးထက်အများကြီးလျှော့ရောင်းထားပါတယ်။ အခန်းက Open Type ဖြစ်တဲ့အတွက် အလင်းရောင် လေဝင်လေထွက်အထူးကောင်းပါတယ်။ ပတ်ဝန်းကျင် အခြေအနေကတော့ ဆိပ်ငြိမ်သန့်ရှင်းပြီး Foreigner အများစု နေထိုင်တာဖြစ်တဲ့အတွက် အတော်လေးလူသန့်တဲ့ပတ်ဝန်းကျင်ရှိပါတယ်။ Private ဆန်ပြီး ခရေပင်ရိပ်သာအိမ်ယာ၊ ပျဥ်းမရိပ်သာအိမ်ယာ၊ ကံ့ကော်ရိပ်သာအိမ်ယာ၊ စွယ်တော်ရိပ်သာအိမ်ယာ၊ Golf ကွင်းတို့နဲ့ တစ်ဆက်တည်းတည်ရှိပါတယ်။ အလွှာတိုင်းမှာ နေ့စဥ်အမှိုက်သိမ်းစနစ်နဲ့ သန့်ရှင်းရေးစနစ်ရှိပါတယ်။ ကျယ်ဝန်းတဲ့ ပန်းခြံနဲ့ လျှောက်လမ်းတွေ အားကစားလုပ်ရန်နေရာတွေ ရှိပါတယ်။ အိမ်ယာဝန်းတစ်ခုလုံး သစ်ပင်ပန်းပင်များ အရိပ်ရအပင်များနဲ့ အတော်လေးအရိပ်ရပြီး စိမ်းလန်းမှုရှိပါတယ်။ Foreigner အနေများတဲ့အတွက် အိမ်ငှားစျေးကွက်အနေနဲ့ Korean, Chinese, Japanese များအဓိကရှိပါတယ်။ အေးအေးချမ်းချမ်းနဲ့ လုံခြုံစိတ်ချရမှုအပြည့်နဲ့နေချင်တဲ့ လူကြီးမိဘများအတွက်လည်း အလွန်ကိုအဆင်ပြေပါတယ်။ 2025-May လမှာ မြို့ပြအင်ဂျင်နီယာဌာနအား စုပေါင်းငှားရမ်းပြီး ငလျင်ဒဏ်ခံနိုင်မှုကို စစ်ဆေးထောက်ခံချက်အပြည့်အဝ ရရှိထားပြီးဖြစ်တာကြောင့် စိတ်အေးချမ်းသာစွာ နေနိုင်ပါတယ်။ VIP အိမ်ယာဝန်းတွေနဲ့ တစ်ဆက်တည်းရှိပြီး အချိုးကျမြေပိုင်ဆိုင်ခွင့် ရရှိမှာဖြစ်တဲ့အတွက် နှစ်တိုင်းတန်ဖိုးဆက်တက်မယ်ဆိုတာ အာမခံပါတယ်။ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ၊ မင်္ဂလာဒုံမြို့နယ်တို့ နဲ့ အလွန်နီးပြီး 10 to 15 minutes drive အတွင်းမှာရှိပါတယ်။

အားနည်းချက်များ
အိမ်ယာဝန်းအတွင်းသို့ YBS ယာဥ်လိုင်းမရောက်တဲ့အတွက် ကားတစ်စီးလောက်တော့ရှိမှ အဆင်ပြေပါမယ်ခင်ဗျာ။ Down Town ၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ရန်ကင်း၊ တာမွေ၊ ဗဟန်း စတဲ့နေရာတွေနဲ့ဝေးပါတယ် ကိုယ်တိုင်လည်း မြို့ထဲအထိ နေ့စဥ်အလုပ်သွားနေရတာဖြစ်လို့ ၄၅ မိနစ်လောက် အချိန်ပေးရပါတယ်။ ပတ်လည်မှာ အိမ်ယာဝန်းတွေနဲ့ ဂေါက်ကွင်းပဲရှိတာကြောင့် စျေးဆိုင်စတိုးဆိုင် မရှိပါဘူး ဝန်းထဲမှာ City Express ၁ ဆိုင် နဲ့ စားသောက်ဆိုင် ၂ ဆိုင်ပဲရှိပါတယ်။ များသောအားဖြင့် Terminal M (Ocean) မှာပဲ ဝယ်လို့အဆင်ပြေပါတယ်။

ဘဏ်ချိတ်ဝယ်ယူရန် စိတ်ဝင်စားသူများအတွက်
လက်ရှိအခန်းက Yoma Bank ကနေ ၂၅ နှစ် Home Loan ကျထားပြီးအခန်းဖြစ်ပါတယ်ခင်ဗျာ။ Down Payment ၂,၁၀၀ သိန်းဝန်းကျင်ချမည်ဆိုပါက အစအဆုံးဘဏ်ပြန်ချိတ်စရာမလိုပဲ ကျန်ငွေကို ၂၄ နှစ် Bank Homeloan ဖြင့် ရှေ့နေရှေ့ရပ်နဲ့ Power လွှဲယူပြီး ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။ အခြားဘဏ်မှာ အစအဆုံးဘဏ်ပြန်ချိတ်ချင်ပါက Down Payment 50% ချရမှာဖြစ်ပြီး မိမိချိတ်လိုတဲ့ဘဏ်မှာ Home Loan ပြန်ဖွင့်/မဖွင့်၊ အတိုးနှုန်းပြောင်းလဲခြင်းရှိ/မရှိ၊ Home Loan ရရှိနိုင်မည့်ကာလ အတို/အရှည်၊ Additional Fees ရှိ/မရှိ စုံစမ်းဖို့လိုပါမယ်ခင်ဗျာ။ အသေးစိတ်သိရှိလိုပါက ဖုန်းကနေတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

ဆက်သွယ်ရန် - 09 790 268 095

Description

  • Complete
  • Fully Furnished
 Contact Advertiser By Phone
 Chat with Advertiser
Compare Add to Favorites Share Report

အိမ်ရာချေးငွေ တွက်ချက်ရန်

တွက်ချက်ရန်

ငွေပေးသွင်းမှု ပုံစံ
(Your Loan Payment)
လစဉ် ငွေပေးချေမှု 5,893,046
ချေးငွေ ပမာဏ 259,000,000
စုစုပေါင်း ပေးချေရမည့်ငွေ 353,582,760
အတိုးနှုန်း 13%
ချေးယူမည့် နှစ်ပမာဏ 5 years

Featured Ad

Let's apply Home Loan at iMyanmarHouse.com to own your dream home!

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
 

မင်္ဂလာဒုံမြို့နယ် ရောင်းရန် အိမ်ခြံမြေများ

ပိုမိုကြည့်ရှုရန်

ကားအရောင်းကြော်ငြာများ

ပိုမိုကြည့်ရှုရန်