ဒေါပုံမြို့နယ် ပုသိမ်မြေရပ်ကွက်က တိုက်ခန်းအရောင်း

Click Photo To Enlarge

Posted on 11 Dec 2024 10:57 pm Views 391 Ad Number S-13849911

Dawbon | Yangon Region

Apartment | 3rd Floor

12 ft x 50 ft 600 Square Feet

1 Bathroom(s)

Price 799 Lakh (Kyats)

🎀🎀Downtown မြို့နယ်တွေနဲ့အနီးဆုံးဖြစ်တဲ့ဒေါပုံမြို့နယ်ဝင်ဝင်ချင်းပထမဦးဆုံး‌ ရောက်တဲ့ဝါဆိုမှတ်တိုင်အနီးနေရာကောင်း နေရာသန့်မှ ဝယ်ချင်တာဆိုရင် ဒီအခန်းလေးရှိမယ်နော်🎀🎀
👌👌စျေးနှုန်း 799 သိန်း
(ညှိနှိုင်း)ပါ
🎀🎀 ဒေါပုံမြို့နယ် ၊ ပုသိမ်မြေရပ်ကွက် ၊ လမ်းထိပ်ထွက်တာနဲ့ ဂျပန်တံတားနားကို တန်းရောက်တဲ့နေရာကောင်း
🎀🎀 ဝါဆိုမှတ်တိုင်ကနေ လမ်းလျှောက် ဝင်လာမယ်ဆိုရင်လည်း 5 မိနစ်လောက် လျှောက်ရုံနဲ့ ရောက်တဲ့နေရာ ( လမ်းမတန်းနဲ့ အလွန်နီး )
🎀🎀 6 ထပ်တိုက်ရဲ့ တတိထပ် (4) လွှာ ( မှန်ခန်း မပါတဲ့တိုက်မို့ တတိယထပ်အစစ် )
🎀🎀 သူ့အပေါ်မှာ 2 ထပ် ကျန်သေးတာမို့ အကျိုးဆောင်တွေကတော့ 2 မိုးအောက်လို့ ခေါ်ကြတဲ့ အခန်းမျိုးပါ
🎀🎀အကျယ် အဝန်း ပုံမှန် 12 ပေ 50 ( Hall Type )
🎀🎀အမြင်လှဖို့သက်သက် အပေါ်ယံ ပြင်ဆင်ထားမှုမျိုးမဟုတ်ဘဲ တိုက်ခန်း တစ်ခန်းမှာ ကိုယ်တိုင် နေတော့မယ် ဆိုရင် အလိုအပ်ဆုံးဖြစ်တဲ့ ရေလိုင်း၊ မီးလိုင်း၊ ဆေး၊ ပါကေးခင်း၊ ကြွေပြားခင်း၊ အိမ်သာဘိုထိုင် မှစလို့ လုံခြုံရေးအတွက်သံပန်း ဆန်းရှိတ်တွေအထိ အပြည့်အစုံ ပါတဲ့အခန်းလေး
🎀🎀မျက်နှာစာ တောင်ဘက်လှည့် ... ဆောက်လုပ်ပြီးသက်တမ်း 8နှစ် ဝန်းကျင်
🎀🎀ဘေးပတ်ပတ်လည်မှာ တိုက် အမြင့်မရှိတာကြောင့်အလင်းရောင်ရှယ်ကောင်း .. နေ့ခင်းနေ့လည်ဆို မီးထွန်းစရာမလိုဘဲ လင်းတာကြောင့် မီတာခ ချွေတာချင်တဲ့ မမများအတွက်ဆိုလည်း ကွက်တိဖြစ်စေမှာ
🎀🎀 မနိမ့်လွန်းမမြင့်လွန်းတဲ့ အထပ်ဖြစ်တဲ့အပြင် လှေကားထစ်တွေလည်းပြေတာကြောင့် ဦးဦး ဒေါ်ဒေါ်တွေပါလာမယ်ဆို မပင်မပန်း အတက်အဆင်း လုပ်လို့ရတာလည်း အားသာချက်တစ်ခု
🎀🎀 ဒေါပုံမှာ နာမည်ကြီးတဲ့ ပန်းခြံတံတားကြီးရယ် ... စည်ကားလွန်းတဲ့ ညစျေးတန်းတွေရယ်နဲ့လည်း နီးနီးလေးမှ နီးနီးလေးမို့ ညနေခင်း လမ်းလျှောက်ထွက်ရင်း စားချင်တာဝယ်စားလို့ရတာကတော့ ဒီတိုက်ခန်းရဲ့ အားသာချက်တွေအများကြီးထဲက အသက်ပါဘဲ
🎀🎀ဘာဝယ်ဝယ် ကားပါကင် အသည်းအသန်ရှာတတ်ကြတဲ့ ကိုကိုမမတွေအတွက်လည်း ကားရပ်လို့ရမယ့် နေရာလွတ်တွေတော့ အများကြီးတွေ့ထားသေးတယ် ( ပြောတတ်ဆိုတတ် ပေါင်းတတ်သင်းတတ်ရင်တော့ ကိုယ့်နေရာအဖြစ် ညအိပ်ရပ်နားဖို့ စီစဉ်လို့ရနိုင်ပါတယ်နော် )
🎀🎀 တိုက်ခန်းကို ဘေးပတ်ပတ်လည်အခန်းတွေအများကြီးနဲ့ ပိတ်လှောင်ပြီးနေရတဲ့ Vibe မျိုးမဟုတ်ဘဲ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်တာလေးခံစားရင်းနေရတာမှ ကြိုက်တယ်ဆို ရွေးကို ရွေးသင့်သော ဝယ်ကိုဝယ်သင့်သော အခန်းလေးပါ
🎀🎀ထုံးစံအတိုင်းဘဲ အခန်းကြည့်လို့ ကြိုက်ရင် BCC ကစလို့ဆက်စပ်စာချုပ် အစုံအလင်ကို တထိုင်တည်း ကြည့်လို့ရအောင် စီစဉ်ပေးထားတာမို့ နားလည် တတ်ကျွမ်းသူနဲ့ စိတ်တိုင်းကျ စစ်ဆေးပြီး စိတ်ချလက်ချ ဝယ်ယူနိုင်ပါတယ်
🎀🎀စိတ်ဝင်စားလို့တိုက်ခန်းကြည့်မယ်ဆိုရင်တနာရီကြိုတင်ဖုန်းဆက်ချိန်းပေးပါရှင့်။အိမ်ရှင်နဲ့ဝယ်လက်နှစ်ဦးနှစ်ဖက်အဆင်ပြေမယ့်အချိန်ချိန်းဆိုရတာဖြစ်လို့အမှန်တကယ်မပျက်မကွက်လာကြည့်နိုင်မှချိန်းဆိုပေးဖို့‌ မေတ္တာရပ်ခံပါတယ်ရှင်🙏

Description

  • Complete
  • Fully Furnished
 Contact Advertiser By Phone
 Chat with Advertiser
Compare Add to Favorites Share Report

Ma Ma Soe(သာကေတ၊ဒေါပုံ အိမ်၊ခြံ၊မြေ၊တိုက်ခန်းအကျိုးဆောင်လုပ်ငန်း)

Ma Ma Soe(သာကေတ၊ဒေါပုံ အိမ်၊ခြံ၊မြေ၊တိုက်ခန်းအကျိုးဆောင်လုပ်ငန်း)

Featured Agency
Featured Ad

Let's apply Home Loan at iMyanmarHouse.com to own your dream home!

Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
 

Ma Ma Soe(သာကေတ၊ဒေါပုံ အိမ်၊ခြံ၊မြေ၊တိုက်ခန်းအကျိုးဆောင်လုပ်ငန်း) ရှိ ရောင်းရန် အိမ်ခြံမြေများ

ပိုမိုကြည့်ရှုရန်

ဒေါပုံမြို့နယ် ရောင်းရန် အိမ်ခြံမြေများ

ပိုမိုကြည့်ရှုရန်

ကားအရောင်းကြော်ငြာများ

ပိုမိုကြည့်ရှုရန်