ဘယ်လိုနေရာမှာ ဘယ်လိုရှာရှာ လုံးဝ မရနိုင်တဲ့ဈေးနဲ့ အခန်းလှလှလေးတစ်ခန်း ထပ်ရောင်းဖို့ရှိပါတယ်

Click Photo To Enlarge

Posted on 26 Sep 2024 10:17 am Views 408 Ad Number S-13486764

Dawbon | Yangon Region

Apartment

12 ft x 50 ft 600 Square Feet

1 Bathroom(s)

Price 699 Lakh (Kyats)

#တန်တာလေးမှဝယ်ချင်ကြတဲ့ကို‌ေဘာစိများအတွက်အပိုအလိုကင်းကင်းနဲ့လိုတိုရှင်းလေးကြော်ငြာပေးရမယ်ဆိုရင်
❤️ ဘယ်လိုနေရာမှာ ဘယ်လိုရှာရှာ လုံးဝ မရနိုင်တဲ့ဈေးနဲ့ အခန်းလှလှလေးတစ်ခန်း ထပ်ရောင်းဖို့ရှိပါတယ်
📌 ဒေါပုံ သင်္ဘောကျင်းရပ်ကွက်၊ လမ်းသွယ်
📌 မာန်ပြေမှတ်တိုင် အနီး
📌 စတုတ္ထထပ် - 5 လွှာ
📌 တမိုးအောက် ( အပေါ်တစ်ထပ်ကျန် )
📌 တိုက်မျက်နှာစာ တောင်ဘက်လှည့်
📌 အကျယ် 12-50 ပေ ( Hall Type )
📌 BCC မီတာ ကျပြီး
📌 ပုံပါအတိုင်း အလုံးစုံ ပြင်ဆင်ထား
💵 စျေးနှုန်း - 699 သိန်း ( အပိတ်စျေး )
🎀 အမြင်လှဖို့သက်သက် အပေါ်ယံပြင်ဆင်မှုမျိုးမဟုတ်ဘဲ တိုက်ခန်း တစ်ခန်းမှာ ကိုယ်တိုင် နေတော့မယ် ဆိုရင် အလိုအပ်ဆုံးဖြစ်တဲ့ ရေလိုင်း၊ မီးလိုင်း၊ ဆေး၊ ပါကေးခင်း၊ ကြွေပြားခင်း၊ အိမ်သာဘိုထိုင် မှစလို့ လုံခြုံရေးအတွက်သံပန်း ဆန်းရှိတ်တွေအထိ အပြည့်အစုံ ပါတဲ့အခန်း
🍄🍄 ပုံမှန်လမ်းသွယ်ထက် နည်းနည်းလေးပိုကျယ်တဲ့ ကွန်ကရစ်လမ်းထဲမှာဖြစ်တာမို့ ကားပါလာတဲ့သူတွေအတွက် ပါကင် အဆင်ပြေတာလည်း ဒီတိုက်ခန်းလေးရဲ့ အရေးပါတဲ့ အားသာချက်တစ်ခု
🍄🍄 ထားကောင်း ရောင်းစွံ နေပျော် အငှါးသွက်တဲ့ ဒီလို အခန်းမျိုးကို ဒီလိုစျေးနှုန်း ( ခေတ်ကာလအခြေနေပေါ်မူတည်ပြီး ဘယ်လိုတွက်တွက် ဝယ်ပြီး သိမ်းထားလို့ မရှုံးမယ့်စျေး ) နဲ့ရဖို့ မလွယ်ကူတာအဝယ်တော် ကိုကိုမမများက ပိုသိကြမှာမို့ ကောင်းရာကောင်းကြောင်း တန်ရာတန်ကြောင်းအပိုစာသားတွေ အများကြီး ညွှန်းမနေတော့ဘူးနော်
📍လာမကြည့်ခင် နေရာလေး အတိအကျ သိချင်တာဆိုရင် ခါတိုင်းလိုဘဲ CB ဒါမှမဟုတ် viber - whatsapp မှာ google map လေး တောင်းယူနိုင်ပါတယ် ( Public မှာ လိပ်စာအတိအကျ မေးခြင်းသည်းခံပါ )
❌ ဒီလိုဈေးနှုန်းနဲ့ ဒီလိုတိုက်ခန်းမျိုးကို အိမ်ပေါ်က ဆင်းတာနဲ့ ကားမှတ်တိုင်တန်းရောက်တဲ့ နေရာမျိုးမျှော်လင့်ထားတယ်ဆိုရင်တော့ အပင်ပန်းခံပြီးလာမကြည့်သင့်ပါဘူးနော်
🍄🍄 အခန်းကြည့်လို့ ကြိုက်ရင် BCC ကစလို့ဆက်စပ်စာချုပ် အစုံအလင်ကို တထိုင်တည်း ကြည့်လို့ရအောင် စီစဉ်ပေးထားတာမို့ နားလည် တတ်ကျွမ်းသူနဲ့ စိတ်တိုင်းကျ စစ်ဆေးပြီး စိတ်ချလက်ချ ဝယ်ယူနိုင်ပါတယ်ရှင်
🍄🍄လူမနေအခန်းလွတ်ဖြစ်တာကြောင့်ဝယ်ပြီးချက်ချင်းတက်နေချင်သူတွေအတွက်အဆင်ပြေပါတယ်။ငွေပိုလို့ဝယ်ပြီးအဌားချထားရင်‌လည်းတလ၂သိန်းရပါတယ်
🍄🍄စိတ်ဝင်စားလို့တိုက်ခန်းကြည့်မယ်ဆိုရင်(၁)နာရီကြိုတင်ချိန်းပေးပါ။ပိုင်ရှင်-ဝယ်လက် အဆင်ပြေမယ့်အချိန် ချိန်းဆိုရတာဖြစ်လို့အမှန်တကယ်လာကြည့်ပေးနိုင်မှချိန်းဆိုပေးပါရန်မေတ္တာရပ်ခံပါတယ်ရှင့်🙏

Description

  • Complete
  • Half Furnished
 Contact Advertiser By Phone
 Chat with Advertiser
Compare Add to Favorites Share Report

Featured Ad

Let's apply Home Loan at iMyanmarHouse.com to own your dream home!

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
 

Ma Ma Soe(သာကေတ၊ဒေါပုံ အိမ်၊ခြံ၊မြေ၊တိုက်ခန်းအကျိုးဆောင်လုပ်ငန်း) ရှိ ရောင်းရန် အိမ်ခြံမြေများ

ပိုမိုကြည့်ရှုရန်

ဒေါပုံမြို့နယ် ရောင်းရန် အိမ်ခြံမြေများ

ပိုမိုကြည့်ရှုရန်

ကားအရောင်းကြော်ငြာများ

ပိုမိုကြည့်ရှုရန်