မိသားစုနှင့်အတူ လှပအေးချမ်းပြီး Luxury ဆန်စွာနေထိုင်လို့ရနိုင်မည့် ကလောမြို့ရဲ့နေချင်စရာအကောင်းဆုံးနှင့်အိမ်တွင်းပစ္စည်းကောင်းတွေပဲအသုံးပြုဆောက်လုပ်ထားတဲ့အိမ်လေးရောင်းရန်ရှိပါတယ်🔸

Posted on 24 Aug 2024 11:57 am Views 1083 Ad Number S-13339065

Kalaw | Shan State

House

5030 Square Feet

3 Bedroom(s) 3 Bathroom(s)

Price 35,000 Lakh (Kyats)

Owner Direct 

🔸အိမ်ရဲ့တည်နေရာလေးကတော့ ကလောမြို့အဝင်ပြည်ထောင်စုလမ်းမကြီး ရှမ်းမောင်မယ်အိုစည်ရုပ်ထုနား green valley hotel အနီးမှာတည်ရှိပြီး ကလောစျေးသို့ 10 မိနစ် လမ်းလျောက်အကွာအဝေးမှာပဲတည်ရှိတဲ့အတွက်ကြောင့် သွားလာရလွယ်ကူပြီးအချက်အချာကျတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်

🔸မြေကွက်ရဲ့အကျယ် အဝန်းကတော့ 79'*61'*96'*58' (Total - 5030 Sqft ) ကျယ်ဝန်းပြီး အိမ်ကြီးအကျယ်အဝန်းကတော့ 2650 sqft ဖြစ်ကာ အိမ်အရှေ့အမြင် 2 ထပ် Underground အပါ 3ထပ် အိမ်ဖြစ်ပြီး အိမ်ပတ်ပတ်လည်ဝရံတာနှင့် လျောက်လမ်း လည်းပါရှိလို့ မိသားစုနှင့်အတူကျယ်ကျယ်ဝန်းဝန်းနှင့် ကလောမြို့ထဲရှိတခုတည်းထဲသော အိမ်ယာဝန်းဖြစ်ပြီး လုံခြုံစိတ်ချစိတ်ငြိမ်တဲ့ သီးသန့်နေရာကောင်းလေးဖြစ်တာကြောင့် ဒီလိုနေရာမျိုးထပ်မရှိတော့လို့ ဝယ်ယူထားရုံနှင့်စိတ်ချမ်းသာမှုအပြည့်ရော ကံကောင်းမှုတွေကိုပါ ရရှိနိုင်မည့်အိမ်လေးတစ်လုံးပဲဖြစ်ပါတယ်။

🔸အိမ်အတွင်းမှာတော့ ဘုရားခန်း ၊ Master Bedroom အခန်းကျယ် 2 ခန်း ၊ Compound Bedroom အခန်းကျယ် 1 ခန်း ၊ ဝန်ထမ်း အိမ်ခန်းသီးသန့် ၊ ဝန်ထမ်း ရေချိုးခန်း toilet သီးသန့်၊ ဧည့်ခန်း ၊ TV ကြည့်ခန်း ၊ ကော်ဖီ bar ၊ စတိုခန်း ၊ ထမင်းစားခန်းမီးဖိုခန်းကျယ်၊ အိမ်ဝရံတာအပေါ်အောက်ပါရှိ ပြီး Wifi ၊ Skynet ၊ ခြင်စကာ သံပန်း စတီးဘာဂျာတွေ အပြင် တစ်အိမ်လုံးမှာရှိတဲ့ အိမ်အတွင်းပစ္စည်းများအားလုံး ကိုပိုင်ရှင်ကိုယ်တိုင်နေရန်ရည်ရွယ်ပြီး စိတ်ကြိုက်အကောင်းဆုံး ပစ္စည်းကောင်းတွေပဲအသုံးပြုပြီး ပြင်ဆင်ဖွဲ့စည်းဆောက်လုပ်ထားတဲ့အပြင် အိမ်တွင်းပစ္စည်းများ
အနေနဲ့ရွေ့ပြောင်းလို့မရသည့်ပရိဘောဂများထားခဲ့မှာဖြစ်တဲ့အတွက် ဝယ်ယူရန်ရှားပါးသော Luxury အပြင်အဆင်တွေနှင့်အားလုံးပြင်ဆင်ပြီးသားအိမ်တစ်လုံးကိုရရှိမှာပဲဖြစ်ပါတယ်။

🔸ထို့အပြင် တစ်အိမ်လုံးစိတ်ကြိုက်အသုံးပြုနိုင်မည့် အကောင်းဆုံး ဂျပန် made ဆိုလာစနစ်ပါဝင်သည့် အင်ဗါတာကို တပ်ဆင်ထားတဲ့အတွက် မီးပျက်မှာလည်းမပူရသလို ရေအတွက်လည်းလုံးဝပြည့်စုံအောင်စီစဉ်ထားတဲ့အပြင် မိုးကြိုးလွှဲများနှင့် ခြံတွင်းCCTVများလည်းတပ်ဆင်ထားလို့ လုံခြုံရေးအတွက်လည်းစိတ်ချမှုအပြည့်ပေးနိုင်မည့် အိမ်ကြီးတစ်လုံးပဲဖြစ်ပါတယ်။

🔸အခုလိုအဆင့်သင့်ပြင်ဆင်ထားပြီး ပိုင်ရှင်အမည်ပေါက် နှစ် ၆၀ ဂရံဖြစ်တဲ့အတွက်ပိုင်ဆိုင်မှုလည်းခိုင်မာပြီး တအိမ်လုံးစနစ်ကျနမှုအပြည့်ရရှိပြီးကံကောင်းမှုအပြည့်နှင့်စိတ်ချမ်းသာခြင်းများကိုပိုင်ဆိုင် နိုင်မည့် လိုလေသေးမရှိပြည့်စုံတဲ့ အိမ်ကြီးရဲ့ဈေးနှန်းလေးကတော့ သိန်း 35000 ( ညှိနှိုင်း)ဖြစ်ပြီး ပိုင်ရှင်ကိုယ်တိုင်ရောင်းတာဖြစ်တဲ့အတွက်ကြောင့် အရှုပ်အရှင်းကင်းကင်းနဲ့ယုံကြည်စိတ်ချစွာဝယ်ယူရရှိနိုင်မှာပဲဖြစ်ပါတယ်။

အိမ်နှင့်ပတ်သတ်ပြီး စိတ်ဝင်စားတယ်ဆိုရင်တော့ ဖုန်း 095002201 ကိုဆက်သွယ်နိုင်ပါတယ်။

Description

  • Complete
  • Fully Furnished
 Contact Advertiser By Phone
 Chat with Advertiser
Compare Add to Favorites Share Report

Featured Ad

Let's apply Home Loan at iMyanmarHouse.com to own your dream home!

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
 

ကလောမြို့နယ် ရောင်းရန် အိမ်ခြံမြေများ

ပိုမိုကြည့်ရှုရန်

ကားအရောင်းကြော်ငြာများ

ပိုမိုကြည့်ရှုရန်