Properties Questions and Answers

ကျွန်တော် တိုက်ခန်းလေးတစ်ခန်းဝယ်ချင်လိုပါ။ အဲဒီတိုက်ခန်းက ဟောင်ကောင်တိုက်ပုံစံပါ တစ်လွှာက RC ခင်းထားပြီးနောက်တစ်လွာက ပျဉ်လျာထိုးခင်းထားတဲ့အခန်းပါ အပြင်က ကြည့်လျှင်တော့ တစ်လွှာဆီ သတ်မှတ်ထားပါတယ်။ကျွန်တော် အခုဝယ်မယ့် အခန်းက ပျဉ်လျာထိုးခင်းထားတဲ့အထပ်ပါ။ တိုက်သက်တမ်းက အနှစ် (၂၀)၀န်းကျင်ရှိပါပြီ တကယ်လိုများ တိုက်ပြန်ဆောက်လျင် ပျဉ်ထိုးအခန်းက တစ်ခန်းသီးသန့်ပြန်ရပါသလား ဆရာ အရင်က ဟောင်ကောင်တိုက်တွေက နှစ်လွှာကို တစ်ထပ်လို ပြောနေကြလိုပါ။ တိုက်ပြန်ဆောက်လျှင် ကျွန်တော်တို့ သီးသန့် တစ်ခန်းပြန်ရနိုင်ပါသလား ခင်ဗျာ။ အောက်ထပ် RC ခင်းထားသော သူနဲ့ နှစ်ဦးပေါင်းမှ တစ်လွှာ ပြန်ပေးနိုင်ပါသလား ဆရာ။ ပြန်လည်ဖြေကြားပေးသော ဆရာကို အထူးကျေးဇူးတင်ပါတယ်။

မေးသူ - ကိုကြွယ်စိုး

ဟိုတုန်းက ​ဟောင်​​ကောင်​တိုက်​ဆိုတာက အနည်းဆုံး ၂ထပ်​ ၃ထပ်​ ​ဆောက်​ထားတာ​တွေ့ရတယ်​။ အထပ်​မြင့်​တယ်​။ တစ်​ထပ်​နဲ့တစ်​ထပ်​ ၁၄​ပေ​လောက်​ အနည်းဆုံးအမြင့်​ ထားကြတယ်​။ အခု​တော့ (20'×60') ​မြေကွက်​အကျယ်​​ပေါ်မှာ အခန်းကျယ်​​ဆောက်​ထားတဲ့ ​ဟော(Hall) တိုက်​နဲ့...

ဆရာခင်ဗျာ ကျွန်တော်တို့နိုင်ငံခြားမှာအလုပ်အလုပ်ပြီး မိန်းမဘက်ကအဒေါ်ဝမ်းကွဲ ကို (၄၀' x ၈၉' ) မြေကွက်ဝယ်ချင်ပါတယ် သူကလည်ဝယ်ပေးပြီ အရောင်အဝယ်စာချုပ်ချုပ်ပြီးယုံကြည်မှုနဲ့သူကိုပဲသိမ်းထားခိုင်တာပါ ၊ ကျွန်တော်မိန်းမ မြန်မာပြည်ကို အပြီးပြန်လာတော့ အရောင်းအဝယ်စာချုပ်ကိုတောင်းတဲ့အခါ ဘယ်မှာသိမ်းမိလဲမသိပျောက်နေတယ်ပြောပါတယ်။ ကျွန်တော်တို့ မြေစာရင်သွားပြီး ပုံစံ၁၀၅ တော မိန်းမနာမည်နဲ့လုပ်ထားပါတယ် ခြံလည်းခတ်ထားပါတယ် ဥပဒေလမ်းကြောင်းမှန်ဖြင့် ဘာလုပ်သင်လဲဆိုတာ သိပါရစေခင်ဗျာ။

မေးသူ - ကိုမင်းမင်း

ဦး​လေးမင်းမင်း တို့ရဲ့​မြေကွက်​က စည်​ပင်​သာယာ​ရေး​ကော်​မတီ ပိုင်​​မြေလား၊ အိုးအိမ်​ပိုင်​​မြေလား၊ ဒါမှမဟုတ်​ တိုင်း​ဒေသကြီးအတွင်းက ​မြေကွက်​လားဆိုတာ မြို့နယ်​ တိတိကျကျ မပါတဲ့အတွက်​ ခြုံငုံသုံးသပ်​ပြီး ​ဖြေကြား​ပေးပါ့မယ်​။ ...

လယ်မြေပုံစံ (၇) မှာပါတဲ့မြေတစ်ဝက်ကိုရောင်းမလို့ပါ ပုံစံ (၇) မှာ မြေကိုခွဲခြမ်းပေးလို့ရလားသိချင်လို့ပါခင်ဗျာ။ရောင်းမည့်ပုံစံထဲမှာ လက်ရှိအိမ်ဝင်ဆောက်ထားတာကိုတရားစွဲထားလို့ပါ။ ရောင်းမည့်မြေကတော့တရားစွဲထားတဲ့မြေမပါဘူးခင်ဗျာ ကျေးဇူးတင်ပါတယ် admin ခင်ဗျာ။

မေးသူ - ဦးသန့်ဇင်ဖြိုး

လယ်​ယာ​မြေ လုပ်​ပိုင်​ခွင့်​လက်​မှတ်​ (ပုံစံ-၇)ကို ​ရောင်းလို့ရပါတယ်။ (20'×60') ဒါမှမဟုတ်​ (40'×60') ​မြေဧက အကျယ်​ထဲက ​မြေအစိတ်​အပိုင်းကို ခွဲခြမ်းပြီး ​ရောင်း​နေကြတာ ​တွေ့ရပါတယ်​။ ဒါ​ပေမဲ့ တကယ်​တမ်း တရားဝင်​မှတ်​ပုံတင်​...

နိုင်ငံခြားသား ကို အိမ်ငှါးရင် လဝက တို့၊ အခွန်ဌာန တို့မှာ ဘာတွေ ဆောင်ရွက်ရပါသလဲလဝက မှာ ဘာစာရွက်စာတမ်း တွေ တင်ပြဖို့ လိုအပ်ပါသလဲ ၊အခွန်ဆောင်ဖို့လိုအပ်တယ်ဆိုရင် ဘယ်လောက် % ဆောင်ရပါသလဲ ?

မေးသူ - Than Htut Oo

နိုင်​ငံခြားသားကို အိမ်​ငှါးရင်​ စာချုပ်​စာတမ်း ဥပ​ဒေအရ အငှါးချထားသူ(​မြေရှင်​/အိမ်​ရှင်​)၌ ငှါးရမ်းသူတို့က အခွန်​​ပေး​ဆောင်​ရပါတယ်​။ အခွန်​ဦးစီးဌာနမှာ ဘယ်​​လောက်​​ပေး​ဆောင်​ရတယ်​ ဆိုတာက​တော့ ​မြေတန်​ဖိုး/အိမ်​တန်​ဖိုးအလိုက်​...

မင်္ဂလာပါ … ရန်ကုန်တိုင်းဒေသကြီး မှော်ဘီ ရွှေမြယာ မှ ဖူးကြီးတို့ သွားသော နေရာတွင် သာယာကုန်းကျေးရွာအမည်ဆိုတာရှိပါတယ် လက်ရှိလဲ လူနေထိုင်လျက်ရှိကျပါတယ်။ ထိုအတူ မူလတန်းကျောင်း ဘုန်းကြီးကျာင်း ဘုရားကျောင်း စသဖြင့် ရှိသောမြေပေါ်တွင် အဆောက်အဦးများရှိပါတယ် ခြံဝန်းကျယ်များစွာရှိပါတယ် ထိုနေရာသည် ရေ မီး သွားလာမှု မြေပြင်အခြေအနေအရ ကောင်းသောပတ်ဝန်းကျင်တရပ်ဖြစ်ပါတယ်။ သို့ပေမဲ့ …ဆိုင်ရာမှ အဲ့ဒီမြေမှာနေထိုင်ကြသော(ခြံဝိုင်း) မြေများကို မြေပြေစာခွန်တွင် " စားကျက်ကျူး "ဟု အဘယ်ကြောင့်ဖော်ပြထားပါသလဲ…? အကယ်၍ "စားကျက်ကျူး" စကားရပ်နေရာမှာ တခြားအမည် အသုံးပြု၍ လျှောက်မယ်ဆိုရင်ရော လျှောက်ထားခွင့်ရှိပါသလား…? ယခုမြေပြင်အခြေအနေရ မြေပြေစာခွန်တွင် "စားကျက်ကျူး" စကားရပ်ကြောင့် *အများပြည်သူအကျိုးငှါ * အရောင်းအဝယ် လုပ်၍ အဆင်မပြေဘူးဖြစ်နေပါတယ်။ ထို့ကြောင့် အများပြည်သူအကျိုးငှါ ကောင်းဖို့အတွက် …မည်ကဲ့သို့လုပ်သင့်ပါသလဲ…ဆိုတာ ကျေးဇူးပြု၍ အကြံပြုပေးစေချင်ပါတယ်…

မေးသူ - သိုက်မင်း

မှော်​ဘီမြို့နယ်​ ​ရွှေ​မြေယာ ​ကျေးရွာနဲ့ ဖူးကြီး​ကျေးရွာ အကြားမှာရှိတဲ့ သာယာကုန်း​ကျေးရွာ ​မြေကွက်​ကြီးဟာ "စားကျက်​​မြေ" အမည်​​ပေါက်​​နေလို့ ဖြစ်​ပါလိမ့်​မယ်​။ စာကျက်​​မြေဆိုကတည်းက အစိုးရ​မြေ ပဲ ဖြစ်​ပါတယ်​။ အဲ့ဒါ​ကြောင့်​ အဲ့ဒီ​မြေကွက်​ထဲမှာ...

ခုဝယ်မယ့်မြေကွက်က ဘိုးဘွားပိုင်မြေကို အရပ်အရောင်းအဝယ်စာချုပ်ပဲရှိပါတယ်။ ဒါကိုဝယ်လိုက်မယ်ဆိုရင် ပုံစံ ၁၀၅ နဲ့ဂရန်လျှောက်ရင်ဘယ်လိုလုပ်ရပါမလဲ။ အခွန်ကိုကောဘယ်နှစ်ရာခိုင်နှုန်းဆောင်ရပါမလဲ။စာချုပ်တဲ့အခါ စာချုပ်ခေါင်းကဘယ်လောက်တန်ဖြစ်ရပါမလဲ။ ဖြေပေးပါနော်။ သေချာဂဃနဏ နားမလည်လို့ပါ။ ကျေးဇူးတင်ပါတယ်။

မေးသူ - ချိုနှင်း

ချိုနှင်း​မေးတာက ဘိုးဘွားပိုင်​​မြေ လို့​ပြောတာက ရွာ​မြေကို​ပြောတာလား။ ပုံစံ-၁၀၅(​မြေတိုင်း​မြေပုံ)ထွက်​ပြီလား၊ ဂရန်​​​လျှောက်​ချင်​လို့ ဘယ်​လိုလုပ်​ရမလဲ ​မေးတာထင်​တယ်​ ဘိုးဘွားပိုင်​​မြေ လို့ရွာ​တွေမှာ​ခေါ်ကြတဲ့ ရွာ​မြေဟာ...

ဆရာရှင့်လေးစားစွာဖြင့် မေးမြန်းလိုပါတယ်။ ရုံးခန်းဖွင့်ရန်အတွက်အိမ်တလုံးငှားခဲ့ပါတယ်။အိမ်ရှင်ကလက်ရှိအိမ်ကိုအရောင်းဆိုင်ထားတာကြာပါပီ။ရောင်းမထွက်သေးတာကြောင့်ကျမတို့ကိုဆက်ငှားပေးခဲ့တာ၃နှစ်ကျော်နေပါပြီ။ပုံမှန်စာချုပ်မှာတော့ စာချုပ်ပြည့်တဲ့အခါ ထပ်မငှားလိုရင် နှစ်ဦးနှစ်ဖက်မှ ၂ လ ကြိုတင်ပြီးအသိပေးရန်သဘောတူခဲ့ပါတယ်။ စာချုပ်ကတော့အသစ်ထပ်ချုပ်ထားတာတစ်လကျော်ပဲရှိပါသေးတယ်။ ခုချိန်မှာအိမ်ကအရောင်းထွက်သွားတာကြောင့် ကျမတို့ကိုထွက်စေလိုပါတယ်။၃လအချိန်ပေးပီးချေထားပီးသားကိုလနဲ့တွက်ပီးပြန်အမ်းပေးမယ်ပြောပါတယ်။ကျမတို့ဘက်ကလည်း စာချုပ်ပြည့်တဲ့အထိတော့နေချင်ပါတယ်။ ဘယ်လိုဆောင်ရွက်ရမလဲဆိုတာကိုကျေးဇူးပြုပီးဖြေကြားပေးစေလိုပါတယ်။ကျေးဇူးတင်ပါတယ်ရှင့်။

မေးသူ - နိုးနိုး

အင်း နိုးနိုးရဲ့ ​မေးခွန်းက တစ်​​ယောက်​ကသာရင်​ တစ်​​ယောက်​က​တော့ နစ်​နာမယ့်​သ​ဘော​ပေါ့​နော်​။ (၃)နှစ်​​ကျော်​ငှါးခဲ့တာ ပုံမှန်​ချုပ်​ဆိုမြဲ ချုပ်​ဆိုခဲ့တဲ့ စာချုပ်​​တွေအရ စာချုပ်​သက်​တမ်းပြည့်​လို့ ထပ်​မငှါးလိုရင်​ နှစ်​ဦးနှစ်​ဘက်​က...

ဆရာခင်ဗျားလေးစားစွာဖြင့် မေးမြန်းလိုပါတယ်။ ကားပါကင်ပါ မီနီကွန်ဒိုတွင်နေထိုက်သူတစ်ဦးအနေဖြင့် အဆိုပါကားပါကင်နေရာသည် သုံးစွဲခွင့် ရရုံပဲလား သို့မဟုတ် အပိုင်သဘောရနေတာလား သိပါရစေ။ ကျွန်တော်တို့ လှိုင်မြို့နယ်တွင် မီနီကွန်ဒိုအချို့ ကားပါကင်တွင် မြေရှင်မှ ကန့်သတ်နယ်လုပ်ထားသူ ရှိသလို မှန်ခန်းလုပ်သူလည်းတွေ့နေရသဖြင့် သဲသဲကွဲကွဲသိလို၍ မေးမြန်းခြင်းပါ။ ကျေးဇူးပြု၍ဖြေကြားပေးပါရန်။

မေးသူ - ကိုအောင်ကျော်မိုး

ကားပါကင်​​နေရာဟာ သုံးစွဲခွင့်​ရရုံပါပဲ။ အပိုင်​သ​ဘောမရနိုင်​ပါ။ ဘာ​ကြောင့်လဲဆို​တော့ ​မြေရှင်​ရှိတယ်​​​လေ။ သူ့မြေ​ပေါ်မှာ ​ဆောက်​ထားတာ ဆို​တော့ ​မြေရှင်​ပဲ ပိုင်​တာ​ပေါ့။ ဒါ​ပေမဲ့ ကန်​ထရိုက်​တာနဲ့​မြေရှင်​ ဘယ်​လိုသ​ဘောတူထားသလဲ ဆိုတာသိရင်​...

ပါမစ်တော့မကျသေးဘူး ဒါပေမဲ့ အိမ်အမှတ်တော့ကျထားပြီးသား ခြံကွက်က ဝယ်ရမှာသေချာပါသလားသိချင်လို့ပါခင်ဗျာ ။

မေးသူ - ကိုလှိုင်​မျိုးထွန်း

မြေချပါမစ်​ ထွက်​မလာ​သေးရင်​ မ၀ယ်​သင့်​ပါဘူး။ အိမ်​အမှတ်​ဆိုတာ (၂)မျိုးရှိပါတယ်​။ ​မြေကွက်​နံပါတ်​ကို အိမ်​အမှတ်​အဖြစ်​ သတ်​မှတ်​​ပေးမှာလား ။ ဒါမှမဟုတ်​ ​မြေကွက်​နံပါတ်​ကို မသုံးဘဲနဲ့ လမ်းအလိုက်​ အိမ်​အမှတ်​ ၁, ၂, ၃, ၄, ၅ စသဖြင့်​ သတ်​မှတ်​တာလား...

မင်္ဂလာပါ နာမည်နှစ်ဦးနဲ့ ဂရန်အိမ်ကိုရောင်းမယ်ဆိုရင် GP ရရှိထားတဲ့သူရော အကျုံးဝင်လားဆိုတာ သိချင်ပါတယ်ရှင်။ နှစ်ဦးပိုင်အိမ်မှာ တစ်ဦးကဆုံးသွားပါပြီ သူ့မှာမြေးနှစ်ယောက်ကျန်ခဲ့ပါတယ်။ ကျန်တစ်ဦးကတော့ အပျိုကြီးပါ ဒါပေမဲ့ သူ့မှာမွေးစားသားရှိပါတယ် အဲဒီသားကို သူက gp ပေးထားပါတယ် အကယ်၍ အိမ်ရောင်းမယ်ဆိုရင် မြေးနှစ်ယောက်နဲ့ မွေးစားသား အရှုပ်အရှင်းတွေရှိလာမလား သိချင်လို့ပါရှင်။

မေးသူ - မသိမ့်​​လေး

နှစ်​ဦးအမည်​​ပေါက်​ ​မြေငှါးဂရန်​ ဖြစ်​​နေတဲ့အိမ်​ကို ​ရောင်းမယ်​ဆိုရင်​ General Power (GP) ရရှိထားသူ​ရော အကျုံးဝင်​ပါတယ်​။ နှစ်​ဦးအမည်​​ပေါက်​ ဂရန်​​မြေနဲ့အိမ်​ကို နှစ်​ဦးပိုင်​ဆိုင်​ပြီး တစ်​ဦးက ကွယ်​လွန်​သွားတယ်​ဆိုရင်​ ကျန်​ရစ်​တဲ့ သားသမီး​တွေက...