ခုဝယ်မယ့်မြေကွက်က ဘိုးဘွားပိုင်မြေကို အရပ်အရောင်းအဝယ်စာချုပ်ပဲရှိပါတယ်။ ဒါကိုဝယ်လိုက်မယ်ဆိုရင် ပုံစံ ၁၀၅ နဲ့ဂရန်လျှောက်ရင်ဘယ်လိုလုပ်ရပါမလဲ။ အခွန်ကိုကောဘယ်နှစ်ရာခိုင်နှုန်းဆောင်ရပါမလဲ။စာချုပ်တဲ့အခါ စာချုပ်ခေါင်းကဘယ်လောက်တန်ဖြစ်ရပါမလဲ။ ဖြေပေးပါနော်။ သေချာဂဃနဏ နားမလည်လို့ပါ။ ကျေးဇူးတင်ပါတယ်။
မေးသူ - ချိုနှင်း ချိုနှင်းမေးတာက ဘိုးဘွားပိုင်မြေ လို့ပြောတာက ရွာမြေကိုပြောတာလား။ ပုံစံ-၁၀၅(မြေတိုင်းမြေပုံ)ထွက်ပြီလား၊ ဂရန်လျှောက်ချင်လို့ ဘယ်လိုလုပ်ရမလဲ မေးတာထင်တယ် ဘိုးဘွားပိုင်မြေ လို့ရွာတွေမှာခေါ်ကြတဲ့ ရွာမြေဟာ မြေစာရင်းမှာသွားကြည့်ရင် ဥယျာဉ်ခြံမြေ အမျိုးအစား သတ်မှတ်ထားတာ တွေ့ရပါတယ်။ ဥယျာဉ်ခြံမြေ စာရင်းထဲမှာ ပါသွားပြီဆိုကတည်းက အခွန်ဆောင်ဖို့ မလိုသေးပါဘူး.. တံဆိပ်ခေါင်းဝယ်ချင်ရင်တော့ အရပ်ကတိအရောင်းအ၀ယ် စာချုပ်ချုပ်ဖို့အတွက် ၃၀၀ိ/-တံဆိပ်ခေါင်း ပေါ်မှာ စာချုပ်ရပါတယ် ပုံစံ-၁၀၅ကိုလည်း မစဉ်းစားပါနဲ့ဦး ဂရန်လျှောက်ပုံအရင် ရှင်းပြပါရစေဦး။ ရွာမြေလို့ခေါ်တဲ့ ဥယျာဉ်ခြံမြေ ဂရန်မလျှောက်ခင် လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်(ပုံစံ-၇)အရင်လျှောက်ရပါတယ်။ (ပုံစံ-၇) ရပြီးတဲ့အခါကျမှ အခြားနည်းသုံးစွဲခွင့် (ဥပမာ။ ။ ဂရန်လိုမျိုးပေါ့) လျှောက်ယူရပါတယ်။ တင်ပြရတဲ့အဆင့်တွေကတော့ ရပ်ကွက်/ကျေးရွာ၊ မြို့နယ် ၊ခရိုင်၊ တိုင်းနဲ့ဗဟိုလယ်ယာမြေစီမံခနိ့ခွဲရေး အဖွဲ့ထံက ခွင့်ပြုချက်ရတဲ့အထိ တင်ပြရပါတယ်။ ဗဟိုရဲ့ခွင့်ပြုချက်အရ အခြားနည်းသုံးစွဲခွင့် ရပြီဆိုရင် နိုင်ငံတော်ကသတ်မှတ်နှုန်းထားအတိုင်း ငွေသွင်းရပါတယ်။ အခွန်ဆောင်စရာ မလိုပါ။ ဂရန်ကဲ့သို့ သုံးစွဲခွင့်ရပါတယ် လို့ဖြေကြားပေးလိုက်ပါတယ်။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ This is the exclusive property of the questions and answers are iMyanmarHouse.com. iMyanmarHouse.com anywhere without permission to be allowed to describe.