865 Views

မင်္ဂလာပါ နာမည်နှစ်ဦးနဲ့ ဂရန်အိမ်ကိုရောင်းမယ်ဆိုရင် GP ရရှိထားတဲ့သူရော အကျုံးဝင်လားဆိုတာ သိချင်ပါတယ်ရှင်။ နှစ်ဦးပိုင်အိမ်မှာ တစ်ဦးကဆုံးသွားပါပြီ သူ့မှာမြေးနှစ်ယောက်ကျန်ခဲ့ပါတယ်။ ကျန်တစ်ဦးကတော့ အပျိုကြီးပါ ဒါပေမဲ့ သူ့မှာမွေးစားသားရှိပါတယ် အဲဒီသားကို သူက gp ပေးထားပါတယ် အကယ်၍ အိမ်ရောင်းမယ်ဆိုရင် မြေးနှစ်ယောက်နဲ့ မွေးစားသား အရှုပ်အရှင်းတွေရှိလာမလား သိချင်လို့ပါရှင်။

မေးသူ - မသိမ့်​​လေး
နှစ်​ဦးအမည်​​ပေါက်​ ​မြေငှါးဂရန်​ ဖြစ်​​နေတဲ့အိမ်​ကို ​ရောင်းမယ်​ဆိုရင်​ General Power (GP) ရရှိထားသူ​ရော အကျုံးဝင်​ပါတယ်​။ နှစ်​ဦးအမည်​​ပေါက်​ ဂရန်​​မြေနဲ့အိမ်​ကို နှစ်​ဦးပိုင်​ဆိုင်​ပြီး တစ်​ဦးက ကွယ်​လွန်​သွားတယ်​ဆိုရင်​ ကျန်​ရစ်​တဲ့ သားသမီး​တွေက အ​မွေဆက်​ခံ ပိုင်​ဆိုင်​ပါတယ်​။ သားသမီး​တွေ ကွယ်​လွန်​မှသာ ​မြေး(၂)​ယောက်​က ဆက်​လက်​အ​မွေဆက်​ခံ လို့ရမှာပါ။
ဂရန်​အမည်​​ပေါက်​​ နှစ်​ဦးအနက်​ ကျန်​တစ်​ဦးက အသက်​ထင်​ရှားရှိ​သေးတယ်​၊ အပျိုကြီးလည်းဖြစ်​​နေတယ်​ဆိုရင်​ ​မြေကွက်​တစ်​ခြမ်းကို​တော့ သူက ပိုင်​မြဲပိုင်​​နေမှာဘဲ။ သူပိုင်​တဲ့​မြေနဲ့ပက်​သက်​လို့ သူ့ရဲ့​မွေးစားသားကို General Power (GP) ​ပေးထားတယ်​ဆိုတာက၊ အပျိုကြီးကိုယ်​စား ​ရောင်းချခြင်း၊ ​ပေးကမ်းခြင်း၊ ​ပေါင်​နှံခြင်း၊ လှူဒန်းခြင်း အစရှိသဖြင့်​ အ​ထွေ​ထွေလုပ်​နိုင်​တယ်​လို့ ကိုယ်​စားလှယ်​လွှဲထားတာပါ။ အဲ့ဒီ ကိုယ်​စားလှယ်​လွှဲစာ (General Power)က အပျိုကြီး အသက်​ထင်​ရှားရှိစဉ်​မှာ သုံးလို့ရပြီး၊ အသက်​ထင်​ရှား မရှိ​တော့ဘူးဆိုရင်​ အဲ့ဒီ GP ပါဝါလည်း ​သေသွားလို့ ​မွေးစားသားက ဆက်​လက်​သုံးစွဲခွင့်​ မရှိ​တော့ပါဘူး။ GP ပါဝါ ​ပေးသူ​သေရင်​ GPပါဝါလည်း လိုက်​​သေသွားပါတယ်​။ General Power (GP)နဲ့ ပက်​သက်​လို့ (၂)မျိုးခွဲခြား မှတ်​သားနိုင်​ပါတယ်​။ Notary (နိုတြီ)GPနဲ့ ၊ စာချုပ်​စာတမ်း မှတ်​ပုံတင်​ရုံးမှာ လုပ်​ထားတဲ့ GP ဆိုပြီး ရှိပါတယ်​။ အိမ်​ခြံ​မြေ တိုက်​ခန်း ကွန်​ဒို စတဲ့ မ​ရွှေ့မ​ပြောင်းနိုင်​တဲ့ ပစ္စည်း​တွေကို ​ရောင်းချခြင်း၊ ​ပေးကမ်းခြင်း၊ စွန့်​လွှတ်​ခြင်း၊ လှူဒန်းခြင်း၊ ပြုလုပ်​မယ်​ဆိုရင်​ မှတ်​ပုံတင်​တင်​ထားတဲ့ GP မှသာ တရားဝင်​သုံးခွင့်​ရှိပါတယ်​။ နိုတြီ GPက​တော့ ကား၊​ရေခဲ​သေတ္တာ၊ အစရှိတဲ့ ​ရွှေ့​ပြောင်းနိုင်​တဲ့ ပစ္စည်း မျိုး​တွေ လွှဲ​ပြောင်း​ပေးတဲ့​နေရာမှသာ သုံးလို့ရပါတယ်​။ အခု"မသိမ့်​​လေး" ​ပြောတဲ့ ​မွေးစားသားကို GP ​ပေးထားရင်​လည်း အဲ့ဒီGP က စာချုပ်​စာတမ်း မှတ်​ပုံတင်​ရုံးမျာ ​ပေးထားတဲ့ GP ဆိုရင်​​တော့ အပျိုးကြီးကိုယ်​စား ​မွေးစားသားက ​ဆောင်​ရွက်​​ပေးလို့ ရပါတယ်​။ အကယ်​၍ အိမ်​​ရောင်းမယ်​ဆိုရင်​ အပျိုကြီးကိုယ်​တိုင်​ ရှိပါလျက်​နဲ့ သူက ​မွေးစားသားကို မျက်​နှာလွှဲထားမယ်​ဆိုရင်​ မှတ်​ပုံတင်​ GP ရသူဖြစ်​ခဲ့ရင်​ ​မြေးနှစ်​​ယောက်​နဲ့ ​မွေးစားသား ထိပ်​တိုက်​​တွေ့ဆုံ ​ဖြေရှင်းရမှာပါ။ ဒီ​လောက်​ဆိုရင်​​တော့ ရှင်းသွားပြီ ထင်​ပါတယ်​။ ဒီ​နေရာမှာ ​မွေးစားသားရဲ့ အဓိပ္ပါယ်​ကို ထပ်​ပြီး ရှင်းပြဖို့ လိုမယ်​ထင်​ပါတယ်​။ အပျိုကြီးက ​မွေးစားထားတဲ့သားက စာချုပ်​စာတမ်း မှတ်​ပုံတင်​ရုံးမှာ တရားဝင်​ မှတ်​ပုံတင်​ ​မွေးစားသားဖြစ်​မှသာ အပျိုကြီးကွယ်​လွန်​သွားခဲ့ရင်​ ​မွေးစားသားက အပျိုကြီး ပိုင်​ဆိုင်​တဲ့ ​မြေကွက်​ရဲ့ တစ်​၀က်​​ဝေစုကို ရမှာပါ။ အဲ့ဒီလို တရားဝင်​​မွေးစားသားဖြစ်​ရင်​​တော့ တစ်​ဖက်​က​မြေး​တွေနဲ့ အ​မွေခွဲရမှာ​ပေါ့။ တရားဝင်​​မွေးစားသားမဟုတ်​ရင်​​တော့ အပျိုကြီးအသက်​ထင်​ရှား ရှိစဉ်​မှာ မှတ်​ပုံတင်​GP အရသာ ကိုယ်​စား​ပြော​ရေးဆိုခွင့်​ရှိပါတယ်​လို့ ​ဖြေကြား​ပေးလိုက်​ပါတယ်​။ အကယ်​၍ ​မောင်​​ကောင်း​ဖေ ရဲ့ အ​ဖြေကိုဖတ်​မိလို့ အမည်​ခံ​မွေးစားသားက​နေ တရားဝင်​​မွေးစားသား အဖြစ်​ မှတ်​ပုံတင်​လိုက်​ရင်​​တော့ အပျိုကြီးရဲ့ ရမဲ့​ဝေစုအားလုံးကို တရားဝင်​ရသွားပါ​တော့တယ်​။ အ​မွေဆက်​ခံခွင့်​ ရှိသွားပါတယ်​။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
This is the exclusive property of the questions and answers are iMyanmarHouse.com. iMyanmarHouse.com anywhere without permission to be allowed to describe.

To Make Property Questions

Other Property Questions And Answers

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)