194 Views

မင်္ဂလာပါ ကျွန်တော်က မအူပင်မြို့ကပါခင်ဗျာ ကျွန်တော်သည် ကျေးရွာရဲ့ ယခင်တုန်း ကအသုံးပြုခဲ့သော လမ်းအဟောင်း(ပေ 20× ပေ 200)အကျယ်အ၀န်းကို ကျေးရွာရံပုံငွေအဖြစ် ရွာလူကြီးနှင့်ရပ်မိရပ်ဖများက 2004 ခုနှစ်ကရောင်းပြီး ခြံမြေကွက်ကို အဆင့်ဆင့်ရောင်းချခဲ့ရာ ကျွန်တော်မှ နောက်ဆုံး၀ယ်ယူသူဖြစ်ခဲ့ပါသည်၊။ ထိုမြေသည် ပေ ၂၀ × ပေ ၂၀၀ အကျယ်အ၀န်းရှိသည်ဟု ၂၀၀၄ ခုနှစ်ထဲကစာချုပ်တွင်ပါလာပြီး ယခု ကျွန်တော်၀ယ်ယူချိန်တွင် ဘေးခြံက ၅ ပေ သူတို့မြေဟုအတင်းပြောဆိုနေပါသည် ကူညီဖြေရှင်းပေးပါခင်ဗျာ။

မေးသူ - ဦးအောင်မင်းထက်

 

[Unicode]

ခရိုင်အလိုက် စံပြကျေးရွာများအား ကျေးရွာဂရန်ပေးစီမံချက်ဖြင့် ဂရန်ချပေးခဲ့ခြင်းများရှိပါ သည်။ ယခုမေးမြန်းသူပိုင် မြေကွက်မှာ ကျေးရွာအတွင်း ရှိနေသည်ဆိုသော်လည်း ဂရန်ပေးစီမံချက် ကျေးရွာများထဲ ပါဝင်ခြင်းမရှိသေးသလို ဂရန်ထွက်ရှိထားခြင်းလဲ မရှိသေးကြောင်းနှင့် မြေပုံ/မြေရာ ဇဝင်လဲ မရှိကြောင်း ခန့်မှန်းမိပါသည်။

ထိုသို့သော ကျေးရွာများရှိ မြေကွက်အကျယ်အဝန်းအတိုင်းတာမှာ မြေစာရင်းတွင်လဲ မြေကွက် တစ်ကွက်ချင်းအလိုက် သီးခြားဖော်ပြ မှတ်သားချက်မရှိပါ။ မြေစာရင်းဌာနတွင် တစ်ရွာလုံးအတိုင်း အတာဖြင့်သာ ဧကအကျယ်အဝန်း စာရင်းပြုစု မှတ်သားချက်ရှိပါသည်။

တရားဝင် မြေတိုင်းတာခြင်း ဆောင်ရွက်၍ မရနိုင်သောကြောင့် မြေကွက်၏ အကျယ်အဝန်း အငြင်းပွှားမှုအတွက် ဖြေရှင်းဆောင်ရွက်ရန် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖအား အကူအညီ တောင်းခံပါ။ နယ်နိမိတ်သတ်မှတ်မှုအား သိရှိရလျှင်လဲ ထပ်မံအငြင်းပွှားမှုမဖြစ်စေရန် အမှတ်အသား အခိုင်အမာ ပြုလုပ်ဆောင်ရွက်သင့်ကြောင်း ဖြေဆိုရေးသား ပေးလိုက်ပါသည်။

 


[Zawgyi]

မဂၤလာပါ ကြၽန္ေတာ္က မအူပင္ၿမိဳ႕ကပါခင္ဗ်ာ ကြၽန္ေတာ္သည္ ေက်း႐ြာရဲ႕ ယခင္တုန္း ကအသုံးျပဳခဲ့ေသာ လမ္းအေဟာင္း(ေပ 20× ေပ 200)အက်ယ္အ၀န္းကို ေက်း႐ြာရံပုံေငြအျဖစ္ ႐ြာလူႀကီးႏွင့္ရပ္မိရပ္ဖမ်ားက 2004 ခုႏွစ္ကေရာင္းၿပီး ျခံေျမကြက္ကို အဆင့္ဆင့္ေရာင္းခ်ခဲ့ရာ ကြၽန္ေတာ္မွ ေနာက္ဆုံး၀ယ္ယူသူျဖစ္ခဲ့ပါသည္၊။ ထိုေျမသည္ ေပ ၂၀ × ေပ ၂၀၀ အက်ယ္အ၀န္း႐ွိသည္ဟု ၂၀၀၄ ခုႏွစ္ထဲကစာခ်ဳပ္တြင္ပါလာၿပီး ယခု ကြၽန္ေတာ္၀ယ္ယူခ်ိန္တြင္ ေဘးျခံက ၅ ေပ သူတို႔ေျမဟုအတင္းေျပာဆိုေနပါသည္ ကူညီေျဖ႐ွင္းေပးပါခင္ဗ်ာ။

 

ခ႐ိုင္အလိုက္ စံျပေက်း႐ြာမ်ားအား ေက်း႐ြာဂရန္ေပးစီမံခ်က္ျဖင့္ ဂရန္ခ်ေပးခဲ့ျခင္းမ်ား႐ွိပါ သည္။ ယခုေမးျမန္းသူပိုင္ ေျမကြက္မွာ ေက်း႐ြာအတြင္း ႐ွိေနသည္ဆိုေသာ္လည္း ဂရန္ေပးစီမံခ်က္ ေက်း႐ြာမ်ားထဲ ပါဝင္ျခင္းမ႐ွိေသးသလို ဂရန္ထြက္႐ွိထားျခင္းလဲ မ႐ွိေသးေၾကာင္းႏွင့္ ေျမပုံ/ေျမရာ ဇဝင္လဲ မ႐ွိေၾကာင္း ခန္႔မွန္းမိပါသည္။

ထိုသို႔ေသာ ေက်း႐ြာမ်ား႐ွိ ေျမကြက္အက်ယ္အဝန္းအတိုင္းတာမွာ ေျမစာရင္းတြင္လဲ ေျမကြက္ တစ္ကြက္ခ်င္းအလိုက္ သီးျခားေဖာ္ျပ မွတ္သားခ်က္မ႐ွိပါ။ ေျမစာရင္းဌာနတြင္ တစ္႐ြာလုံးအတိုင္း အတာျဖင့္သာ ဧကအက်ယ္အဝန္း စာရင္းျပဳစု မွတ္သားခ်က္႐ွိပါသည္။

တရားဝင္ ေျမတိုင္းတာျခင္း ေဆာင္႐ြက္၍ မရႏိုင္ေသာေၾကာင့္ ေျမကြက္၏ အက်ယ္အဝန္း အျငင္းပႊားမႈအတြက္ ေျဖ႐ွင္းေဆာင္႐ြက္ရန္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးႏွင့္ ရပ္မိရပ္ဖအား အကူအညီ ေတာင္းခံပါ။ နယ္နိမိတ္သတ္မွတ္မႈအား သိ႐ွိရလွ်င္လဲ ထပ္မံအျငင္းပႊားမႈမျဖစ္ေစရန္ အမွတ္အသား အခိုင္အမာ ျပဳလုပ္ေဆာင္႐ြက္သင့္ေၾကာင္း ေျဖဆိုေရးသား ေပးလိုက္ပါသည္။

 

ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
This is the exclusive property of the questions and answers are iMyanmarHouse.com. iMyanmarHouse.com anywhere without permission to be allowed to describe.

To Make Property Questions

Other Property Questions And Answers

Subscribe For Property News

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App