66 Views

လှည်းကူးမြို့နယ် ၊ ဘုရားသုံးဆူကျေးရွာမှာ ‌‌ရွာမှာခြံတစ်ကွက်ဝယ်ထားလို့ပါ ရွာမြေလို့ပြောပါတယ် ရွာမြေစစ်မစစ် ဘယ်လိုစစ်ရပါလဲ။

မေးသူ - Ei Thiri Kyaw

[Unicode]


ရွာမြေဆိုသည်မှာ လူနေထိုင်ရန် အုပ်စုဖြင့် စုပေါင်းသတ်မှတ်ထားသည့် မြေအမျိုးအစားပင်ဖြစ်ပါသည်။ လွန်ခဲ့သော နှစ်များစွာကတည်းက ရှိနှင့်သော ရွာများရှိသလို အခုနောက်ပိုင်းမှ ရွာအဖြစ်သတ်မှတ်သော အုပ်စု ကျေးရွာများလဲရှိပါသည်။ကျေးရွာများအား စုပေါင်းကာ အုပ်စုကျေးရွာတစ်ခု သတ်မှတ်ပါသည်။

ရွာမြေများမှာ လယ်ယာမြေများနှင့် တဆက်စပ်တည်း ရှိတတ်သလို ဥယျာဉ်ခြံမြေများနှင့်လဲ ရောစပ် နေတတ်ပါသည်။ ဂရန်မြေ၊ ဘိုးဘွားမြေကဲ့သို့ ပိုင်ဆိုင်မှု အထောက်အထားစာချုပ်စာတမ်းများလဲ မရှိပါ။ အရင်ဝယ်ယူ ပိုင်ဆိုင်ခဲ့ကြသော အဆက်အစပ်စာချုပ်များကိုသာ တောင်းယူကြည့်ရှုရပါသည်။

ရွာမြေ ဟုတ်မဟုတ် မဝယ်ခင် နယ်မြေခံ လူကြီးသူမများနှင့် အုပ်ချုပ်ရေးမှူးထံတွင် စုံစမ်းမေးမြန်းမှု ပြုနိုင်သလို မိမိဝယ်ယူသော မြေကွက်မှာ လယ်ယာမြေ၊ ဥယျာဉ်ခြံမြေ၊ စားကျက်မြေများနှင့် လွတ်မလွတ် မြေစာရင်းဌာနတွင်လဲ မေးမြန်းစုံစမ်းနိုင်ပါသည်။

တချို့မှာ ဘုန်းကြီးကျောင်းမြေ၊ စားကျက်မြေ၊ အများပိုင်လမ်းမြေ၊ ဌာနတစ်ခုခုမှ စီမံခန့်ခွဲပိုင်ခွင့် ရှိသော မြေများအား နှစ်ကာလဖြင့် ကျူးကျော်နေထိုင်ကြပြီး ၎င်းတို့ပိုင် ရွာမြေဟု ပြောဆိုကာ အရပ်ကတိစာချုပ်များ ဖြင့် ရောင်းချတတ်ပါသည်။

မြေစာရင်းဌာနတွင် မြေတစ်ကွက်ချင်းအလိုက် ပေအကျယ်အား တိုင်းတာထားခြင်း မပြုသေးသော်လည်း တစ်ရွာလုံး၏ ဧကအကျယ်အား စာရင်းကောက်ယူထားခြင်းတော့ ရှိပါသည်။

စေ့စပ်သေချာစွာ မေးမြန်းမှုပြုလျှင် မြေအမျိုးအစားအမှန်အား သိရှိနိုင်ပါသည်။ အခုနောက်ပိုင်း ကာလများ၌ လယ်ယာမြေအား စိတ်ပိုင်းကာ အကွက်ရိုက်ရောင်းချမှုများလဲ များပြားသဖြင့် မိမိဝယ်ယူထား ပြီးသော မြေအား သေချာစွာ စစ်ဆေးပြီးမှသာ အိမ်အခိုင်အမာ ဆောက်လုပ်သင့်ကြောင်း ဖြေဆိုပေးလိုက်ပါတယ်။

 

 

[Zawgyi]

 

လွည္းကူးၿမိဳ႕နယ္ ၊ ဘုရားသုံးဆူေက်း႐ြာမွာ ‌‌႐ြာမွာျခံတစ္ကြက္ဝယ္ထားလို႔ပါ ႐ြာေျမလို႔ေျပာပါတယ္ ႐ြာေျမစစ္မစစ္ ဘယ္လိုစစ္ရပါလဲ။


႐ြာေျမဆိုသည္မွာ လူေနထိုင္ရန္ အုပ္စုျဖင့္ စုေပါင္းသတ္မွတ္ထားသည့္ ေျမအမ်ိဳးအစားပင္ျဖစ္ပါသည္။ လြန္ခဲ့ေသာ ႏွစ္မ်ားစြာကတည္းက ႐ွိႏွင့္ေသာ ႐ြာမ်ား႐ွိသလို အခုေနာက္ပိုင္းမွ ႐ြာအျဖစ္သတ္မွတ္ေသာ အုပ္စု ေက်း႐ြာမ်ားလဲ႐ွိပါသည္။ေက်း႐ြာမ်ားအား စုေပါင္းကာ အုပ္စုေက်း႐ြာတစ္ခု သတ္မွတ္ပါသည္။

႐ြာေျမမ်ားမွာ လယ္ယာေျမမ်ားႏွင့္ တဆက္စပ္တည္း ႐ွိတတ္သလို ဥယ်ာဥ္ျခံေျမမ်ားႏွင့္လဲ ေရာစပ္ ေနတတ္ပါသည္။ ဂရန္ေျမ၊ ဘိုးဘြားေျမကဲ့သို႔ ပိုင္ဆိုင္မႈ အေထာက္အထားစာခ်ဳပ္စာတမ္းမ်ားလဲ မ႐ွိပါ။ အရင္ဝယ္ယူ ပိုင္ဆိုင္ခဲ့ၾကေသာ အဆက္အစပ္စာခ်ဳပ္မ်ားကိုသာ ေတာင္းယူၾကည့္႐ႈရပါသည္။

႐ြာေျမ ဟုတ္မဟုတ္ မဝယ္ခင္ နယ္ေျမခံ လူႀကီးသူမမ်ားႏွင့္ အုပ္ခ်ဳပ္ေရးမႉးထံတြင္ စုံစမ္းေမးျမန္းမႈ ျပဳႏိုင္သလို မိမိဝယ္ယူေသာ ေျမကြက္မွာ လယ္ယာေျမ၊ ဥယ်ာဥ္ျခံေျမ၊ စားက်က္ေျမမ်ားႏွင့္ လြတ္မလြတ္ ေျမစာရင္းဌာနတြင္လဲ ေမးျမန္းစုံစမ္းႏိုင္ပါသည္။

တခ်ိဳ႕မွာ ဘုန္းႀကီးေက်ာင္းေျမ၊ စားက်က္ေျမ၊ အမ်ားပိုင္လမ္းေျမ၊ ဌာနတစ္ခုခုမွ စီမံခန္႔ခြဲပိုင္ခြင့္ ႐ွိေသာ ေျမမ်ားအား ႏွစ္ကာလျဖင့္ က်ဴးေက်ာ္ေနထိုင္ၾကၿပီး ၎တို႔ပိုင္ ႐ြာေျမဟု ေျပာဆိုကာ အရပ္ကတိစာခ်ဳပ္မ်ား ျဖင့္ ေရာင္းခ်တတ္ပါသည္။

ေျမစာရင္းဌာနတြင္ ေျမတစ္ကြက္ခ်င္းအလိုက္ ေပအက်ယ္အား တိုင္းတာထားျခင္း မျပဳေသးေသာ္လည္း တစ္႐ြာလုံး၏ ဧကအက်ယ္အား စာရင္းေကာက္ယူထားျခင္းေတာ့ ႐ွိပါသည္။

ေစ့စပ္ေသခ်ာစြာ ေမးျမန္းမႈျပဳလွ်င္ ေျမအမ်ိဳးအစားအမွန္အား သိ႐ွိႏိုင္ပါသည္။ အခုေနာက္ပိုင္း ကာလမ်ား၌ လယ္ယာေျမအား စိတ္ပိုင္းကာ အကြက္႐ိုက္ေရာင္းခ်မႈမ်ားလဲ မ်ားျပားသျဖင့္ မိမိဝယ္ယူထား ၿပီးေသာ ေျမအား ေသခ်ာစြာ စစ္ေဆးၿပီးမွသာ အိမ္အခိုင္အမာ ေဆာက္လုပ္သင့္ေၾကာင္း ေျဖဆိုေပးလိုက္ပါတယ္။

 

ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
This is the exclusive property of the questions and answers are iMyanmarHouse.com. iMyanmarHouse.com anywhere without permission to be allowed to describe.

To Make Property Questions

Other Property Questions And Answers

Subscribe For Property News

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)