[Unicode]
တိုက်ခန်းဝယ်ယူရာတွင် မြေရှင်ကို ပေးရခြင်းမှာ ဥပဒေတစ်စုံတစ်ရာကြောင့် ပေးနေရခြင်းမဟုတ်ပါ။ တိုက်ခန်း ဥပဒေ ထွက်ရှိမထားခြင်းကြောင့် ဂရန်အမည်ပေါက်ဖြစ်သည့်မြေရှင်၏ မြေပေါ်ဆောက်လုပ်ထားသော တိုက်ခန်းအား နေထိုင်ခြင်းဖြစ်သည့်အတွက် သက်သေခံဖြစ်စေရန် အသိအမှတ်ပြု လက်မှတ်ရေးထိုးစေခြင်းပင်ဖြစ်ပါသည်။
မြေရှင်မှ မယူလျှင်ပေးစရာမလိုပါ မြေရှင်မှ ငွေတောင်းခံပါက ၎င်းလက်မှတ်ကို ဝယ်သူမှ လိုချင်သောကြောင့် ပေးနေကြခြင်း ဖြစ်ပါသည်။ မြေရှင်လက်မှတ်မယူဘဲ မှတ်ပုံတင်မည်ဆိုပါက မှတ်ပုံတင်ရုံးက လက်မခံသည့်အတွက် မှတ်ပုံတင်ခြင်းလဲ မရပါ။ ထို့ကြောင့် သက်သေခံဖြစ်စေရန် မြေရှင်ပေးနေကြခြင်းဖြစ်ပါသည်။
[Zawgyi]
တိုက်ခန်းရောင်းဝယ်ရာတွင် မြေရှင်အား ၁%၂% ပေးနေရခြင်းမှာ ဥပဒေရှိပါသလား ? ရှိလျှင်မည်သည့်ဥပဒေနှင့်အကြုံးဝင်ပါသလဲ ?
ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့