1081 Views

ဆရာ... မင်္ဂလာပါရှင့် သိချင်တာလေးမေးခွင့်ပြုပါ ဦးအောင်မြင့်နှင့်ဒေါ်အေးဝင်းမှာသားသမီး ၇ယောက်ရှိပြီး ၆ယောက်မှာ အသီးသီးအိမ်ထောင်ကျပြီးဖြစ်ပါတယ်ရှင့်။ ယခုလက်ရှိဦးအောင်မြင့်နှင့်ဒေါ်အေးဝင်းမှာ သက်ရှိထင်ရှားရှိနေပြီးအိမ်ထောင်မပြုသေးသူသမီးအငယ်ဆုံးဖြစ်သူနှင့်နေထိုင်လျက်ရှိပါတယ်။ ဦးအောင်မြင့်နှင့်ဒေါ်အေးဝင်းပိုင်ဆိုင်သည့်ခြံမြေများသည် မည်သည့်သားသမီးကိုမှခွဲဝေပေးခြင်းမရှိသေးပါ။ သို့ဖြစ်ပါ၍ မိဘနှစ်ပါးသက်ရှိထင်ရှားမရှိတော့သောအချိန်တွင်အဆိုပါခြံမြေများသည်အိမ်ထောင်မပြုသေးသူသမီးငယ်သာပိုင်ဆိုင်ပါသလား။ သို့မဟုတ်သားသမီးအကုန်ုလုံး ပိုင်ဆိုင်ပါသလားရှင်။

မေးသူ - Thiri Wai

 

 

[Unicode]

အတူမနေသည့်မိဘတို့အား သားသမီးတို့ ပြုစုစောင့်ရှောက်အပ်သည့် ဝတ္တရားများကို ဆက်လက်ဆောင်ရွက်ပြီး မိဘနှင့် သားသမီးသံယောဇဉ်မပြတ်စဲဘဲ ဆက်သွယ်မှုရှိလျှင် တစ်နည်းအားဖြင့် အတူမနေသည့် မိဘက ထိုသားသမီးအား  မိသားစုတစ်ဦးအဖြစ် ပြန်လည်လက်ခံလျှင် မိဘထံမှ အမွေဆက်ခံခွင့်ရှိကြောင်း  စီရင်ထုံးများတွင်ထုံးဖွဲ့ထားပါသည်။အမွေပြတ်စွန့်လွှတ်သည်မှအပ သားသမီးတိုင်း မိဘနှစ်ပါးထံမှ အမွေဆက်ခံခွင့်ရရှိကြောင်း ဥပဒေတွင် ဖော်ပြထားပါသည်။

 

[Zawgyi]




ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
This is the exclusive property of the questions and answers are iMyanmarHouse.com. iMyanmarHouse.com anywhere without permission to be allowed to describe.

To Make Property Questions

Other Property Questions And Answers

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)