873 Views

မင်္ဂလာပါရှင့် စည်ပင်က Owner book နဲ့ ၀ယ်ထားတယ် ဆိုတဲ့ သူဆီကနေ တိုက်ခန်း ပြန်ဝယ်ချင်တာပါ။တောင်ဥက္ကလာပဘက်မှာပါ။ ဘယ်လို အရှုပ်အရှင်းတွေ ရှိနိုင်လဲ။ မှန်ကန်ခိုင်မာမှု ရှိမရှိ ဘယ်လို စစ်လို့ရမလဲ သိချင်ပါတယ်။စည်ပင်ဌာနမှ စည်ပင်ဝန်ထမ်းများအားပေးထားသော အိမ်ရာ ဟုသိထားပါတယ်။ ၀န်ထမ်းအိမ်ရာအား ပြန်ရောင်း၍ ရ၊ မရ ၀ယ်သင့်မ၀ယ်သင့်သုံးသပ်ပေးပါရှင်။ ကျေးဇူးတင်ပါတယ်။

မေးသူ - မကလ်ာ
စည်​ပင်​က Owner Book နဲ့ ထုတ်​​ပေးတဲ့ တိုက်​ခန်းဆိုရင်​ ရန်​ကုန်​မြို့​တော်​ စည်​ပင်​သာယာ​ရေး ​ကော်​မတီ အင်​ဂျင်​နီယာ (အ​ဆောက်​အအုံဋ္ဌာန)(ယာ/အုံ) မှာ မှန်​ကန်​မှုရှိမရှိ စစ်​ကြည့်​လို့ရပါတယ်​။ ....အဲ.... စည်​ပင်​၀န်​ထမ်း​တွေကို ချ​ပေးထားတဲ့ ၀န်​ထမ်းအိမ်​ရာဆိုရင်​​တော့ မ၀ယ်​သင့်​ပါဘူး။ ၀န်​ထမ်းအိမ်​ရာဖြစ်​တဲ့ အတွက်​ စည်​ပင်​၀န်​ထမ်းများသာ အစဉ်​အဆက်​​နေထိုင်​ခွင့်​ရှိပါတယ်​။
အ​ကောင်းဆုံးက​တော့ အဲ့ဒီစည်​ပင်​ Owner Book စာအုပ်​မိတ္တူနဲ့ အင်​ဂျင်​နီယာ (အ​ဆောက်​အအုံ)ဋ္ဌာန (၁၀-ထပ်​ရုံး)မှာ သွား​ရောက်​ ​မေးမြန်းစုံစမ်းပြီးမှ ၀ယ်​ သင့်​မ၀ယ်​သင့်​၊ ဆုံးဖြတ်​ပါလို့ အကြံ​ပေးလိုက်​ရပါတယ်​။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
This is the exclusive property of the questions and answers are iMyanmarHouse.com. iMyanmarHouse.com anywhere without permission to be allowed to describe.

To Make Property Questions

Other Property Questions And Answers

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)