5281 Views

လေးစားစွာဖြင့် မေးပါရစေ၊။ ကျွန်မက ၀န်ထမ်းတဦးပါ။ကျွန်မ ၏အသိတယောက်မှအရေး ပေါ် ငွေလိုအပ်ပါသဖြင့်ကျွန်မထံ အကူအညီ တောင်းပါသည်။ အဲဒီလို မျှမကူညီ လျှင် သူ မိသားစု ထောင်ကျကိန်း ရှိပါသည်ဆိုသဖြင့် ကျွန်မ ကသူ တို့ကို ငွေသိန်း 300 ထုပ်ပေးလိုက်ပါသည်။အာမခံ အနေဖြင့် သူ အမည်ပေါက် ဂရံ ဖြင့် စာချုပ်ရုံးမှာ ပါဝါ လွှဲပြီး အရပ် အရောင်းအ၀ယ်စာချုပ်ချုပ်ပေးပါသည်။ယခု လက်ရှိအိမ်တွင် သူ နေထိုင်ပါသဖြင့် အိမ်ရှင်အိမ်ငှား စာချုပ်လဲ ချုပ်ပေးပါသည်။ယုံကြည်စွာ ငွေ အပ်နှံ ခြင်းစာ ချုပ်လဲချုပ်ထားပါသည်။အိမ်ရောင်းပြီး လျှင် ငွေပေးပါမည်ဟု ပြောပြီးယခု တုပ်တုပ်မျှ မလှူပ်တော့ပါ။စည်ပင်ကိုတော့ သူ ဂရံ ပျောက်မ လျှောက်နိုင်ရန် ကန့်ကွက်လွှာ တင်ထားပါသည်။ ကျွန်မ အနေဖြင့် မည်သို့ ဆက်လက်ဆောင်ရွက်သင့်ပါသလဲ ရှင့်။

မေးသူ - ဒေါ်သန္တာ
“ မသန္တာ ” လုပ်ထားပုံက “ မပိုင်ဝက်မွေ ” ဆိုသလိုဖြစ်နေပြီ ငွေချေတဲ့အခါ ခိုင်လုံအောင်ဆိုပြီး ချုပ်ဆိုထားတဲ့စာချုပ် တွေကြည့်ရတာ အိမ်ခြံမြေအပေါင်ခံသူတွေ လုပ်ထုံးလုပ်နည်းနဲ့ တူနေတယ်နော် ။ဧကန္တ ကြားပွဲစား လုပ်သူက အကြံပေးချက်အတိုင်း စာချုပ်တွေချုပ်ဆိုထားပုံရတယ် ။လက်ရှိ အခြေအနေမှာလည်း အိမ်နဲ့မြေရောင်းချင်သူတွေက ဝယ်လိုသူမရှိကြတော့ ငွေပိုငွေလျှံမှာလည်း အိမ်နဲ့မြေရောင်းချင်သူတွေက ။လက်ရှိ အခြေအနေမှာတော့ အဲဒီလို အပေါင်ဇယား တွေ ခေတ်စားနေကြတာကို အနှံမှာ ကြားနေရတယ်။
ဒီတော့ “ မသန္တာကို ”အကြံ(၃)မျိုး ပေးချင်းပါတယ် ။အကြံကတော့ ခေတ္တ ချေးထားတဲ့ ငွေ သိန်း ၃၀၀ ပြန်ပေးဖို့ ငွေချေးတဲ့ သူနေထိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံမှာ နှစ်ဘက်ခေါ်ယူညှိနှိုင်းပေးဖို့ ရုံးကိုအကူအညီတောင်းရပါမယ် ။ပြန်ပေးစရာမရှိဘူး ဆိုရင်တော့ ယုံကြည်အပ်နှံရေးဖောက်ဖျက်မှုနဲ့ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားနိုင်ပါတယ် ။ ရာဇသတ်မှုနဲ့ အမှုဖွင့်နိုင်တယ်လို့ ပြောတာပေါ့ ” နော် တတိယအချက်ကတော့ မြေနှင့်အိမ် ကိုလက်ရောက်ပေးအပ်ပြီး အရောင်းအဝယ် စာချုပ်ကိုမှတ်ပုံတင်ချုပ်ဆိုပေးစေလိုမှုနဲ့ တရားမမှုစွဲဆိုရပါမယ် ။ ဒီ (၃)နည်း တစ်နည်းနည်းသာ သုံးကြည့်ပါ ။အဲ့……ဘယ်နည်းပဲသုံးသုံး ၊ အရေးကြီးဆုံး အချက်ကတော့ သက်သေတွေ ခိုင်လုံဖို့ပဲ ။အနည်းဆုံး သက်သေ(၂)ယောက်ပါရပါမယ် ။ မိမိကိုယ်တိုင်နဲ့ သက်သေတွေက တစ်ဖက် ငွေချေးငှါးသူဟာ ငွေလိုလို့ ခေတ္တချေးငှါးတာပါ ။ မြေနဲ့အိမ်အရောင်းအဝယ် စာချုပ်က တကယ်ဝယ်တာမဟုတ်ပါဘူး ဟန်ဆောင်အရောင်းအဝယ်ချုပ်ထားတာပါလို့ တရားရုံးမှာသက်သေထွက်ခဲ့ရင် “ မသန္တာ ” ရဲ့ အမှုက တရားဝင်အရောင်းအဝယ် လုပ်တာမဟုတ်တဲ့အတွက် စွဲဆိုတဲ့အမှုမအောင်မြင်နိုင်ပါဘူး ။စွဲဆိုပုံမှားယွင်းတယ်ဆိုပြီး အမှုကို “ ပယ်ချ ” ခံရပါလိမ့်မယ် ။ဒါကြောင့် သက်သေတွေ အရေးကြီးတယ် ပြောတာပေါ့ ။ အဲဒီလိုတရားစွဲဆိုပုံ မှားယွင်းခဲ့ရင် “ ချေးငွေ သိန်း (၃၀၀) ပြန်ရစေလိုမှုနဲ့ ထပ်မံ အမှန်အတိုင်း သိန်း ၃၀၀ ပြန်ရမှာ သိန်း ၃၀၀ အနိုင်ဒီဂရီရလို့ တရားရုံးက မပေးပြန်ဘူးဆိုရင်တော့ တရားရုံးကို ‘ တရားမထောင် ‘ ချပေးဖို့ လျှောက်ထားရပါတယ် လို့ ဖြေကြားပေးလိုက်ပါတယ်။ နောက်ဆိုရင် ငွေကြေးနဲ့ပတ်သက်လာရင် တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆွေပျက်တတ်တာမို့ အလွယ်အတွေးနဲ့ ငွေမချေးလိုက်ပါနဲ့ ။အလိုကြီး အရနည်းတတ်ပါတယ်။ မိတ်ဆွေ ညီအစ်ကိုမောင်နှမ အရင်းပဲဖြစ်ပါစေ “ ငွေမရှိရင်ကတိမတည် ” ဆိုတဲ့ ဆိုရိုစကား မေ့မထားပါနဲ့ လို့သာ အသိပေးနှိုးဆော်လိုက်ပါရစေ ။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
This is the exclusive property of the questions and answers are iMyanmarHouse.com. iMyanmarHouse.com anywhere without permission to be allowed to describe.

To Make Property Questions

Other Property Questions And Answers

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)