1325 Views

ဆရာခင်ဗျားကျွန်တော်မြေကွက်နှင့်ကပ်လျက် အမှတ်(၂) မြေကွက် လက်ရှိ ပိုင်ဆိုင်သူမှ မြေကွက် တိုင်းတာရန် အ တန်တန် ပြောလာသောကြောင့် ၂၀၁၇၊ ဧပြီ ( ) ရက်နေ့တွင် မြေကွက်တိုင်းတာခြင်း လုပ်ခဲ့ကြပါ သည်။ မြေ ကွက် မတိုင်း တာမီ အချိန်မှာသော်လည်းကောင်း၊ တိုင်းတာပြီးမှသော် လည်းကောင်း ယင်းနေ့တိုင်းတာချက်အား သဘောတူလက်ခံ ကြောင်း နှုတ် အားဖြင့်ဖြစ်စေ၊ စာရွက်စာတန်းဖြင့်ဖြစ်စေ တစ်စုံတစ်ရာ လုပ်ဆောင်ခဲ့ခြင်း မရှိခဲ့ပါ။ တိုင်းတာပြီးနောက်တွင် သဘောတူလက်ခံခြင်း မရှိသည့်အတွက် အမှတ် (၂) မြေကွက် ပိုင်ရှင်အား ခြံစည်းရိုး ကာရံခြင်း မပြုလုပ်ရန်၊ မြေကွက်ြ ပန်လည် တိုင်းတာပေးရန် သက်ဆိုင်ရာရုံးတွင် စာရေး တောင်းဆို မည်ဖြစ်ေ ကြာင်း ချက်ချင်း အ သိပေးခဲ့ပါသည်။သူမဝယ်ယူထားသော သံဇကာလိပ်များ သိမ်းထားရန် နေရာမရှိသောကြောင့် ယာယီဖြင့်သာ ခြံစည်းရိုး ကာရံထား မှာဖြစ်ပြီး မြေကွက်အားပြန်လည် ကွင်းဆင်းတိုင်း တာပေးသည့် အခါ ရွှေ့ြေ ပာင်းပေးမည်ဟု နှုတ်ကတိပေးပြီး သဘောမတူသည့်ကြားကနေ ခြံစည်းရိုး ကာရံခဲ့ပါ သည်။ ကျွန်တော်ဘက်က သဘောမတူကန့်ကွက်သည့်ကြားက ခြံစည်းရိုးကာရံ သည့်အပြင် သူမမြေကွက် အား ခြံစည်းရိုး ကာ ရံရန် မြို့နယ်စည်ပင်ထံမှ ခွင့်ပြုမိန့်တောင်းခံခြင်းလည်းမရှိပါ။ ခြံစည်းရိုး ကာရံပြီးနောက် ဧပြီ ( )ရက်ေ န့ တိုင်းတာမှတ် သားသည့် မှတ်တိုင်များ (ငုတ်တိုင်စိုက်ထားသည့်နေရာ) မှ ပြန်လည် စစ်ဆေးတိုင်း တာသောအခါ ကျွန်တော့်မြေ ကွက် ရှေ့မျက်နှာ စာ (A မှ B) ၂-ပေ လျော့ပြီး မြေကွက်အမှတ်(၂)မှာမူ ၂- ပေ ပိုသောေ ကြာင့် မြေစာရင်းပုံစံ-၁၀၅ မြေပုံအတိုင်း အတိအကျတိုင်းတာပေး ရန်၊ မြေ ကွက်အမှတ်(၂)မှ ကျူး ကျော်မှုကို စစ်ဆေးပေးရန် မြို့နယ်လယ်ယာမြေ စီမံ ခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာမှာ စာတင်သွင်းခဲ့ပါသည်။ မိတ္တူကို မြို နယ် ထွေအုပ်၊ စည်ပင်ကော်မတီများထံလည်း တင်သွင်းပါ သည်။ မြိုနယ်မြေ စာရင်းရုံးမှ ပြန်လည် ကွင်းဆင်းတိုင်းတာရန် အမိန့်ကျလာသောကြောင့် ဇွန် လ ( )ရက် နေ့တွင် မြေတိုင်း အဖွဲ့နှင့် စည်ပင်ကော်မ တီ အဖွဲ့ဝင်တို့ မှ နှစ်ဦးနှစ်ဘက်မြေကွက်ပိုင်ရှင်များရှေ့တွင် ပြန်လည်စစ်ဆေးတိုင်းတာပေး ပါ သည်။ မြေတိုင်းအ ဖွဲ့မှ ပြင်လည်တိုင်းတာသတ်မှတ်သည့်နေရာ (ငုတ်တိုင်စိုက် ထားသည့်နေရာ)မှ ခြံစည်းရိုးအား ပြန် ကာရန် မြေ ကွက်အမှတ်(၂) ပိုင်ရှင် ၏ ညီမနဲ့မိခင်မှ ရက်သတ်မှတ်ခဲ့ကြသော်လည်း အဝေးတွင်ရှိသော မြေ ကွက်ပိုင်ရှင်မှ ယင်းသို့ လုပ်ဆောင်ရန် ငြင်းဆန်လှာသောကြောင့် မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်ရမည်ကို အကြံပြုပေးပါ ရန် လေးစား စွာဖြင့် အကူ ညီတောင်းပါသည်။

မေးသူ - ဦးကျုံဗန်းလျှန်
မြို့နယ်မြေစာရင်းရုံး မြေတိုင်းအဖွဲ့က တရာင်းဝင် တိုင်းတာပေးပြီး အမှန် အ တိုင်း ငုတ်တိုင် စိုက်ထားသည့်နေရာမှ ခြံစည် ရိုးပြန်ကာဖို့ ခွင့်ပြုချက် ရပြီဆို ရင် တစ်ဖက်ကလည်း မြို့နယ် မြေတိုင်းအဖွဲ့က အမိန့်အတိုင်း ပြန် ဖျက်ပေးရ မှာပေါ့။ မလိုက် နာဘူးဆိုရင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးထံ မှာ နှစ် ဘက်ခေါ်ယူညှိနှိုင်းပေးပါရန် တင်ပြပါ။ မြို့နယ်၊ ထွေအုပ်က နှစ် ဘက်ခေါ်ယူ ညှိနှိုင်းပေးပါလိမ့်မယ်။ နှစ်ဘက်တွေ့ဆုံပြီးရင် အဆင်ပြေနိုင်ပါတယ်။
မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးခေါ်တာလည်း မလာဘူး။ လာခဲ့ရင်လည်း ကျူးနေတာ ပြန်ဖျက်ပေးဖို့ ညှိနှိုင်းတာလည်း လက်မခံဘူးဆိုရင်တော့ "ကျူးေ ကျာ်နေသော ခြံစည်းရိုးအား ဖျက်သိမ်းပေးစေလိုမှုနဲ့ မြေ လက်ရောက်ပေး အပ်စေလိုမှု" ဆို ပြီး တရားမမှု စွဲပေတော့။ မိမိပိုင် မြေထဲအထိ ကျူးအိမ်ဆောက်လာမယ်ဆိုရင် သိတာနဲ့ ချက်ချင်းပဲ ပိုင် နက်ကျူးလွန်မှုနဲ့ တရားတပ်စွဲပေါ့။ ဒါမှပဲ အဖြေက ရှင်းသွားတော့မှာပေါ့။ ဒါေ ပမယ့် ခြံချင်းကပ်လျက် အိမ်နီးနားချင်းဆိုတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ မြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးလောက်မှာ ပြီးနိုင်အောင် ကြိုးစားကြည့်ပါလို့ ဖြေကြား ပေးလိုက်ပါတယ်။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
This is the exclusive property of the questions and answers are iMyanmarHouse.com. iMyanmarHouse.com anywhere without permission to be allowed to describe.

To Make Property Questions

Other Property Questions And Answers

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)