ကိုယ့်မနက်ခင်းတိုင်း လှပနေစေဖို့ - Property Knowledge in Myanmar from iMyanmarHouse.com
1045 Views

ကိုယ့်မနက်ခင်းတိုင်း လှပနေစေဖို့

Knowledge | Posted by Shwe Zin Win

[Unicode]

အင်တာနက်ေခတ်၊ မိုဘိုင်းဖုန်းထဲ ဂိမ်းလေး အလွယ်ဆော့နိုင်တဲ့ ခေတ်ဆိုတော့ ညပိုင်းတွေ ဆို မျက်လုံးတွေက ပြူးကျယ်နေတတ်ပြီး မနက်ဆို လုံးဝမဖွင့်ချင်ကြတဲ့ လူတွေချည်းပါပဲ။ ဆယ်ကျော်သက် တွေနဲ့ သက်လတ်ပိုင်းသမားတွေ ပိုဆိုးတာပေါ့။ အလုပ်တွေ ကျောင်းတွေကလည်း ရှိသေးတယ်မလား။ ညညဆို မအိပ်နိုင် မနက်ဆို မထနိုင်နဲ့ ကျောင်းနောက်ကျ ရုံးနောက်ကျတာတွေဖြစ်ကုန်ရော။ နောက်ကျရင် လူပင်ပန်းတာထက် စိတ်ပင်ပန်းတာက ပိုဆိုးတယ်မလား။ ဒီတော့ မနက်စောစောထဖြစ်ပြီး ရုံးတို့ ကျောင်းတို့ အေးဆေးသွားနိုင်တဲ့လူတစ်ယောက်ဖြစ်ဖို့ ဒါလေးတွေ လုပ်ကြည့်ပါလား။

( ၁ ) alarm ကို ကိုယ်နဲ့ဝေးတဲ့နေရာမှာထားပါ။

ဖုန်းနဲ့ ဖြစ်ဖြစ် နာရီနဲ့ပဲဖြစ်ဖြစ် နှိုးစက်နဲ့ဖြစ်ဖြစ် alarm ပေးထားတဲ့အခါ အားလုံးကို ကိုယ့်အိပ်ရာနဲ့ မမှီနိုင်တဲ့နေရာမှာထားပါ။ alarm ရဲ့ ringtone က ကိုယ်မကြိုက်တဲ့ တီးလုံးသံလေးဖြစ်ရင်ပိုကောင်းပါလိမ့်မယ်။ ဒါမှ ပိတ်ချင်စိတ်ရှိလာမယ့်အပြင် အိပ်ရာနဲ့ဝေးလို့ ထပိတ်ရာကနေ တစ်ခါတည်း အိပ်ရာထပြီးသား ဖြစ်သွားမှာပါ။

( ၂ ) အလင်းရောင်ဝင်ပါစေ။

အမှောင်က နုန်းခွေခြင်းကို ပိုဖြစ်စေတာဆိုတော့ ကိုယ်အိပ်ရာကထထချင်း ပြတင်းပေါက်တွေ ခန်းဆီးလိုက်ကာတွေဖွင့်ပေးပါ။ ဒါမှ ပြင်ပက အလင်းရောင်နဲ့ မျက်လုံးကျယ်သွားမှာ ဖြစ်ပါတယ်။

( ၃ ) မနက်ခင်းကို ကိုယ်အကြိုက်ဆုံး အရာတွေနဲ့ စတင်ပါ။

ဖုန်းသုံးတတ်ရင် နိုးပြီးပြီးချင်း အိပ်ရာထဲက မထသေးဘဲ ဖုန်းသုံးနေလို့ရပါတယ်။ ကိုယ်ကြိုက်တဲ့ အရာတွေလုပ်နေရတော့ ဆက်မအိပ်ချင်တော့ဘဲ မျက်လုံးကျယ်သွားတာပေါ့။ စာအုပ်ဖတ်တာ ။ သီချင်းနားထောင်တာတွေလည်း လုပ်ပေးလို့ရပါတယ်။

 

( ၄ ) ကော်ဖီသောက်ပါ။

ကော်ဖီဆိုတာ မနက်ခင်းတိုင်းရဲ့ မပါမဖြစ် ဇာတ်လိုက်လေးလို့တောင်ပြောရတဲ့အထိ မနက်ရောက်ပြီဆိုတာနဲ့လူတိုင် းသောက်ကြတဲ့ အရာတစ်ခုပါ။ ကော်ဖီကပေးတဲ့ လန်းဆန်းမှုမျိုးက ဘာနဲ့မှ မတူဘူးလေ။

( ၅ ) လေ့ကျင့်ခန်းလုပ်ပါ။

အချိန်ပေးပြီး gym မသွားနိုင်ရင်တောင် အိမ်မှာ သွေးပူလေ့ကျင့်ခန်းလေးဖြစ်ဖြစ် အသက်ရှူလေ့ကျင့်ခန်းလေးဖြစ်ဖြစ် လုပ်လို့ရပါတယ်။ သက်လုံကိုလည်း ကောင်းစေသလို နှလုံးကျန်းမာရေးနဲ့ သွေးလည်ပတ်မှုကိုလည်း ကူညီပေးဦးမှာပါ။

 

(၆ ) မနက်စာစားပါ။

မနက်စာ ဆိုတာ လုံးဝကို အလွတ်မခံသင့်တဲ့အရာဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ ဘယ်လောက်ပဲအချိန် မရပါဘူးဖြစ်ပါစေဦး မနက်စာကို စားဖြစ်အောင် စားဖို့လုံးဝအရေးကြီးပါတယ်။ တစ်နေ့တာလုံးအတွက် လိုအပ်တဲ့အားအင်တစ်ဝက်လောက်ကို ဒီမနက်စာကပဲ ရတာမလား။ ဒီတော့ မနက်စားစားဖြစ်ဖို့ ကိုယ်စားတဲ့မနက်စာကလည်း အာဟာရများများပါတဲ့ ပရိုတင်းအခြေခံ၊ ကစီဓါတ်အခြေခံအစားအစာတွေဖြစ်ဖို့နဲ့ ဆီကြော်မုန့်တွေ မဖြစ်ဖို့လိုအပ်ပါတယ်။

( ၇ ) မနက်မှာ လန်းလန်းဖြစ်ဖို့ အရေးအကြီးဆုံးသူက ညဘက်က ကိုယ်ပါပဲ။

ညဘက်အိပ်ရာစောစောမဝင် စောစောမအိပ်တဲ့သူတစ်ယောက်က မနက်ပိုင်းမှာ လန်းလန်းဆန်းအိပ်ရာထဖြစ်ဖို့ လုံးဝကို မဖြစ်နိုင်ပါဘူး။ ဒီတော့ အိပ်ချိန်ကို သေချာသတ်မှတ်ထားပြီး အိပ်ချိန်ေရာက်ခါနီးပြီဆိုတာနဲ့ ဖုန်းသုံးတာ၊ တီဗီကြည့်တာတွေအားလုံးကို ရပ်ပြီး အိပ်ရာဝင်ပါ။

ဘယ်အရာမဆို ကိုယ့်စိတ်ကို နိုင်ဖို့ အရေးကြီးတာကြောင့် ခုပြောတဲ့ အရာတွေအားလုံးကို အလေ့အကျင့်ဖြစ်အောင် လုပ်ပေးပါ။ အနည်းဆုံး ၁ ပတ်လောက် လုပ်လိုက်တာနဲ့ ခန္ဓါကိုယ်က အကျင့်ရသွားမှာ ဖြစ်လို့ မနက်ခင်းတိုင်း လှပလန်းဆန်းနေတော့မှာနော် ။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

ကိုယ့္မနက္ခင္းတိုင္း လွပေနေစဖို႔

အင္တာနေက္ခတ္၊ မိုဘိုင္းဖုန္းထဲ ဂိမ္းေလး အလြယ္ေဆာ့ႏိုင္တဲ့ ေခတ္ဆိုေတာ့ ညပိုင္းေတြ ဆို မ်က္လုံးေတြက ျပဴးက်ယ္ေနတတ္ၿပီး မနက္ဆို လုံးဝမဖြင့္ခ်င္ၾကတဲ့ လူေတြခ်ည္းပါပဲ။ ဆယ္ေက်ာ္သက္ ေတြနဲ႔ သက္လတ္ပိုင္းသမားေတြ ပိုဆိုးတာေပါ့။ အလုပ္ေတြ ေက်ာင္းေတြကလည္း ႐ွိေသးတယ္မလား။ ညညဆို မအိပ္ႏိုင္ မနက္ဆို မထႏိုင္နဲ႔ ေက်ာင္းေနာက္က် ႐ုံးေနာက္က်တာေတြျဖစ္ကုန္ေရာ။ ေနာက္က်ရင္ လူပင္ပန္းတာထက္ စိတ္ပင္ပန္းတာက ပိုဆိုးတယ္မလား။ ဒီေတာ့ မနက္ေစာေစာထျဖစ္ၿပီး ႐ုံးတို႔ ေက်ာင္းတို႔ ေအးေဆးသြားႏိုင္တဲ့လူတစ္ေယာက္ျဖစ္ဖို႔ ဒါေလးေတြ လုပ္ၾကည့္ပါလား။

( ၁ ) alarm ကို ကိုယ္နဲ႔ေဝးတဲ့ေနရာမွာထားပါ။

ဖုန္းနဲ႔ ျဖစ္ျဖစ္ နာရီနဲ႔ပဲျဖစ္ျဖစ္ ႏိႈးစက္နဲ႔ျဖစ္ျဖစ္ alarm ေပးထားတဲ့အခါ အားလုံးကို ကိုယ့္အိပ္ရာနဲ႔ မမွီႏိုင္တဲ့ေနရာမွာထားပါ။ alarm ရဲ႕ ringtone က ကိုယ္မႀကိဳက္တဲ့ တီးလုံးသံေလးျဖစ္ရင္ပိုေကာင္းပါလိမ့္မယ္။ ဒါမွ ပိတ္ခ်င္စိတ္႐ွိလာမယ့္အျပင္ အိပ္ရာနဲ႔ေဝးလို႔ ထပိတ္ရာကေန တစ္ခါတည္း အိပ္ရာထၿပီးသား ျဖစ္သြားမွာပါ။

( ၂ ) အလင္းေရာင္ဝင္ပါေစ။

အေမွာင္က ႏုန္းေခြျခင္းကို ပိုျဖစ္ေစတာဆိုေတာ့ ကိုယ္အိပ္ရာကထထခ်င္း ျပတင္းေပါက္ေတြ ခန္းဆီးလိုက္ကာေတြဖြင့္ေပးပါ။ ဒါမွ ျပင္ပက အလင္းေရာင္နဲ႔ မ်က္လုံးက်ယ္သြားမွာ ျဖစ္ပါတယ္။

( ၃ ) မနက္ခင္းကို ကိုယ္အႀကိဳက္ဆုံး အရာေတြနဲ႔ စတင္ပါ။

ဖုန္းသုံးတတ္ရင္ ႏိုးၿပီးၿပီးခ်င္း အိပ္ရာထဲက မထေသးဘဲ ဖုန္းသုံးေနလို႔ရပါတယ္။ ကိုယ္ႀကိဳက္တဲ့ အရာေတြလုပ္ေနရေတာ့ ဆက္မအိပ္ခ်င္ေတာ့ဘဲ မ်က္လုံးက်ယ္သြားတာေပါ့။ စာအုပ္ဖတ္တာ ။ သီခ်င္းနားေထာင္တာေတြလည္း လုပ္ေပးလို႔ရပါတယ္။

( ၄ ) ေကာ္ဖီေသာက္ပါ။

ေကာ္ဖီဆိုတာ မနက္ခင္းတိုင္းရဲ႕ မပါမျဖစ္ ဇာတ္လိုက္ေလးလို႔ေတာင္ေျပာရတဲ့အထိ မနက္ေရာက္ၿပီဆိုတာနဲ႔လူတိုင္ းေသာက္ၾကတဲ့ အရာတစ္ခုပါ။ ေကာ္ဖီကေပးတဲ့ လန္းဆန္းမႈမ်ိဳးက ဘာနဲ႔မွ မတူဘူးေလ။

( ၅ ) ေလ့က်င့္ခန္းလုပ္ပါ။

အခ်ိန္ေပးၿပီး gym မသြားႏိုင္ရင္ေတာင္ အိမ္မွာ ေသြးပူေလ့က်င့္ခန္းေလးျဖစ္ျဖစ္ အသက္႐ွဴေလ့က်င့္ခန္းေလးျဖစ္ျဖစ္ လုပ္လို႔ရပါတယ္။ သက္လုံကိုလည္း ေကာင္းေစသလို ႏွလုံးက်န္းမာေရးနဲ႔ ေသြးလည္ပတ္မႈကိုလည္း ကူညီေပးဦးမွာပါ။

(၆ ) မနက္စာစားပါ။

မနက္စာ ဆိုတာ လုံးဝကို အလြတ္မခံသင့္တဲ့အရာဆိုတာ အားလုံးသိၿပီးျဖစ္မွာပါ။ ဘယ္ေလာက္ပဲအခ်ိန္ မရပါဘူးျဖစ္ပါေစဦး မနက္စာကို စားျဖစ္ေအာင္ စားဖို႔လုံးဝအေရးႀကီးပါတယ္။ တစ္ေန႔တာလုံးအတြက္ လိုအပ္တဲ့အားအင္တစ္ဝက္ေလာက္ကို ဒီမနက္စာကပဲ ရတာမလား။ ဒီေတာ့ မနက္စားစားျဖစ္ဖို႔ ကိုယ္စားတဲ့မနက္စာကလည္း အာဟာရမ်ားမ်ားပါတဲ့ ပ႐ိုတင္းအေျခခံ၊ ကစီဓါတ္အေျခခံအစားအစာေတြျဖစ္ဖို႔နဲ႔ ဆီေၾကာ္မုန္႔ေတြ မျဖစ္ဖို႔လိုအပ္ပါတယ္။

( ၇ ) မနက္မွာ လန္းလန္းျဖစ္ဖို႔ အေရးအႀကီးဆုံးသူက ညဘက္က ကိုယ္ပါပဲ။

ညဘက္အိပ္ရာေစာေစာမဝင္ ေစာေစာမအိပ္တဲ့သူတစ္ေယာက္က မနက္ပိုင္းမွာ လန္းလန္းဆန္းအိပ္ရာထျဖစ္ဖို႔ လုံးဝကို မျဖစ္ႏိုင္ပါဘူး။ ဒီေတာ့ အိပ္ခ်ိန္ကို ေသခ်ာသတ္မွတ္ထားၿပီး အိပ္ခ်ိေန္ရာက္ခါနီးၿပီဆိုတာနဲ႔ ဖုန္းသုံးတာ၊ တီဗီၾကည့္တာေတြအားလုံးကို ရပ္ၿပီး အိပ္ရာဝင္ပါ။

ဘယ္အရာမဆို ကိုယ့္စိတ္ကို ႏိုင္ဖို႔ အေရးႀကီးတာေၾကာင့္ ခုေျပာတဲ့ အရာေတြအားလုံးကို အေလ့အက်င့္ျဖစ္ေအာင္ လုပ္ေပးပါ။ အနည္းဆုံး ၁ ပတ္ေလာက္ လုပ္လိုက္တာနဲ႔ ခႏၶါကိုယ္က အက်င့္ရသြားမွာ ျဖစ္လို႔ မနက္ခင္းတိုင္း လွပလန္းဆန္းေနေတာ့မွာေနာ္ ။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service