အစာစားပြီးချိန်မှာ ရေသောက်သင့်သလား - Property Knowledge in Myanmar from iMyanmarHouse.com
1175 Views

အစာစားပြီးချိန်မှာ ရေသောက်သင့်သလား

Knowledge | Posted by Shwe Zin Win

[Unicode]

တစ်ချို့ကပြောကြတယ်။ အစာစားပြီးချိန်မှာ ရေသောက်ရင် အစာမကြေဖြစ်တတ်တယ်။ မသောက်ကောင်းဘူးတဲ့။

တစ်ချို့ကြတော့လည်းဆိုကြပြန်တယ်။ အစာစားပြီးရေသောက်ရမယ်တဲ့။ ဒါမှ အဆိပ်အတောက်ကင်းမှာ ကျန်းမာမှာတဲ့။

ဘယ်ဟာက အမှန်လဲ။ ဘာကို ယုံကြည်ကြမလဲ။

အစာစားပြီးတဲ့အခါ

သုတေသနပြုချက်တွေ လေ့လာချက်တွေအရဆိုရင်တော့ အစာစားပြီးပြီးချင်းရေသောက်တာက သင့်ရဲ့ အစာချေဖျက်မှုလုပ်ငန်းစဉ်ကို အနှောက်အယှက်ပြုတယ်ဆိုတဲ့ ယူဆချက်က မှန်ကန်ရဲ့လား။ ဒါကို သိနားလည်ဖို့ဆိုရင် အစောခြေဖျက်မှုလုပ်ငန်းစဉ်ကို အရင်သိထားဖို့ လိုအပ်ပါတယ်။

ပုံမှန်အားဖြင့် အစာခြေဖျက်မှုလုပ်ငန်းစဉ်ဟာ ရိုးရှင်းပါတယ်။ ပါးစပ်က ဝါးပြီးတဲ့နောက် မျိုချလိုက်တဲ့ အစားအစာတွေကို အစာလမ်းကြောင်းကနေတဆင့် အစာအိမ်ထဲကိုပို့ပါတယ်။ တံတွေးမှာပါဝင်တဲ့ saliva enzymes တွေက ဒီလိုလျောလျောလျူလျူဝင်သွားဖို့ ကူညီပေးပါတယ်။

အစာအိမ်ထဲကို အစာတွေရောက်သွားပြီဆိုရင် Acidic Gastric အရည်တွေက အစာတွေကိုရောမွှေပစ်ပါတယ်။ ဒီတော့ Chyme လို့ခေါ်တဲ့ပစ်နှစ်နေတဲ့အရည်တွေဖြစ်ကုန်တာပေါ့။ Chyme တွေဟာ ပန်ကရိယထဲက digestive enzymes တွေနဲ့ အသည်းထဲက bile acid ပေါင်းစပ်သွားပါတယ်။ ဒီကနေတဆင့် အူလမ်းကြောင်းတစ်လျှောက်မှာ လိုအပ်တဲ့အာဟာရဓာတ်တွေကို သွေးထဲကို စုပ်ယူမှာပါ။

အူမကြီးဆီကိုရောက်ချိန်မှာ ပမဏနည်းနည်းပဲကျန်တော့မှာဖြစ်ပါတယ်။ သွေးကြောတွေကနေတဆင့် အာဟာရဓာတ်တွေကတော့ ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ဆီ ပြန့်နှံ့ရောက်ရှိသွားပါပြီ။ ဒါဆို အစာခြေခြင်းလုပ်ငန်းစဉ်ပြီးစီးသွားပြီဖြစ်တာမို့ စွန့်ထုတ်မှုပဲကျန်ပါလိမ့်မယ်။

ဒီလိုအစာခြေတဲ့လုပ်ငန်းစဉ်ကြီးတစ်ခုလုံးဟာ အစာစားပြီးချိန်ကနေစပြီး ၂၄ နာရီကနေ ၇၂ နာရီအထိ ကြာမြင့်တတ်ပါတယ်။

အစာစားပြီးပြီးခြင်း ရေသောက်လိုက်တဲ့အခါ

ပုံမှန်အားဖြင့် ရေသောက်ခြင်းဟာ ခန္ဓာကိုယ်ကို အများကြီးအထောက်အကူဖြစ်စေပြီး ကျန်းမာစေဖို့ အကူအညီပေးပါတယ်။ ဒါပေမယ့် အစာခြေဖျက်တဲ့လုပ်ငန်းစဉ်ထဲကို ရေ ဒါမှမဟုတ် အရည်တွေဝင်ရောက်လာတဲ့အခါ ရှုပ်ထွေးမှုတစ်ချို့ရှိလာနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်မျိုး လူတစ်ချို့က ယူဆထားပါတယ်။

အမှန်အမှားကို ဖော်ထုတ်ဖို့ လိုနေပြီမဟုတ်လား။ ဒီနေရာမှာ အရည်အမျိုးအစားကို ၃ မျိုး ခွဲခြားပြီးပြောချင်ပါတယ်။ မတူညီတဲ့သက်ရောက်မှုတွေ ရှိနေတာကြောင့်ဖြစ်ပါတယ်။

၁။ အရက်၊ အယ်လ်ကိုဟော

ဒီအမျိုးအစားတွေကို အစားစားနေစဉ် ဒါမှမဟုတ်၊ အစာစားပြီးပြီးချင်းမှာ သောက်သုံးမိမယ်ဆိုရင် အာခံတွင်းထဲက တံတွေးထုတ်လုပ်မှုကို ထိခိုက်စေမှာဖြစ်ပါတယ်။ တံတွေးဂလင်းတွေ ခြောက်သွေ့သွားတတ်ပြီး ထုတ်လုပ်မှုလျော့ကျသွားတာကြောင့် အစာမြိုချရမှာ ပြဿနာတွေရှိလာမှာပါ။

အယ်လ်ကိုဟောဟာ တံတွေးထုတ်လုပ်မှုကို ၁၀-၁၅% အထိ လျှော့ချပစ်တတ်ပါတယ်။ ဒါပေမယ့် အဆိုပါအရည်အမျိုးအစားတွေနဲ့တွဲဖက်သောက်သုံးတာကြောင့် အစာခြေဖျက်မှုကို ထိခိုက်စေတယ်ဆိုတဲ့ သိပ္ပံနည်းကျ သက်သေပြချက်တော့ ခုချိန်ထိ မရှိသေးပါဘူး။

၂။ ရေ

အစာစားချိန်မှာ ရေသောက်သုံးတဲ့အလေ့အကျင့်ဟာ လူတိုင်းမှာရှိပါတယ်။ အစာစားပြီးတိုင်းလည်း ရေသောက်ကြပါတယ်။ ဒါပေမယ့် တချို့သော ယူဆချက်တွေမှတော့ အစာစားပြီးပြီးခြင်း ရေသောက်တာက အစာခြေဖျက်တဲ့လုပ်ငန်းစဉ်ကို ရှုပ်ထွေးစေတယ်လို့ဆိုကြပါတယ်။

ရေကြောင့် အစာခြေဖျက်တဲ့ digestive enzymes တွေ၊ stomach acid အားပျော့သွားတတ်တယ်လို့ အဆိုရှိထားသလို ဒီအချက်ကြောင့်ပဲ အစာခြေဖျက်ရခက်တတ်တယ်လို့လည်း ဆိုကြပါသေးတယ်။ ဒါပေမယ့် သိပ္ပံနည်းကျ လေ့လာချက်တွေအရဆိုရင်တော့ ဒီအချက်ဟာလည်း မှားယွင်းနေပြန်ပါတယ်။ တကယ့်အမှန်တရားက ရေသောက်ခြင်းကြောင့် အစာခြေဖျက်မှုကို မထိခိုက်နိုင်ပါဘူးတဲ့။

၃။ အရည်အမျိုးမျိုး

ရေ၊ အဖျော်ယမကာ၊ အချိုရည်၊ အရက် ဘာအရည်ပဲသောက်သောက် အစာခြေဖျက်မှုအရှိန်ကို နှေးသွားစေတယ်ဆိုတဲ့ အဆိုလည်းရှိပါသေးတယ်။ အစာစားနေတုန်း အရည်များများသောက်မိရင် အစာတွေ ခြေဖျက်တာအချိန်ကြာမယ်ပေါ့။

အစာစားနေချိန် ရေသောက်ရင် ဗိုက်ပြည့်လွယ်တာမှန်ပေမယ့် အစာခြေဖျက်တဲ့အချိန်ကိုတော့ ပိုမကြာစေပါဘူး။ ဒီလို သက်သေပြချက်မျိုးလည်း ကမ္ဘာပေါ်မှာမရှိသေးပါဘူး။

ဒါကြောင့် အချုပ်ဆိုရရင် အစာစားပြီးချိန်မှာ ရေနဲ့ အဖျော်ယမကာတွေ သောက်သုံးလို့ရပါတယ်။ တစ်ခုရှိတာကတော့ သင့်လျော်ရုံသာသောက်သုံးသင့်ပြီး ရေခဲရေ၊ အရမ်းအေးတဲ့ ဖျော်ရည်မျိုးတွေသောက်သုံးတာကိုတော့ ရှောင်ကျဉ်သင့်ပါတယ်။ အရည်သောက်သုံးတာကြောင့်တော့ အစာခြေဖျက်မှုကို မထိခိုက်နိုင်ပါဘူး။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

အစာစားၿပီးခ်ိန္မွာ ေရေသာက္သင့္သလား

တစ္ခ်ိဳ႕ကေျပာၾကတယ္။ အစာစားၿပီးခ်ိန္မွာ ေရေသာက္ရင္ အစာမေၾကျဖစ္တတ္တယ္။ မေသာက္ေကာင္းဘူးတဲ့။

တစ္ခ်ိဳ႕ၾကေတာ့လည္းဆိုၾကျပန္တယ္။ အစာစားၿပီးေရေသာက္ရမယ္တဲ့။ ဒါမွ အဆိပ္အေတာက္ကင္းမွာ က်န္းမာမွာတဲ့။

ဘယ္ဟာက အမွန္လဲ။ ဘာကို ယုံၾကည္ၾကမလဲ။

အစာစားၿပီးတဲ့အခါ

သုေတသနျပဳခ်က္ေတြ ေလ့လာခ်က္ေတြအရဆိုရင္ေတာ့ အစာစားၿပီးၿပီးခ်င္းေရေသာက္တာက သင့္ရဲ႕ အစာေခ်ဖ်က္မႈလုပ္ငန္းစဥ္ကို အေႏွာက္အယွက္ျပဳတယ္ဆိုတဲ့ ယူဆခ်က္က မွန္ကန္ရဲ႕လား။ ဒါကို သိနားလည္ဖို႔ဆိုရင္ အေစာေျခဖ်က္မႈလုပ္ငန္းစဥ္ကို အရင္သိထားဖို႔ လိုအပ္ပါတယ္။

ပုံမွန္အားျဖင့္ အစာေျခဖ်က္မႈလုပ္ငန္းစဥ္ဟာ ႐ိုး႐ွင္းပါတယ္။ ပါးစပ္က ဝါးၿပီးတဲ့ေနာက္ မ်ိဳခ်လိုက္တဲ့ အစားအစာေတြကို အစာလမ္းေၾကာင္းကေနတဆင့္ အစာအိမ္ထဲကိုပို႔ပါတယ္။ တံေတြးမွာပါဝင္တဲ့ saliva enzymes ေတြက ဒီလိုေလ်ာေလ်ာလ်ဴလ်ဴဝင္သြားဖို႔ ကူညီေပးပါတယ္။

အစာအိမ္ထဲကို အစာေတြေရာက္သြားၿပီဆိုရင္ Acidic Gastric အရည္ေတြက အစာေတြကိုေရာေမႊပစ္ပါတယ္။ ဒီေတာ့ Chyme လို႔ေခၚတဲ့ပစ္ႏွစ္ေနတဲ့အရည္ေတြျဖစ္ကုန္တာေပါ့။ Chyme ေတြဟာ ပန္ကရိယထဲက digestive enzymes ေတြနဲ႔ အသည္းထဲက bile acid ေပါင္းစပ္သြားပါတယ္။ ဒီကေနတဆင့္ အူလမ္းေၾကာင္းတစ္ေလွ်ာက္မွာ လိုအပ္တဲ့အာဟာရဓာတ္ေတြကို ေသြးထဲကို စုပ္ယူမွာပါ။

အူမႀကီးဆီကိုေရာက္ခ်ိန္မွာ ပမဏနည္းနည္းပဲက်န္ေတာ့မွာျဖစ္ပါတယ္။ ေသြးေၾကာေတြကေနတဆင့္ အာဟာရဓာတ္ေတြကေတာ့ ခႏၶာကိုယ္တစ္ခုလုံးအႏွံ႔ဆီ ျပန္႔ႏွံ႔ေရာက္႐ွိသြားပါၿပီ။ ဒါဆို အစာေျချခင္းလုပ္ငန္းစဥ္ၿပီးစီးသြားၿပီျဖစ္တာမို႔ စြန္႔ထုတ္မႈပဲက်န္ပါလိမ့္မယ္။

ဒီလိုအစာေျခတဲ့လုပ္ငန္းစဥ္ႀကီးတစ္ခုလုံးဟာ အစာစားၿပီးခ်ိန္ကေနစၿပီး ၂၄ နာရီကေန ၇၂ နာရီအထိ ၾကာျမင့္တတ္ပါတယ္။

အစာစားၿပီးၿပီးျခင္း ေရေသာက္လိုက္တဲ့အခါ

ပုံမွန္အားျဖင့္ ေရေသာက္ျခင္းဟာ ခႏၶာကိုယ္ကို အမ်ားႀကီးအေထာက္အကူျဖစ္ေစၿပီး က်န္းမာေစဖို႔ အကူအညီေပးပါတယ္။ ဒါေပမယ့္ အစာေျခဖ်က္တဲ့လုပ္ငန္းစဥ္ထဲကို ေရ ဒါမွမဟုတ္ အရည္ေတြဝင္ေရာက္လာတဲ့အခါ ႐ႈပ္ေထြးမႈတစ္ခ်ိဳ႕႐ွိလာႏိုင္တယ္ဆိုတဲ့ ယုံၾကည္ခ်က္မ်ိဳး လူတစ္ခ်ိဳ႕က ယူဆထားပါတယ္။

အမွန္အမွားကို ေဖာ္ထုတ္ဖို႔ လိုေနၿပီမဟုတ္လား။ ဒီေနရာမွာ အရည္အမ်ိဳးအစားကို ၃ မ်ိဳး ခြဲျခားၿပီးေျပာခ်င္ပါတယ္။ မတူညီတဲ့သက္ေရာက္မႈေတြ ႐ွိေနတာေၾကာင့္ျဖစ္ပါတယ္။

၁။ အရက္၊ အယ္လ္ကိုေဟာ

ဒီအမ်ိဳးအစားေတြကို အစားစားေနစဥ္ ဒါမွမဟုတ္၊ အစာစားၿပီးၿပီးခ်င္းမွာ ေသာက္သုံးမိမယ္ဆိုရင္ အာခံတြင္းထဲက တံေတြးထုတ္လုပ္မႈကို ထိခိုက္ေစမွာျဖစ္ပါတယ္။ တံေတြးဂလင္းေတြ ေျခာက္ေသြ႕သြားတတ္ၿပီး ထုတ္လုပ္မႈေလ်ာ့က်သြားတာေၾကာင့္ အစာၿမိဳခ်ရမွာ ျပႆနာေတြ႐ွိလာမွာပါ။

အယ္လ္ကိုေဟာဟာ တံေတြးထုတ္လုပ္မႈကို ၁၀-၁၅% အထိ ေလွ်ာ့ခ်ပစ္တတ္ပါတယ္။ ဒါေပမယ့္ အဆိုပါအရည္အမ်ိဳးအစားေတြနဲ႔တြဲဖက္ေသာက္သုံးတာေၾကာင့္ အစာေျခဖ်က္မႈကို ထိခိုက္ေစတယ္ဆိုတဲ့ သိပၸံနည္းက် သက္ေသျပခ်က္ေတာ့ ခုခ်ိန္ထိ မ႐ွိေသးပါဘူး။

၂။ ေရ

အစာစားခ်ိန္မွာ ေရေသာက္သုံးတဲ့အေလ့အက်င့္ဟာ လူတိုင္းမွာ႐ွိပါတယ္။ အစာစားၿပီးတိုင္းလည္း ေရေသာက္ၾကပါတယ္။ ဒါေပမယ့္ တခ်ိဳ႕ေသာ ယူဆခ်က္ေတြမွေတာ့ အစာစားၿပီးၿပီးျခင္း ေရေသာက္တာက အစာေျခဖ်က္တဲ့လုပ္ငန္းစဥ္ကို ႐ႈပ္ေထြးေစတယ္လို႔ဆိုၾကပါတယ္။

ေရေၾကာင့္ အစာေျခဖ်က္တဲ့ digestive enzymes ေတြ၊ stomach acid အားေပ်ာ့သြားတတ္တယ္လို႔ အဆို႐ွိထားသလို ဒီအခ်က္ေၾကာင့္ပဲ အစာေျခဖ်က္ရခက္တတ္တယ္လို႔လည္း ဆိုၾကပါေသးတယ္။ ဒါေပမယ့္ သိပၸံနည္းက် ေလ့လာခ်က္ေတြအရဆိုရင္ေတာ့ ဒီအခ်က္ဟာလည္း မွားယြင္းေနျပန္ပါတယ္။ တကယ့္အမွန္တရားက ေရေသာက္ျခင္းေၾကာင့္ အစာေျခဖ်က္မႈကို မထိခိုက္ႏိုင္ပါဘူးတဲ့။

၃။ အရည္အမ်ိဳးမ်ိဳး

ေရ၊ အေဖ်ာ္ယမကာ၊ အခ်ိဳရည္၊ အရက္ ဘာအရည္ပဲေသာက္ေသာက္ အစာေျခဖ်က္မႈအ႐ွိန္ကို ေႏွးသြားေစတယ္ဆိုတဲ့ အဆိုလည္း႐ွိပါေသးတယ္။ အစာစားေနတုန္း အရည္မ်ားမ်ားေသာက္မိရင္ အစာေတြ ေျခဖ်က္တာအခ်ိန္ၾကာမယ္ေပါ့။

အစာစားေနခ်ိန္ ေရေသာက္ရင္ ဗိုက္ျပည့္လြယ္တာမွန္ေပမယ့္ အစာေျခဖ်က္တဲ့အခ်ိန္ကိုေတာ့ ပိုမၾကာေစပါဘူး။ ဒီလို သက္ေသျပခ်က္မ်ိဳးလည္း ကမ႓ာေပၚမွာမ႐ွိေသးပါဘူး။

ဒါေၾကာင့္ အခ်ဳပ္ဆိုရရင္ အစာစားၿပီးခ်ိန္မွာ ေရနဲ႔ အေဖ်ာ္ယမကာေတြ ေသာက္သုံးလို႔ရပါတယ္။ တစ္ခု႐ွိတာကေတာ့ သင့္ေလ်ာ္႐ုံသာေသာက္သုံးသင့္ၿပီး ေရခဲေရ၊ အရမ္းေအးတဲ့ ေဖ်ာ္ရည္မ်ိဳးေတြေသာက္သုံးတာကိုေတာ့ ေ႐ွာင္က်ဥ္သင့္ပါတယ္။ အရည္ေသာက္သုံးတာေၾကာင့္ေတာ့ အစာေျခဖ်က္မႈကို မထိခိုက္ႏိုင္ပါဘူး။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄
ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်
ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
မူကက်ရှ်အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ချွေးမ ရာဒီကာတို့၏ မင်္ဂလာဆောင်အတွက် ဒူဘိုင်းရှိ ကန်ဒေါ်လာ ၇၇ ဒသမ ၃ သန်းတန် စံအိမ
မူကက်ရှ်အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ချွေးမ ရာဒီကာတို့၏ မင်္ဂလာဆောင်အတွက် ဒူဘိုင်းရှိ ကန်ဒေါ်လာ ၇၇ ဒသမ ၃ သန်းတန် စံအိမ
မီးပျက်ချိန်ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်းများတွင် လေအေးပေးစက်တပ်ဆင်မှု ကျဆင်း
မီးပျက်ချိန်ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်းများတွင် လေအေးပေးစက်တပ်ဆင်မှု ကျဆင်း
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ

Upcoming Property Events

From 08 Jun To 09 Jun

Myat Ingyin Housing Sales Event

shwe-wutthmone
yatanar-mall

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service