အခွံမခွာပစ်သင့်တဲ့ အသီး နဲ့ဟင်းချက်သီးနှံ(၆) မျိုး - Property Knowledge in Myanmar from iMyanmarHouse.com
1650 Views

အခွံမခွာပစ်သင့်တဲ့ အသီး နဲ့ဟင်းချက်သီးနှံ(၆) မျိုး

Knowledge | Posted by Shwe Zin Win

[Unicode]

သစ်သီးခွဲမယ်၊ပြင်ဆင်မယ်ဆို အခွံတွေအကုန်ခွာကြတာပဲ။ အခွံတွေဟာ အရသာလည်း သိပ်မရှိဘူး၊ အာဟာရလည်းမဖြစ်နိုင်ဘူး၊ အပိုသက်သက်ပဲလို့ လွှင့်ပစ်ကြတာများပါတယ်။ တကယ်တော့ တချို့အသီးတွေနဲ့ ဟင်းချက်သီးနှံတွေရဲ့အခွံတွေမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်း၊ အမျှင်ဓါတ်၊နဲ့ သတ္တုဓါတ်တွေက အတွင်းသားမှာထက် ပိုပါနေတတ်ပါတယ်။ အခွံမခွာထားတဲ့ အသီးတွေမှာ အမျှင်ဓါတ် ၃၃ ရာခိုင်နှုန်းအထိ ပိုများနိုင်ပါတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းပမာဏဆိုရင် အသားမှာထက် ၃၂၈ ဆအထိ ပိုများနိုင်တယ်လို့တောင် သုတေသီတွေက ဆိုကြပါတယ်။

ဒီလိုအာဟာရတွေကို ရနိုင်ဖို့ အခွံပါစားသင့်တဲ့ အသီးတွေအကြောင်း ဆက်ပြောပြမယ်နော် –

(၁) ဘယ်ရီသီး၊ ချယ်ရီသီးနဲ့ စပျစ်သီး

ဘယ်ရီသီး၊ချယ်ရီသီးနဲ့ စပျစ်သီးတွေကို မခွာတာကောင်းပါတယ်။တော်တော်များများက ဒီတိုင်းစားပေမယ့် အခွံခွာစားတတ်သူတွေရှိပါသေးတယ်။ အလုံးသေးလေးတွေကို ခွာရတာလက်ဝင်လို့ဆိုတာထက် သူတို့ရဲ့အခွံမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ အာဟာရဓါတ်တွေအများကြီးပါတာကြောင့်ပါ။ စပျစ်သီးအခွံမှာဆို တစ်လုံးစာအခွံဟာ အတွင်းသားထက် ဓါတ်တိုးဆန့်ကျင်ပစ္စည်းပမာဏအများဆုံးဖြစ်နေတာပါ။

(၂) ပန်းသစ်တော်သီး၊ မက်မွန်သီး

ပန်းသစ်တော်သီးနဲ့ မက်မွန်သီးတို့မှာ အမျှင်ဓါတ်၊အာဟာရဓါတ်တွေနဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေအများကြီးပါတာဖြစ်ပါတယ်။ မက်မွန်သီးအခွံကို ခွာထုတ်လိုက်ရင် အသီးရဲ့ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ၁၃ ရာခိုင်နှုန်းကနေ ၄၈ ရာခိုင်နှုန်းလောက်အထိလျော့သွားစေနိုင်ပါတယ်။

(၃) ပန်းသီးနဲ့ တရုတ်ဆီးသီး

အထူးသဖြင့် ပန်းသီးကို အခွံမခွာဖို့ အကြံပေးကြတာပါ။ ပန်းသီးအခွံမှာ အမျှင်ဓါတ်၊ ဗီတာမင် စီ၊ ဗီတာမင်အေ နဲ့ ဖလေဗာနွိုက် တို့ပါဝင်ပါတယ်။ ဒါပေမယ့် ပန်းသီးဟာ စိုက်ခင်းမှာ ပိုးသတ်ဆေးပိုသုံးရတဲ့အသီးတစ်မျိုးဖြစ်တာကြောင့် ဝယ်လာပြီးရင်သေချာဆေးကြောဖို့လိုပါတယ်။

 

(၄) ကီဝီသီး

ကီဝီသီးအခွံကို စားလို့ရတယ်လို့ မထင်မိဘူးမလား။ ကီဝီသီးအခွံမှာ ဗီတာမင် စီကြွယ်ဝတဲ့အပြင် သူ့ကိုစားမယ်ဆို အမျှင်ဓါတ်ကိုသုံးဆပိုရနိုင်ပါတယ်လို့ သုတေသီတွေကပြောပါတယ်။ အကွင်းလေးတွေလှီးပြီးစားရင် အတော်ပဲပေါ့။

(၅) သခွားသီး

သခွားသီးကိုတော့ ခါးမှာစိုးလို့ အခွံခွာစားကြတာများပါတယ်။ ဒါပေမယ့် သခွားသီးခါးတာ အခွံနဲ့မဆိုင်ပါဘူ၊း၊ ခါးပြီဆို အသားပါခါးတတ်တာမို့ပါ။ သူ့မှာ ဗီတာမင်ကေ၊ အမျှင်ဓါတ်နဲ့ ပိုတက်စီယမ်တွေပါတယ်ဆိုတာလေး သတိရပါ။

(၆) ခရမ်းသီး

ခရမ်းသီးကိုလည်း အခွံမခွာသင့်ပါဘူးတဲ့။ ခရမ်းသီးအခွံမှာ အမျှင်ဓါတ်၊ ဖလေဗာနွိုက်တွေ၊ မဂ္ဂနီဆီယမ်တွေပါဝင်ပါတယ်။ ခရမ်းသီးက သခွားသီးလိုပဲရေဓါတ်ပါဝင်မှုလည်းများတယ်၊ ၉၂ ရာခိုင်နှုန်းလောက်ကရေဓါတ်ပါဝင်တာမို့ အခွံမှာ အာဟာရဓါတ်များနေတာဖြစ်ပါတယ်။

အခွံလေးခွာမှ သန့်တယ်၊ သစ်သီးပြင်ဆင်ရတာ လှတယ်၊ အရသာပိုရှိတယ်(အခွံပါစားမိရင် အရသာပျက်တယ်) လို့တွေးတာလည်းပါတာပေါ့လေ။ အခွံမှာဖယောင်းလွှာပါတယ်လို့ပြောကြတဲ့တချို့ပန်းသီးတွေကတော့ခြွင်းချက်ပေါ့နော်။နောက်တစ်ချက် ဓါတုပိုးသတ်ဆေးဘာညာကြောက်ရင်တော့ သေချာဆေးကြောပါ၊ရေထဲခဏလောက်စိမ်ရင်စိမ်ထားပါ။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]










(၄) ကီဝီသီး


(၅) သခွားသီး


(၆) ခရမ်းသီး



 




Credit: hellosayarwon

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service