အခန်းပေး-အခန်းယူ စာချုပ်ကြည့်ရမှ တိုက်ခန်းဝယ်ရတာ အဆင်ပြေသွားတယ် - Property Knowledge in Myanmar from iMyanmarHouse.com
1228 Views

အခန်းပေး-အခန်းယူ စာချုပ်ကြည့်ရမှ တိုက်ခန်းဝယ်ရတာ အဆင်ပြေသွားတယ်

Knowledge | Posted by Aye Myat Thu

[Unicode]

ယနေ့ခေတ် တိုက်ခန်းတွေဝယ်ယူကြတော့မယ်ဆိုရင် တိုက်ခန်းဈေးတွေ အမျိုးမျိုးရှိတာတွေ့ရပါတယ် ။မြို့နယ်အလိုက် ဈေးနှုန်းတွေကွာခြားသွားသလိုပဲ တိုက်ခန်းအကျဉ်းအကျယ်အပေါ် မူတည်ပြီး ဈေးနှုန်းတွေ ကွာခြားသွားတာကိုလည်း တွေ့ရပါတယ် ။ဒါ့အပြင် တိုက်သစ် ၊ တိုက်ဟောင်းပေါ် မူတည်ပြီး ဈေးနှုန်းတွေကလည်း ပြောင်းလဲသွားတတ်ပါတယ် ။

အိမ်ပွဲစားများရဲ့ ကျွမ်းကျင်မှုဝယ်သူ အတွက် အကျိုးရှိ

တိုက်သစ်ကတော့ ဈေးပိုကြီးတာပေါ့ ။ တိုက်ဟောင်းဆိုတာကတော့ ကြာလေ ဈေးနည်းလေဖြစ်တတ်တယ် ။ တိုက်သစ်လား ၊ တိုက်ဟောင်းလား ဆိုတာကတော့ အိမ်ပွဲစားတွေက ပိုပြီးသိနေကြပါတယ် ။အရေးကြီးတဲ့အချက်တွေကို ဝယ်သူအနေနဲ့ အိမ်ပွဲစားကတစ်ဆင့် ကြိုတင်စုံစမ်းထားဖို့ လိုအပ်ပါတယ် ။ ဒါမှ တကယ်ဝယ်တဲ့အခါ ပိုင်ဆိုင်မှုအထောက်အထားတွေ ခိုင်လုံမှုရှိ ၊ မရှိ သိရှိနိုင်မှာဖြစ်ပါတယ် ။

မြိတ်မြို့ကလား ၊ ရန်ကုန်မှာ တိုက်ခန်း ဝယ်ရခြင်းအကြောင်း

မကြာသေးမီ ရက်ပိုင်းအတွင်းက စမ်းချောင်းမြို့နယ်မှာ တိုက်ခန်းဝယ်လိုသူတစ်ဦးက ဖုန်းဆက်သွယ်လာပါတယ် ။ ဝယ်လိုသူက ရန်ကုန်ကတော့ မဟုတ်ပါ ။တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်မြို့မှာနေသူပါ ။ စမ်းချောင်းမြို့နယ်အတွင်းမှာ ဝယ်လိုခြင်းက အကြောင်းရှိပါတယ် ။တိုက်ခန်းဝယ်ပြီး ရန်ကုန်မှာအခြေချဖို့ပါ ။ဒါပေမဲ့ ဝယ်သူကိုယ်တိုင်ကတော့ လာမနေနိုင်သေးပါဘူး ။သူကိုယ်တိုင်က အစိုးရဝန်ထမ်းဖြစ်နေလို့ပါ ။ဒါပေမဲ့ သားသမီး ၂ယောက်ဘဝရှေ့ရေးမျှော်တွေးပြီး သူတို့တွေအလုပ်လုပ်ဖို့ ကျောင်းတက်တဲ့အခါ အဆင်ပြေဖို့အတွက် ဝယ်ယူလိုခြင်းဖြစ်ပါတယ် ။

လူဆိုတာ ပုဂ္ဂိုလ်စွဲ ၊ နေရာစွဲလေးတွေလည်း ရှိတတ်ကြပါတယ် ။ အခုလို ဝယ်ဖို့ဆုံးဖြတ်ရခြင်းကတော့ စမ်းချောင်းမြို့နယ်အတွင်း မှာ မြိတ်မြို့က လာရောက်အခြေချနေထိုင်တဲ့ အဒေါ်အရင် မိသာစုလည်း ရှိနေလို့ ဝယ်ချင်တာပါ ။ဒါ့အပြင် စမ်းချောင်းမြို့နယ်အတွင်းမှာ မြိတ်သူမြိတ်သားတွေ အများကြီးနေထိုင်ကြတယ်လို့လည်း သိရပါတယ် ။ဒါကလည်း စမ်းချောင်းကို ရွှေ့ရခြင်းအကြောင်းပါ ။

ဒါနဲ့ပဲ အဒေါ်အရင်ကိုပဲ တိုက်ခန်းရှာခိုင်းလိုက်တယ် ။ အဒေါ်ရဲ့ အနီးအနားမှာပဲ တိုက်ခန်းတွေ့ပါတယ် ။ ၃ လွှာကို သိန်း ၃၀၀ နဲ့ ရောင်းတာပါ အိမ်အလှည့်ကလည်း နေထွက်ရာ အရှေ့ဘက်လှည့်တာဆိုတော့ ဝယ်သူကြိုက်သွားပါတယ် ။အကြိမ်ကြိမ်အခါခါလေ့လာကြည့်ကြပြီး စိတ်တိုင်းကျဖြစ်လို့ စရန်ငွေပေးမယ့်နေမှာ ကျွန်ုပ်ကို လာခေါ်တာပါ ။

ရောင်းသူနဲ့ တွေ့ရတာ ဝယ်သူအတွက် စိတ်ချမ်းသာစရာ

တိုက်ခန်းပိုင်ရှင်ကလည်း မြို့တွင်မှာနေပြီး ကျွန်ုပ်ရုံးခန်းနဲ့ မဝေးတာမို့ စာချုပ်ပေးဖို့ သွားရတာ အခက်အခဲမရှိပါဘူး ၊ ရောင်းသူနေထိုင်ရာ တိုက်ခန်းကို ရောက်သွားတဲ့အခါ ရောင်းသူကလည်း ဖော်ဖော်ရွေရွေနဲ့ ဆီးကြိုနှုတ်ဆက်ပါတယ် ။ဝယ်သူလာရင် အဆင်သင့်ကြည့်နိုင်ဖို့အတွက် ရောင်းမယ့်တိုက်ခန်းရဲ့ စာချုပ်စာတမ်းအဆက်အစပ်တွေ ၊ မြေခွန်ရေခွန်မီးခွန်ဆောင်ထားတဲ့ ပြေစာတွေကို ကျွန်ုပ်တို့က ရောက်တာနဲ့ ထုတ်ပြပါတယ် ။

ရောင်းသူတွေကြည့်ရတာ အေးအေးချမ်းချမ်းနေတတ်သူတွေထင်ပါရဲ့ ။ကျွန်ုပ်သိချင်သမျှကိုလည်း ရိုးရိုးသားသားနဲ့ ပြောပြကြပါတယ် ။တိုက်ခန်းနဲ့ ပတ်သတ်တဲ့ အရပ်ကတိအရောင်းအဝယ်စာချုပ်နှစ်ခုနဲ့ မြေခွန် ၊ ရေခွန် ၊ မီတာတွေကို နှစ်အလိုက် စုစည်းထားတဲ့ ပြေစာကို အထပ်လိုက်ထုတ်ပြပါတယ် ။စာချုပ်အဆက်အစပ်ကလည်း ၂ဦးပဲရှိတော့ အရှုပ်အရှင်းသိပ်မရှိပါဘူး။

မြေရှင်နဲ့ ကန်ထရိုက်တာအခန်းပေးအခန်းယူ စာချုပ်တောင်းကြည့်ပါ

တိုက်ခန်းဝယ်ယူရာမှာ အဓိကအချက်တွေကတော့ စာချုပ်အဆက်အစပ်တွေ ကွင်းဆက်မိဖို့အရေးကြီးဆုံးပါ ။အခု ရောင်းသူတွေထုတ်ပြတဲ့ ပထမဆုံးစာချုပ်ကို ကြည့်ရတာ မြေရှင်ထံက ဝယ်တဲ့တိုက်ခန်းမဟုတ်တာကိုတွေ့ရပါတယ် ။မြေရှင်က ရောင်းသူမဟုတ်ဘဲ အသိအမှတ်ပြုလက်မှတ်ရေးထိုးပေးထားတာကိုပဲ တွေ့ရတယ် ။ဒီတော့ ပထမဆုံးရောင်းသူက ဘယ်သူလဲ ၊ ရောင်းပိုင်ခွင့်ရအောင် မြေရှင်ရဲ့ သားသမီးလား ဒါမှမဟုတ် ကန်ထရိုက်လားဆိုတာ သိဖို့ လိုလာတယ်လေ ။

ဒီအကြောင်းကို ရောင်းသူကိုယ်တိုင်ကလည်း ပြောမပြတတ်ဘူးဖြစ်နေတယ် ။ဒါဆိုရင် မြေရှင်နဲ့ ဘယ်လိုပတ်သက်တယ်ဆိုတာ သိဖို့ “ မြေရှင်နဲ့ ကန်ထရိုက်အခန်းပေး ၊ အခန်းယူ စာချုပ် ” ပြပါလို့ ပြောလိုက်တော့ ရောင်းသူဘက်ကလည်း ဒီတိုက်ခန်းကို လွန်ခဲ့တဲ့ ၁၈နှစ်လောက်ကတည်းက ဦးလေထံက ဝယ်လာတာဖြစ်တဲ့အတွက် အခု ရှေ့နေကြီးပြောသလို မြေရှင်နဲ့ ကန်ထရိုက်ချုပ်ဆိုထားတဲ့ စာချုပ်တွေမရှိတဲ့အကြောင်းရိုးရိုးသားသားပဲ ရှင်းပြကြပါတယ် ။

ပိုပြီးခက်တာက ရောင်းသူကိုယ်တိုင်က ရန်ကုန်မြို့တွင်းမှာ နေထိုင်တာဆိုတော့ စမ်းချောင်းက သူတို့ပိုင်တဲ့ တိုက်ခန်းအကြောင်းရာဇဝင်ကိုဘာမှမသိကြဘူး ၊ ဒီလို စာချုပ်အဆက်အစပ်နဲ့ ပြေစာတွေကိုင်ထားရင် ပြည့်စုံပြီလို့ ထင်နေကြတယ် ။နောက်ဆုံးတော့လည်း အရောင်းအဝယ်ပွဲဖြစ်စေချင်တဲ့ “ အိမ်ပွဲစာ ”တွေကိုပဲ တာဝန်ပေးရတော့တာပေါ့ ။ ပွဲဖြစ်လို့ အားလုံးပျော်ပါတယ် ၊ အခန်းပေး ၊အခန်းယူ စာချုပ်လည်း ပြစေချင်တယ် ။

အိမ်ပွဲစားတွေကလည်း မြေရှင်နဲ့ ကန်ထရိုက်အခန်းပေးအခန်းယူစာချုပ်မိတ္တူကို မြေရှင်ထံက ဇွဲကောင်းကောင်းနဲ့ ရအောင် တောင်းယူလာပြီး ကျွန်ုပ်ကို လာပြကြပါတယ် ။သူတို့ ပြတဲ့စာချုပ်ကြည့်မှာပဲ ရှင်းသွားတော့တယ် ။ အခုရောင်းတဲ့အခန်းက မြေရှင်ရတဲ့ အခန်းမဟုတ်ဘူး ။ကန်ထရိုက်ရတဲ့ အခန်းဖြစ်နေတယ် ။အဲဒီကန်ထရိုက်က ပထမဆုံးဝယ်သူနဲ့ စာချုပ်ချုပ်တာဖြစ်တယ် ။ဒါပေမဲ့ ရောင်းတဲ့နေရာမှာ “ ကန်ထရိုက်တာ”လို့ ရေးမထားတဲ့အတွက် စာချုပ်ကို ကြည့်ပြီး နားလည်ရခက်သွားတာပါ ။အဲဒီလို ရှင်းရှင်းလင်းလင်းသိသွားရတော့မှပဲ ကန့်ကွက်ရန်ရှိ ၊ မရှိ သတင်းမှာ ကြော်ငြာတယ် ၊ ကန့်ကွက်သူကလည်း မရှိပါဘူး ။ ၇ ရက်ပြည့်တဲ့နေ့မှာတော့ ဝယ်သူနဲ့ ရောင်းသူတို့ တစ်ဦးနဲ့တစ်ဦး သံသယရှင်းရှင်းနဲ့ အရောင်းအဝယ်စာချုပ်ချုပ်ကြပါတယ် ။အရောင်းအဝယ်ပွဲဖြစ်ပြီဆိုတော့လည်း အိမ်ပွဲစားတွေကလည်းပွဲစားခ ၆သိန်း ရကြတယ် ။မြေရှင်ကလည်း အသိအမှတ်ပြုလက်မှတ်ရေးထိုး ၁ရာခိုင်နှုန်း ၃ သိန်းရတယ် ။အဟီး ၊ ရှေ့နေလည်း စာချုပ်ချုပ်ပေးလို့ ညဏ်ပူဇော်ရေလိုက်တယ်ပေါ့ဗျာ ။

အဲဒီတော့ အထူးပြောချင်တာက ပုဂ္ဂလိကတိုက်ခန်းတွေ ဝယ်ယူသူများအနေနဲ့ ယခုအထက်က ရှင်ပြခဲ့သလို စာချုပ်အဆက်အစပ်မိဖို့ရယ် ၊ မြေရှင်ပိုင်အခန်းကို ဝယ်တာလား ၊ ကန်ထရိုက်ရတဲ့အခန်းကို ဝယ်တာလား ဆိုတာ မြေရှင်နဲ့ ကန်ထရိုက်ချုပ်ဆိုထားတဲ့ အခန်းပေးအခန်းယူစာချုပ်တွေကို စစ်ဆေးဝယ်ယူကြပါလို့ တိုက်တွန်းအကြံပေးလိုက်ရပါတယ် ။

 သုခိအတ္တာနံ ပရိဟရန္တု

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit : လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

 

[Zawgyi]

အခန္းေပး-အခန္းယူ စာခ်ဳပ္ၾကည့္ရမွ တိုက္ခန္းဝယ္ရတာ အဆင္ေျပသြားတယ္

ယေန႕ေခတ္ တိုက္ခန္းေတြဝယ္ယူၾကေတာ့မယ္ဆိုရင္ တိုက္ခန္းေဈးေတြ အမ်ိဳးမ်ိဳးရိွတာေတြ႕ရပါတယ္ ။ျမိဳ႕နယ္အလိုက္ ေဈးႏႈန္းေတြကြာျခားသြားသလုိပဲ တိုက္ခန္းအက်ဥ္းအက်ယ္အေပၚ မူတည္ျပီး ေဈးႏႈန္းေတြ ကြာျခားသြားတာကိုလည္း ေတြ႕ရပါတယ္ ။ဒါ့အျပင္ တိုက္သစ္ ၊ တိုက္ေဟာင္းေပၚ မူတည္ျပီး ေဈးႏႈန္းေတြကလည္း ေျပာင္းလဲသြားတတ္ပါတယ္ ။

အိမ္ပြဲစားမ်ားရဲ႕ ကၽြမ္းက်င္မႈဝယ္သူ အတြက္ အက်ိဳးရွိ

တိုက္သစ္ကေတာ့ ေဈးပိုၾကီးတာေပါ့ ။ တိုက္ေဟာင္းဆိုတာကေတာ့ ၾကာေလ ေဈးနည္းေလျဖစ္တတ္တယ္ ။ တိုက္သစ္လား ၊ တိုက္ေဟာင္းလား ဆိုတာကေတာ့ အိမ္ပြဲစားေတြက ပိုုုျပီးသိေနၾကပါတယ္ ။အေရးၾကီးတဲ့အခ်က္ေတြကို ဝယ္သူအေနနဲ႕ အိမ္ပြဲစားကတစ္ဆင့္ ၾကိဳတင္စံုစမ္းထားဖို႕ လိုအပ္ပါတယ္ ။ ဒါမွ တကယ္ဝယ္တဲ့အခါ ပိုင္ဆိုင္မႈအေထာက္အထားေတြ ခိုင္လံုမႈရွိ ၊ မရွိ သိရွိႏိုင္မွာျဖစ္ပါတယ္ ။

ျမိတ္ျမိဳ႕ကလား ၊ ရန္ကုန္မွာ တိုက္ခန္း ဝယ္ရျခင္းအေၾကာင္း

မၾကာေသးမီ ရက္ပိုင္းအတြင္းက စမ္းေခ်ာင္းျမိဳ႕နယ္မွာ တိုက္ခန္းဝယ္လိုသူတစ္ဦးက ဖုန္းဆက္သြယ္လာပါတယ္ ။ ဝယ္လိုသူက ရန္ကုန္ကေတာ့ မဟုတ္ပါ ။တနသၤာရီတိုင္းေဒသၾကီး ၊ ျမိတ္ျမိဳ႕မွာေနသူပါ ။ စမ္းေခ်ာင္းျမိဳ႕နယ္အတြင္းမွာ ဝယ္လိုျခင္းက အေၾကာင္းရွိပါတယ္ ။တိုက္ခန္းဝယ္ျပီး ရန္ကုန္မွာအေျခခ်ဖို႕ပါ ။ဒါေပမဲ့ ဝယ္သူကိုယ္တိုင္ကေတာ့ လာမေနႏိုင္ေသးပါဘူး ။သူကိုယ္တိုင္က အစိုးရဝန္ထမ္းျဖစ္ေနလို႕ပါ ။ဒါေပမဲ့ သားသမီး ၂ေယာက္ဘဝေရွ႕ေရးေမွ်ာ္ေတြးျပီး သူတို႕ေတြအလုပ္လုပ္ဖို႕ ေက်ာင္းတက္တဲ့အခါ အဆင္ေျပဖို႕အတြက္ ဝယ္ယူလိုျခင္းျဖစ္ပါတယ္ ။

လူဆိုတာ ပုဂၢိဳလ္စြဲ ၊ ေနရာစြဲေလးေတြလည္း ရွိတတ္ၾကပါတယ္ ။ အခုလို ဝယ္ဖို႕ဆံုးျဖတ္ရျခင္းကေတာ့ စမ္းေခ်ာင္းျမိဳ႕နယ္အတြင္း မွာ ျမိတ္ျမိဳ႕က လာေရာက္အေျခခ်ေနထိုင္တဲ့ အေဒၚအရင္ မိသာစုလည္း ရွိေနလို႕ ဝယ္ခ်င္တာပါ ။ဒါ့အျပင္ စမ္းေခ်ာင္းျမိဳ႕နယ္အတြင္းမွာ ျမိတ္သူျမိတ္သားေတြ အမ်ားၾကီးေနထိုင္ၾကတယ္လို႕လည္း သိရပါတယ္ ။ဒါကလည္း စမ္းေခ်ာင္းကို ေရႊ႕ရျခင္းအေၾကာင္းပါ ။

ဒါနဲ႕ပဲ အေဒၚအရင္ကိုပဲ တိုက္ခန္းရွာခိုင္းလိုက္တယ္ ။ အေဒၚရဲ႕ အနီးအနားမွာပဲ တိုက္ခန္းေတြ႕ပါတယ္ ။ ၃ လႊာကို သိန္း ၃၀၀ နဲ႕ ေရာင္းတာပါ အိမ္အလွည့္ကလည္း ေနထြက္ရာ အေရွ႕ဘက္လွည့္တာဆိုေတာ့ ဝယ္သူၾကိဳက္သြားပါတယ္ ။အၾကိမ္ၾကိမ္အခါခါေလ့လာၾကည့္ၾကျပီး စိတ္တိုင္းက်ျဖစ္လို႕ စရန္ေငြေပးမယ့္ေနမွာ ကၽြႏ္ုပ္ကို လာေခၚတာပါ ။

ေရာင္းသူနဲ႕ ေတြ႕ရတာ ဝယ္သူအတြက္ စိတ္ခ်မ္းသာစရာ

တိုက္ခန္းပိုင္ရွင္ကလည္း ျမိဳ႕တြင္မွာေနျပီး ကၽြႏ္ုပ္ရုံးခန္းနဲ႕ မေဝးတာမို႕ စာခ်ဳပ္ေပးဖို႕ သြားရတာ အခက္အခဲမရွိပါဘူး ၊ ေရာင္းသူေနထိုင္ရာ တိုက္ခန္းကို ေရာက္သြားတဲ့အခါ ေရာင္းသူကလည္း ေဖာ္ေဖာ္ေရြေရြနဲ႕ ဆီးၾကိဳႏႈတ္ဆက္ပါတယ္ ။ဝယ္သူလာရင္ အဆင္သင့္ၾကည့္ႏိုင္ဖို႕အတြက္ ေရာင္းမယ့္တိုက္ခန္းရဲ႕ စာခ်ဳပ္စာတမ္းအဆက္အစပ္ေတြ ၊ ေျမခြန္ေရခြန္မီးခြန္ေဆာင္ထားတဲ့ ေျပစာေတြကို ကၽြႏ္ုပ္တို႕က ေရာက္တာနဲ႕ ထုတ္ျပပါတယ္ ။

ေရာင္းသူေတြၾကည့္ရတာ ေအးေအးခ်မ္းခ်မ္းေနတတ္သူေတြထင္ပါရဲ႕ ။ကၽြႏု္ပ္သိခ်င္သမွ်ကိုလည္း ရုိးရုိးသားသားနဲ႕ ေျပာျပၾကပါတယ္ ။တိုက္ခန္းနဲ႕ ပတ္သတ္တဲ့ အရပ္ကတိအေရာင္းအဝယ္စာခ်ဳပ္နွစ္ခုနဲ႕ ေျမခြန္ ၊ ေရခြန္ ၊ မီတာေတြကို နွစ္အလိုက္ စုစည္းထားတဲ့ ေျပစာကို အထပ္လိုက္ထုတ္ျပပါတယ္ ။စာခ်ဳပ္အဆက္အစပ္ကလည္း ၂ဦးပဲရွိေတာ့ အရႈပ္အရွင္းသိပ္မရွိပါဘူး။

ေျမရွင္နဲ႕ ကန္ထရုိက္တာအခန္းေပးအခန္းယူ စာခ်ဳပ္ေတာင္းၾကည့္ပါ

တိုက္ခန္းဝယ္ယူရာမွာ အဓိကအခ်က္ေတြကေတာ့ စာခ်ဳပ္အဆက္အစပ္ေတြ ကြင္းဆက္မိဖို႕အေရးၾကီးဆံုးပါ ။အခု ေရာင္းသူေတြထုတ္ျပတဲ့ ပထမဆံုးစာခ်ဳပ္ကို ၾကည့္ရတာ ေျမရွင္ထံက ဝယ္တဲ့တိုက္ခန္းမဟုတ္တာကိုေတြ႕ရပါတယ္ ။ေျမရွင္က ေရာင္းသူမဟုတ္ဘဲ အသိအမွတ္ျပဳလက္မွတ္ေရးထိုးေပးထားတာကိုပဲ ေတြ႕ရတယ္ ။ဒီေတာ့ ပထမဆံုးေရာင္းသူက ဘယ္သူလဲ ၊ ေရာင္းပိုင္ခြင့္ရေအာင္ ေျမရွင္ရဲ႕ သားသမီးလား ဒါမွမဟုတ္ ကန္ထရုိက္လားဆိုတာ သိဖို႕ လိုလာတယ္ေလ ။

ဒီအေၾကာင္းကို ေရာင္းသူကိုယ္တိုင္ကလည္း ေျပာမျပတတ္ဘူးျဖစ္ေနတယ္ ။ဒါဆိုရင္ ေျမရွင္နဲ႕ ဘယ္လိုပတ္သက္တယ္ဆိုတာ သိဖို႕ “ ေျမရွင္နဲ႕ ကန္ထရုိက္အခန္းေပး ၊ အခန္းယူ စာခ်ဳပ္ ” ျပပါလို႕ ေျပာလိုက္ေတာ့ ေရာင္းသူဘက္ကလည္း ဒီတိုက္ခန္းကို လြန္ခဲ့တဲ့ ၁၈နွစ္ေလာက္ကတည္းက ဦးေလထံက ဝယ္လာတာျဖစ္တဲ့အတြက္ အခု ေရွ႕ေနၾကီးေျပာသလို ေျမရွင္နဲ႕ ကန္ထရုိက္ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ေတြမရွိတဲ့အေၾကာင္းရုိးရုိးသားသားပဲ ရွင္းျပၾကပါတယ္ ။

ပိုျပီးခက္တာက ေရာင္းသူကိုယ္တိုင္က ရန္ကုန္ျမိဳ႕တြင္းမွာ ေနထိုင္တာဆိုေတာ့ စမ္းေခ်ာင္းက သူတို႕ပိုင္တဲ့ တိုက္ခန္းအေၾကာင္းရာဇဝင္ကိုဘာမွမသိၾကဘူး ၊ ဒီလို စာခ်ဳပ္အဆက္အစပ္နဲ႕ ေျပစာေတြကိုင္ထားရင္ ျပည့္စံုျပီလို႕ ထင္ေနၾကတယ္ ။ေနာက္ဆံုးေတာ့လည္း အေရာင္းအဝယ္ပြဲျဖစ္ေစခ်င္တဲ့ “ အိမ္ပြဲစာ ”ေတြကိုပဲ တာဝန္ေပးရေတာ့တာေပါ့ ။ ပြဲျဖစ္လို႕ အားလံုးေပ်ာ္ပါတယ္ ၊ အခန္းေပး ၊အခန္းယူ စာခ်ဳပ္လည္း ျပေစခ်င္တယ္ ။

အိမ္ပြဲစားေတြကလည္း ေျမရွင္နဲ႕ ကန္ထရုိက္အခန္းေပးအခန္းယူစာခ်ဳပ္မိတၱဴကို ေျမရွင္ထံက ဇြဲေကာင္းေကာင္းနဲ႕ ရေအာင္ ေတာင္းယူလာျပီး ကၽြႏု္ပ္ကို လာျပၾကပါတယ္ ။သူတို႕ ျပတဲ့စာခ်ဳပ္ၾကည့္မွာပဲ ရွင္းသြားေတာ့တယ္ ။ အခုေရာင္းတဲ့အခန္းက ေျမရွင္ရတဲ့ အခန္းမဟုတ္ဘူး ။ကန္ထရုိက္ရတဲ့ အခန္းျဖစ္ေနတယ္ ။အဲဒီကန္ထရုိက္က ပထမဆံုးဝယ္သူနဲ႕ စာခ်ဳပ္ခ်ဳပ္တာျဖစ္တယ္ ။ဒါေပမဲ့ ေရာင္းတဲ့ေနရာမွာ “ ကန္ထရိုက္တာ”လို႕ ေရးမထားတဲ့အတြက္ စာခ်ဳပ္ကို ၾကည့္ျပီး နားလည္ရခက္သြားတာပါ ။အဲဒီလို ရွင္းရွင္းလင္းလင္းသိသြားရေတာ့မွပဲ ကန္႕ကြက္ရန္ရွိ ၊ မရွိ သတင္းမွာ ေၾကာ္ျငာတယ္ ၊ ကန္႕ကြက္သူကလည္း မရွိပါဘူး ။ ၇ ရက္ျပည့္တဲ့ေန႕မွာေတာ့ ဝယ္သူနဲ႕ ေရာင္းသူတို႕ တစ္ဦးနဲ႕တစ္ဦး သံသယရွင္းရွင္းနဲ႕ အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ၾကပါတယ္ ။အေရာင္းအဝယ္ပြဲျဖစ္ျပီဆိုေတာ့လည္း အိမ္ပြဲစားေတြကလည္းပြဲစားခ ၆သိန္း ရၾကတယ္ ။ေျမရွင္ကလည္း အသိအမွတ္ျပဳလက္မွတ္ေရးထိုး ၁ရာခိုင္ႏႈန္း ၃ သိန္းရတယ္ ။အဟီး ၊ ေရွ႕ေနလည္း စာခ်ဳပ္ခ်ဳပ္ေပးလို႕ ညဏ္ပူေဇာ္ေရလိုက္တယ္ေပါ့ဗ်ာ ။

အဲဒီေတာ့ အထူးေျပာခ်င္တာက ပုဂၢလိကတုိက္ခန္းေတြ ဝယ္ယူသူမ်ားအေနနဲ႕ ယခုအထက္က ရွင္ျပခဲ့သလို စာခ်ဳပ္အဆက္အစပ္မိဖို႕ရယ္ ၊ ေျမရွင္ပိုင္အခန္းကို ဝယ္တာလား ၊ ကန္ထရုိက္ရတဲ့အခန္းကို ဝယ္တာလား ဆိုတာ ေျမရွင္နဲ႕ ကန္ထရုိက္ခ်ဳပ္ဆိုထားတဲ့ အခန္းေပးအခန္းယူစာခ်ဳပ္ေတြကို စစ္ေဆးဝယ္ယူၾကပါလို႕ တိုက္တြန္းအၾကံေပးလိုက္ရပါတယ္ ။

 သုခိအတၱာနံ ပရိဟရႏၱဳ

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit : လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service