အိမ်သာမဝင်ခင် လက်ဆေးသင့်လား………… - Property Knowledge in Myanmar from iMyanmarHouse.com
802 Views

အိမ်သာမဝင်ခင် လက်ဆေးသင့်လား…………

Knowledge | Posted by Si Thu Aung

[Unicode]

ခေါင်းစဉ်ကို ဖတ်ပြီး..အိမ်သာဆင်းမှ လက်ဆေးရမှာလေ။ အိမ်သာမဝင်ခင် လက်ဆေးရတယ်လို့ မကြားဖူးပါဘူး။ မဖြစ်နိုင်တာလို့ တွေးနေပြီလား။

ဟုတ်ပါတယ်။ ငယ်စဉ်ကတည်းကနေ တောက်လျှောက် ကြားလာခဲ့တာက အိမ်သာကအဆင်း၊ အစားအစာတွေကို မစားခင်၊ အရာဝတ္ထုတစ်ခုခု၊ ညစ်ပေတဲ့အရာတွေကို ကိုင်တွယ်ပြီးတိုင်းမှာ လက်ကို သေချာ စင်ကြယ်အောင်ဆေးကြောပါဆိုတာပါ။

ဒါပေမယ့် တကယ်ကတော့ အိမ်သာ မဝင်ခင်မှာလည်း လက်ကို သေချာ ဆေးကြောဖို့လိုပါမယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

အိမ်သာမဝင်ခင် လက်ဆေးသင့်လား………..

ဟုတ်ပါတယ်။ အိမ်သာမဝင်ခင်မှာ လက်ဆေးသင့်ပါတယ်။ အကြောင်းကတော့ လက်က ကိုင်တွယ်ထိတွေ့မှု အများဆုံးဖြစ်သလို လက်ချောင်းတွေမှာ သာမန် မျက်စိနဲ့ မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေ အများကြီး ကပ်ငြိနေနိုင်ပါတယ်။

ဒီလက်တွေနဲ့ ရောဂါပိုး ဝင်ရောက်ကူးစက်လွယ်တဲ့ အမျိုးသားအင်္ဂါ၊ မိန်းမကိုယ်၊ စအိုစတာတွေကို ကိုင်တွယ်ထိတွေ့တာက ရောဂါပိုးတွေကို ကိုယ့်လက်နဲ့ကိုယ် ခန္ဓာကိုယ်ထဲ အ​ရောက်ပို့လိုက်သလို ဖြစ်နိုင်ပါတယ်။

နောက်တစ်ချက်က အိမ်သာဝင်တဲ့အခါ ကိုင်တွယ်တဲ့ တံခါးလက်ကိုင်၊ အိမ်သာကရေပန်းတွေ နဲ့ အခြား အသုံးအဆောင်တွေမှာ ဘက်တီးရီးယားတွေရှိနေိုင်ပါတယ်။ အိမ်သာဆိုတာက ဘက်တီးရီးယား များလွန်းတဲ့နေရာပါ။ ဒီနေရာတွေကို ကိုင်တွယ်တာက လက်မှာ ဘက်တီးရီးယားတွေ ကပ်ပါလာမှာပါ။

ဒါကြောင့် အတတ်နိုင်ဆုံး ဘက်တီးရီးယားတွေကို လျှော့ချနိုင်ဖို့ အိမ်သာမဝင်ခင် ကိုယ့်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ကိုင်တွယ်ထိတွေ့မှု မလုပ်ခင်မှာ လက်ကို ရေနဲ့ ဆပ်ပြာသုံးပြီး သေချာ သန့်စင်ပါ။

အိမ်သာကို အသုံးပြုပြီးချိန်မှာလည်း လက်ကို သေချာစွာ ဆေးကြောဖို့ လိုပါမယ်။ ဒါကတော့ မစင်တွေနဲ့ အိမ်သာက နေရာတွေမှာ ကပ်တွယ်နေနိုင်တဲ့ ရောဂါပိုးတွေဖြစ်ကြတဲ့ E. coliပိုး၊ ရေယုန်ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်၊ Streptococcus ရောဂါပိုး၊ အသည်းရောင် အသားဝါ A နဲ့ E ရောဂါပိုး အပါအဝင် အမျိုးမျိုးသော ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်ဖို့ပါ။

အိမ်သာမဝင်ခင် လက်ဆေးတဲ့အခါ

အိမ်သာ အဆင်းမှတင်မဟုတ်ဘဲ အိမ်သာဝင်တဲ့အချိန်မှာပါ လက်ဆေးတာက ဆီးလမ်းကြောင်း ပိုးဝင်တာ အပါအဝင် စအိုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါပိုးတွေ၊ မိန်းမကိုယ်ကို ဝင်ရောက်ကူးစက်နိုင်တဲ့ ရောဂါပိုးတွေနဲ့ အရေပြားပြဿနာ အမျိုးမျိုးကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

အိမ်သာအဝင်မှာ လက်ဆေးတာကို အမျိုးသားတွေထက် အမျိုးသမီးတွေက ပိုလုပ်သင့်ပါတယ်။ အိမ်သာသွားတဲ့အခါ အရှေ့ကနေ အနောက်ကို ဆွဲယူတဲ့ ပုံစံမျိုးနဲ့ သန့်စင်ပေးပါ။ ဒါမှ ရောဂါပိုးတွေကို အထိရောက်ဆုံး ဖယ်ရှားနိုင်မှာပါ။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

အိမ္သာမဝင္ခင္ လက္ေဆးသင့္လား…………

ေခါင္းစဥ္ကို ဖတ္ၿပီး..အိမ္သာဆင္းမွ လက္ေဆးရမွာေလ။ အိမ္သာမဝင္ခင္ လက္ေဆးရတယ္လို႔ မၾကားဖူးပါဘူး။ မျဖစ္ႏိုင္တာလို႔ ေတြးေနၿပီလား။

ဟုတ္ပါတယ္။ ငယ္စဥ္ကတည္းကေန ေတာက္ေလွ်ာက္ ၾကားလာခဲ့တာက အိမ္သာကအဆင္း၊ အစားအစာေတြကို မစားခင္၊ အရာဝတၳဳတစ္ခုခု၊ ညစ္ေပတဲ့အရာေတြကို ကိုင္တြယ္ၿပီးတိုင္းမွာ လက္ကို ေသခ်ာ စင္ၾကယ္ေအာင္ေဆးေၾကာပါဆိုတာပါ။

ဒါေပမယ့္ တကယ္ကေတာ့ အိမ္သာ မဝင္ခင္မွာလည္း လက္ကို ေသခ်ာ ေဆးေၾကာဖို႔လိုပါမယ္။ ဘာေၾကာင့္ ဒီလိုေျပာရတာလဲဆိုတာကို ေဆာင္းပါးေလးထဲမွာ ဖတ္ၾကည့္ေစခ်င္ပါတယ္။

အိမ္သာမဝင္ခင္ လက္ေဆးသင့္လား………..

ဟုတ္ပါတယ္။ အိမ္သာမဝင္ခင္မွာ လက္ေဆးသင့္ပါတယ္။ အေၾကာင္းကေတာ့ လက္က ကိုင္တြယ္ထိေတြ႕မႈ အမ်ားဆုံးျဖစ္သလို လက္ေခ်ာင္းေတြမွာ သာမန္ မ်က္စိနဲ႔ မျမင္ႏိုင္တဲ့ ေရာဂါပိုးမႊားေတြ အမ်ားႀကီး ကပ္ၿငိေနႏိုင္ပါတယ္။

ဒီလက္ေတြနဲ႔ ေရာဂါပိုး ဝင္ေရာက္ကူးစက္လြယ္တဲ့ အမ်ိဳးသားအဂၤါ၊ မိန္းမကိုယ္၊ စအိုစတာေတြကို ကိုင္တြယ္ထိေတြ႕တာက ေရာဂါပိုးေတြကို ကိုယ့္လက္နဲ႔ကိုယ္ ခႏၶာကိုယ္ထဲ အ​ေရာက္ပို႔လိုက္သလို ျဖစ္ႏိုင္ပါတယ္။

ေနာက္တစ္ခ်က္က အိမ္သာဝင္တဲ့အခါ ကိုင္တြယ္တဲ့ တံခါးလက္ကိုင္၊ အိမ္သာကေရပန္းေတြ နဲ႔ အျခား အသုံးအေဆာင္ေတြမွာ ဘက္တီးရီးယားေတြ႐ွိေႏိုင္ပါတယ္။ အိမ္သာဆိုတာက ဘက္တီးရီးယား မ်ားလြန္းတဲ့ေနရာပါ။ ဒီေနရာေတြကို ကိုင္တြယ္တာက လက္မွာ ဘက္တီးရီးယားေတြ ကပ္ပါလာမွာပါ။

ဒါေၾကာင့္ အတတ္ႏိုင္ဆုံး ဘက္တီးရီးယားေတြကို ေလွ်ာ့ခ်ႏိုင္ဖို႔ အိမ္သာမဝင္ခင္ ကိုယ့္ရဲ႕ ခႏၶာကိုယ္ အစိတ္အပိုင္းေတြကို ကိုင္တြယ္ထိေတြ႕မႈ မလုပ္ခင္မွာ လက္ကို ေရနဲ႔ ဆပ္ျပာသုံးၿပီး ေသခ်ာ သန္႔စင္ပါ။

အိမ္သာကို အသုံးျပဳၿပီးခ်ိန္မွာလည္း လက္ကို ေသခ်ာစြာ ေဆးေၾကာဖို႔ လိုပါမယ္။ ဒါကေတာ့ မစင္ေတြနဲ႔ အိမ္သာက ေနရာေတြမွာ ကပ္တြယ္ေနႏိုင္တဲ့ ေရာဂါပိုးေတြျဖစ္ၾကတဲ့ E. coliပိုး၊ ေရယုန္ျဖစ္ေစႏိုင္တဲ့ ဗိုင္းရပ္စ္၊ Streptococcus ေရာဂါပိုး၊ အသည္းေရာင္ အသားဝါ A နဲ႔ E ေရာဂါပိုး အပါအဝင္ အမ်ိဳးမ်ိဳးေသာ ေရာဂါပိုးေတြ အႏၲရာယ္ကေန ကာကြယ္ဖို႔ပါ။

အိမ္သာမဝင္ခင္ လက္ေဆးတဲ့အခါ

အိမ္သာ အဆင္းမွတင္မဟုတ္ဘဲ အိမ္သာဝင္တဲ့အခ်ိန္မွာပါ လက္ေဆးတာက ဆီးလမ္းေၾကာင္း ပိုးဝင္တာ အပါအဝင္ စအိုကေနတဆင့္ ကူးစက္ႏိုင္တဲ့ ေရာဂါပိုးေတြ၊ မိန္းမကိုယ္ကို ဝင္ေရာက္ကူးစက္ႏိုင္တဲ့ ေရာဂါပိုးေတြနဲ႔ အေရျပားျပႆနာ အမ်ိဳးမ်ိဳးကို ကာကြယ္ေပးႏိုင္မွာျဖစ္ပါတယ္။

အိမ္သာအဝင္မွာ လက္ေဆးတာကို အမ်ိဳးသားေတြထက္ အမ်ိဳးသမီးေတြက ပိုလုပ္သင့္ပါတယ္။ အိမ္သာသြားတဲ့အခါ အေ႐ွ႕ကေန အေနာက္ကို ဆြဲယူတဲ့ ပုံစံမ်ိဳးနဲ႔ သန္႔စင္ေပးပါ။ ဒါမွ ေရာဂါပိုးေတြကို အထိေရာက္ဆုံး ဖယ္႐ွားႏိုင္မွာပါ။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ

Upcoming Property Events

area-one-business-complex
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service