လုပ်ငန်းအများစု ပြန်လည်စတင်လာနိုင်ခြင်းက အိမ်ခြံမြေ လောကအတွက် အကောင်းဘက်ကိုဦးတည် - Property News in Myanmar from iMyanmarHouse.com
1088 Views

လုပ်ငန်းအများစု ပြန်လည်စတင်လာနိုင်ခြင်းက အိမ်ခြံမြေ လောကအတွက် အကောင်းဘက်ကိုဦးတည်

[Unicode]

အစိုးရအပြောင်းအလဲနှစ်တွင် ရန်ကုန်အိမ်ခြံမြေ စံသတ်မှတ်ချက်နှုန်းထား ဂယက်က ရန်ကုန်အိမ်ခြံမြေကို အရောင်းအဝယ်ကောင်းစေဖို့ မျှော်လင့်နေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေထံက သိရပါတယ်။

အိမ်ခြံမြေစံနှုန်းသတ်မှတ်ချက်တွေအများစုမှာ ၂၅ ရာခိုင်နှုန်း လောက်လျော့ကျလာတဲ့သဘောရှိတာပါ။

ပြည်တွင်းအခွန်ဦးစီးဌာနက ထုတ်ပြန်သော ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်များ၏ ကာလတန်ဖိုး သတ်မှတ်ပေးမည့် စံနှုန်းထုတ် ပြန်ချက်တွင် ဒဂုံမြို့နယ် ပြည်လမ်းမပေါ်ရှိ မြေ တစ်စတုရန်းပေ တန်ဖိုးကို ကျပ် သုံးသိန်း သတ် မှတ်ထားသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက လုပ်ငန်းများပြန်လည်စတင်ပြီး ကပ်ရောဂါကို စည်းကမ်းချက်နဲ့အညီ ယှဉ်တွဲနေထိုင်မယ်ဆိုတာကလည်း အိမ်ခြံမြေဈေးကွက်ကို ပြန်လည်ကောင်းမွန်စေမယ့်သဘောလည်းဖြစ်ပါတယ်။

ပြီးခဲ့သည့် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် ကျပ် လေးသိန်း သတ်မှတ်ခြင်းကြောင့် (၂၅ ရာခိုင်နှုန်း) လျှော့ချလိုက် ခြင်းဖြစ်သည်။ ထိုအတူ လမ်းမတော်မြို့နယ် ဗိုလ်ချုပ်လမ်းတွင်လည်း မြေ တစ်စတုရန်းပေ တန်ဖိုးကို ကျပ် ၂၄၅,၀၀၀ မှ ကျပ် နှစ်သိန်းသို့ လျှော့ချလိုက်သည်။

အိမ်ခြံမြေ ဈေးကွက်တွင် တစ်ပေပတ်လည် စံနှုန်းသတ်မှတ်ချက်သည် တရားဝင် ဝင်ငွေရ လမ်းမဖော်ပြနိုင်သည့် ငွေကြေး များဖြင့် အိမ်မြေဝယ်ယူရာ၌ သတ်မှတ် အခွန်ကောက်နိုင်ရန် အစိုးရက တစ်နှစ်တစ်ကြိမ် ပြဋ္ဌာန်းပေးသည့် အခြခံနှုန်းထား တစ်ခုဖြစ်သည်။

သတ်မှတ်မြို့ နယ်များရှိ အိမ်၊ မြေများ ရောင်း ဝယ်ပြီး တရားဝင်ပိုင်ဆိုင်မှု ပြောင်းလဲမည်ဆိုလျှင် စံသတ်မှတ်ထားသော နှုန်းထားဖြင့် အခွန်ပေးဆောင်ရမည်ဖြစ်သည်။

အစိုးရက အခွန်ကောက်ခံရာတွင် ရာဖြတ်တန်ဖိုးအဖြစ် စံနှုန်းသတ်မှတ်သည့် မြေတန်ဖိုး နှုန်းထားများ လျှော့ချပေးခြင်းက ဈေးကွက်အတွင်း အရောင်းအဝယ်များ တိုးတက်လာနိုင်သည်ဟု အိမ်ခြံမြေအကျိုးဆောင်အချို့က ပြောသည်။

၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွက် တရားဝင် ဝင်ငွေရလမ်း မဖော်ပြနိုင်သောငွေ (စည်းကြပ်မှု ကင်းလွတ်နေသောဝင်ငွေ) များဖြင့် အိမ်မြေဝယ်ယူပြီး တရားဝင် ပိုင်ဆိုင်မှုပြောင်းလဲလျှင် ပေးဆောင်ရမည့် ဝင်ငွေခွန်နှုန်းထားကိုလည်း အစိုးရက ၆ ရာခိုင် နှုန်းအထိ လျှော့ချပေးထားသည်။

လက်ရှိ အိမ်ခြံမြေ တစ်ပေပတ် လည်စံနှုန်းများကိုလည်း ထပ်မံလျှော့ချ သတ်မှတ်ပေးခြင်းကြောင့် COVID အလွန်တွင် အိမ်မြေအရောင်းအဝယ် အလားအလာကောင်းလာနိုင်သည်ဟု ၎င်းကဆိုသည်။

COVID-19 ကပ်ရောဂါ ကြောင့် လက်ရှိ ရန်ကုန်အိမ်ခြံ မြေဈေးကွက် အခြေအနေသည် အေးစက်နေသည်။ ငွေဖော်လို သူများရှိနေခြင်းကြောင့် ရောင်း လိုအားက ဦးဆောင်နေသော ဈေးကွက် အခြေအနေဖြစ်နေသည်ဟု အကျိုးဆောင်အချို့က ပြောသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]















Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service