မှိုတက်နေသော အစားအစာများကို မတော်တဆစားမိပါက ဘာဖြစ်တတ်လဲ ...? - Property Knowledge in Myanmar from iMyanmarHouse.com
2765 Views

မှိုတက်နေသော အစားအစာများကို မတော်တဆစားမိပါက ဘာဖြစ်တတ်လဲ ...?

Knowledge | Posted by Si Thu Aung

[Unicode]

ရက်စွဲ သေချာမကြည့်မိဘဲနဲ့ ရက်လွန်နေတဲ့အစားအစာများကို စားသုံးမိခြင်း၊ မှိုတက်နေမှန်း မသိဘဲ တစ်ကိုက်လောက် စားကြည့်ပြီးမှ မှိုတက်နေမှန်း သိသွားတာမျိုးတွေကို ဘဝမှာ တစ်ကြိမ်တစ်ခါလောက်တော့ ကြုံဖူးကြပါလိမ့်မယ်။

ထိုကဲ့သို့ မှိုတက်နေတဲ့အစားအစာတွေကို စားသုံးမိတဲ့အခါ သင့်ခန္ဓာကိုယ်က ပုံစံအမျိုးမျိုးနဲ့ တုံ့ပြန်တတ်ပါတယ်။ ဘယ်လိုနည်းနဲ့ တုံ့ပြန်တတ်သလဲ ဆိုတာကို အတူတူလေ့လာကြည့်လိုက်ရအောင်။

မှိုထဲမှာ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းများ ပါဝင်တာကြောင့် မှိုတက်နေသော အစားအစာများကို စားသုံးမိပါက အသည်း ပျက်စီးခြင်း၊ အော့အန်ခြင်း၊ ကိုယ်လက် မအီမသာဖြစ်ခြင်းတို့ ဖြစ်ပွားတတ်ပါတယ်။ ထိုကဲ့သို့ ဖြစ်ပွားရခြင်းကလည်း သင့်ရဲ့အသက်အရွယ်နဲ့ ကိုယ်ခံစွမ်းအားပေါ် မူတည်နေပါသေးတယ်။

ထိုအထဲကမှ Aflatoxin လို့ခေါ်တဲ့ ဓာတုပစ္စည်းကတော့ အဆိပ်အပြင်းဆုံးဖြစ်ပြီး ကင်ဆာရောဂါကိုတောင် ဖြစ်ပွားစေပါတယ်။ မှိုတက်နေတဲ့ အစားအစာတိုင်းကတော့ ကင်ဆာရောဂါ မဖြစ်ပွားစေပါဘူး။ ဒါပေမဲ့ ပြောင်းဖူး၊ မြေပဲတို့မှာ ရှိနေတဲ့ မှိုတွေကတော့ ကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်ပါတယ်။

အစာအဆိပ်သင့်ခြင်း

မှိုထဲမှာရှိတဲ့ ဘက်တီးရီးယားများက အစာအဆိပ်သင့်စေတဲ့ ရောဂါလက္ခဏာများကို ဖြစ်ပေါ်စေပါတယ်။ သင်က အစားအစာ တစ်ခုခု စားပြီးတဲ့အခါ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ မူးဝေအော့အန်ခြင်းတို့ ခံစားရပြီဆိုရင်တော့ ဒါက အစာအဆိပ်သင့်တဲ့ လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။

မှိုနှင့် ဓာတ်မတည့်ခြင်း

မှိုတက်နေတဲ့အစားအစာများကို ထိတွေ့ကိုင်တွယ်လိုက်ရုံနဲ့တင် ဓာတ်မတည့်သူများ ရှိတတ်ပါတယ်။ ထိုကဲ့သို့ ကိုင်တွယ်လိုက်ရုံမျှဖြင့် အရေပြား ယားယံခြင်း၊ မျက်ရည်ကျခြင်း၊ အင်ပျဉ်ထခြင်း၊ အနီစက်ထခြင်း၊ အသက်ရှူမဝတော့ဘဲ အသက်ရှူသည့်အခါ တရွှီရွှီမြည်ခြင်း၊ နှာရည်ယိုခြင်း (သို့) နှာခေါင်းပိတ်ခြင်း တို့ကို ခံစားရပါက နီးစပ်ရာဆရာဝန်ထံ အမြန်ဆုံးကုသမှု ခံယူဖို့လိုအပ်ပါတယ်။ ထိုရောဂါလက္ခဏာများက မှိုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်ခြင်းတွေပဲဖြစ်ပါတယ်။

အချို့မှိုတက်နေသော အစားအစာများကိုတော့ ခန္ဓာကိုယ်က အလွယ်တကူအစာချေဖျက်ပေးနိုင်ပါတယ်။

ချိစ်ပြုလုပ်တဲ့အခါ အသုံးပြုတဲ့မှိုတွေကိုတော့ စိတ်ချလက်ချ စားသုံးနိုင်ပါတယ်။ Gorgonzola ၊ Roquefort နဲ့ Blue ချိစ်များ ပြုလုပ်တဲ့အခါ မှိုများနဲ့ ထိတွေ့စေပြီး အရသာရှိတဲ့ချိစ်ဖြစ်သွားအောင် ဖန်တီးထားကြပါတယ်။ Camembert နဲ့ Brie ချိစ်များမှာလည်း အဖြူရောင်မှိုလေးများ ပါဝင်ပါတယ်။

မှိုနဲ့ အချဉ်ဖောက်ထားတယ်ဆိုပေမယ့်လည်း ရက်လွန်နေသောကြောင့် ဖြစ်ပေါ်တဲ့ မှိုများကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ ဒါ့အပြင် အထက်က ဖော်ပြထားခဲ့သလိုပဲ မှိုနဲ့ ဓာတ်မတည့်သူများက ထိုချိစ်များ စားသုံးရန် (လုံးဝ) မသင့်တော်ပါဘူး။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: အစိမ်းရောင်လမ်း

 

[Zawgyi]






အစာအဆိပ်သင့်ခြင်း











Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service