ရန်ကုန်မြို့သစ်စီမံကိန်းတွင် နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်း ၅၀ ရာခိုင်နူန်းခန့် ဖန်တီးပေးသင့် ဟု ထောက်ပြမှုများရှိ - Property News in Myanmar from iMyanmarHouse.com
1012 Views

ရန်ကုန်မြို့သစ်စီမံကိန်းတွင် နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်း ၅၀ ရာခိုင်နူန်းခန့် ဖန်တီးပေးသင့် ဟု ထောက်ပြမှုများရှိ

[Unicode]

ရန်ကုန်မြို့တော် မြို့ပြဖွံဖြိုးတိုးတက်ရေး စီမံကိန်းသစ်တွင် နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့် အလမ်း ၅၀ ရာခိုင်နူန်းခန့် ဖန်တီးပေးသင့်ကြောင်း နိုင်ငံသားဆောက်လုပ်ရေးလုပ်ငန်းရှင်အသီးသီးမှ ထောက်ပြမှုများ ရှိနေကြောင်း သိရသည်။

“စီးပွားရေးမြို့တော်လည်း ဖြစ်တဲ့ ရန်ကုန်ထဲမှာ ဆောင်ရွက် တဲ့ စီမံကိန်း၊ ဒီလိုစီမံကိန်းမှာ နိုင်ငံသားလုပ်ငန်းရှင်တွေ ဆောင်ရွက်ချင်တယ်၊ အခုလို ကိုဗစ်ကာလကြီး မှာ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးနေတဲ့ ကာလကြီးမှာ လုပ်ငန်းရှင်တိုင်း ဝန်ထမ်းပိုင်း ရောတည် ဆောက်ရေးလုပ်သား တွေရောအလုပ် အကိုင်အခွင့်အလမ်းရလာမှာဖြစ်တဲ့အတွက် ဒီစီမံကိန်းမှာ အနည်းဆုံး နိုင်ငံသားတွေ ငါးဆယ် ရာခိုင်နှုန်းလောက်ကို အလုပ်အကိုင်အခွင့်အလမ်းအတွက်ရော၊ ကျွန်တော်တို့နိုင်ငံသားတွေရဲ့ အခုလက်ရှိ ကိုဗစ်-၁၉ ကို ကုစားရေးအတွက် ရောပေးသင့်တယ်လို့ သုံးသပ်မိပါတယ်၊ ဒီမြို့သစ်ကြီး ဒီလောက် ကြီးမားတဲ့ စီမံကိန်းတစ်ခုလုံးကို နိုင်ငံခြားကိုချည်း ၁၀၀ ရာခိုင်နှုန်းပေးမယ်ဆိုရင် ဒီစီမံကိန်းအတွင်း မှာ အသေးစိတ် အချက်အလက်တွေကို တွေ့ခွင့်ရဖို့ ခက်ခဲသွားမယ့် အချက်လည်းရှိပါတယ်” ဟု MKT ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးမျိုးမြင့် က ပြောဆိုသည်။

“အလုပ်အကိုင်အခွင့်အလမ်းရှားပါးနေတဲ့ အခုလို ကိုဗစ်ကာလမှာ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ တိုင်းပြည်တွေ အကုန်လုံး ရုန်းထနေတဲ့အချိန်မှာ လုပ်နိုင်တဲ့သူတွေ ပေါင်းထားတဲ့ အဖွဲ့အစည်းကို မြို့သစ်စီမံကိန်းချ ပေးလိုက်ရင် ပြည်တွင်းက ဆောက်လုပ်ရေးလုပ်သားတွေ၊ ဝန်ထမ်းတွေ အများကြီး အလုပ်အကိုင်ရမယ်၊ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ကောင်းလာမယ်၊ နိုင်ငံသားတွေ တာဝန်ယူပြီးလုပ်တဲ့အတွက် နိုင်ငံတော်အနေနဲ့လည်း အကျိုးအမြတ်ဆုံးရှုံးစရာမရှိဘူး “ဟု မြန်မာနိုင်ငံဆောက်လုပ်ရေး ဆိုင် ရာ လုပ်ငန်းရှင်များအသင်းချုပ် ဘဏ္ဍာရေးမှူး ဦးမျိုးသီဟ က ဆိုသည်။

ထို့ပြင် ရန်ကုန်မြို့တစ်ဘက်ကမ်းတွင် အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ်စီမံကိန်းအတွက် ကုမ္ပဏီအဖွဲ့ အစည်းလုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ(EOI) အား Swiss Challenge တင်ဒါကော်မတီမှ ခေါ်ယူခဲ့မှုအပေါ် ဝေဖန်မှုများ အသီးသီး ထွက်ပေါ်လျက်ရှိသည်။

“ဒီစီမံကိန်းက လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တွေက ဒီနေရာကို အဆိုပြု ကြိုးစားပြီးတော့ စာချုပ်ချုပ်ဆိုခဲ့ဖူးတဲ့ စီမံကိန်းဖြစ်ပါတယ်၊ သို့သော်လည်း အခုမှရောက်ရှိလာပြီးတော့ မြန်မာလူမျိုးတွေ တင်သွင်းအဆိုပြုစဉ်းစားထားတဲ့ စီမံကိန်းကို နိုင်ငံခြားကုမ္ပဏီက လာရောက်အကောင်အထည်ဖော်ပြီး မြန်မာနိုင်ငံသား တိုင်းရင်းသားလုပ်ငန်းရှင်တွေကို Swiss Challenge ပါဝင်ယှဉ်ပြိုင်ခွင့်ပေးရတယ်ဆိုတာမျိုးကျတော့ နည်းနည်းပြောင်းပြန်ဖြစ်နေသလိုမျိုး ခံစားရတယ်၊ တကယ်တမ်းဆို မြန်မာနိုင်ငံသား တိုင်းရင်းသားလုပ်ငန်းရှင်တွေကပဲ နိုင်ငံတကာ က ဘယ်သူတွေ လာယှဉ်ပြိုင်ချင်လဲလို့ Swiss Challenge ခေါ်ရမယ့် သဘောမျိုးလို့ ထင်ပါတယ် “ဟု မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံ ဖွံဖြိုးရေးလုပ်ငန်းရှင်များအသင်း ဒုဥက္ကဌ ဦးကျော်သက်လိူင်က ပြော ဆိုသည်။

အဆိုပါ ရန်ကုန်မြို့သစ်စီမံကိန်း၏ ပထမအဆင့် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရေးအတွက် စိတ်ပါဝင်စားသည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများကို လုပ်ငန်းဆောင်ရွက်မှု အဆိုပြုလွှာ(Expression of Interest-EOI) အား Swiss Challenge တင်ဒါကော်မတီက ခေါ်ယူထားခဲ့ပြီး ပြင်သစ်၊ မြန်မာ၊ အိန္ဒိယ၊ တရုတ်၊ စင်ကာပူ မှ အဖွဲ့အစည်းအသီးသီး အဆိုပြုလွှာတင်သွင်းထားကြောင်း သိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းတြင္ ႏိုင္ငံသားမ်ားအတြက္ အလုပ္အကိုင္အခြင့္အလမ္း ၅၀ ရာခိုင္ႏူန္းခန္႔ ဖန္တီးေပးသင့္ ဟု ေထာက္ျပမႈမ်ား႐ွိ

ရန္ကုန္ၿမိဳ႕ေတာ္ ၿမိဳ႕ျပဖြံၿဖိဳးတိုးတက္ေရး စီမံကိန္းသစ္တြင္ ႏိုင္ငံသားမ်ားအတြက္ အလုပ္အကိုင္အခြင့္ အလမ္း ၅၀ ရာခိုင္ႏူန္းခန္႔ ဖန္တီးေပးသင့္ေၾကာင္း ႏိုင္ငံသားေဆာက္လုပ္ေရးလုပ္ငန္း႐ွင္အသီးသီးမွ ေထာက္ျပမႈမ်ား ႐ွိေနေၾကာင္း သိရသည္။

“စီးပြားေရးၿမိဳ႕ေတာ္လည္း ျဖစ္တဲ့ ရန္ကုန္ထဲမွာ ေဆာင္႐ြက္ တဲ့ စီမံကိန္း၊ ဒီလိုစီမံကိန္းမွာ ႏိုင္ငံသားလုပ္ငန္း႐ွင္ေတြ ေဆာင္႐ြက္ခ်င္တယ္၊ အခုလို ကိုဗစ္ကာလႀကီး မွာ အလုပ္အကိုင္အခြင့္အလမ္း ႐ွားပါးေနတဲ့ ကာလႀကီးမွာ လုပ္ငန္း႐ွင္တိုင္း ဝန္ထမ္းပိုင္း ေရာတည္ ေဆာက္ေရးလုပ္သား ေတြေရာ အလုပ္အကိုင္အခြင့္အလမ္းရလာမွာျဖစ္တဲ့အတြက္ ဒီစီမံကိန္းမွာ အနည္းဆုံး ႏိုင္ငံသားေတြ ငါးဆယ္ ရာခိုင္ႏႈန္းေလာက္ကို အလုပ္အကိုင္အခြင့္အလမ္းအတြက္ေရာ၊ ကြၽန္ေတာ္တို႔ႏိုင္ငံသားေတြရဲ႕ အခုလက္႐ွိ ကိုဗစ္-၁၉ ကို ကုစားေရးအတြက္ ေရာေပးသင့္တယ္လို႔ သုံးသပ္မိပါတယ္၊ ဒီၿမိဳ႕သစ္ႀကီး ဒီေလာက္ ႀကီးမားတဲ့ စီမံကိန္းတစ္ခုလုံးကို ႏိုင္ငံျခားကိုခ်ည္း ၁၀၀ ရာခိုင္ႏႈန္းေပးမယ္ဆိုရင္ ဒီစီမံကိန္းအတြင္း မွာ အေသးစိတ္ အခ်က္အလက္ေတြကို ေတြ႕ခြင့္ရဖို႔ ခက္ခဲသြားမယ့္ အခ်က္လည္း႐ွိပါတယ္” ဟု MKT ေဆာက္လုပ္ေရးလုပ္ငန္း႐ွင္ ဦးမ်ိဳးျမင့္ က ေျပာဆိုသည္။

“အလုပ္အကိုင္အခြင့္အလမ္း႐ွားပါးေနတဲ့ အခုလို ကိုဗစ္ကာလမွာ တစ္ကမ႓ာလုံးမွာ ႐ွိတဲ့ တိုင္းျပည္ေတြ အကုန္လုံး ႐ုန္းထေနတဲ့အခ်ိန္မွာ လုပ္ႏိုင္တဲ့သူေတြ ေပါင္းထားတဲ့ အဖြဲ႕အစည္းကို ၿမိဳ႕သစ္စီမံကိန္းခ် ေပးလိုက္ရင္ ျပည္တြင္းက ေဆာက္လုပ္ေရးလုပ္သားေတြ၊ ဝန္ထမ္းေတြ အမ်ားႀကီး အလုပ္အကိုင္ရမယ္၊ အလုပ္အကိုင္အခြင့္အလမ္းေတြလည္း ေကာင္းလာမယ္၊ ႏိုင္ငံသားေတြ တာဝန္ယူၿပီးလုပ္တဲ့အတြက္ ႏိုင္ငံေတာ္အေနနဲ႔လည္း အက်ိဳးအျမတ္ဆုံး႐ႈံးစရာမ႐ွိဘူး “ဟု ျမန္မာႏိုင္ငံေဆာက္လုပ္ေရးဆိုင္ရာ လုပ္ငန္း႐ွင္မ်ားအသင္းခ်ဳပ္ ဘ႑ာေရးမႉး ဦးမ်ိဳးသီဟ က ဆိုသည္။

ထို႔ျပင္ ရန္ကုန္ၿမိဳ႕တစ္ဘက္ကမ္းတြင္ အေကာင္အထည္ေဖာ္မည့္ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းအတြက္ ကုမၸဏီအဖြဲ႕ အစည္းလုပ္ငန္းေဆာင္႐ြက္လိုမႈအဆိုျပဳလႊာ(EOI) အား Swiss Challenge တင္ဒါေကာ္မတီမွ ေခၚယူခဲ့မႈအေပၚ ေဝဖန္မႈမ်ား အသီးသီး ထြက္ေပၚလ်က္႐ွိသည္။

“ဒီစီမံကိန္းက လြန္ခဲ့တဲ့ ၁၀ ႏွစ္ေလာက္ကတည္းက ျမန္မာႏိုင္ငံသား စီးပြားေရးလုပ္ငန္း႐ွင္ေတြက ဒီေနရာကို အဆိုျပဳ ႀကိဳးစားၿပီးေတာ့ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ဖူးတဲ့ စီမံကိန္းျဖစ္ပါတယ္၊ သို႔ေသာ္လည္း အခုမွေရာက္႐ွိလာၿပီးေတာ့ ျမန္မာလူမ်ိဳးေတြ တင္သြင္းအဆိုျပဳစဥ္းစားထားတဲ့ စီမံကိန္းကို ႏိုင္ငံျခားကုမၸဏီက လာေရာက္အေကာင္အထည္ေဖာ္ၿပီး ျမန္မာႏိုင္ငံသား တိုင္းရင္းသားလုပ္ငန္း႐ွင္ေတြကို Swiss Challenge ပါဝင္ယွဥ္ၿပိဳင္ခြင့္ေပးရတယ္ဆိုတာမ်ိဳးက်ေတာ့ နည္းနည္းေျပာင္းျပန္ျဖစ္ေနသလိုမ်ိဳး ခံစားရတယ္၊ တကယ္တမ္းဆို ျမန္မာႏိုင္ငံသား တိုင္းရင္းသားလုပ္ငန္း႐ွင္ေတြကပဲ ႏိုင္ငံတကာ က ဘယ္သူေတြ လာယွဥ္ၿပိဳင္ခ်င္လဲလို႔ Swiss Challenge ေခၚရမယ့္ သေဘာမ်ိဳးလို႔ ထင္ပါတယ္ “ဟု ျမန္မာၿမိဳ႕ျပႏွင့္ အေျခခံအေဆာက္အအုံ ဖြံၿဖိဳးေရးလုပ္ငန္း႐ွင္မ်ားအသင္း ဒုဥကၠဌ ဦးေက်ာ္သက္လိူင္က ေျပာ ဆိုသည္။

အဆိုပါ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္း၏ ပထမအဆင့္ လုပ္ငန္းစဥ္မ်ား အေကာင္အထည္ေဖာ္ႏိုင္ေရးအတြက္ စိတ္ပါဝင္စားသည့္ ကုမၸဏီ၊ အဖြဲ႕အစည္းမ်ားကို လုပ္ငန္းေဆာင္႐ြက္မႈ အဆိုျပဳလႊာ(Expression of Interest-EOI) အား Swiss Challenge တင္ဒါေကာ္မတီက ေခၚယူထားခဲ့ၿပီး ျပင္သစ္၊ ျမန္မာ၊ အိႏၵိယ၊ တ႐ုတ္၊ စင္ကာပူ မွ အဖြဲ႕အစည္းအသီးသီး အဆိုျပဳလႊာတင္သြင္းထားေၾကာင္း သိရသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service