ဘေဘီလေးကို လက်ဖက်သုပ်ကျွေးလို့ရလား………… - Property Knowledge in Myanmar from iMyanmarHouse.com
2671 Views

ဘေဘီလေးကို လက်ဖက်သုပ်ကျွေးလို့ရလား…………

Knowledge | Posted by Zarni Kyaw

[Unicode]

အသီးမှာ သရက်၊ အသားမှာ ဝက်၊ အရွက်မှာ လက်ဖက်ဆိုတဲ့ စာဆိုလေးအတိုင်း အရွက်တွေထဲမှာ လက်ဖက်က တော်တော်လေး အရသာရှိတယ်နော်။ နေ့ခင်းနေ့လယ် အဆာပြေ အနေနဲ့ သုပ်စားစား၊ ထမင်းပူပူလေးနဲ့ပဲ တွဲစားစား စားလို့ကောင်းပြီး ခံတွင်းမြိန်စေတဲ့ လက်ဖက်က ဘေဘီလေးတွေကိုရော ကျွေးလို့ ရမလား။

ဘေဘီလေးတွေက လက်ဖက်စားတဲ့အခါ နည်းနည်းဆိုပြီး လာတောင်းလို့ ခွံ့ချင်တယ်ဆိုရင် မခွံ့ခင် ဒီဆောင်းပါးလေးကို အရင်ဖတ်ကြည့်လိုက်နော်။

ဘေဘီလေးကို လက်ဖက်သုပ်ကျွေးလို့ ရမလား…………

ဘေဘီလေးက တစ်နှစ်ကျော်ပြီ အစားလေးလည်း တော်တော်များများ စားတတ်ပြီ။ တီတီတွေ၊ ဖွားဖွားတွေ လက်ဖက်စားတဲ့အခါ အနားရောက်လာပြီး နည်းနည်းဆိုပြီး ပါးစပ်လေးဟတဲ့အခါ ခွံ့မိချင်မှာပါ။ ချစ်တာကိုး။

ဒါပေမယ့် ဘေဘီလေးကို လက်ဖက် မခွံ့ဖို့ ပြောပါရစေ။ လက်ဖက်က စားကောင်းတာ မှန်ပေမယ့် နုနယ်သေးတဲ့ ဘေဘီလေးတွေအတွက်တော့ မသင့်တော်ပါဘူး။

ဘေဘီလေးကို လက်ဖက်ကျွေးချင်တယ်ဆိုရင် အနည်းဆုံး အသက် ၈ နှစ်လောက်မှ နည်းနည်းချင်းပဲ စကျွေးသင့်ပါတယ်။

ဘေဘီလေးကို လက်ဖက်ကျွေးရင် ဘာတွေ ဖြစ်လာနိုင်လဲ………… ဘေဘီလေးကို လက်ဖက်ကျွေးရင်

နှလုံးခုန် မြန်စေမယ်။

လက်ဖက်မှာပါတဲ့ ကဖင်းက ခန္ဓာကိုယ်ရဲ့ တစ်ရှူးတွေ အားလုံးဆီ ရောက်သွားပြီး သွေးပေါင်ချိန်ကို တက်စေတာ၊ နှလုံးခုန်မြန်တာမျိုးတွေ ဖြစ်စေပါတယ်။ ဒါတင်မကသေးပါဘူး လက်ဖက်မှာပါတဲ့ ကဖင်းက ခန္ဓာကိုယ် အပူချိန်ကို ပြောင်းစေပြီး အစာခြေရည်ကိုလည်း ပြောင်းလဲစေပါတယ်။

စိတ်ခံစားမှုကို ထိခိုက်စေမယ်။

လက်ဖက်စားရင် စိတ်ဓာတ်ကြွမှုကို ခံစားရနိုင်ပေမယ့် ရေရှည်မှာ စိတ်ဓာတ်ကျတာ၊ စိုးရိမ်စိတ်များတာတွေကို ခံစားရနိုင်ပါတယ်။ ဘေဘီလေးရဲ့ အာရုံ စူးစိုက်နိုင်မှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။

အိပ်ရေးပျက်စေမယ်။

လက်ဖက်စားရင် အိပ်မပျော်တာက လူကြီးတွေမှာမှ ဖြစ်တာမဟုတ်ပါဘူး။ ကလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ လက်ဖက်က နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ ခက်စေပါတယ်။

ဦးနှောက် ဖွံ့ဖြိုးမှုကို ထိခိုက်စေမယ်။

လက်ဖက်က ခန္ဓာကိုယ်ရဲ့ သံဓာတ်စုပ်ယူမှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ကလေး တစ်ယောက်အနေနဲ့ သံဓာတ်မပြည့်ဝတာက အာရုံစူးစိုက်မှု အားနည်းသလို ဦးနှောက်နဲ့ ဉာဏ်ရည် ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။

သွေးအားနည်းစေမယ်။

ဘေဘီလေး အများစုဟာ သံဓာတ် ချို့တဲ့မှုကြောင့် သွေးအားနည်းရောဂါကို ခံစားကြရပါတယ်။ လက်ဖက်က အပေါ်မှာ ပြောခဲ့သလို သံဓာတ် စုပ်ယူမှုကို ထိခိုက်စေနိုင်တာကြောင့် ဘေဘီလေးကို သွေးအားနည်းရောဂါ ခံစားရစေနိုင်ပါတယ်။

ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေမယ်။

လက်ဖက်က အစာစားချင်စိတ်ကို ဖြစ်စေနိုင်သလို အစားမစားချင်တာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။ ကဖင်းက ကြီးထွားဖို့ အရှိန်ယူနေတဲ့ ဘေဘီလေးရဲ့ အာဟာရတွေကို ရယူမှုကို အဟန့်အတားဖြစ်စေနိုင်သလို အရိုးတွေ သန်မာစေဖို့ လိုအပ်တဲ့ ကယ်လ်ဆီယမ် စုပ်ယူမှုကိုလည်း အဟန့်အတားဖြစ်စေနိုင်ပါတယ်။

လေထစေမယ်။

လက်ဖက်စားတာက ဘေဘီလေးရဲ့ ဝမ်းဗိုက်လေးကို မအီမသာဖြစ်စေပြီး လေထိုးလေအောင့်တာတွေ ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် လက်ဖက်က စားကောင်းတယ်ဆိုရင်တောင် ဘေဘီလေးကို ထိခိုက်စေနိုင်တာတွေ များတာကြောင့် မကျွေးဖို့ ပြောပါရစေ။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

ေဘဘီေလးကို လက္ဖက္သုပ္ေကြၽးလို႔ရလား…………

အသီးမွာ သရက္၊ အသားမွာ ဝက္၊ အ႐ြက္မွာ လက္ဖက္ဆိုတဲ့ စာဆိုေလးအတိုင္း အ႐ြက္ေတြထဲမွာ လက္ဖက္က ေတာ္ေတာ္ေလး အရသာ႐ွိတယ္ေနာ္။ ေန႔ခင္းေန႔လယ္ အဆာေျပ အေနနဲ႔ သုပ္စားစား၊ ထမင္းပူပူေလးနဲ႔ပဲ တြဲစားစား စားလို႔ေကာင္းၿပီး ခံတြင္းၿမိန္ေစတဲ့ လက္ဖက္က ေဘဘီေလးေတြကိုေရာ ေကြၽးလို႔ ရမလား။

ေဘဘီေလးေတြက လက္ဖက္စားတဲ့အခါ နည္းနည္းဆိုၿပီး လာေတာင္းလို႔ ခြံ႕ခ်င္တယ္ဆိုရင္ မခြံ႕ခင္ ဒီေဆာင္းပါးေလးကို အရင္ဖတ္ၾကည့္လိုက္ေနာ္။

ေဘဘီေလးကို လက္ဖက္သုပ္ေကြၽးလို႔ ရမလား…………

ေဘဘီေလးက တစ္ႏွစ္ေက်ာ္ၿပီ အစားေလးလည္း ေတာ္ေတာ္မ်ားမ်ား စားတတ္ၿပီ။ တီတီေတြ၊ ဖြားဖြားေတြ လက္ဖက္စားတဲ့အခါ အနားေရာက္လာၿပီး နည္းနည္းဆိုၿပီး ပါးစပ္ေလးဟတဲ့အခါ ခြံ႕မိခ်င္မွာပါ။ ခ်စ္တာကိုး။

ဒါေပမယ့္ ေဘဘီေလးကို လက္ဖက္ မခြံ႕ဖို႔ ေျပာပါရေစ။ လက္ဖက္က စားေကာင္းတာ မွန္ေပမယ့္ ႏုနယ္ေသးတဲ့ ေဘဘီေလးေတြအတြက္ေတာ့ မသင့္ေတာ္ပါဘူး။

ေဘဘီေလးကို လက္ဖက္ေကြၽးခ်င္တယ္ဆိုရင္ အနည္းဆုံး အသက္ ၈ ႏွစ္ေလာက္မွ နည္းနည္းခ်င္းပဲ စေကြၽးသင့္ပါတယ္။

ေဘဘီေလးကို လက္ဖက္ေကြၽးရင္ ဘာေတြ ျဖစ္လာႏိုင္လဲ………… ေဘဘီေလးကို လက္ဖက္ေကြၽးရင္

ႏွလုံးခုန္ ျမန္ေစမယ္။

လက္ဖက္မွာပါတဲ့ ကဖင္းက ခႏၶာကိုယ္ရဲ႕ တစ္႐ွဴးေတြ အားလုံးဆီ ေရာက္သြားၿပီး ေသြးေပါင္ခ်ိန္ကို တက္ေစတာ၊ ႏွလုံးခုန္ျမန္တာမ်ိဳးေတြ ျဖစ္ေစပါတယ္။ ဒါတင္မကေသးပါဘူး လက္ဖက္မွာပါတဲ့ ကဖင္းက ခႏၶာကိုယ္ အပူခ်ိန္ကို ေျပာင္းေစၿပီး အစာေျခရည္ကိုလည္း ေျပာင္းလဲေစပါတယ္။

စိတ္ခံစားမႈကို ထိခိုက္ေစမယ္။

လက္ဖက္စားရင္ စိတ္ဓာတ္ႂကြမႈကို ခံစားရႏိုင္ေပမယ့္ ေရ႐ွည္မွာ စိတ္ဓာတ္က်တာ၊ စိုးရိမ္စိတ္မ်ားတာေတြကို ခံစားရႏိုင္ပါတယ္။ ေဘဘီေလးရဲ႕ အာ႐ုံ စူးစိုက္ႏိုင္မႈကိုလည္း ထိခိုက္ေစႏိုင္ပါတယ္။

အိပ္ေရးပ်က္ေစမယ္။

လက္ဖက္စားရင္ အိပ္မေပ်ာ္တာက လူႀကီးေတြမွာမွ ျဖစ္တာမဟုတ္ပါဘူး။ ကေလးေတြမွာလည္း ျဖစ္ႏိုင္ပါတယ္။ လက္ဖက္က ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ဖို႔ ခက္ေစပါတယ္။

ဦးေႏွာက္ ဖြံ႕ၿဖိဳးမႈကို ထိခိုက္ေစမယ္။

လက္ဖက္က ခႏၶာကိုယ္ရဲ႕ သံဓာတ္စုပ္ယူမႈကို အဟန္႔အတားျဖစ္ေစႏိုင္ပါတယ္။ ႀကီးထြားဖြံ႕ၿဖိဳးဖို႔ အ႐ွိန္ယူေနတဲ့ ကေလး တစ္ေယာက္အေနနဲ႔ သံဓာတ္မျပည့္ဝတာက အာ႐ုံစူးစိုက္မႈ အားနည္းသလို ဦးေႏွာက္နဲ႔ ဉာဏ္ရည္ ဖြံ႕ၿဖိဳးမႈကို ထိခိုက္ေစႏိုင္ပါတယ္။

ေသြးအားနည္းေစမယ္။

ေဘဘီေလး အမ်ားစုဟာ သံဓာတ္ ခ်ိဳ႕တဲ့မႈေၾကာင့္ ေသြးအားနည္းေရာဂါကို ခံစားၾကရပါတယ္။ လက္ဖက္က အေပၚမွာ ေျပာခဲ့သလို သံဓာတ္ စုပ္ယူမႈကို ထိခိုက္ေစႏိုင္တာေၾကာင့္ ေဘဘီေလးကို ေသြးအားနည္းေရာဂါ ခံစားရေစႏိုင္ပါတယ္။

ႀကီးထြားဖြံ႕ၿဖိဳးမႈကို ထိခိုက္ေစမယ္။

လက္ဖက္က အစာစားခ်င္စိတ္ကို ျဖစ္ေစႏိုင္သလို အစားမစားခ်င္တာမ်ိဳးလည္း ျဖစ္ေစႏိုင္ပါတယ္။ ကဖင္းက ႀကီးထြားဖို႔ အ႐ွိန္ယူေနတဲ့ ေဘဘီေလးရဲ႕ အာဟာရေတြကို ရယူမႈကို အဟန္႔အတားျဖစ္ေစႏိုင္သလို အ႐ိုးေတြ သန္မာေစဖို႔ လိုအပ္တဲ့ ကယ္လ္ဆီယမ္ စုပ္ယူမႈကိုလည္း အဟန္႔အတားျဖစ္ေစႏိုင္ပါတယ္။

ေလထေစမယ္။

လက္ဖက္စားတာက ေဘဘီေလးရဲ႕ ဝမ္းဗိုက္ေလးကို မအီမသာျဖစ္ေစၿပီး ေလထိုးေလေအာင့္တာေတြ ျဖစ္ေစႏိုင္ပါတယ္။

ဒါေၾကာင့္ လက္ဖက္က စားေကာင္းတယ္ဆိုရင္ေတာင္ ေဘဘီေလးကို ထိခိုက္ေစႏိုင္တာေတြ မ်ားတာေၾကာင့္ မေကြၽးဖို႔ ေျပာပါရေစ။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ

Upcoming Property Events

42 Mini Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service