ပုသိမ်စက်မှုမြို့တော်စီမံကိန်း(PIC) ပြီးစီးပါက အလုပ်အကိုင်အခွင့်အလမ်း တစ်သန်းကျော်ထိ ဖန်တီးပေးနိုင်မည် - Property News in Myanmar from iMyanmarHouse.com
1347 Views

ပုသိမ်စက်မှုမြို့တော်စီမံကိန်း(PIC) ပြီးစီးပါက အလုပ်အကိုင်အခွင့်အလမ်း တစ်သန်းကျော်ထိ ဖန်တီးပေးနိုင်မည်

[Unicode]

ကန်ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှုပ်နှံပြီး ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ငပုတောကားလမ်းဘေးရှိ မြေဧက ၆၇၀၀ ပေါ်တွင်တည် ဆောက်နေသည့်ပုသိမ်စက်မှုမြို့တော်စီမံကိန်းပြီးစီးပါက အလုပ်အကိုင်အခွင့်အလမ်း တစ်သန်းကျော်ထိ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းAyeyarwaddy Development Public အများပိုင်ကုမ္ပဏီလီမိတက်မှ သိရသည်။

” အခုလက်ရှိ Pharse 1အနေနဲ့ ဧက ၁၂၀၀ ရှိတယ်ပေါ့၊ ဧက ၁၂၀၀ တစ်ခုလုံး အခုလက်ရှိအခြေခံအဆောက်အအုံပိုင်းပြီးသလောက်ရှိသွားပြီ၊ စက်ရုံတွေ စတင်ဝင်နေပြီပေါ့၊ ဒီ Pharse 1 တစ်ခုလုံးပြီး မယ်စက်ရုံတွေ အကုန်ပြည့်ပြီဆို လူဦးရေ တစ်သိန်း ခွဲကနေ သုံးသိန်းကြားအလုပ်အကိုင်အခွင့်အလမ်းတွေ ပေးနိုင်မှာဖြစ်ပါတယ်၊ စီမံကိန်းတစ်ခုလုံး ပြီးမယ်ဆိုရင်တော့ လူဦးရေတစ်သန်းကနေ နှစ်သန်းကြားလောက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်၊တိုင်းဒေသကြီးတစ်ခုလုံးရဲ့ စီးပွားရေးနဲ့ အလုပ် အကိုင်အခွင့်အလမ်းများကို တော်တော်များများထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ် ’’ ဟု Ayeyarwaddy Development Public အများပိုင် ကုမ္ပဏီမှ DeputyChief Executive Officer ဦးကြည်သာထွန်းက ပြောဆိုသည်။

အဆိုပါ ပုသိမ်စက်မှုမြို့တော်စီမံကိန်းတွင် အထည်ချုပ်လုပ်ငန်း စက်ရုံများ၊ ပေါင်းဆန်စက်ရုံ၊ရေထွက်ပစ္စည်း အအေးခန်းစက်ရုံ၊ မှန်စက်ရုံ၊ ပလတ်စတစ်စက်ရုံ၊ ဓာတ်မြေဩဇာစက်ရုံ၊ပရိဘောဂစက်ရုံ စသည့် စက်ရုံများပါဝင်မည် ဖြစ်ကြောင်း သိရသည်။

” အခုလက်ရှိမှာ တည်ဆောက်ပြီးစီးနေတာ စက်ရုံလေးရုံရှိပါတယ်၊ ဝန်ထမ်း သုံးထောင်ကနေ ငါးထောင်ကြား ထိ ခန့်အပ်နိုင်မယ့် အထည်ချုပ်စက်ရုံတွေ ပြီးစီးနေပြီဖြစ်ပါတယ်၊မိုးရာသီမတိုင်ခင်မှာပဲ နောက်ထပ်စက်ရုံ လေးရုံလောက်ပြီးစီးဖို့ရှိပါတယ်၊ ပြီးသွားရင်တော့တရုတ်နိုင်ငံကနေ အထည်ချုပ် အထူးဇုန်အနေနဲ့ research လုပ်ထားတာရှိပါတယ်။ဆန်စပါးထုတ်လုပ်ဖို့အတွက်ကိုလည်း ဧက ၅၀ လောက်ကို research လုပ်ထားတာ ရှိပါတယ် ’’ ဟု၎င်းက ထပ်လောင်းပြောဆိုသည်။

လက်ရှိ ပုသိမ်စက်မှုမြို့တော်(PIC) စီမံကိန်းတွင် Pharse 1 အဆင့်တွင် ၇၀ ရာခိုင်နှုန်းထိပြီးစီးနေပြီဖြစ်ပြီးတရုတ်၊ ကိုရီးယား၊ ဂျပန်အပြင် အခြားသော နိုင်ငံတကာမှ ကုမ္ပဏီများအနေဖြင့်လာရောက် ရင်းနှီးမြှုပ်နှံ နေပြီဖြစ်ကြောင်း သိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]









Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

Innwa Pyae Sone Residence
The Vista Luxury Residance

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service