အူလေး ကျန်းမာစေဖို့ ဒါတွေစားပါ - Property Knowledge in Myanmar from iMyanmarHouse.com
1016 Views
အူလေး ကျန်းမာစေဖို့ ဒါတွေစားပါ
Knowledge | Posted by Shwe Zin Win
[Unicode]
စားလိုက်တဲ့ အစာအာဟာရတွေကို နံရံတွေကနေ စုပ်ယူပေးပြီး ခန္ဓာကိုယ် အားဖြစ်စေဖို့ ထောက်ပံ့ပေးနေတဲ့ ကိုယ်တွင်း အစိတ်အပိုင်းလေးရှိပါတယ်။ ဒါကတော့ အူလေးတွေပါ။
အူလေးတွေ ကျန်းမာမှ အစာအာဟာရတွေကို ကောင်းမွန်စွာ စုပ်ယူနိုင်ပြီး စိတ်ရော ကိုယ်ပါ ကျန်းမာတော့မှာပေါ့။ ဒီတစ်ခေါက်တော့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အူလေးတွေ ကျန်းမာစေဖို့ ဘာတွေ စားရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။
အူလေးတွေ ကျန်းမာစေဖို့
အစာခြေစနစ်ရဲ့ အဓိက ဇာတ်ကောင်တွေဖြစ်တဲ့ အူလေးတွေ ကျန်းမာစေဖို့
ကြက်သွန်ဖြူ
ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေတဲ့ ကြက်သွန်ဖြူက အခြား အစိတ်အပိုင်းတွေကို ကျန်းမာစေသလို အူလေးတွေ ကျန်းမာစေဖို့လည်း ထောက်ပံ့ပေးပါတယ်။
ဒါ့အပြင် ကြက်သွန်ဖြူမှာ အကျိုးပြုဘက်တီးရီးယား အာဟာရ ပါဝင်နေတာကြောင့် အူလမ်းကြောင်းထဲက အကျိုးပြု ဘက်တီးရီးယားလေးတွေကို အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။
ဒိန်ချဉ်
ဒိန်ချဉ်က အကျိုးပြု ဘက်တီးရီးယား ကြွယ်ဝတဲ့ အစားအစာ တစ်ခုဖြစ်တာကြောင့် အူတွေကို ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ အူအတွင်းက အဆိပ်အတောက်တွေနဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ မှိုပိုးတွေနဲ့ ဘက်တီးရီးယားတွေကိုလည်း အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။
သရက်သီး
သရက်သီးက အမျှင်ဓာတ်ပါဝင်တာကြောင့် အူနံရံတွေကို ကျန်းမာစေပြီး အကျိုးပြုဘက်တီးရီးယားတွေကို အားဖြည့်ပေးပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး အူလမ်းကြောင်းတစ်လျှောက်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။
အူလေးတွေ ကျန်းမာစေဖို့ စားပေးသင့်တဲ့ အစားအစာတစ်မျိုးပေါ့။
ထောပတ်သီး
ထောပတ်သီးက အာဟာရ ကြွယ်ဝသလို အူကျန်းမာရေးကို ထောက်ပံ့ပေးမယ့် အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊တို့လည်း ပါဝင်နေပါတယ်။ fructose ပါဝင်တာကြောင့် လေပွတာမျိုး ဖြစ်နိုင်ခြေကို လျှော့ချပေးပြီး အူလမ်းကြောင်းကို ကျန်းမာစေမှာပါ။
ကြက်သွန်နီ
ဆေးဖက်ဝင်တဲ့ ကြက်သွန်နီက အူလေးတွေ ကျန်းမာစေဖို့လည်း အားဖြည့်ပေးပါတယ်။ အကြောင်းကတော့ ကြက်သွန်နီမှာ အကျိုးပြု ဘက်တီးရီးယား အာဟာရ ပါဝင်တာကြောင့် အူတွင်းက အကျိုးပြု ဘက်တီးရီးယားတွေကို အကောင်းဆုံး အားဖြည့်ပေးနိုင်လို့ပါ။
အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ
ဟင်းနုနွယ် နဲ့ ကိုက်လန်တို့လိုမျိုး အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ အမျှင်ဓာတ် ကြွယ်ဝသလို ဖောလိတ်၊ ဗီတာမင်A၊ ဗီတာမင် C နဲ့ ဗီတာမင် K တို့ ပါဝင်နေတာကြောင့် အူလမ်းကြောင်းထဲမှာ အကျိုးပြု ဘက်တီးရီးယားတွေကို တိုးပွားစေပြီး အူတွေကို ကျန်းမာစေပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: hellosayarwon
[Zawgyi]
ကြက်သွန်ဖြူ
ဒိန်ချဉ်
သရက်သီး
ထောပတ်သီး
ကြက်သွန်နီ
Credit: hellosayarwon
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
Upcoming Property Events
From 12 Jul To 13 Jul
ERC Luxury Condo
From 12 Jul To 13 Jul
Magical World
Golden City Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service