ကြီးကျယ်သူနဲ့ ဇီဇာကြောင်သူတို့အကြား တိုက်ခန်းအရောင်းအဝယ်စာချုပ်ပေးရတာ မလွယ်ပါလား - Property Knowledge in Myanmar from iMyanmarHouse.com
691 Views

ကြီးကျယ်သူနဲ့ ဇီဇာကြောင်သူတို့အကြား တိုက်ခန်းအရောင်းအဝယ်စာချုပ်ပေးရတာ မလွယ်ပါလား

Knowledge | Posted by Si Thu Aung

[Unicode]

“ အစမကောင်းတော့ အနှောင်းမသေချာ ” ဆိုတဲ့ ဆိုရိုးတစ်ခုက ကျွန်ုပ်တို့ အိမ်ခြံမြေတိုက်ခန်း အရောင်းအဝယ်လောကအတွက် တစ်ထပ်တည်းကျနေတယ်လို့တောင် ဆိိုလိုက်ချင်ပါတယ် ။ လွန်ခဲ့တဲ့ ၆ လလောက်က ကျွန်ုပ်ရဲ့ မိတ်ဆွေတစ်ဦးက သုဝဏ္ဏမြို့သစ်မှာ တိုက်ခန်းတစ်ခန်းဝယ်ဖို့ဆိုပြီး သည်မြို့ကနေ ရောက်လာပါတယ် ။

ဝယ်ယူမယ့်တိုက်ခန်းက သုဝဏ္ဏမီးပွိုင့်အနီးက ပထမတိုက်ခန်းတစ်ခန်းပါ ။ Online က တွေ့ပြီး ဝယ်တာပါ ။ဒါကြောင့် ပွဲစားမပါ ရောင်းသူနဲ့ ဝယ်သူနဲ့ တွေ့ဖို့ ရောက်လာကြတာပါ ။ Online ပေါ်မှာပဲ ဈေးကညှိပြီးပါပြီ။အခုလာတာက ရောင်းမယ့်တိုက်ခန်းကို ကြည့်ပြီးကြိုက်ရင် စရန်ငွေပေးဖို့လည်း ပြင်ဆင်လာတာပါ ။ ရန်ကုန်ရောက်တဲ့အခါ သူတို့နဲ့ စီးပွားရေး လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတစ်ဦးကိုလည်း အဖော်အဖြစ် လိုက်ပါဆောင်ရွက်ပေးဖို့ ခေါ်ထားပါတယ် ။

အဲဒီမိတ်ဆွေနဲ့အတူ ရောင်းမယ့်တိုက်ခန်းကို လာတဲ့အခါ တိုက်ခန်းမှာလူမနေတဲ့အတွက် တံခါးပိတ်ထားပါတယ် ။ ဒါကြောင့် ရောင်းသူလာတွေ့ရင် တက်ကြည့်ဖို့ ရောင်းမယ့်တိုက်အောက်က ထိုင်စောင့်ရပါသေးတယ် ။မကြာမီမှာ ရောင်းသူကားနဲ့ ရောက်လာလို့ ကြည့်လိုက်တဲ့အခါအသက် (၃၀)ခန့် အမျိုးသမီးနဲ့အတူ (၁)နှစ်ခန့်သားလေးရယ် ၊ အမေဖြစ်သူတို့ကို ခေါ်လာတာကို တွေ့ရပါတယ် ။သူမရဲ့ ခင်ပွန်တော့ ပါမလာပါဘူး ။

ကျွန်ုပ်တို့အဖွဲ့မှာ ရောင်းမယ့်သူများကို တွေ့ရတာနဲ့ ဝမ်းသာအားရဆီးကြိုပြီးနှုတ်ဆက်စကားပြောကြတာပေါ့ ။ရိုးသားပွင့်လင်းစွာနဲ့ နယ်သူနယ်သာများပီပီ အသံကျယ်ကျယ်နဲ့ စကားပြောဖြစ်ကြတယ် လေ ။ဒီလို နှုတ်ဆက်တာကိုပဲ ရောင်းသူနဲ့ အမေလုပ်သူက မနှစ်မြို့တဲ့ အမူအယာနဲ့ “ ကလေးငယ်က ကျန်းမားရေးမကောင်းလို့ အိပ်ပျော်နေပါတယ် ။ အသံတိုးတိုးပြောကြပါ ” လို့ ခပ်မာမာနဲ့ ဆက်ဆံတာကိုတွေ့ရပါတယ် ။မြင်မြင်ချင်း ဆောက်နဲ့ထွင်းသလို ခံစားလိုက်ရပါတယ် ။

ဝယ်သူဘက်မှာလည်း ဝယ်မယ့်တိုက်ခန်းကို ဝယ်သင့်မဝယ်သင့်သေးဟန်ဆုံးဖြတ်အကြံညဏ်ပေးဖို့ ရန်ကုန်ကအစ်ကိုကြီးနဲ့ အမေကြီးတို့ကိုလည်း ခေါ်လာသေးတယ်လေ ။အဲဒီတော့ ဝယ်မယ့်သူဘက်က အင်းအားအပြည့် ဖြစ်နေတာပေါ့ ။ ဒါနဲ့ ရောင်းမယ့်တိုက်ခန်းပေါ် တက်ကြည့်တဲ့အခါ အခန်းတွင်းအပြင်ကို စပါယ် ရှယ်ပြုပြင်ထားတာတွေကို တွေ့ရတဲ့အတွက် ဝယ်သူအမျိုးသားက သဘောကျသွားပါတယ် ။ အိမ်ထောင်ပရိဘောဂတွေလည်း အပြည့်အစုံရှိပြီး လက်တင်နေရုံပဲ ဖြစ်တဲ့အတွက် ဝယ်သူက ပိုပြီးသဘောကျသွားခြင်းလည်း ဖြစ်ပါတယ် ။ရောင်းသူတွေကတော့ ဝယ်ယူသူတွေကိုဝတ်ကျေတန်းကျေသာ ဆက်ဆံပြီး ကျန်းမာရေးမကောင်းတဲ့ ကလေးကိုပဲ အရေးပေးဂရုစိုက်နေပါတယ် ။

ဝယ်ယူသူဘက်က လိုအပ်တာလေးတွေရှိတဲ့အတွက် ပြင်ဆင်ပေးဖို့နဲ့ နည်းနည်းလေ ဈေးတင်လျော့ဖို့ ပြောတဲ့အခါ Online မှာထဲက ပြောပြီးသာ အခုမှ ထပ်မံတောင်ဆိုးလို့ မရဘူး ။အခုလည်း တကယ်ဝယ်မယ်ဆိုလို့ လာခဲ့တာ ။ ကျွန်မတို့က အချိန်သိပ်မရှိဘူး ။ သွားစရာတွေရှိတယ် ။ဝယ်ချင်ရင် အခု စရန်ငွေသိန်း ၂၀၀ လောက်ပေးမှ ရောင်းမယ် ၊ နောက်တစ်ပတ်ပြည့်ရင် ငွေချေးရမယ်လို့ ခပ်ပြတ်ပြတ်ပြောလာပါတယ် ။ရောင်းသူသမီးဖြစ်သူက အားနာနာနဲ့ “ မာမီကလည်း အရောင်းအဝယ်ဆိုတာ ဒီလိုပဲ ညှိယူမှ ဖြစ်မှာပေါ့ ” ဟု ဝင်ပြီးပြောပေးပါတယ် ။ကျွန်ုပ်စိတ်ထဲမှာတော့ သိပ်မပျော်တော့ပါဘူး ။တစ်ချိန်ချိန်ကျရင် အဖုအထစ်များဖြစ်ရင် ခက်ချေရဲ့လို့ တွေးမိနေပါတယ် ။ဒါပေမဲ့ ဝယ်သူဘက်ကလည်း ကြိုက်နေမှန်းသိလို့ နှုတ်ဆိတ်နေလိုက်ပါတယ် ။ဒါနဲ့ ရောင်းသူတောင်းတဲ့အတိုင်း စရန်ငွေပေးပြီး ဝယ်ဖြစ်ခဲ့ပါတယ် ။

အပြီးအပိုင်အရောင်းအဝယ်ပြုလုပ်တဲ့နေမှာတော့ ဝယ်သူရဲ့ ဇနီးနဲ့သားသမီး (၃)ယောက်ပါ သတုံကလိုက်လာကြပါတယ် ။ရောင်းမယ်လုပ်မှာပဲ အပြီးအပိုင်စာချုပ်ချုပ်ဖြစ်ပါတယ် ။ ရောင်းဖို့ငွေတွေကိုတော့ သူတို့ကြိုက်တဲ့ဘက်မှာလိုက်ပြီး ထည့်သွင်းပေးရပါတယ် ။အဲဒီလို ရောင်းသူဘက်က ကိစ္စပြီးလို့ စိတ်အေးသွားပြီလို့ထင်တာ ။စိတ်မအေးနိုင်စရာ ဝယ်ထားတဲ့တိုက်ခန်းပေါ် ပြန်ရောက်တဲ့အခါမှာတော့ ဝယ်သူရဲ့ဇနီး တိုက်ခန်းကို မကြိုက်လို့ပူညံပူညံလုပ်နေတာကို တွေ့ရပါတယ် ။

တိုက်ခန်းက သိန်းထောင်ကျော်ပေးရပြီးတော့ ကျဉ်းသွားလိုက်တယ် ။လမ်းမှာပြောစဉ်က လမ်းမကြီးနဲ့ အနီးလို့ ပြောခဲ့တယ် ။ အခုတော့ လမ်းမကြီးနဲ့ ဝေးလိုက်တာ ။ချောင်ထဲရောင်းနေတယ် ။မကြိုက်ဘူး ။သားနဲ့သမီးတို့အတွက် ကျောင်းသွားကျောင်းပြန်လည်း စိတ်မချရဘူး ။ပြန်ရောင်းပေး ။ပြန်မရောင်းရင်တော့ ရှင်နဲ့ကျွန်မ အကွဲပဲ ။ကျွန်မလည်း သတုံကလာမနေနိုင်ဘူး ။ ဘယ့်နှယ်တော် သတုံမှာ ခြံကျယ်ကြီးနဲ့ နေပြီးတော့ ဒီလိုအခန်းကျဉ်းကျဉ်းလေးမှာတော့ မနေနိုင်ပါဘူး ” ဆိုပြီး သားနဲ့သမီးကို လက်ဆွဲပြီး သတုံကို ပြန်သွားပါတော့တယ် ။ ဒီတော့မှ ခင်ပွန်းဖြစ်သူမှာလည်း လင်မယားအကွဲမခံနိုင်တာနဲ့ Online မှာရော ၊ အကျိုးဆောင်လုပ်ငန်းတွေမှာပါ ပြန်ရောင်းဖို့ အပ်ရတော့တာပေါ့ ။ဒါတောင် (၂)လလောက်ကြာမှ အရောင်းအဝယ်ဖြစ်သွားတယ်လေ ။ ရှုံးတော့ မရှုံးဘူးပေါ့ ။ အမြတ်တော့ သိပ်မကျန်ဘူးပေါ့ ။ဘာပဲဖြစ်ဖြစ် ပြန်ရောင်းထွက်လို့ တော်သေးတာပေါ့ ။ ရောင်းမထွက်ခဲ့ရင်တော့ ရှေ့ဆက်မတွေးရဲအောင် ဖြစ်နေတာပေါ့ ။ပြန်ဝယ်သူကိုတောင် တစ်နေ့သုံးကြိမ်း မေတ္တာပို့မိပါတယ် ။ သူသာမဝယ်ရင် လင်မယားကွဲမလားတောင် မသိပါဘူး ။

ဒီတော့မှ ကျွန်ုပ်လည်းမူလက ပြောခဲ့တဲ့ အတွေးတစ်ခု ပြန်ဝင်လာပါတယ် ။ “ ဇမ္ဗူဒီပါ လကျာ်တောင် ကျွန်း နိမိတ်ထွန်းတဲ့ကျွန်း ” မှာ အတိတ် ၊ နိမိတ် ၊ တဘောင်ကို အချို့သောသူများက ယုံကြည်ကြတယ် ။နိမိတ်ကို ယုံကြည်သူများထဲမှာ ကျွန်ုပ်လည်း ပါဝင်နေတယ်လို့ ဆိုရပါတယ် ။ ဘာကြောင့်လည်းဆိုတော့ တ်ိုက်ခန်းဝယ်စဉ်က တွေ့ကြုံခဲ့တဲ့ ရောင်းသူမိခင်ရဲ့ အပြုအမှုပြောဆိုဆက်ဆံပုံတွေဟာ ဒီတိုက်ခန်းဝယ်သူတွေအတွက် နိမိတ်ကောင်းတစ်ခု မဟုတ်ခဲ့ပါဘူး။

တိုက်ခန်းဝယ်ပြီးတာနဲ့ လင်မယားနှစ်ဦး အဆင်မပြေဖြစ်ပြီး နောက်ဆုံးပြန်ရောင်းရခြင်းတို့က အစမကောင်းလို့အနှောင်းမသေချာခဲ့တာပါ ။နိမိတ်မကောင်းလို့ လင်မယားစိတ်ဝမ်းကွဲကြရတာပါ ။ဒါကြောင့် အိမ်ခြံမြေတိုက်ခန်း ဝယ်ယူသူများအနေနဲ့ မိမိဝယ်ယူတဲ့အချိန် ၊ ဝယ်ယူတဲ့နေ့မှာ ရက်ကောင်းရက်မြတ် ၊ အချိန်ကောင်းအခါကောင်း ၊ နိမိတ်ကောင်းကို ရွေးချယ်ဝယ်ယူကြပါလို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။

သုခီ အတ္တာနံ ပရိဟန္တု

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

 

[Zawgyi]

ၾကီးက်ယ္သူနဲ႕ ဇီဇာေၾကာင္သူတို႕အၾကား တိုက္ခန္းအေရာင္းအဝယ္စာခ်ဳပ္ေပးရတာ မလြယ္ပါလား

“ အစမေကာင္းေတာ့ အေနွာင္းမေသခ်ာ ” ဆိုတဲ့ ဆိုရုိးတစ္ခုက ကၽြႏ္ုပ္တို႕ အိမ္ျခံေျမတိုက္ခန္း အေရာင္းအဝယ္ေလာကအတြက္ တစ္ထပ္တည္းက်ေနတယ္လို႕ေတာင္ ဆိုိလိုက္ခ်င္ပါတယ္ ။ လြန္ခဲ့တဲ့ ၆ လေလာက္က ကၽြႏ္ုပ္ရဲ႕ မိတ္ေဆြတစ္ဦးက သုဝဏၰျမိဳ႕သစ္မွာ တိုက္ခန္းတစ္ခန္းဝယ္ဖို႕ဆိုျပီး သည္ျမိဳ႕ကေန ေရာက္လာပါတယ္ ။

ဝယ္ယူမယ့္တိုက္ခန္းက သုဝဏၰမီးပြိဳင့္အနီးက ပထမတိုက္ခန္းတစ္ခန္းပါ ။ Online က ေတြ႕ျပီး ဝယ္တာပါ ။ဒါေၾကာင့္ ပြဲစားမပါ ေရာင္းသူနဲ႕ ဝယ္သူနဲ႕ ေတြ႕ဖို႕ ေရာက္လာၾကတာပါ ။ Online ေပၚမွာပဲ ေဈးကညွိျပီးပါျပီ။အခုလာတာက ေရာင္းမယ့္တိုက္ခန္းကို ၾကည့္ျပီးၾကိဳက္ရင္ စရန္ေငြေပးဖို႕လည္း ျပင္ဆင္လာတာပါ ။ ရန္ကုန္ေရာက္တဲ့အခါ သူတို႕နဲ႕ စီးပြားေရး လုပ္ေဖာ္ကိုင္ဖက္ မိတ္ေဆြတစ္ဦးကိုလည္း အေဖာ္အျဖစ္ လိုက္ပါေဆာင္ရြက္ေပးဖို႕ ေခၚထားပါတယ္ ။

အဲဒီမိတ္ေဆြနဲ႕အတူ ေရာင္းမယ့္တိုက္ခန္းကို လာတဲ့အခါ တိုက္ခန္းမွာလူမေနတဲ့အတြက္ တံခါးပိတ္ထားပါတယ္ ။ ဒါေၾကာင့္ ေရာင္းသူလာေတြ႕ရင္ တက္ၾကည့္ဖို႕ ေရာင္းမယ့္တိုက္ေအာက္က ထိုင္ေစာင့္ရပါေသးတယ္ ။မၾကာမီမွာ ေရာင္းသူကားနဲ႕ ေရာက္လာလို႕ ၾကည့္လိုက္တဲ့အခါအသက္ (၃၀)ခန္႕ အမ်ိဳးသမီးနဲ႕အတူ (၁)နွစ္ခန္႕သားေလးရယ္ ၊ အေမျဖစ္သူတို႕ကို ေခၚလာတာကို ေတြ႕ရပါတယ္ ။သူမရဲ႕ ခင္ပြန္ေတာ့ ပါမလာပါဘူး ။

ကၽြႏု္ပ္တို႕အဖြဲ႕မွာ ေရာင္းမယ့္သူမ်ားကို ေတြ႕ရတာနဲ႕ ဝမ္းသာအားရဆီးၾကိဳျပီးႏႈတ္ဆက္စကားေျပာၾကတာေပါ့ ။ရုိးသားပြင့္လင္းစြာနဲ႕ နယ္သူနယ္သာမ်ားပီပီ အသံက်ယ္က်ယ္နဲ႕ စကားေျပာျဖစ္ၾကတယ္ ေလ ။ဒီလို ႏႈတ္ဆက္တာကိုပဲ ေရာင္းသူနဲ႕ အေမလုပ္သူက မနွစ္ျမိဳ႕တဲ့ အမူအယာနဲ႕ “ ကေလးငယ္က က်န္းမားေရးမေကာင္းလို႕ အိပ္ေပ်ာ္ေနပါတယ္ ။ အသံတိုးတိုးေျပာၾကပါ ” လို႕ ခပ္မာမာနဲ႕ ဆက္ဆံတာကိုေတြ႕ရပါတယ္ ။ျမင္ျမင္ခ်င္း ေဆာက္နဲ႕ထြင္းသလို ခံစားလိုက္ရပါတယ္ ။

ဝယ္သူဘက္မွာလည္း ဝယ္မယ့္တိုက္ခန္းကို ဝယ္သင့္မဝယ္သင့္ေသးဟန္ဆံုးျဖတ္အၾကံညဏ္ေပးဖို႕ ရန္ကုန္ကအစ္ကိုၾကီးနဲ႕ အေမၾကီးတို႕ကိုလည္း ေခၚလာေသးတယ္ေလ ။အဲဒီေတာ့ ဝယ္မယ့္သူဘက္က အင္းအားအျပည့္ ျဖစ္ေနတာေပါ့ ။ ဒါနဲ႕ ေရာင္းမယ့္တိုက္ခန္းေပၚ တက္ၾကည့္တဲ့အခါ အခန္းတြင္းအျပင္ကို စပါယ္ ရွယ္ျပဳျပင္ထားတာေတြကို ေတြ႕ရတဲ့အတြက္ ဝယ္သူအမ်ိဳးသားက သေဘာက်သြားပါတယ္ ။ အိမ္ေထာင္ပရိေဘာဂေတြလည္း အျပည့္အစံုရွိျပီး လက္တင္ေနရုံပဲ ျဖစ္တဲ့အတြက္ ဝယ္သူက ပိုျပီးသေဘာက်သြားျခင္းလည္း ျဖစ္ပါတယ္ ။ေရာင္းသူေတြကေတာ့ ဝယ္ယူသူေတြကိုဝတ္ေက်တန္းေက်သာ ဆက္ဆံျပီး က်န္းမာေရးမေကာင္းတဲ့ ကေလးကိုပဲ အေရးေပးဂရုစိုက္ေနပါတယ္ ။

ဝယ္ယူသူဘက္က လိုအပ္တာေလးေတြရွိတဲ့အတြက္ ျပင္ဆင္ေပးဖို႕နဲ႕ နည္းနည္းေလ ေဈးတင္ေလ်ာ့ဖို႕ ေျပာတဲ့အခါ Online မွာထဲက ေျပာျပီးသာ အခုမွ ထပ္မံေတာင္ဆိုးလို႕ မရဘူး ။အခုလည္း တကယ္ဝယ္မယ္ဆိုလို႕ လာခဲ့တာ ။ ကၽြန္မတို႕က အခ်ိန္သိပ္မရွိဘူး ။ သြားစရာေတြရွိတယ္ ။ဝယ္ခ်င္ရင္ အခု စရန္ေငြသိန္း ၂၀၀ ေလာက္ေပးမွ ေရာင္းမယ္ ၊ ေနာက္တစ္ပတ္ျပည့္ရင္ ေငြေခ်းရမယ္လို႕ ခပ္ျပတ္ျပတ္ေျပာလာပါတယ္ ။ေရာင္းသူသမီးျဖစ္သူက အားနာနာနဲ႕ “ မာမီကလည္း အေရာင္းအဝယ္ဆိုတာ ဒီလိုပဲ ညွိယူမွ ျဖစ္မွာေပါ့ ” ဟု ဝင္ျပီးေျပာေပးပါတယ္ ။ကၽြႏု္ပ္စိတ္ထဲမွာေတာ့ သိပ္မေပ်ာ္ေတာ့ပါဘူး ။တစ္ခ်ိန္ခ်ိန္က်ရင္ အဖုအထစ္မ်ားျဖစ္ရင္ ခက္ေခ်ရဲ႕လို႕ ေတြးမိေနပါတယ္ ။ဒါေပမဲ့ ဝယ္သူဘက္ကလည္း ၾကိဳက္ေနမွန္းသိလို႕ ႏႈတ္ဆိတ္ေနလိုက္ပါတယ္ ။ဒါနဲ႕ ေရာင္းသူေတာင္းတဲ့အတိုင္း စရန္ေငြေပးျပီး ဝယ္ျဖစ္ခဲ့ပါတယ္ ။

အျပီးအပိုင္အေရာင္းအဝယ္ျပဳလုပ္တဲ့ေနမွာေတာ့ ဝယ္သူရဲ႕ ဇနီးနဲ႕သားသမီး (၃)ေယာက္ပါ သတံုကလိုက္လာၾကပါတယ္ ။ေရာင္းမယ္လုပ္မွာပဲ အျပီးအပိုင္စာခ်ဳပ္ခ်ဳပ္ျဖစ္ပါတယ္ ။ ေရာင္းဖို႕ေငြေတြကိုေတာ့ သူတို႕ၾကိဳက္တဲ့ဘက္မွာလိုက္ျပီး ထည့္သြင္းေပးရပါတယ္ ။အဲဒီလို ေရာင္းသူဘက္က ကိစၥျပီးလို႕ စိတ္ေအးသြားျပီလို႕ထင္တာ ။စိတ္မေအးႏိုင္စရာ ဝယ္ထားတဲ့တိုက္ခန္းေပၚ ျပန္ေရာက္တဲ့အခါမွာေတာ့ ၀ယ္သူရဲ႕ဇနီး တိုက္ခန္းကို မၾကိဳက္လို႕ပူညံပူညံလုပ္ေနတာကို ေတြ႕ရပါတယ္ ။

တိုက္ခန္းက သိန္းေထာင္ေက်ာ္ေပးရျပီးေတာ့ က်ဥ္းသြားလိုက္တယ္ ။လမ္းမွာေျပာစဥ္က လမ္းမၾကီးနဲ႕ အနီးလို႕ ေျပာခဲ့တယ္ ။ အခုေတာ့ လမ္းမၾကီးနဲ႕ ေဝးလိုက္တာ ။ေခ်ာင္ထဲေရာင္းေနတယ္ ။မၾကိဳက္ဘူး ။သားနဲ႕သမီးတုိ႕အတြက္ ေက်ာင္းသြားေက်ာင္းျပန္လည္း စိတ္မခ်ရဘူး ။ျပန္ေရာင္းေပး ။ျပန္မေရာင္းရင္ေတာ့ ရွင္နဲ႕ကၽြန္မ အကြဲပဲ ။ကၽြန္မလည္း သတံုကလာမေနႏိုင္ဘူး ။ ဘယ့္နွယ္ေတာ္ သတံုမွာ ျခံက်ယ္ၾကီးနဲ႕ ေနျပီးေတာ့ ဒီလိုအခန္းက်ဥ္းက်ဥ္းေလးမွာေတာ့ မေနႏိုင္ပါဘူး ” ဆိုျပီး သားနဲ႕သမီးကို လက္ဆြဲျပီး သတံုကို ျပန္သြားပါေတာ့တယ္ ။ ဒီေတာ့မွ ခင္ပြန္းျဖစ္သူမွာလည္း လင္မယားအကြဲမခံႏိုင္တာနဲ႕ Online မွာေရာ ၊ အက်ိဳးေဆာင္လုပ္ငန္းေတြမွာပါ ျပန္ေရာင္းဖို႕ အပ္ရေတာ့တာေပါ့ ။ဒါေတာင္ (၂)လေလာက္ၾကာမွ အေရာင္းအဝယ္ျဖစ္သြားတယ္ေလ ။ ရႈံးေတာ့ မရႈံးဘူးေပါ့ ။ အျမတ္ေတာ့ သိပ္မက်န္ဘူးေပါ့ ။ဘာပဲျဖစ္ျဖစ္ ျပန္ေရာင္းထြက္လို႕ ေတာ္ေသးတာေပါ့ ။ ေရာင္းမထြက္ခဲ့ရင္ေတာ့ ေရွ႕ဆက္မေတြးရဲေအာင္ ျဖစ္ေနတာေပါ့ ။ျပန္ဝယ္သူကိုေတာင္ တစ္ေန႕သံုးၾကိမ္း ေမတၱာပို႕မိပါတယ္ ။ သူသာမဝယ္ရင္ လင္မယားကြဲမလားေတာင္ မသိပါဘူး ။

ဒီေတာ့မွ ကၽြႏ္ုပ္လည္းမူလက ေျပာခဲ့တဲ့ အေတြးတစ္ခု ျပန္ဝင္လာပါတယ္ ။ “ ဇမၺဴဒီပါ လက်ာ္ေတာင္ ကၽြန္း နိမိတ္ထြန္းတဲ့ကၽြန္း ” မွာ အတိတ္ ၊ နိမိတ္ ၊ တေဘာင္ကို အခ်ိဳ႕ေသာသူမ်ားက ယံုၾကည္ၾကတယ္ ။နိမိတ္ကို ယံုၾကည္သူမ်ားထဲမွာ ကၽြႏု္ပ္လည္း ပါဝင္ေနတယ္လို႕ ဆိုရပါတယ္ ။ ဘာေၾကာင့္လည္းဆိုေတာ့ တို္က္ခန္းဝယ္စဥ္က ေတြ႕ၾကံဳခဲ့တဲ့ ေရာင္းသူမိခင္ရဲ႕ အျပဳအမႈေျပာဆိုဆက္ဆံပံုေတြဟာ ဒီတိုက္ခန္းဝယ္သူေတြအတြက္ နိမိတ္ေကာင္းတစ္ခု မဟုတ္ခဲ့ပါဘူး။

တိုက္ခန္းဝယ္ျပီးတာနဲ႕ လင္မယားနွစ္ဦး အဆင္မေျပျဖစ္ျပီး ေနာက္ဆံုးျပန္ေရာင္းရျခင္းတို႕က အစမေကာင္းလို႕အေနွာင္းမေသခ်ာခဲ့တာပါ ။နိမိတ္မေကာင္းလို႕ လင္မယားစိတ္ဝမ္းကြဲၾကရတာပါ ။ဒါေၾကာင့္ အိမ္ျခံေျမတိုက္ခန္း ၀ယ္ယူသူမ်ားအေနနဲ႕ မိမိဝယ္ယူတဲ့အခ်ိန္ ၊ ဝယ္ယူတဲ့ေန႕မွာ ရက္ေကာင္းရက္ျမတ္ ၊ အခ်ိန္ေကာင္းအခါေကာင္း ၊ နိမိတ္ေကာင္းကို ေရြးခ်ယ္ဝယ္ယူၾကပါလို႕ တိုက္တြန္းေရးသားလိုက္ရပါတယ္။

သုခီ အတၱာနံ ပရိဟႏၱဳ

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ

Upcoming Property Events

shwe-moe-kaung
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service