ရန်ကုန်တိုင်းမှာ မြေယာတွေရောင်းဖို့ကျန်နေသေး - Property News in Myanmar from iMyanmarHouse.com
1494 Views

ရန်ကုန်တိုင်းမှာ မြေယာတွေရောင်းဖို့ကျန်နေသေး

[Unicode]

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကရောင်းဖို့ကျန်ရှိနေသေးတဲ့ မြေယာတွေကို ဒီလကုန်မှာ စရောင်းမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။ မြို့ပြဖွံ့ဖြိုးရေးအတွက်ရည်ရွယ်ပြီး အစိုးရပိုင်မြေတွေကိုရောင်းချလျှက်ရှိရာ ၂၀၂၁ ခုနှစ်မှာရောင်းချဖို့ တိုင်းဒေသကြီး အစိုးရမအဖွဲ့ကရည်ရွယ်ထားတာပါ။

ရန်ကုန်တိုင်းထဲမှာ မြို့ပြအဖြစ်ပုံဖော်ခဲ့ပြီးနောက်မှာ ကွက်လပ်တွေအဖြစ်ကျန်ရှိခဲ့တဲ့လှိုင်သာယာ၊ ရွှေပြည်သာနဲ့ ဒဂုံလေးမြို့နယ်က လယ်ယာမြေ ဧက လေးထောင်ထဲကရောင်းချဖို့ကျန်ရှိတဲ့ မြေတွေကိုဆက်လက်ရောင်းချဖို့ပြင်ဆင်ထားတာပါ။

ဒီလိုရောင်းချရတာဟာ ရန်ကုန်တိုင်းထဲက သိမ်းဆည်းခံလယ်ယာမြေတွေအတွက် လျော်ကြေး ဘီလီယံနှစ်ရာခန့်ပေးဖို့လိုအပ်တာကြောင့်လို့ သိရပါတယ်။

မြေတွေကိုရောင်းချရာမှာလည်း ရန်ကုန်တိုင်းအတွင်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်ချင်သူတွေနဲ့ မြေဝယ်ပြီး အိမ်ဆောက်နေချင်တဲ့ အစိုးရဌာနဆိုင်ရာက ပင်စင်ဝန်ထမ်းတွေ ကို ရောင်းချပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ရောင်းချမယ့် မြေဖိုးနဲ့ စည်ပင်စရိတ်ကိုတော့ ခွဲခြားသတ်မှတ်ပြီးရောင်းချသွားမှာဖြစ်ပေမယ့် သင့်တင့်တဲ့ ဈေးနှုန်းတစ်ခုနဲ့သာရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်က ရောင်းချခဲ့တဲ့မြေကွက်တွေဟာ ဈေးနှုန်းအားဖြင့်သက်သာတာကြောင့် လူစုလူဝေးရှိခဲ့တဲ့အထိ လာရောက်ဝယ်ယူမှုတွေများပြားခဲ့တာပါ။

ဒါ့ကြောင့်လက်ရှိမှာ မြေရောင်းချဖို့ တိုင်းအစိုးရက ကော်မတီတစ်ခုကို ဖွဲ့စည်းဖို့ ကြိုးစားနေပြီး မြေဈေးကစားမှုတွေမဖြစ်အောင်နဲ့ ငွေကြေးတတ်နိုင်သူတွေရဲ့ လက်ဝါးကြီးအုပ်ဝယ်ယူချင်မရှိအောင် ကြီးကြပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီမြေကွက်တွေဟာ တိုင်းအစိုးရအဖွဲ့ ရဲ့ စီမံခန့်ခွဲခွင့်ရှိပြီးရောင်းချဖို့လျာထားတဲ့မြေကွက်တွေဖြစ်ပါတယ်။

လူနေထိုင်ဖို့သင့်တော်ပြီးစီးပွားရေးလုပ်ငန်းတွေလည်း လုပ်ကိုင်လို့ကောင်းတဲ့အဲ့ဒီ့မြေကွက်တွေဟာ ဈေးနှုန်းသက်သာစွာနဲ့ရောင်းချသွားမယ်လို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

လျှောက်ထားလိုသူတွေအနေနဲ့ကတော့မြေအသုံးပြုခွင့် လျှောက်လွှာကို (မိမိအစီအစဉ်ဖြင့်ရိုက်နှိပ်ပြီး) မြေကွက်တည်ရှိရာ မြို့နယ်စည်ပင်သာယာရေးကော်မတီရုံး/ မြို့နယ်စည်ပင် သာယာရေး အဖွဲ့ရုံးတွေမှာ စုံစမ်းလျှောက်ထားနိုင်မယ့်ရက်ကိုထုတ်ပြန်ပေးမယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉နှစ်ကုန်ပိုင်းကလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကမြေကွက်ပေါင်း ၅၀၀ကျော်ကိုရောင်းချခဲ့ပါသေးတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ရန္ကုန္တိုင္းမွာ ေျမယာေတြေရာင္းဖို႔က်န္ေနေသး

ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ကေရာင္းဖို႔က်န္႐ွိေနေသးတဲ့ ေျမယာေတြကို ဒီလကုန္မွာ စေရာင္းမယ္လို႔ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းကေျပာပါတယ္။ ၿမိဳ႕ျပဖြံံ႕ၿဖိဳးေရးအတြက္ရည္႐ြယ္ၿပီး အစိုးရပိုင္ေျမေတြကိုေရာင္းခ်လွ်က္႐ွိရာ ၂၀၂၁ ခုႏွစ္မွာေရာင္းခ်ဖို႔ တိုင္းေဒသႀကီး အစိုးရမအဖြဲ႕ကရည္႐ြယ္ထားတာပါ။

ရန္ကုန္တိုင္းထဲမွာ ၿမိဳ႕ျပအျဖစ္ပုံေဖာ္ခဲ့ၿပီးေနာက္မွာ ကြက္လပ္ေတြအျဖစ္က်န္႐ွိခဲ့တဲ့လိႈင္သာယာ၊ ေ႐ႊျပည္သာနဲ႔ ဒဂုံေလးၿမိဳ႕နယ္က လယ္ယာေျမ ဧက ေလးေထာင္ထဲကေရာင္းခ်ဖို႔က်န္႐ွိတဲ့ ေျမေတြကိုဆက္လက္ေရာင္းခ်ဖို႔ျပင္ဆင္ထားတာပါ။

ဒီလိုေရာင္းခ်ရတာဟာ ရန္ကုန္တိုင္းထဲက သိမ္းဆည္းခံလယ္ယာေျမေတြအတြက္ ေလ်ာ္ေၾကး ဘီလီယံႏွစ္ရာခန္႔ေပးဖို႔လိုအပ္တာေၾကာင့္လို႔ သိရပါတယ္။

ေျမေတြကိုေရာင္းခ်ရာမွာလည္း ရန္ကုန္တိုင္းအတြင္း ရင္းႏွီးျမႇဳပ္ႏွံမႈျပဳလုပ္ခ်င္သူေတြနဲ႔ ေျမဝယ္ၿပီး အိမ္ေဆာက္ေနခ်င္တဲ့ အစိုးရဌာနဆိုင္ရာက ပင္စင္ဝန္ထမ္းေတြ ကို ေရာင္းခ်ေပးသြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။

ေရာင္းခ်မယ့္ ေျမဖိုးနဲ႔ စည္ပင္စရိတ္ကိုေတာ့ ခြဲျခားသတ္မွတ္ၿပီးေရာင္းခ်သြားမွာျဖစ္ေပမယ့္ သင့္တင့္တဲ့ ေဈးႏႈန္းတစ္ခုနဲ႔သာေရာင္းခ်သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ႏွစ္က ေရာင္းခ်ခဲ့တဲ့ေျမကြက္ေတြဟာ ေစ်းႏႈန္းအားျဖင့္သက္သာတာေၾကာင့္ လူစုလူေဝး႐ွိခဲ့တဲ့အထိ လာေရာက္ဝယ္ယူမႈေတြမ်ားျပားခဲ့တာပါ။

ဒါ့ေၾကာင့္လက္႐ွိမွာ ေျမေရာင္းခ်ဖို႔ တိုင္းအစိုးရက ေကာ္မတီတစ္ခုကို ဖြဲ႕စည္းဖို႔ ႀကိဳးစားေနၿပီး ေျမေဈးကစားမႈေတြမျဖစ္ေအာင္နဲ႔ ေငြေၾကးတတ္ႏိုင္သူေတြရဲ႕ လက္ဝါးႀကီးအုပ္ဝယ္ယူခ်င္မ႐ွိေအာင္ ႀကီးၾကပ္သြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။

ဒီေျမကြက္ေတြဟာ တိုင္းအစိုးရအဖြဲ႕ ရဲ႕ စီမံခန္႔ခြဲခြင့္႐ွိၿပီးေရာင္းခ်ဖို႔လ်ာထားတဲ့ေျမကြက္ေတြျဖစ္ပါတယ္။

လူေနထိုင္ဖို႔သင့္ေတာ္ၿပီးစီးပြားေရးလုပ္ငန္းေတြလည္း လုပ္ကိုင္လို႔ေကာင္းတဲ့အဲ့ဒီ့ေျမကြက္ေတြဟာ ေဈးႏႈန္းသက္သာစြာနဲ႔ေရာင္းခ်သြားမယ္လို႔ ထုတ္ျပန္ခ်က္ထဲမွာေဖာ္ျပထားပါတယ္။

ေလွ်ာက္ထားလိုသူေတြအေနနဲ႔ကေတာ့ေျမအသုံးျပဳခြင့္ ေလွ်ာက္လႊာကို (မိမိအစီအစဥ္ျဖင့္႐ိုက္ႏွိပ္ၿပီး) ေျမကြက္တည္႐ွိရာ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ႐ုံး/ ၿမိဳ႕နယ္စည္ပင္ သာယာေရး အဖြဲ႕႐ုံးေတြမွာ စုံစမ္းေလွ်ာက္ထားႏိုင္မယ့္ရက္ကိုထုတ္ျပန္ေပးမယ္လို႔သိရပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉ႏွစ္ကုန္ပိုင္းကလည္း ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ကေျမကြက္ေပါင္း ၅၀၀ေက်ာ္ကိုေရာင္းခ်ခဲ့ပါေသးတယ္။

ေနးရွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service