ထိုင်းထီ၊ စင်္ကာပူထီများ အစရှိသည့် အခြားနိုင်ငံမှထီများကို မြန်မာနိုင်ငံတွင် ရောင်းချခြင်း၊ ဝယ်ယူထီထိုးခြင်းသည် လောင်းကစားဥပဒေနှင် ညိစွန်းမှု ရှိ/မရှိ - Property Knowledge in Myanmar from iMyanmarHouse.com
11909 Views

ထိုင်းထီ၊ စင်္ကာပူထီများ အစရှိသည့် အခြားနိုင်ငံမှထီများကို မြန်မာနိုင်ငံတွင် ရောင်းချခြင်း၊ ဝယ်ယူထီထိုးခြင်းသည် လောင်းကစားဥပဒေနှင် ညိစွန်းမှု ရှိ/မရှိ

Knowledge | Posted by Si Thu Aung

[Unicode]

မြန်မာနိုင်ငံအတွင်းတွင် ထိုင်းထီနှင့် စင်္ကာပူထီများကို ရောင်းချကြသည်ကို လူမှုကွန်ယက်ပေါ်တွင် မကြာခဏတွေ့လာရပါသည်။ နိုင်ငံခြားထီများကို ကံစမ်းကစားခြင်းသည် ဥပဒေကို ဖောက်ဖျက်ကျူးလွန်မိ နေသည်ကို သတိပြုမိစေရန် တင်ပြပေးခြင်းဖြစ်ပါသည်။

ထိုင်းထီ၊ စင်္ကာပူထီ အစရှိသည့် အခြားနိုင်ငံမှထီထိုးခြင်း၏ သဘောသဘာဝသည် အဆိုပါနိုင်ငံထုတ် ထီလက်မှတ်များကို ဝယ်ယူပြီး ထီပေါက် မပေါက် ကံစမ်းကစားခြင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ အောင်ဘာလေ ထီနှင့်အလားတူပင်ဖြစ်သည်။ ထီပေါက်လျှင် ငွေကြေးအမြောက်အများရရှိမည်ဖြစ်ပြီး၊ ထီမပေါက်လျှင် ထီလက်မှတ်ဝယ်ယူခဲ့သည့် ငွေကြေးဆုံးရှုံးမည်ဖြစ်သည်။

လောင်းကစားဥပဒေ ပုဒ်မ ၂(က) အရ လောင်းကစားခြင်းဆိုသည်မှာ ကံစမ်းကစားခြင်း၊ ကျွမ်းကျင်မှု ကစားခြင်းတစ်ခုခုတွင် အကောက်အစားယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ ငွေကြေးအတွက်လည်းကောင်း၊ ငွေကြေးကဲ့သို့ တန်ဖိုးရှိသော သို့မဟုတ် ငွေကြေးတန်ဖိုးအဖြစ် လွှဲပြောင်းသတ်မှတ်ရန် သဘောတူပြီးဖြစ်သော ပစ္စည်း တစ်စုံတစ်ရာအတွက်လည်းကောင်း လောင်းကစားပြုခြင်းကို ဆိုသည်ဟု ပြဌာန်းထားသည်။

ထို့ကြောင့် ထိုင်းထီ၊ စင်္ကာပူထီ အစရှိသည့် အခြားနိုင်ငံမှထီထိုးခြင်းသည် ကံစမ်းကစားခြင်းဖြစ်သဖြင့် လောင်းကစားဥပဒေ ပုဒ်မ ၂(က) တွင် ပြဌာန်းထားသည့် လောင်းကစားခြင်း အဓိပ္ပါယ်အတွင်း အကျုံးဝင်ပြီး ဥပဒေကိုဖောက်ဖျက်ကျူးလွန်ရာရောက်သည်။

ထီဆိုသည်ကို လောင်းကစားဥပဒေ ပုဒ်မ-၂(ည) အရ ထီဆိုသည်မှာ ပြည်ထောင်စုအစိုးရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော အောင်ဘာလေထီကိုဆိုသည်ဟု ပြဌာန်းထားသည်။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာက ရောင်းချသည့် အောင်ဘာလေထီများသည်သာ တရားဝင် ရောင်း၊ ဝယ်ပြီး ထီထိုးကံစမ်းခွင့်ရှိပါသည်။ အခြားနိုင်ငံမှ ထီလက်မှတ်များကို မြန်မာနိုင်ငံအတွင်း ရောင်း၊ ဝယ်ပြီး ထီထိုးကံစမ်းခွင့် မရှိပါ။

ထိုင်းထီ၊ စင်္ကာပူထီ ရောင်းချသူသည် ပုဒ်မ-၁၁(က) အရ ထီ (သို့မဟုတ်)ထီကဲ့သို့သော အခြားကံစမ်း ကစားနည်းတစ်ခုခုကို စီမံခန့်ခွဲခြင်း၊ လောင်းကြေးလက်ခံခြင်း၊ ငွေကြေးအကျိုးအမြတ်ရယူခြင်း ဆိုသည့် တားမြစ်ချက်များကို ကျူးလွန်ရာရောက်ပါသည်။ ထိုသို့ဖောက်ဖျက်ကျူးလွန်လျှင် လောင်ကစားစားဥပဒေပုဒ်မ-၁၈(က)အရ အနည်းဆုံးတစ်နှစ်မှ အများဆုံးသုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ် တစ်သိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်လည်းချမှတ်နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့်အကျုံးဝင်သော သက်သေခံ ပစ္စည်းနှင့်ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်ဖြစ်သည်။

လောင်းကစားဥပဒေ ပုဒ်မ-၁၂ အရ မည်သူမျှ ပုဒ်မ-၁၁ ပါ ကစားနည်းတစ်မျိုးမျိုးတွင် ပါဝင် လောင်းကစားခြင်း မပြုရဟု တားမြစ်ထားပါသည်။ ထိုသို့လောင်းကစားနည်းတစ်ခုခုကို ပါဝင်ကစားလျှင် လောင်းကစားဥပဒေ ပုဒ်မ-၁၉(က)အရ အနည်းဆုံးခြောက်လမှ အများဆုံးတစ်နှစ်အထိ ထောင်ဒဏ် ချမှတ်ရမည့် အပြင် အနည်းဆုံး ကျပ်ငါးသောင်းမှ အများဆုံး ကျပ်တစ်သိန်းအထိ ငွေဒဏ်လည်းချမှတ် နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့်အကျုံးဝင်သော သက်သေခံပစ္စည်းနှင့်ငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း ခံရမည်ဖြစ်သည်။

ထို့ကြောင့် လောင်းကစားဥပဒေပါ ပြဌာန်းချက်များအရ ထိုင်းထီ၊ စင်္ကာပူထီ အစရှိသည့် အခြားနိုင်ငံ မှထီများကို မြန်မာနိုင်ငံအတွင်း ရောင်းချခြင်း၊ ဝယ်ယူထီထိုးခြင်း ပြုလုပ်ခွင့်မရှိပါကြောင်းနှင့် ပြလုပ်ပါက လောင်းကစားဥပဒေနှင့် ညိစွန်းနေပြီး အရေးယူဖမ်းဆီးခံရနိုင်ပါကြောင်း ဗဟုသုတရရှိစေရန် ရေးသားဖော်ပြ ခြင်းဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ထိုင္းထီ၊ စကၤာပူထီမ်ား အစ႐ွိသည့္ အျခားႏိုင္ငံမွထီမ်ားကို ျမန္မာႏိုင္ငံတြင္ ေရာင္းခ်ျခင္း၊ ဝယ္ယူထီထိုးျခင္းသည္ ေလာင္းကစားဥပေဒႏွင္ ညိစြန္းမႈ ႐ွိ/မ႐ွိ

ျမန္မာႏိုင္ငံအတြင္းတြင္ ထိုင္းထီႏွင့္ စကၤာပူထီမ်ားကို ေရာင္းခ်ၾကသည္ကို လူမႈကြန္ယက္ေပၚတြင္ မၾကာခဏေတြ႕လာရပါသည္။ ႏိုင္ငံျခားထီမ်ားကို ကံစမ္းကစားျခင္းသည္ ဥပေဒကို ေဖာက္ဖ်က္က်ဴးလြန္မိ ေနသည္ကို သတိျပဳမိေစရန္ တင္ျပေပးျခင္းျဖစ္ပါသည္။

ထိုင္းထီ၊ စကၤာပူထီ အစ႐ွိသည့္ အျခားႏိုင္ငံမွထီထိုးျခင္း၏ သေဘာသဘာဝသည္ အဆိုပါႏိုင္ငံထုတ္ ထီလက္မွတ္မ်ားကို ဝယ္ယူၿပီး ထီေပါက္ မေပါက္ ကံစမ္းကစားျခင္းျဖစ္သည္။ ျမန္မာႏိုင္ငံရွိ ေအာင္ဘာေလ ထီႏွင့္အလားတူပင္ျဖစ္သည္။ ထီေပါက္လွ်င္ ေငြေၾကးအေျမာက္အမ်ားရ႐ွိမည္ျဖစ္ၿပီး၊ ထီမေပါက္လွ်င္ ထီလက္မွတ္ဝယ္ယူခဲ့သည့္ ေငြေၾကးဆုံး႐ႈံးမည္ျဖစ္သည္။

ေလာင္းကစားဥပေဒ ပုဒ္မ ၂(က) အရ ေလာင္းကစားျခင္းဆိုသည္မွာ ကံစမ္းကစားျခင္း၊ ကြၽမ္းက်င္မႈ ကစားျခင္းတစ္ခုခုတြင္ အေကာက္အစားယူသည္ျဖစ္ေစ၊ မယူသည္ျဖစ္ေစ ေငြေၾကးအတြက္လည္းေကာင္း၊ ေငြေၾကးကဲ့သို႔ တန္ဖိုး႐ွိေသာ သို႔မဟုတ္ ေငြေၾကးတန္ဖိုးအျဖစ္ လႊဲေျပာင္းသတ္မွတ္ရန္ သေဘာတူၿပီးျဖစ္ေသာ ပစၥည္း တစ္စုံတစ္ရာအတြက္လည္းေကာင္း ေလာင္းကစားျပဳျခင္းကို ဆိုသည္ဟု ျပဌာန္းထားသည္။

ထို႔ေၾကာင့္ ထိုင္းထီ၊ စကၤာပူထီ အစ႐ွိသည့္ အျခားႏိုင္ငံမွထီထိုးျခင္းသည္ ကံစမ္းကစားျခင္းျဖစ္သျဖင့္ ေလာင္းကစားဥပေဒ ပုဒ္မ ၂(က) တြင္ ျပဌာန္းထားသည့္ ေလာင္းကစားျခင္း အဓိပၸါယ္အတြင္း အက်ံဳးဝင္ၿပီး ဥပေဒကိုေဖာက္ဖ်က္က်ဴးလြန္ရာေရာက္သည္။

ထီဆိုသည္ကို ေလာင္းကစားဥပေဒ ပုဒ္မ-၂(ည) အရ ထီဆိုသည္မွာ ျပည္ေထာင္စုအစိုးရ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန ျပည္တြင္းအခြန္မ်ား ဦးစီးဌာနက ႀကီးမႉးဖြင့္လွစ္ေသာ ေအာင္ဘာေလထီကိုဆိုသည္ဟု ျပဌာန္းထားသည္။ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာန၊ ျပည္တြင္းအခြန္မ်ားဦးစီးဌာက ေရာင္းခ်သည့္ ေအာင္ဘာေလထီမ်ားသည္သာ တရားဝင္ ေရာင္း၊ ဝယ္ၿပီး ထီထိုးကံစမ္းခြင့္႐ွိပါသည္။ အျခားႏိုင္ငံမွ ထီလက္မွတ္မ်ားကို ျမန္မာႏိုင္ငံအတြင္း ေရာင္း၊ ဝယ္ၿပီး ထီထိုးကံစမ္းခြင့္ မ႐ွိပါ။

ထိုင္းထီ၊ စကၤာပူထီ ေရာင္းခ်သူသည္ ပုဒ္မ-၁၁(က) အရ ထီ (သို႔မဟုတ္)ထီကဲ့သို႔ေသာ အျခားကံစမ္း ကစားနည္းတစ္ခုခုကို စီမံခန္႔ခြဲျခင္း၊ ေလာင္းေၾကးလက္ခံျခင္း၊ ေငြေၾကးအက်ိဳးအျမတ္ရယူျခင္း ဆိုသည့္ တားျမစ္ခ်က္မ်ားကို က်ဴးလြန္ရာေရာက္ပါသည္။ ထိုသို႔ေဖာက္ဖ်က္က်ဴးလြန္လွ်င္ ေလာင္ကစားစားဥပေဒပုဒ္မ-၁၈(က)အရ အနည္းဆုံးတစ္ႏွစ္မွ အမ်ားဆုံးသုံးႏွစ္အထိ ေထာင္ဒဏ္ခ်မွတ္ရမည့္အျပင္ အနည္းဆုံး က်ပ္ တစ္သိန္းမွ အမ်ားဆုံး က်ပ္ငါးသိန္းအထိ ေငြဒဏ္လည္းခ်မွတ္ႏိုင္သည္။ ထို႔ျပင္ ျပစ္မႈႏွင့္အက်ံဳးဝင္ေသာ သက္ေသခံ ပစၥည္းႏွင့္ေငြကို ျပည္သူ႕ဘ႑ာအျဖစ္ သိမ္းဆည္းျခင္းခံရမည္ျဖစ္သည္။

ေလာင္းကစားဥပေဒ ပုဒ္မ-၁၂ အရ မည္သူမွ် ပုဒ္မ-၁၁ ပါ ကစားနည္းတစ္မ်ိဳးမ်ိဳးတြင္ ပါဝင္ ေလာင္းကစားျခင္း မျပဳရဟု တားျမစ္ထားပါသည္။ ထိုသို႔ေလာင္းကစားနည္းတစ္ခုခုကို ပါဝင္ကစားလွ်င္ ေလာင္းကစားဥပေဒ ပုဒ္မ-၁၉(က)အရ အနည္းဆုံးေျခာက္လမွ အမ်ားဆုံးတစ္ႏွစ္အထိ ေထာင္ဒဏ္ ခ်မွတ္ရမည့္ အျပင္ အနည္းဆုံး က်ပ္ငါးေသာင္းမွ အမ်ားဆုံး က်ပ္တစ္သိန္းအထိ ေငြဒဏ္လည္းခ်မွတ္ ႏိုင္သည္။ ထို႔ျပင္ ျပစ္မႈႏွင့္အက်ံဳးဝင္ေသာ သက္ေသခံပစၥည္းႏွင့္ေငြကို ျပည္သူ႕ဘ႑ာအျဖစ္ သိမ္းဆည္းျခင္း ခံရမည္ျဖစ္သည္။

ထို႔ေၾကာင့္ ေလာင္းကစားဥပေဒပါ ျပဌာန္းခ်က္မ်ားအရ ထိုင္းထီ၊ စကၤာပူထီ အစ႐ွိသည့္ အျခားႏိုင္ငံ မွထီမ်ားကို ျမန္မာႏိုင္ငံအတြင္း ေရာင္းခ်ျခင္း၊ ဝယ္ယူထီထိုးျခင္း ျပဳလုပ္ခြင့္မ႐ွိပါေၾကာင္းႏွင့္ ျပလုပ္ပါက ေလာင္းကစားဥပေဒႏွင့္ ညိစြန္းေနၿပီး အေရးယူဖမ္းဆီးခံရႏိုင္ပါေၾကာင္း ဗဟုသုတရ႐ွိေစရန္ ေရးသားေဖာ္ျပ ျခင္းျဖစ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service