လယ်ယာမြေ အခြားနည်းအသုံးပြုရန်ခွင့်ပြုမိန့်ကို ပယ်ဖျက်ခြင်း လုပ်ငန်းစဉ် (ယခင်အခေါ် လ/န ၃၉ ၊ လယ ၃၀) - Property Knowledge in Myanmar from iMyanmarHouse.com
1678 Views

လယ်ယာမြေ အခြားနည်းအသုံးပြုရန်ခွင့်ပြုမိန့်ကို ပယ်ဖျက်ခြင်း လုပ်ငန်းစဉ် (ယခင်အခေါ် လ/န ၃၉ ၊ လယ ၃၀)

Knowledge | Posted by Aye Myat Thu

[Unicode]

လယ်ယာမြေ အခြားနည်းအသုံးပြုရန်ခွင့်ပြုမိန့်ကို ခွင့်ပြုထားသည့် သတ်မှတ်နည်းလမ်းအတိုင်း အသုံးမပြုပါက (သို့မဟုတ်) ခွင့်ပြုမိန့်ရပြီးသော်လည်း မည်သည့်လုပ်ငန်းမျှ မလုပ်ပဲ (၆) လအထက်ထားရှိပါက အခြားနည်းသုံးရန်ခွင့်ပြုမိန့်ကို ပယ်ဖျက်ခြင်းခံရမည်ဖြစ်သည်။

၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေအရ လယ်ယာမြေ အခြားနည်းအသုံးပြုမှုကို ပယ်ဖျက်ရန် လုပ်ပိုင်ခွင့် ကို လယ်မြေဖြစ်ပါက ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့လည်းကောင်း၊ လယ်မြေမှတစ်ပါး လယ်ယာမြေ (ဥယာဉ်စသည်) ဖြစ်ပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ကိုလည်းကောင်း လုပ်ပိုင်ခွင့်အပ်နှင်းထားပါသည်။

၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ ပြဌာန်းခြင်းမပြုမီက ခွင့်ပြုပေးခဲ့သော လ/န ၃၉ ခွင့်ပြုမိန့်ကို သော်လည်းကောင်း၊ ယခုပြဌာန်းထားသည့် လယ်ယာမြေဥပဒေအရ ခွင့်ပြုပေးခဲ့သည့် လယ ၃၀ ခွင့်ပြုမိန့်ကို သော်လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ပယ်ဖျက်ရန် ကိစ္စရပ်များတွင် အခြားနည်းသုံးရန် ခွင့်ပြုမိန့်အား ပယ်ဖျက်နိုင်ရေးအတွက် အမှုတွဲဖွင့်လှစ်ရမည်ဖြစ်ပါသည်။

အမှုတွဲဖွင့်လှစ်ရာတွင် ပယ်ဖျက်မည့်မြေ၏ လက်ရှိမြေပြင်အခြေအနေ၊ မှတ်တမ်းဓာတ်ပုံများ၊ မြေအသုံး ချထားမှုအခြေအနေ၊ အခြားနည်း အသုံးပြုရန်ခွင့်ပြုသည့် အချိန်မတိုင်မီက မြေအမျိုးအစား၊ မြေပုံ/မြေရာဇဝင် ၁၀၅/၁၀၆၊ ယခင်ခွင့်ပြုထားခဲ့သော အထောက်အထားများ၊ မှတ်တမ်းများ၊ ခွင်ပြုချက်ရရှိထားသူ၏ ထွက်ဆိုချက်၊ ရပ်ကျေးလယ်စီအဖွဲ့၏ သဘောထားမှတ်ချက်၊ မြို့နယ်လယ်စီအဖွဲ့၏ သဘောထားမှတ်ချက်နှင့် အစည်းအဝေးဆုံးဖြတ်ချက်များဖြင့် ခရိုင်လယ်စီအဖွဲ့သို့ တင်ပြရပါသည်။ ခရိုင်လယ်စီအဖွဲ့မှထပ်မံ၍ စိစစ်ပြီး ခရိုင်လယ်စီ၏ သဘောထားမှတ်ချက်နှင့် အစည်းအဝေးဆုံးဖြတ်ချက်များဖြင့် ပြည်နယ်တိုင်းလယ်စီအဖွဲ့သို့ တင်ပြရပါသည်။

ပြည်နယ်တိုင်း လယ်စီအဖွဲ့သည် တင်ပြချက်ကိုလက်ခံရရှိပါက ပြည်နယ်တိုင်းလယ်စီအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်၊ သဘောထားမှတ်ချက်နှင့်အတူဗဟိုလယ်စီအဖွဲ့ထံတင်ပြရပါသည်။ ဗဟိုလယ်စီအဖွဲ့သည် တင်ပြချက်ကိုရရှိလျှင် စိစစ်ပြီးလိုအပ်ပါက

(က) လယ်မြေကို အခြားနည်းဖြင့်အသုံးပြုရန်ခွင့်ပြုမိန့်ကို ပယ်ဖျက်ရမည်။

(ခ) လယ်မြေမှတစ်ပါး လယ်ယာမြေကို နေပြည်တော်ကောင်စီ (သို့မဟုတ်) တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့ကထုတ်ပေးထားသော ခွင့်ပြုမိန့်ကို ပယ်ဖျက်စေရန် သက်ဆိုင်ရာပြည်နယ်တိုင်း အစိုးရသို့ အကြောင်းကြားမည်ဖြစ်ပါသည်။ ထို့သို့ ပယ်ဖျက်ပြီးပါက အဆိုပါမြေသည် မူလမြေအမျိုးအစားပြန်ဖြစ်သွားမည် ဖြစ်ပါသည်။

ထို့နောက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် ဗဟိုလယ်စီအဖွဲ့က ပယ်ဖျက်ထားသည့် လယ်မြေ၊ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့က ပယ်ဖျက်ထားသည့် လယ်ယာမြေကို ပြန်လည်သိမ်းယူမည် ဖြစ်ပါသည်။

ထို့ကြောင့် လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုရန်ခွင့်ပြုချက်ရရှိထားသူများအနေဖြင့် သတ်မှတ်နည်းလမ်းအတိုင်း အသုံးပြုကြရန်နှင့် သတ်မှတ်နည်းလမ်းနှင့်အညီ ဆောင်ရွက်ခြင်း မရှိပါက ခွင့်ပြုမိန့် ပယ်ဖျက်ခြင်းခံရနိုင်ပါကြောင်း ဥပဒေဗဟုသုတရရှိစေရန် ရေးသားဖော်ပြအပ်ပါသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

လယ္ယာေျမ အျခားနည္းအသုံးျပဳရန္ခြင့္ျပဳမိန္႔ကို ပယ္ဖ်က္ျခင္း လုပ္ငန္းစဥ္ (ယခင္အေခၚ လ/န ၃၉ ၊ လယ ၃၀)

လယ္ယာေျမ အျခားနည္းအသုံးျပဳရန္ခြင့္ျပဳမိန္႔ကို ခြင့္ျပဳထားသည့္ သတ္မွတ္နည္းလမ္းအတိုင္း အသံုးမျပဳပါက (သို႔မဟုတ္) ခြင့္ျပဳမိန္႔ရၿပီးေသာ္လည္း မည္သည့္လုပ္ငန္းမွ် မလုပ္ပဲ (၆) လအထက္ထား႐ွိပါက အျခားနည္းသုံးရန္ခြင့္ျပဳမိန္႔ကို ပယ္ဖ်က္ျခင္းခံရမည္ျဖစ္သည္။

၂၀၁၂ ခုႏွစ္၊ လယ္ယာေျမဥပေဒအရ လယ္ယာေျမ အျခားနည္းအသုံးျပဳမႈကို ပယ္ဖ်က္ရန္ လုပ္ပိုင္ခြင့္ ကို လယ္ေျမျဖစ္ပါက ဗဟိုလယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕သို႔လည္းေကာင္း၊ လယ္ေျမမွတစ္ပါး လယ္ယာေျမ (ဥယာဥ္စသည္) ျဖစ္ပါက တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္အစိုးရအဖြဲ႕ကိုလည္းေကာင္း လုပ္ပိုင္ခြင့္အပ္ႏွင္းထားပါသည္။

၂၀၁၂ ခုႏွစ္၊ လယ္ယာေျမဥပေဒ ျပဌာန္းျခင္းမျပဳမီက ခြင့္ျပဳေပးခဲ့ေသာ လ/န ၃၉ ခြင့္ျပဳမိန္႔ကို ေသာ္လည္းေကာင္း၊ ယခုျပဌာန္းထားသည့္ လယ္ယာေျမဥပေဒအရ ခြင့္ျပဳေပးခဲ့သည့္ လယ ၃၀ ခြင့္ျပဳမိန္႔ကို ေသာ္လည္းေကာင္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျပန္လည္ပယ္ဖ်က္ရန္ ကိစၥရပ္မ်ားတြင္ အျခားနည္းသုံးရန္ ခြင့္ျပဳမိန္႔အား ပယ္ဖ်က္ႏိုင္ေရးအတြက္ အမႈတြဲဖြင့္လွစ္ရမည္ျဖစ္ပါသည္။

အမႈတြဲဖြင့္လွစ္ရာတြင္ ပယ္ဖ်က္မည့္ေျမ၏ လက္႐ွိေျမျပင္အေျခအေန၊ မွတ္တမ္းဓာတ္ပုံမ်ား၊ ေျမအသုံး ခ်ထားမႈအေျခအေန၊ အျခားနည္း အသုံးျပဳရန္ခြင့္ျပဳသည့္ အခ်ိန္မတိုင္မီက ေျမအမ်ိဳးအစား၊ ေျမပုံ/ေျမရာဇဝင္ ၁၀၅/၁၀၆၊ ယခင္ခြင့္ျပဳထားခဲ့ေသာ အေထာက္အထားမ်ား၊ မွတ္တမ္းမ်ား၊ ခြင္ျပဳခ်က္ရ႐ွိထားသူ၏ ထြက္ဆိုခ်က္၊ ရပ္ေက်းလယ္စီအဖြဲ႕၏ သေဘာထားမွတ္ခ်က္၊ ၿမိဳ႕နယ္လယ္စီအဖြဲ႕၏ သေဘာထားမွတ္ခ်က္ႏွင့္ အစည္းအေဝးဆုံးျဖတ္ခ်က္မ်ားျဖင့္ ခ႐ိုင္လယ္စီအဖြဲ႕သို႔ တင္ျပရပါသည္။ ခ႐ိုင္လယ္စီအဖြဲ႕မွထပ္မံ၍ စိစစ္ၿပီး ခ႐ိုင္လယ္စီ၏ သေဘာထားမွတ္ခ်က္ႏွင့္ အစည္းအေဝးဆုံးျဖတ္ခ်က္မ်ားျဖင့္ ျပည္နယ္တိုင္းလယ္စီအဖြဲ႕သို႔ တင္ျပရပါသည္။

ျပည္နယ္တိုင္း လယ္စီအဖြဲ႕သည္ တင္ျပခ်က္ကိုလက္ခံရ႐ွိပါက ျပည္နယ္တိုင္းလယ္စီအဖြဲ႕၏ အစည္းအေဝးဆုံးျဖတ္ခ်က္၊ သေဘာထားမွတ္ခ်က္ႏွင့္အတူဗဟိုလယ္စီအဖြဲ႕ထံတင္ျပရပါသည္။ ဗဟိုလယ္စီအဖြဲ႕သည္ တင္ျပခ်က္ကိုရ႐ွိလွ်င္ စိစစ္ၿပီးလိုအပ္ပါက

(က) လယ္ေျမကို အျခားနည္းျဖင့္အသုံးျပဳရန္ခြင့္ျပဳမိန္႔ကို ပယ္ဖ်က္ရမည္။

(ခ) လယ္ေျမမွတစ္ပါး လယ္ယာေျမကို ေနျပည္ေတာ္ေကာင္စီ (သို႔မဟုတ္) တိုင္းေဒသႀကီး (သို႔မဟုတ္္) ျပည္နယ္အစိုးရအဖြဲ႕ကထုတ္ေပးထားေသာ ခြင့္ျပဳမိန္႔ကို ပယ္ဖ်က္ေစရန္ သက္ဆိုင္ရာျပည္နယ္တိုင္း အစိုးရသို႔ အေၾကာင္းၾကားမည္ျဖစ္ပါသည္။ ထို႔သို႔ ပယ္ဖ်က္ၿပီးပါက အဆိုပါေျမသည္ မူလေျမအမ်ိဳးအစားျပန္ျဖစ္သြားမည္ ျဖစ္ပါသည္။

ထို႔ေနာက္ ဗဟိုလယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕သည္ ဗဟိုလယ္စီအဖြဲ႕က ပယ္ဖ်က္ထားသည့္ လယ္ေျမ၊ ေနျပည္ေတာ္၊ တိုင္းေဒသႀကီး၊ ျပည္နယ္အစိုးရအဖြဲ႕က ပယ္ဖ်က္ထားသည့္ လယ္ယာေျမကို ျပန္လည္သိမ္းယူမည္ ျဖစ္ပါသည္။

ထို႔ေၾကာင့္ လယ္ယာေျမကို အျခားနည္းျဖင့္ အသုံးျပဳရန္ခြင့္ျပဳခ်က္ရ႐ွိထားသူမ်ားအေနျဖင့္ သတ္မွတ္နည္းလမ္းအတိုင္း အသုံးျပဳၾကရန္ႏွင့္ သတ္မွတ္နည္းလမ္းႏွင့္အညီ ေဆာင္႐ြက္ျခင္း မ႐ွိပါက ခြင့္ျပဳမိန္႔ ပယ္ဖ်က္ျခင္းခံရႏိုင္ပါေၾကာင္း ဥပေဒဗဟုသုတရရွိေစရန္ ေရးသားေဖာ္ျပအပ္ပါသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service