အဆောက်အအုံပြီးစီးကြောင်းလက်မှတ် (BCC) ဆိုတာဘာလဲ ? - Property Knowledge in Myanmar from iMyanmarHouse.com
2248 Views

အဆောက်အအုံပြီးစီးကြောင်းလက်မှတ် (BCC) ဆိုတာဘာလဲ ?

Knowledge | Posted by Si Thu Aung

[Unicode]

အဆောက်အအုံပြီးစီးကြောင်းလက်မှတ် (BCC) မရသေးဘဲ လူနေထိုင်ခွင့်မရှိပါဘူး။ အဆောက်အအုံ ဆောက်လုပ်ပြီးစီးပါကတည်ဆောက်ခြင်းအတွက် အခွန်ပေးဆောင်ရန် ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့ထံတင်ပြပြီး ကျသင့်အခွန်ပေးဆောင်ရမှာဖြစ်ပါသည်။ ထိုသို့ပေးဆောင်ထားသည့် အခွန်စည်းကြပ်ပြီးကြောင်း ထောက်ခံချက်ဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဌာနတွင် အဆောက်အအုံပြီးစီးကြောင်း သက်သေခံလက်မှတ် (BCC) လျှောက်ထားရမှာဖြစ်ပါတယ်။

လျှောက်ထားရာတွင် လိုအပ်သည့်စာရွက်စာတမ်းများကတော့

၁။ ဆောက်လုပ်ခွင့်ပြုမိန့်မိတ္တူ

၂။ ဆောက်လုပ်ခွင့်ပြုပုံစံ (Drawing) မိတ္တူ

၃။ ဆောက်လုပ်ခွင့်ပုံစံစစ်ဆေးခငွေသွင်းချလံမိတ္တူ

၄။ အဆောက်အအုံပြီးစီးကြောင်းမှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ဗိသုကာနှင့်စစ်ဆေးရေး အင်ဂျင် နီယာများ၏မှတ်ချက်ပါရှိသောမှတ်တမ်းစာအုပ် (Log Book)

၅။ လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (မြေရှင်၊ GP/SP) (A4 Size တစ်မျက်နှာ တည်းတွင်အပေါ်/အောက်ကူးရန်)

၆။ စီးပွားရေးလုပ်ငန်းသုံးအဆောက်အအုံပုံစံဖြစ်ပါက မီးသတ်ဦးစီးဌာန၏ထောက်ခံချက်မူရင်းနှင့် Fire Safety Certificate မိတ္တူ

၇။ အဆောက်အအုံ၏ရှေ့၊ နောက်၊ ဝဲ၊ ယာ ဓါတ်ပုံများ

၈။ ရာပြတ်ဌာန၏အခွန်စည်းကြပ်ပြီးကြောင်းထောက်ခံချက်

၉။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင်သန့်ရှင်းရေးဌာန၏ အမှိုက်စွန့်ပစ်ရန်လုံလောက်သည့် အမှိုက်ပုံးထားရှိမည်ဖြစ်ကြောင်းခံဝန်

၁၀။ Lift ပါဝင်သောအဆောက်အအုံဖြစ်ပါက စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၏ ဓါတ်လှေကား အသုံးပြုခွင့်လက်မှတ်

၁၁။ (၁၈) ခန်းနှင့်အထက် အဆောက်အအုံဖြစ်ပါကTransformer တပ်ဆင်သုံးစွဲခွင့်ပြုကြောင်း ရန်ကုန် မြို့တော်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း၏ထောက်ခံချက် စသည့်တို့ဖြင့် လျှောက်ထားရမှာ ဖြစ်ပါသည်။

အဆောက်အအုံပြီးစီးကြောင်း သက်သေခံလက်မှတ် လျှောက်ထားခြင်းအတွက် ငှာနသွင်းငွေ ၃၆၀၀၀ကျပ် ပေးသွင်းရမှာဖြစ်ပါတယ်။ အဆောက်အဦပြီးစီးကြောင်း သက်သေခံလက်မှတ် (BCC) မရသေးဘဲ လူနေထိုင်နေကျတာတွေရှိပါတယ်။ ထိုသို့ နေထိုင်နေကြောင်း ငှာနမှ စစ်ဆေးတွေ့ရှိပါက ကြိုတင်လူနေဒဏ်ကြေးအဖြစ် မိသားစုလုံးချင်းအဆောက်အအုံဆိုလျှင် ၆၀၀၀၀ ကျပ်၊ အများသုံးလူနေ အဆောက်အအုံဆိုလျှင် ၁ ခန်း ၁၂၀၀၀၀ ကျပ်၊ စီးပွားရေးသုံးအဆောက်အအုံဆိုလျှင် ၁ ခန်း ၂၄၀၀၀၀ ကျပ်ဖြင့် ဒဏ်ကြေးပေးဆောင်ရမှာဖြစ်ပါတယ်။

အဆောက်အဦပြီးစီးကြောင်း သက်သေခံလက်မှတ် (BCC) လျှောက်ထားပြီး ခွင့်ပြုချက် မကျသေးလျှင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဌာနရှိ သက်ဆိုင်ရာ မြို့နယ်တာဝန်ခံဖြင့် သွားရောက်တွေ့ဆုံပြီး အမှုတွဲအခြေအနေ စုံစမ်းကြည့်ပါ။ အဆောက်အဦ သက်မှတ်အရည်အသွေးမပြည့်မီခြင်း၊ လိုအပ်သည့် အထောက်အထားမပြည့်စုံခြင်း၊ အဆောက်အဦပုံစံကွဲလွဲခြင်းများရှိလျှင် ခွင့်ပြုမိန့်မကျတာတွေဖြစ်တတ်ပါတယ်။ ဌာနမှာသွားရောက်စုံစမ်းပြီး လိုအပ်ချက်ကို ပြင်ဆင်ဆောင်ရွက်ပြီး ပြန်လည်တင်ပြလျှင် ခွင့်ပြုမိန့်ကျပါတယ်။ ထိုသို့ အဆောက်အဦပြီးစီးကြောင်း သက်သေခံလက်မှတ် (BCC) ရရှိထားသည့်အဆောက်အအုံကိုသာ ဝယ်ယူသင့်ကြောင်း သတိပေးအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အေဆာက္အအံုၿပီးစီးေၾကာင္းလက္မွတ္ (BCC) ဆိုတာဘာလဲ ?

အေဆာက္အအံုၿပီးစီးေၾကာင္းလက္မွတ္ (BCC) မရေသးဘဲ လူေနထိုင္ခြင့္မရွိပါဘူး။ အေဆာက္အအံု ေဆာက္လုပ္ၿပီးစီးပါကတည္ေဆာက္ျခင္းအတြက္ အခြန္ေပးေဆာင္ရန္ ကာလတန္ဖိုး စိစစ္သတ္မွတ္ေရး အဖြဲ႕ထံတင္ျပၿပီး က်သင့္အခြန္ေပးေဆာင္ရမွာျဖစ္ပါသည္။ ထိုသို႔ေပးေဆာင္ထားသည့္ အခြန္စည္းၾကပ္ၿပီးေၾကာင္း ေထာက္ခံခ်က္ျဖင့္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ အေဆာက္အအံုဌာနတြင္ အေဆာက္အအံုၿပီးစီးေၾကာင္း သက္ေသခံလက္မွတ္ (BCC) ေလွ်ာက္ထားရမွာျဖစ္ပါတယ္။

ေလွ်ာက္ထားရာတြင္ လိုအပ္သည့္စာရြက္စာတမ္းမ်ားကေတာ့

၁။ ေဆာက္လုပ္ခြင့္ျပဳမိန္႔မိတၱဴ

၂။ ေဆာက္လုပ္ခြင့္ျပဳပံုစံ (Drawing) မိတၱဴ

၃။ ေဆာက္လုပ္ခြင့္ပံုစံစစ္ေဆးခေငြသြင္းခ်လံမိတၱဴ

၄။ အေဆာက္အအံုျပီးစီးေၾကာင္းမွတ္ပံုတင္လက္မွတ္ရ အင္ဂ်င္နီယာ/ဗိသုကာနွင့္စစ္ေဆးေရး အင္ဂ်င္ နီယာမ်ား၏မွတ္ခ်က္ပါရွိေသာမွတ္တမ္းစာအုပ္ (Log Book)

၅။ ေလွ်ာက္ထားသူ၏ နိုင္ငံသားစိစစ္ေရးကတ္ျပားမိတၱဴ (ေျမရွင္၊ GP/SP) (A4 Size တစ္မ်က္နွာ တည္းတြင္အေပၚ/ေအာက္ကူးရန္)

၆။ စီးပြားေရးလုပ္ငန္းသံုးအေဆာက္အအံုပံုစံျဖစ္ပါက မီးသတ္ဦးစီးဌာန၏ေထာက္ခံခ်က္မူရင္းနွင့္ Fire Safety Certificate မိတၱဴ

၇။ အေဆာက္အအံု၏ေရွ႕၊ ေနာက္၊ ဝဲ၊ ယာ ဓါတ္ပံုမ်ား

၈။ ရာျပတ္ဌာန၏အခြန္စည္းၾကပ္ျပီးေၾကာင္းေထာက္ခံခ်က္

၉။ ပတ္ဝန္းက်င္ထိန္းသိမ္းေရးနွင္သန္႔ရွင္းေရးဌာန၏ အမိႈက္စြန႔္ပစ္ရန္လံုေလာက္သည့္ အမွိုက္ပံုးထားရွိမည္ျဖစ္ေၾကာင္းခံဝန္

၁၀။ Lift ပါဝင္ေသာအေဆာက္အအံုျဖစ္ပါက စက္မႈၾကီးၾကပ္ေရးနွင့္စစ္ေဆးေရးဦးစီးဌာန၏ ဓါတ္ေလွကား အသံုးျပဳခြင့္လက္မွတ္

၁၁။ (၁၈) ခန္းနွင့္အထက္ အေဆာက္အအံုျဖစ္ပါကTransformer တပ္ဆင္သံုးစြဲခြင့္ျပဳေၾကာင္း ရန္ကုန္ ျမိဳ႕ေတာ္လွ်ပ္စစ္ဓါတ္အားေပးေရးေကာ္ပိုေရးရွင္း၏ေထာက္ခံခ်က္ စသည့္တို႔ျဖင့္ ေလွ်ာက္ထားရမွာ ျဖစ္ပါသည္။

အေဆာက္အအံုၿပီးစီးေၾကာင္း သက္ေသခံလက္မွတ္ ေလွ်ာက္ထားျခင္းအတြက္ ငွာနသြင္းေငြ ၃၆၀၀၀က်ပ္ ေပးသြင္းရမွာျဖစ္ပါတယ္။ အေဆာက္အဦၿပီးစီးေၾကာင္း သက္ေသခံလက္မွတ္ (BCC) မရေသးဘဲ လူေနထိုင္ေနက်တာေတြရွိပါတယ္။ ထိုသို႔ ေနထိုင္ေနေၾကာင္း ငွာနမွ စစ္ေဆးေတြ႔ရွိပါက ႀကိဳတင္လူေနဒဏ္ေၾကးအျဖစ္ မိသားစုလံုးခ်င္းအေဆာက္အအံုဆိုလွ်င္ ၆၀၀၀၀ က်ပ္၊ အမ်ားသံုးလူေန အေဆာက္အအံုဆိုလွ်င္ ၁ ခန္း ၁၂၀၀၀၀ က်ပ္၊ စီးပြားေရးသံုးအေဆာက္အအံုဆိုလွ်င္ ၁ ခန္း ၂၄၀၀၀၀ က်ပ္ျဖင့္ ဒဏ္ေၾကးေပးေဆာင္ရမွာျဖစ္ပါတယ္။

အေဆာက္အဦၿပီးစီးေၾကာင္း သက္ေသခံလက္မွတ္ (BCC) ေလွ်ာက္ထားၿပီး ခြင့္ျပဳခ်က္ မက်ေသးလွ်င္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ အေဆာက္အအံုဌာနရွိ သက္ဆိုင္ရာ ၿမိဳ႕နယ္တာ၀န္ခံျဖင့္ သြားေရာက္ေတြ႕ဆံုၿပီး အမႈတြဲအေျခအေန စံုစမ္းၾကည့္ပါ။ အေဆာက္အဦ သက္မွတ္အရည္အေသြးမျပည့္မီျခင္း၊ လိုအပ္သည့္ အေထာက္အထားမျပည့္စံုျခင္း၊ အေဆာက္အဦပံုစံကြဲလြဲျခင္းမ်ားရွိလွ်င္ ခြင့္ျပဳမိန္႔မက်တာေတြျဖစ္တတ္ပါတယ္။ ဌာနမွာသြားေရာက္စံုစမ္းၿပီး လိုအပ္ခ်က္ကို ျပင္ဆင္ေဆာင္ရြက္ၿပီး ျပန္လည္တင္ျပလွ်င္ ခြင့္ျပဳမိန္႔က်ပါတယ္။ ထိုသို႔ အေဆာက္အဦၿပီးစီးေၾကာင္း သက္ေသခံလက္မွတ္ (BCC) ရရွိထားသည့္အေဆာက္အအံုကိုသာ ၀ယ္ယူသင့္ေၾကာင္း သတိေပးအပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service