ထမင်းစားပြီး ပြီးချင်း တန်းအိပ်ရင် ကြုံတွေ့ရနိုင်တဲ့ ဆိုးကျိုးများ - Property Knowledge in Myanmar from iMyanmarHouse.com
1364 Views

ထမင်းစားပြီး ပြီးချင်း တန်းအိပ်ရင် ကြုံတွေ့ရနိုင်တဲ့ ဆိုးကျိုးများ

Knowledge | Posted by Aye Myat Thu

[Unicode]

ထမင်းစားပြီး ချက်ချင်း မအိပ်ရဘူးဆိုတာမျိုးကိုတော့ ကြားဖူးကြမှာပါ။ ဒါပေမယ့် တစ်ခါတစ်လေမှာ သတိထားနေရဲ့ကြားက လုပ်လိုက်မိတဲ့ အမှားတွေဆိုတာ ရှိတတ်ပါတယ်။ ဒီတော့ ထမင်းစားပြီး ချက်ချင်းတန်းအိပ်ရင် ဘာတွေဖြစ်လာနိုင်လဲဆိုတာကို သိထားစေဖို့ ဝေမျှပေးလိုက်ပါတယ်နော်။

ရင်ပူရင်ဆာ ဖြစ်စေတယ်

ပုံမှန်အားဖြင့် အစာအိမ်ထဲကနေ အစာတွေကို ခြေဖျက်ဖို့ acid ကို ထုတ်လွှတ်ပေးပါတယ်။ လူတွေက ပုံမှန်အနေအထားအတိုင်း နေတဲ့အခါ အစာခြေဖျက်တဲ့ အရည်တွေဟာ အစာအိမ်ရဲ့ အောက်ဖက်မှာ စုနေတတ်ကြပါတယ်။ ဒါပေမယ့် လှဲလျောင်းလိုက်တဲ့ အခါမှာတော့ အဲဒီ့အစာခြေအရည်တွေဟာ အစာအိမ်ရဲ့ ထိခိုက်လွယ်တဲ့ အပိုင်းတွေကို ထိခိုက်စေပြီး ရင်ပူရင်ဆာဖြစ်ခြင်းကို ဖြစ်ပေါ်လာစေတာပါ။ ဒီလိုဖြစ်ပေါ်ခြင်းက ရင်ဘတ်နဲ့ လည်ချောင်းတွေမှာ နာကျင်မှုတွေ ဖြစ်ပေါ်စေပါတယ်။

နှစ်ခြိုက်စွာ အိပ်မပျော်စေဘူး

ထမင်း စားပြီးပြီးချင်း အိပ်တဲ့အခါ အစာအိမ်ထဲမှာ အစာတွေပြည့်နေတဲ့အတွက် အိပ်မပျော်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါက အိပ်စက်ခြင်းကို ကောင်းစွာ နှောင့်ယှက်နိုင်ပြီး ဆိုးဝါးတဲ့ အိပ်စက်ပုံဖြစ်လာစေပါတယ်။ နှစ်ခြိုက်စွာ အိပ်မပျော်တဲ့အခါ စိတ်မကြည်လင်ခြင်းနဲ့ ခေါင်းကိုက်ခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။

အိပ်မက်ဆိုးတွေ မက်စေတယ်

ထမင်းစားပြီး ချက်ချင်းအိပ်စက်တဲ့အခါ ဗိုက်ကတင်းပြီး ဇီဝဖြစ်စဉ်ကို နှောင့်ယှက်တဲ့အတွက် ဦးနှောက်က ပိုအလုပ်လုပ်နေတတ်ပါတယ်။ ဒီလိုဖြစ်စဉ်ကြောင့်ပဲ အိပ်စက်တဲ့အချိန်မှာ နေမထိထိုင်မသာ ဖြစ်နေတာကြောင့် အိပ်မက်ဆိုးတွေအဖြစ် မြင်မက်တတ်တာပါ။

ဝိတ်ပိုတက်စေတယ်

အစာစားပြီးတာနဲ့ အိပ်စက်လိုက်တဲ့အခါ ခန္ဓာကိုယ်ကနေပြီး ကယ်လိုရီလောင်ကျွမ်းဖို့ အချိန် မလုံလောက်တဲ့အတွက် ဝိတ်ကို ပိုတက်စေတာပါ။ ခန္ဓာကိုယ်မှာ မလိုအပ်တဲ့ ကယ်လိုရီတွေ စုပုံလာပြီး တဖြည်းဖြည်းနဲ့ ဝိတ်ပိုတက်လာရခြင်း ဖြစ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: auntymay

 

 

[Zawgyi]

ထမင္းစားၿပီး ၿပီးခ်င္း တန္းအိပ္ရင္ ႀကံဳေတြ႔ရႏိုင္တဲ့ ဆိုးက်ိဳးမ်ား

ထမင္းစားၿပီး ခ်က္ခ်င္း မအိပ္ရဘူးဆိုတာမ်ိဳးကိုေတာ့ ၾကားဖူးၾကမွာပါ။ ဒါေပမယ့္ တစ္ခါတစ္ေလမွာ သတိထားေနရဲ႕ၾကားက လုပ္လုိက္မိတဲ့ အမွားေတြဆုိတာ ႐ွိတတ္ပါတယ္။ ဒီေတာ့ ထမင္းစားၿပီး ခ်က္ခ်င္းတန္းအိပ္ရင္ ဘာေတြျဖစ္လာႏုိင္လဲဆုိတာကို သိထားေစဖုိ႔ ေဝမွ်ေပးလုိက္ပါတယ္ေနာ္။

ရင္ပူရင္ဆာ ျဖစ္ေစတယ္

ပံုမွန္အားျဖင့္ အစာအိမ္ထဲကေန အစာေတြကို ေျခဖ်က္ဖုိ႔ acid ကို ထုတ္လႊတ္ေပးပါတယ္။ လူေတြက ပံုမွန္အေနအထားအတုိင္း ေနတဲ့အခါ အစာေျခဖ်က္တဲ့ အရည္္ေတြဟာ အစာအိမ္ရဲ႕ ေအာက္ဖက္မွာ စုေနတတ္ၾကပါတယ္။ ဒါေပမယ့္ လွဲေလ်ာင္းလုိက္တဲ့ အခါမွာေတာ့ အဲဒီ႔အစာေျခအရည္္ေတြဟာ အစာအိမ္ရဲ႕ ထိခိုက္လြယ္တဲ့ အပိုင္းေတြကို ထိခိုက္ေစၿပီး ရင္ပူရင္ဆာျဖစ္ျခင္းကို ျဖစ္ေပၚလာေစတာပါ။ ဒီလုိျဖစ္ေပၚျခင္းက ရင္ဘတ္နဲ႔ လည္ေခ်ာင္းေတြမွာ နာက်င္မႈေတြ ျဖစ္ေပၚေစပါတယ္။

ႏွစ္ၿခိဳက္စြာ အိပ္မေပ်ာ္ေစဘူး

ထမင္း စားၿပီးၿပီးခ်င္း အိပ္တဲ့အခါ အစာအိမ္ထဲမွာ အစာေတြျပည့္ေနတဲ့အတြက္ အိပ္မေပ်ာ္ျခင္းကို ျဖစ္ေပၚေစပါတယ္။ ဒါက အိပ္စက္ျခင္းကို ေကာင္းစြာ ေႏွာင့္ယွက္ႏုိင္ၿပီး ဆုိးဝါးတဲ့ အိပ္စက္ပံုျဖစ္လာေစပါတယ္။ ႏွစ္ၿခိဳက္စြာ အိပ္မေပ်ာ္တဲ့အခါ စိတ္မၾကည္လင္ျခင္းနဲ႔ ေခါင္းကိုက္ျခင္းေတြကို ျဖစ္ေပၚေစပါတယ္။

အိပ္မက္ဆိုးေတြ မက္ေစတယ္

ထမင္းစားၿပီး ခ်က္ခ်င္းအိပ္စက္တဲ့အခါ ဗိုက္ကတင္းၿပီး ဇီဝျဖစ္စဥ္ကို ေႏွာင့္ယွက္တဲ့အတြက္ ဦးေႏွာက္က ပိုအလုပ္လုပ္ေနတတ္ပါတယ္။ ဒီလုိျဖစ္စဥ္ေၾကာင့္ပဲ အိပ္စက္တဲ့အခ်ိန္မွာ ေနမထိထုိင္မသာ ျဖစ္ေနတာေၾကာင့္ အိပ္မက္ဆိုးေတြအျဖစ္ ျမင္မက္တတ္တာပါ။

ဝိတ္ပိုတက္ေစတယ္

အစာစားၿပီးတာနဲ႔ အိပ္စက္လုိက္တဲ့အခါ ခႏၶာကိုယ္ကေနၿပီး ကယ္လုိရီေလာင္ကၽြမ္းဖို႔ အခ်ိန္ မလံုေလာက္တဲ့အတြက္ ဝိတ္ကို ပိုတက္ေစတာပါ။ ခႏၶာကိုယ္မွာ မလုိအပ္တဲ့ ကယ္လုိရီေတြ စုပံုလာၿပီး တျဖည္းျဖည္းနဲ႔ ဝိတ္ပိုတက္လာရျခင္း ျဖစ္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: auntymay

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service