မနက်ဖြန်အထိ စောင့်မနေပါနဲ့ - Property Knowledge in Myanmar from iMyanmarHouse.com
745 Views
မနက်ဖြန်အထိ စောင့်မနေပါနဲ့
Knowledge | Posted by Hnin Ei Khin
[Unicode]
အကြောင်းကိစ္စတစ်ခုခုကို လုပ်ဆောင်ဖို့အတွက် မနက်ဖြန်ကိုရောက်တဲ့အထိ အချိန်ဆွဲလေ့ရှိတဲ့ ပြဿနာအကြောင်း စဉ်းစားကြည့်ဖို့ လိုနေပါပြီ။ တကယ်တော့ ဒီနေ့ဆိုတာကလည်း မနေ့ကရဲ့ မနက်ဖြန်ဖြစ်ပါတယ်။ လုပ်မယ်လို့ ရည်စူးထားတဲ့ မနက်ဖြန်ကို ရောက်လာပေမယ့် မလုပ်ဖြစ်ကြတာက များနေတတ်ပါတယ်။ များသောအားဖြင့် ကျွန်တော်တို့ဟာ မနက်ဖြန်တွေ၊ မနေ့တွေရော ဒီနေ့တွေကိုပါ ဖြုန်းတီးပစ်နေကြတာ ဖြစ်ပါတယ်။ အောင်မြင်ပြီးမြောက်နိုင်တဲ့ အကြောင်းကိစ္စအားလုံးဟာ လုပ်သင့်တဲ့အချိန်မှာ မလုပ်မိတာကြောင့် ကျွန်တော်တို့ဆီကို ရောက်မလာခဲ့ပါဘူး။
ကျွန်တော်တို့အနေနဲ့ နာရီလည်နေသမျှ အချိန်ကုန်နေတယ်ဆိုတာကို စိတ်ထဲမှာ သတိမပြတ်ဖို့လိုပါတယ်။ ကျွန်တော်တို့ ပထမဆုံးရှုသွင်းလိုက်တဲ့ ဝင်သက်ကနေစပြီး နောက်ဆုံးထွက်သက်ထိတိုင်အောင် အချိန်ကတော့ မရပ်မနားတမ်း တရွေ့ရွေ့သွားနေမှာ ဖြစ်ပါတယ်။ အချိန်က လူသားအားလုံးအတွက် သာတူညီမျှဖြစ်နေတဲ့ အရာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အကောင်းဆုံးတွေ အဆိုးဆုံးတွေ အားလုံးကို အချိန်က ယူဆောင်သွားလေ့ရှိပါတယ်။ ဘယ်တစ်ခုမှ ဆုပ်ကိုင်ထားလို့မရပဲ အချိန်ကိုလိုက်ပြီး ပြောင်းလဲနေရပါတယ်။ အချိန်က ကျွန်တော်တို့ကို အခွင့်အလမ်းတွေလည်း ပေးပါတယ်။ ဒါပေမယ့် အဆောတလျင် အရေးတကြီးလုပ်ဖို့ တောင်းဆိုတတ်ပါတယ်။
ဘဝမှာ ရင်ဆိုင်ရတဲ့ ကစားပွဲတွေ ပြီးဆုံးသွားတဲ့အခါကျရင် ကျွန်တော်တို့လုပ်ခဲ့မိတဲ့ အမှားတွေကို ပြင်ဆင်နိုင်ဖို့ ဒုတိယအခွင့်အရေး ရမှာမဟုတ်ပါဘူး။ တရွေ့ရွေ့လည်ပတ်နေတဲ့အချိန်က ဘယ်သူနိုင်တယ် ဘယ်သူရှုံးတယ်ဆိုတာ သတ်မှတ်မနေပဲ အားလုံးကို ကျော်ဖြတ်ကုန်ဆုံးသွားစေမှာပါ။ ဒါတင်မဟုတ်သေးပါဘူး။ အချိန်က ဘာဆိုဘာမှ ဂရုမစိုက်ပဲ သူအလိုလိုကုန်ဆုံးနေမှာ ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ မဖြစ်မနေစဉ်းစားလုပ်ဆောင်ရမှာက ဘဝကစားပွဲတွေကို ဘယ်လိုကစားမလဲဆိုတာပဲ ဖြစ်ပါတယ်။
ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် လူတိုင်းမှာ အရေးတကြီးလုပ်ရမယ့် အချိန်တွေရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဘဝရဲ့အချိန်တွေထဲက အခိုက်အတန့်လေးတိုင်းကို ဂရုစိုက်ဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီလိုအရေးမကြီးဘူးထင်ရတဲ့ အချုက်အတန့်တွေမှာ လုပ်သင့်တာမလုပ်မိတဲ့အတွက် ကြုံတွေ့ရမယ့်ဆုံးရှုံးမှုက ကြီးမားတတ်တာကြောင့်ဖြစ်ပါတယ်။
တကယ်တော့ ကျွန်တော်တို့အားလုံးမှာ လိုအပ်တဲ့အချိန်တွေ ရှိနေတုန်းပါပဲ။ အလားတူပဲ ကျွန်တော်တို့ ဘာလုပ်နိုင်တယ်ဆိုတာကိုဘသက်သေပြနိုင်ဖို့အတွက် အခွင့်အရေးနဲ့ အခွင့်အလမ်းတွေ၊ အချိန်တွေအများကြီး ကျန်နေပါသေးတယ်။ မနက်ဖြန်တွေ၊ နောက်အပတ်တွေ၊ နောက်နှစ်တွေ အများကြီးကျန်နေပါသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ အချိန်ရှိတုန်းလုပ်တတ်တဲ့အလေ့အကျင့်မရှိဘူးဆိုရင် ဒီအခွင့်အရေးတွေနဲ့ အချိန်တွေအားလုံးကို ဆုံးရှုံးလိုက်ရမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ စိတ်ကူးအိပ်မက်တွေ၊ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ အချိန်ကို မနက်ဖြန်ရောက်တဲ့အထိ စောင့်မနေပဲ ဒီနေ့မှာပဲ အရေးကြီးဆုံးအလုပ်တွေကို စတင်လုပ်ဆောင်လိုက်ပါ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: mmgentleman
[Zawgyi]
Credit: mmgentleman
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
Upcoming Property Events
From 12 Jul To 13 Jul
ERC Luxury Condo
From 12 Jul To 13 Jul
Magical World
From 19 Jul To 20 Jul
Royal Theikdi Condo
From 19 Jul To 20 Jul
Mingalar Market
From 08 Jul To 08 Aug
Central Shophouse
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service