လယ်ယာမြေကို ခွင့်ပြုချက်မရမီ အခြားနည်းသုံးစွဲပါက အရေးယူခြင်းခံရမည် - Property News in Myanmar from iMyanmarHouse.com
855 Views

လယ်ယာမြေကို ခွင့်ပြုချက်မရမီ အခြားနည်းသုံးစွဲပါက အရေးယူခြင်းခံရမည်

[Unicode]

လယ်ယာမြေကို ခွင့်ပြုချက်မရမီ အခြားနည်းဖြင့်သုံးစွဲပါက လယ်ယာမြေဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၈ က ကျင်းပသော ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ သိရသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ အောင်သူက လယ်ယာမြေကို ခွင့်ပြုချက်မရမီ အခြားနည်း သုံးစွဲခွင့် ကြိုတင်ဆောင်ရွက်ခြင်းမရှိစေရေးနှင့် ခွင့်ပြုချက် မရရှိမီ အခြားနည်းသုံးစွဲခြင်း ကိစ္စရပ်များ လုံးဝရပ်တန့်သွားအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်းအဆိုပါ အစည်းအဝေးတွင် ပြောထားသည်။

ထို့အပြင် လူမှုကွန်ရက်တွင် လယ်ယာမြေများကို အိမ်ရာခြံမြေအဖြစ် အကွက်ရိုက်ရောင်းချမှု ကြော်ငြာများဖြင့် ဆောင်ရွက်နေသည်များကို တွေ့မြင်နေရကြောင်း၊ ထိုသို့ လယ်ယာမြေများကို ခွင့်ပြုချက်မရှိဘဲ စိုက်ပျိုးမြေလှပ်ထားခြင်း၊ အဆောက်အဦများ ခွင့်ပြုချက်မဲ့ ဆောက်လုပ်ခြင်းတို့ကို ဆောင်ရွက်ပါက လယ်ယာမြေ ဥပဒေအရ အရေးယူ ခြင်းခံရမည်ကို ပြည်သူလူထုအကြား သိရှိနားလည်စေရန်နှင့် ရောင်းမှားဝယ်မှားမဖြစ်စေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုကြောင်း ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ၏ (၃၅) ကြိမ်မြောက် အစည်းအဝေးတွင်ပြောကြားထားသည်။

လယ်ယာမြေလျှောက်ထားသည့် ကိစ္စများကိုလည်း အဆိုပါအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်းသိရသည်။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]








Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service