ဒိုက်ထိုးတဲ့ အမျိုးသားတွေမှာပဲ ရနိုင်တဲ့ အကျိုးကျေးဇူး - Property Knowledge in Myanmar from iMyanmarHouse.com
3378 Views

ဒိုက်ထိုးတဲ့ အမျိုးသားတွေမှာပဲ ရနိုင်တဲ့ အကျိုးကျေးဇူး

Knowledge | Posted by Hnin Ei Khin

[Unicode]

ဒိုက်ထိုး လေ့ကျင့်ခန်း (Push-Up) ဆိုတာ ပစ္စည်းကိရိယာ (အလေးတုံး) မလိုအပ်ဘဲ ကိုယ့်ရဲ့ အိမ်မှာ အလွယ်တကူ လုပ်လို့ရတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ လက်မောင်းအပေါ်ပိုင်း၊ ရင်အုပ်နဲ့ ပခုံးမှာ ရှိတဲ့ ကြွက်သားတွေကို ကျစ်လျစ်စေပြီး ခန္ဓာကိုယ်အပေါ်ပိုင်းအတွက် ခွန်အားဖြစ်စေတယ်။ လက်ကောက်ဝတ်နဲ့ ပခုံးရိုးတွေကို သန်စွမ်းစေတယ်။ နှလုံးခုန်နှုန်း မြန်စေပြီး သွေးလည်ပတ်မှုကောင်းစေတယ်။ မှန်ကန်တဲ့ နည်းလမ်းနဲ့ နေ့စဉ်လုပ်ပေးမယ်ဆိုရင် သက်လုံကောင်းစေပြီး ခါးအောက်ပိုင်းကိုပါ သန်စွမ်းစေလို့ အမျိုးသားတွေအတွက်တော့ နေ့စဉ် အလွယ်တကူ ပြုလုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းထဲမှာ ပါဝင်ပါတယ်။

ခုလို Covid-19 ကာလမှာ Gym လည်း ပိတ်၊ အပြင်ထွက် သွားလာလှုပ်ရှားနေရတာမျိုးလည်း မရှိတဲ့အတွက် ပုံမှန် လေ့ကျင့်ခန်း လုပ်နေတဲ့ အမျိုးသားတွေ ဘာမှမလုပ်ဘဲ ဒီအတိုင်း နေနေရင် ဆော့ထားသမျှ ရင်အုပ်ကြွက်သားတွေက ကျသွားပြီး အဆီတွေနဲ့ ပြန်ပြည့်နေမှာပါ။ ဒီအဆီတွေကို ကျစေပြီး ကယ်လိုရီ လောင်စေဖို့ ဘာမှ မလုပ်ပေးနိုင်ရင်တောင် ဒိုက်တော့ မှန်မှန် ထိုးပေးသင့်ပါတယ်။

ဒိုက်ထိုးခြင်းရဲ့ ကောင်းကျိုးတွေ

• သက်လုံကောင်းစေတယ်

• ရင်အုပ်ကြွက်သားတွေကို သန်မာစေတယ်

• ပုခုံးကြွက်သားကို ကျယ်ပြန့်သွားစေတယ်

• အလေးအပင်တွေ မတဲ့အခါ သူများထက် ပိုပြီး အလေးထမ်းနိုင်တယ်

• တော်ရုံ အလုပ်လုပ်ရုံနဲ့ မမောတော့ဘူး

• အသက်ပုံမှန် ရှူရှိုက်နိုင်စေပြီး အဆုတ် အားကောင်းစေတယ်

• ခန္ဓာကိုယ်တွင်း သွေးလည်ပတ် စီးဆင်းနှုန်း မြန်စေတယ်

• ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်တယ်

• အဆီပိုတွေကို လောင်ကျွမ်းပေးတယ်

• ကြွက်သားထုကို ကျစ်လျစ်စေတယ်

• လိင်မှုကိစ္စမှာလည်း အမောခံနိုင်သလို ကာမသုခ အပြည့်အဝ ပေးစွမ်းနိုင်တယ်

• အဝတ်အစား ဝတ်တဲ့အခါမှာလည်း လူကို ကြည့်ကောင်းစေတယ်

• သွက်လက် ပေါ့ပါးစေပါတယ်

တစ်နေ့ကို ဒိုက်ဘယ်နှစ်ကြိမ် ထိုးသင့်လဲ။

ပထမဆုံး လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ ဘယ်သူမှ အကြိမ်ရေများများ ဒိုက်ထိုးနိုင်မှာ မဟုတ်ပါဘူး။ တစ်မိနစ်၊ တစ်ရက်အတွင်းမှာ ဘယ်နှစ်ကြိမ် ထိုးနိုင်လဲ၊ အချိန်ကြာလာတာနဲ့အမျှ အကြိမ်ရေ ဘယ်လောက်များများ ပိုထိုးလာနိုင်လဲဆိုတာကို လေ့လာလို့ ရပါတယ်။

စတင်ဒိုက်ထိုးကာစမှာတော့ နာကျင်မှုဝေဒနာ၊ ကိုယ်လက် ညောင်းကိုက်နေတာ ခံစားမိမှာပါ။ အစောပိုင်းမှာ အကြိမ်ရေ နည်းနည်းနဲ့ စတင်ကစားရာကနေ ၂လအတွင်း တစ်နေ့ကို အကြိမ် ၁၀၀ ထိ ပုံမှန်ကစားပေးနိုင်တဲ့အထိ ကိုယ်ခန္ဓာအပေါ်ပိုင်း သန်စွမ်းလာနိုင်ပါတယ်။

ဒိုက်ထိုးလေ့ကျင့်ခန်း ပြုလုပ်တော့မယ်ဆိုရင် ဘာတွေသိထားသင့်လဲ။

လေ့ကျင့်ခန်း မပြုလုပ်ခင်၊ ပြုလုပ်ပြီး နာရီဝက်ခြားပြီးမှ အစာစားသင့်ပါတယ်။ မလုပ်ခင်မှာ ကြိုတင်ပြီး ရေများများသောက်ပါ။ ကိုယ်တတ်နိုင်သလောက် အကြိမ်ရေအတိုင်း လုပ်ကြည့်ပါ။ ပုံစံတစ်မျိုးတည်း မဟုတ်တဲ့ ဒိုက်ထိုးနည်းလမ်းတွေကို စမ်းသပ်လုပ်ကြည့်ပါ။

ပရိုတင်း၊ ကယ်လ်စီယမ်ပါတဲ့ အစားအစာတွေကို များများစားပေးပါ။ အိပ်ရေးဝအောင် အိပ်ပါ။ ပုံမှန်အတိုင်း ဒိုက်ထိုးရတာ အရမ်းပင်ပန်းတယ်လို့ ခံစားရရင် ဒူးထောက်ပြီးဖြစ်စေ၊ ခြေထောက်ကို နံရံဖြင့် ကပ်ထားပြီးဖြစ်စေ ထိုးပေးပါ။ နောက်တစ်ခေါက် လေ့ကျင့်ခန်းမလုပ်ခင်မှာ စက္ကန့် ၃၀ ကနေ တစ်မိနစ်ခန့် နားပြီး အမောဖြေပါ။

ဒိုက်ထိုးနေစဉ်မှာ မလိုအပ်တဲ့ ထိခိုက်မှုမျိုးတွေ ကင်းဝေးစေဖို့

၁။ ဘယ်လေ့ကျင့်ခန်းကိုမဆို နည်းစနစ်နဲ့ ကိုယ်ခန္ဓာ အနေအထား မှန်ကန်ဖို့ လိုအပ်ပါတယ်။

၂။ လေ့ကျင့်ကာစမှာ အားကစားအကြောင်း နားလည်တဲ့ လူကြီး သို့မဟုတ် အားကစားနည်းပြရဲ့ အကူအညီဖြင့် ကစားပေးပါ။

၃။ ကိုယ် ဆော့နိုင်တဲ့ အတိုင်းအတာထက် ပိုဆော့တာမျိုး မလုပ်ပါနဲ့။

၄။ လက်ကောက်ဝတ်၊ လက်အရိုးအဆစ်တွေ ထိခိုက်မိထားရင် ဒိုက်မထိုးပါနဲ့။

အစပိုင်းမှာ ကောင်းကောင်းဒိုက်မထိုးနိုင်လို့ စိတ်ပျက်တာမျိုး၊ လုံးဝရပ်လိုက်တာမျိုး မလုပ်ပါနဲ့။ ဒိုက်ထိုးတာ ကြာလာတာနဲ့အမျှ ကိုယ်ခန္ဓါအပေါ်ပိုင်းမှာ ရှိတဲ့ ကြွက်သားတွေ တောင့်တင်းသန်မာလာပြီး အကြိမ်ရေများများဖြင့် ပြင်းပြင်းထန်ထန် လုပ်လာနိုင်မှာပါ။ အားကစားခန်းမကို သွားဖို့ အချိန်မရှိတဲ့ အမျိုးသားတွေအတွက် အချိန်နည်းနည်းပေးပြီး ဒိုက်ထိုးပေးရုံနဲ့ ကျန်းမာပြီး ယောက်ျားပီသတဲ့ ခန္ဓါကိုယ်ကို ရရှိနိုင်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

ဒိုက္ထိုးတဲ့ အမ်ိဳးသားေတြမွာပဲ ရႏိုင္တဲ့ အက်ိဳးေက်းဇူး

ဒိုက္ထိုး ေလ့က်င့္ခန္း (Push-Up) ဆိုတာ ပစၥည္းကိရိယာ (အေလးတုံး) မလိုအပ္ဘဲ ကိုယ့္ရဲ႕ အိမ္မွာ အလြယ္တကူ လုပ္လို႔ရတဲ့ ေလ့က်င့္ခန္းျဖစ္ပါတယ္။ လက္ေမာင္းအေပၚပိုင္း၊ ရင္အုပ္နဲ႔ ပခုံးမွာ ႐ွိတဲ့ ႂကြက္သားေတြကို က်စ္လ်စ္ေစၿပီး ခႏၶာကိုယ္အေပၚပိုင္းအတြက္ ခြန္အားျဖစ္ေစတယ္။ လက္ေကာက္ဝတ္နဲ႔ ပခုံး႐ိုးေတြကို သန္စြမ္းေစတယ္။ ႏွလုံးခုန္ႏႈန္း ျမန္ေစၿပီး ေသြးလည္ပတ္မႈေကာင္းေစတယ္။ မွန္ကန္တဲ့ နည္းလမ္းနဲ႔ ေန႔စဥ္လုပ္ေပးမယ္ဆိုရင္ သက္လုံေကာင္းေစၿပီး ခါးေအာက္ပိုင္းကိုပါ သန္စြမ္းေစလို႔ အမ်ိဳးသားေတြအတြက္ေတာ့ ေန႔စဥ္ အလြယ္တကူ ျပဳလုပ္ေပးသင့္တဲ့ ေလ့က်င့္ခန္းထဲမွာ ပါဝင္ပါတယ္။

ခုလို Covid-19 ကာလမွာ Gym လည္း ပိတ္၊ အျပင္ထြက္ သြားလာလႈပ္႐ွားေနရတာမ်ိဳးလည္း မ႐ွိတဲ့အတြက္ ပုံမွန္ ေလ့က်င့္ခန္း လုပ္ေနတဲ့ အမ်ိဳးသားေတြ ဘာမွမလုပ္ဘဲ ဒီအတိုင္း ေနေနရင္ ေဆာ့ထားသမွ် ရင္အုပ္ႂကြက္သားေတြက က်သြားၿပီး အဆီေတြနဲ႔ ျပန္ျပည့္ေနမွာပါ။ ဒီအဆီေတြကို က်ေစၿပီး ကယ္လိုရီ ေလာင္ေစဖို႔ ဘာမွ မလုပ္ေပးႏိုင္ရင္ေတာင္ ဒိုက္ေတာ့ မွန္မွန္ ထိုးေပးသင့္ပါတယ္။

ဒိုက္ထိုးျခင္းရဲ႕ ေကာင္းက်ိဳးေတြ

• သက္လုံေကာင္းေစတယ္

• ရင္အုပ္ႂကြက္သားေတြကို သန္မာေစတယ္

• ပုခုံးႂကြက္သားကို က်ယ္ျပန္႔သြားေစတယ္

• အေလးအပင္ေတြ မတဲ့အခါ သူမ်ားထက္ ပိုၿပီး အေလးထမ္းႏိုင္တယ္

• ေတာ္႐ုံ အလုပ္လုပ္႐ုံနဲ႔ မေမာေတာ့ဘူး

• အသက္ပုံမွန္ ႐ွဴ႐ိႈက္ႏိုင္ေစၿပီး အဆုတ္ အားေကာင္းေစတယ္

• ခႏၶာကိုယ္တြင္း ေသြးလည္ပတ္ စီးဆင္းႏႈန္း ျမန္ေစတယ္

• ကိုယ္အေလးခ်ိန္ကို ထိန္းညႇိေပးႏိုင္တယ္

• အဆီပိုေတြကို ေလာင္ကြၽမ္းေပးတယ္

• ႂကြက္သားထုကို က်စ္လ်စ္ေစတယ္

• လိင္မႈကိစၥမွာလည္း အေမာခံႏိုင္သလို ကာမသုခ အျပည့္အဝ ေပးစြမ္းႏိုင္တယ္

• အဝတ္အစား ဝတ္တဲ့အခါမွာလည္း လူကို ၾကည့္ေကာင္းေစတယ္

• သြက္လက္ ေပါ့ပါးေစပါတယ္

တစ္ေန႔ကို ဒိုက္ဘယ္ႏွစ္ႀကိမ္ ထိုးသင့္လဲ။

ပထမဆုံး ေလ့က်င့္ခန္းလုပ္တဲ့အခါမွာ ဘယ္သူမွ အႀကိမ္ေရမ်ားမ်ား ဒိုက္ထိုးႏိုင္မွာ မဟုတ္ပါဘူး။ တစ္မိနစ္၊ တစ္ရက္အတြင္းမွာ ဘယ္ႏွစ္ႀကိမ္ ထိုးႏိုင္လဲ၊ အခ်ိန္ၾကာလာတာနဲ႔အမွ် အႀကိမ္ေရ ဘယ္ေလာက္မ်ားမ်ား ပိုထိုးလာႏိုင္လဲဆိုတာကို ေလ့လာလို႔ ရပါတယ္။

စတင္ဒိုက္ထိုးကာစမွာေတာ့ နာက်င္မႈေဝဒနာ၊ ကိုယ္လက္ ေညာင္းကိုက္ေနတာ ခံစားမိမွာပါ။ အေစာပိုင္းမွာ အႀကိမ္ေရ နည္းနည္းနဲ႔ စတင္ကစားရာကေန ၂လအတြင္း တစ္ေန႔ကို အႀကိမ္ ၁၀၀ ထိ ပုံမွန္ကစားေပးႏိုင္တဲ့အထိ ကိုယ္ခႏၶာအေပၚပိုင္း သန္စြမ္းလာႏိုင္ပါတယ္။

ဒိုက္ထိုးေလ့က်င့္ခန္း ျပဳလုပ္ေတာ့မယ္ဆိုရင္ ဘာေတြသိထားသင့္လဲ။

ေလ့က်င့္ခန္း မျပဳလုပ္ခင္၊ ျပဳလုပ္ၿပီး နာရီဝက္ျခားၿပီးမွ အစာစားသင့္ပါတယ္။ မလုပ္ခင္မွာ ႀကိဳတင္ၿပီး ေရမ်ားမ်ားေသာက္ပါ။ ကိုယ္တတ္ႏိုင္သေလာက္ အႀကိမ္ေရအတိုင္း လုပ္ၾကည့္ပါ။ ပုံစံတစ္မ်ိဳးတည္း မဟုတ္တဲ့ ဒိုက္ထိုးနည္းလမ္းေတြကို စမ္းသပ္လုပ္ၾကည့္ပါ။

ပ႐ိုတင္း၊ ကယ္လ္စီယမ္ပါတဲ့ အစားအစာေတြကို မ်ားမ်ားစားေပးပါ။ အိပ္ေရးဝေအာင္ အိပ္ပါ။ ပုံမွန္အတိုင္း ဒိုက္ထိုးရတာ အရမ္းပင္ပန္းတယ္လို႔ ခံစားရရင္ ဒူးေထာက္ၿပီးျဖစ္ေစ၊ ေျခေထာက္ကို နံရံျဖင့္ ကပ္ထားၿပီးျဖစ္ေစ ထိုးေပးပါ။ ေနာက္တစ္ေခါက္ ေလ့က်င့္ခန္းမလုပ္ခင္မွာ စကၠန္႔ ၃၀ ကေန တစ္မိနစ္ခန္႔ နားၿပီး အေမာေျဖပါ။

ဒိုက္ထိုးေနစဥ္မွာ မလိုအပ္တဲ့ ထိခိုက္မႈမ်ိဳးေတြ ကင္းေဝးေစဖို႔

၁။ ဘယ္ေလ့က်င့္ခန္းကိုမဆို နည္းစနစ္နဲ႔ ကိုယ္ခႏၶာ အေနအထား မွန္ကန္ဖို႔ လိုအပ္ပါတယ္။

၂။ ေလ့က်င့္ကာစမွာ အားကစားအေၾကာင္း နားလည္တဲ့ လူႀကီး သို႔မဟုတ္ အားကစားနည္းျပရဲ႕ အကူအညီျဖင့္ ကစားေပးပါ။

၃။ ကိုယ္ ေဆာ့ႏိုင္တဲ့ အတိုင္းအတာထက္ ပိုေဆာ့တာမ်ိဳး မလုပ္ပါနဲ႔။

၄။ လက္ေကာက္ဝတ္၊ လက္အ႐ိုးအဆစ္ေတြ ထိခိုက္မိထားရင္ ဒိုက္မထိုးပါနဲ႔။

အစပိုင္းမွာ ေကာင္းေကာင္းဒိုက္မထိုးႏိုင္လို႔ စိတ္ပ်က္တာမ်ိဳး၊ လုံးဝရပ္လိုက္တာမ်ိဳး မလုပ္ပါနဲ႔။ ဒိုက္ထိုးတာ ၾကာလာတာနဲ႔အမွ် ကိုယ္ခႏၶါအေပၚပိုင္းမွာ ႐ွိတဲ့ ႂကြက္သားေတြ ေတာင့္တင္းသန္မာလာၿပီး အႀကိမ္ေရမ်ားမ်ားျဖင့္ ျပင္းျပင္းထန္ထန္ လုပ္လာႏိုင္မွာပါ။ အားကစားခန္းမကို သြားဖို႔ အခ်ိန္မ႐ွိတဲ့ အမ်ိဳးသားေတြအတြက္ အခ်ိန္နည္းနည္းေပးၿပီး ဒိုက္ထိုးေပး႐ုံနဲ႔ က်န္းမာၿပီး ေယာက်္ားပီသတဲ့ ခႏၶါကိုယ္ကို ရ႐ွိႏိုင္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ

Upcoming Property Events

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service