အကင်တွေစားတာများလွန်းရင် ဘာတွေဖြစ်လာနိုင်လဲ - Property Knowledge in Myanmar from iMyanmarHouse.com
3026 Views

အကင်တွေစားတာများလွန်းရင် ဘာတွေဖြစ်လာနိုင်လဲ

Knowledge | Posted by Hnin Ei Khin

[Unicode]

အခုနောက်ပိုင်းမှာ အဝစားဘူဖေးစနစ်တွေ များလာတော့ သွားကြစားကြနဲ့ အသားကင်နဲ့ဟော့ပေါ့ဘူဖေးတွေခေတ်စားလာပါတယ်။ ဟိုနေရာလေးကောင်းတယ်တဲ့။ ဒီဆိုင်လေးက တန်တယ်တဲ့ဆိုပြီး တစ်ဆိုင်က တစ်ဆိုင်ပြောင်းစားကြရင်း ပုံမှန်ဖောက်သည်တွေတောင်ဖြစ်လာတဲ့အထိပဲ။

အရင်ကညနေပိုင်းဆို လူစည်လှတဲ့ ဘီယာဆိုင်နဲ့ဘားတွေမှာပဲ အမြည်းဟင်းလျာတွေအဖြစ် အကင်မျိုးစုံရရှိနိုင်တာဖြစ်ပေမယ့် အခုတော့ အကင်ဆိုင်တွေများလာပြီး ငါးကင်၊အသားကင်စားတဲ့အလေ့အထက ကျယ်ပြန့်လာပါတယ်။ အခုခေတ်စားနေတဲ့ အဝစား အကင်ဘူဖေးကိုတော့ အကြိုက်ပေါ့။ အကင်နဲ့ဟော့ပေါ့အလေ့အထက ဘယ်လောက်ကျယ်ပြန့်လာသလဲဆိုရင် ကိုယ့်အိမ်မှာ ကိုယ်တိုင်လုပ်စားရလွယ်စေမယ့် အကင်အိုးတွေ၊ဟော့ပေါ့အိုးတွေဈေးကွက်မှာရောက်ရှိလာတဲ့အထိပါပဲ။

အကင်ဆိုတော့ ဆီလည်းမများဘူးပေါ့ဆိုပြီး အကင်ဆိုင်ချည်းပဲခြေဦးလှည့်နေသူတွေ၊ ဘူဖေးဆိုင်ကို လူစုပြီးချီတက်ကြသူတွေ၊ ငါးကင်အသားကင်ဆိုင်မှာ မိတ်ဆုံစားပွဲလုပ်ကြသူတွေအနေနဲ့ အကင်က ကျန်းမာရေးအတွက်ဘေးကင်းရဲ့လားဆိုတာ သတိမလွတ်သင့်ပါဘူး။ အသားကင်တွေက အရသာရှိတာမှန်ပေမယ့် ရံဖန်ရံခါ၊ တစ်ခါတလေလောက်ကပြဿနာမရှိပါဘူး။ ဒါပေမယ့် မကြာခဏစားတာများလွန်းရင်ဘေးဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ –

Advanced glycation end products (AGE)

အပူပြင်းပြင်းနဲ့ကင်တဲ့အခါ အသားထဲမှာပရိုတင်းနဲ့အဆီဓါတ်တွေ ဓါတ်ပြုပြီးadvanced glycation end products (AGE)လို့ခေါ်တဲ့ အဆိပ်အတောက်ဓါတ်တွေထွက်ရှိလာစေပါတယ်။ ဒီဓါတ်တွေက ခန္ဓါကိုယ်အတွင်း ရောင်ရမ်းမှု၊ဓါတ်တိုးဆန့်ကျင်မညီမျှမှုနဲ့ဆက်နွှယ်နေတတ်ပြီး ဆီးချိုရောဂါနဲ့နှလုံးရောဂါဖြစ်နိုင်ခြေပိုများစေပါတယ်။

Heterocyclic amines (HCAs)

Heterocyclic amines (HCAs) ဆိုတာကတော့ငါးနဲ့အသားတွေကို အကင်ဖိုပေါ်တင်လိုက်တဲ့အခါ အပူချိန် ၃၀၀ ဒီဂရီဖာရင်ဟိုက်အထက်မှာ ထွက်ရှိလာတဲ့ကင်ဆာဖြစ်စေနိုင်တဲ့ဓါတ်တွေဖြစ်ပါတယ်။HCAsတွေက ဆီးကျိတ်ကင်ဆာ၊ပန်ကရိယကင်ဆာ၊နဲ့အူကင်ဆာတွေဖြစ်လာစေနိုင်တယ်လို့ သုတေသနတွေကပြောကြပါတယ်။

Polycyclic Aromatic Hydrocarbons (PAHs)

အကင်ဖိုထဲကို အသားရဲ့အဆီတွေကျသွားတဲ့အခါ ကာစီနိုဂျင်နောက်တစ်မျိုးဖြစ်တဲ့ Polycyclic Aromatic Hydrocarbons (PAHs)ဖြစ်လာပါတယ်။PAHsတွေက မီးခိုးငွေ့နဲ့အတူအကင်မှာကပ်ပါလာပြီး စားမိတဲ့အခါ အစာအိမ်ကင်ဆာဖြစ်ပွားမှုနှုန်းပိုများစေပါတယ်။ ဒါ့ကြောင့် အကင်ကိုတူးနေတာတွေမစားသင့်တာပါ။ မီးဖိုနဲ့မဟုတ်ဘဲ အကင်အိုးနဲ့ကင်စားမယ်ဆိုလည်း သိပ်မတူးစေဖို့ဂရုစိုက်သင့်ပါတယ်။

အငန်ဓါတ်ပိုစားမိခြင်း

ငါးကင်၊အသားကင်မှန်သမျှဟာ နယ်ရနှပ်ရတဲ့အထဲ အငန်ဓါတ်ပါဝင်မှုများပါတယ်။ အငန်ဓါတ်ပိုစားမိတာများရင်သွေးတိုးရောဂါ၊ရေဓါတ်ခန်းခြောက်ခြင်းနဲ့ နှလုံးရောဂါဖြစ်စေနိုင်ပါတယ်။ ကိုယ့်မှာကျောက်ကပ် သို့မဟုတ် နှလုံးရောဂါရှိထားတယ်ဆိုရင် ပိုသတိထားသင့်ပါတယ်။

အစာအိမ်ပြဿနာ

အကင်တွေဆိုတာသေချာချက်ပြုတ်ထားတာမဟုတ်တဲ့အတွက်E.coli နဲ့ Listeria monocytogenesတွေလို ဘက်တီးရီးယားတွေပါလာနိုင်ပြီး အစာအိမ်ကိုဒုက္ခပေးလာနိုင်ပါတယ်။E.coli ပိုးက ဝမ်းပျက်ဝမ်းလျှောခြင်းနဲ့အစာအိမ်နာကိုဖြစ်စေပြီးL. monocytogenes ကအစာအဆိပ်သင့်ခြင်းကိုဖြစ်စေနိုင်ပါတယ်။

ဒါတွေကြောင့်မို့ ကိုယ့်လူတွေနဲ့အိမ်မှာပဲ အကင်စားတော့မယ်ဆိုရင်ဒီအချက်လေးတချို့ကိုမမေ့ပါနဲ့။

* အပူကိုအရမ်းမပြင်းပါစေနဲ့။

* အကင်ဇကာ သို့မဟုတ် အကင်အိုးမျက်နှာပြင်ကို ဆီနည်းနည်းသုတ်ပေးပါ။ အသားတွေအစအနကပ်ကျန်ပြီးမတူးစေအောင်ပါ။

* အကင်ဇကာ သို့မဟုတ် အကင်အိုးကိုသန့်ရှင်းအောင်ထားပါ။

* ကပ်ကျန်နေတဲ့ တူးနေတဲ့အစအနတွေကို ဖယ်ရှားခွာချပစ်ပါ။

* အကင်မှာ မည်းနေတဲ့၊တူးနေတဲ့အပိုင်းကို ဖဲ့ထုတ်ပစ်ပါ။

* အသားမှာပါနေတဲ့အဆီတွေကို လှီးထုတ်ပြီးမှ ကင်ပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

အကင္ေတြစားတာမ်ားလြန္းရင္ ဘာေတြျဖစ္လာႏိုင္လဲ

အခုေနာက္ပိုင္းမွာ အဝစားဘူေဖးစနစ္ေတြ မ်ားလာေတာ့ သြားၾကစားၾကနဲ႔ အသားကင္နဲ႔ေဟာ့ေပါ့ဘူေဖးေတြေခတ္စားလာပါတယ္။ ဟိုေနရာေလးေကာင္းတယ္တဲ့။ ဒီဆိုင္ေလးက တန္တယ္တဲ့ဆိုၿပီး တစ္ဆိုင္က တစ္ဆိုင္ေျပာင္းစားၾကရင္း ပုံမွန္ေဖာက္သည္ေတြေတာင္ျဖစ္လာတဲ့အထိပဲ။

အရင္ကညေနပိုင္းဆို လူစည္လွတဲ့ ဘီယာဆိုင္နဲ႔ဘားေတြမွာပဲ အျမည္းဟင္းလ်ာေတြအျဖစ္ အကင္မ်ိဳးစုံရ႐ွိႏိုင္တာျဖစ္ေပမယ့္ အခုေတာ့ အကင္ဆိုင္ေတြမ်ားလာၿပီး ငါးကင္၊အသားကင္စားတဲ့အေလ့အထက က်ယ္ျပန္႔လာပါတယ္။ အခုေခတ္စားေနတဲ့ အဝစား အကင္ဘူေဖးကိုေတာ့ အႀကိဳက္ေပါ့။ အကင္နဲ႔ေဟာ့ေပါ့အေလ့အထက ဘယ္ေလာက္က်ယ္ျပန္႔လာသလဲဆိုရင္ ကိုယ့္အိမ္မွာ ကိုယ္တိုင္လုပ္စားရလြယ္ေစမယ့္ အကင္အိုးေတြ၊ေဟာ့ေပါ့အိုးေတြေဈးကြက္မွာေရာက္႐ွိလာတဲ့အထိပါပဲ။

အကင္ဆိုေတာ့ ဆီလည္းမမ်ားဘူးေပါ့ဆိုၿပီး အကင္ဆိုင္ခ်ည္းပဲေျခဦးလွည့္ေနသူေတြ၊ ဘူေဖးဆိုင္ကို လူစုၿပီးခ်ီတက္ၾကသူေတြ၊ ငါးကင္အသားကင္ဆိုင္မွာ မိတ္ဆုံစားပြဲလုပ္ၾကသူေတြအေနနဲ႔ အကင္က က်န္းမာေရးအတြက္ေဘးကင္းရဲ႕လားဆိုတာ သတိမလြတ္သင့္ပါဘူး။ အသားကင္ေတြက အရသာ႐ွိတာမွန္ေပမယ့္ ရံဖန္ရံခါ၊ တစ္ခါတေလေလာက္ကျပႆနာမ႐ွိပါဘူး။ ဒါေပမယ့္ မၾကာခဏစားတာမ်ားလြန္းရင္ေဘးျဖစ္လာႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ –

Advanced glycation end products (AGE)

အပူျပင္းျပင္းနဲ႔ကင္တဲ့အခါ အသားထဲမွာပ႐ိုတင္းနဲ႔အဆီဓါတ္ေတြ ဓါတ္ျပဳၿပီးadvanced glycation end products (AGE)လို႔ေခၚတဲ့ အဆိပ္အေတာက္ဓါတ္ေတြထြက္႐ွိလာေစပါတယ္။ ဒီဓါတ္ေတြက ခႏၶါကိုယ္အတြင္း ေရာင္ရမ္းမႈ၊ဓါတ္တိုးဆန္႔က်င္မညီမွ်မႈနဲ႔ဆက္ႏႊယ္ေနတတ္ၿပီး ဆီးခ်ိဳေရာဂါနဲ႔ႏွလုံးေရာဂါျဖစ္ႏိုင္ေျခပိုမ်ားေစပါတယ္။

Heterocyclic amines (HCAs)

Heterocyclic amines (HCAs) ဆိုတာကေတာ့ငါးနဲ႔အသားေတြကို အကင္ဖိုေပၚတင္လိုက္တဲ့အခါ အပူခ်ိန္ ၃၀၀ ဒီဂရီဖာရင္ဟိုက္အထက္မွာ ထြက္႐ွိလာတဲ့ကင္ဆာျဖစ္ေစႏိုင္တဲ့ဓါတ္ေတြျဖစ္ပါတယ္။HCAsေတြက ဆီးက်ိတ္ကင္ဆာ၊ပန္ကရိယကင္ဆာ၊နဲ႔အူကင္ဆာေတြျဖစ္လာေစႏိုင္တယ္လို႔ သုေတသနေတြကေျပာၾကပါတယ္။

Polycyclic Aromatic Hydrocarbons (PAHs)

အကင္ဖိုထဲကို အသားရဲ႕အဆီေတြက်သြားတဲ့အခါ ကာစီႏိုဂ်င္ေနာက္တစ္မ်ိဳးျဖစ္တဲ့ Polycyclic Aromatic Hydrocarbons (PAHs)ျဖစ္လာပါတယ္။PAHsေတြက မီးခိုးေငြ႕နဲ႔အတူအကင္မွာကပ္ပါလာၿပီး စားမိတဲ့အခါ အစာအိမ္ကင္ဆာျဖစ္ပြားမႈႏႈန္းပိုမ်ားေစပါတယ္။ ဒါ့ေၾကာင့္ အကင္ကိုတူးေနတာေတြမစားသင့္တာပါ။ မီးဖိုနဲ႔မဟုတ္ဘဲ အကင္အိုးနဲ႔ကင္စားမယ္ဆိုလည္း သိပ္မတူးေစဖို႔ဂ႐ုစိုက္သင့္ပါတယ္။

အငန္ဓါတ္ပိုစားမိျခင္း

ငါးကင္၊အသားကင္မွန္သမွ်ဟာ နယ္ရႏွပ္ရတဲ့အထဲ အငန္ဓါတ္ပါဝင္မႈမ်ားပါတယ္။ အငန္ဓါတ္ပိုစားမိတာမ်ားရင္ေသြးတိုးေရာဂါ၊ေရဓါတ္ခန္းေျခာက္ျခင္းနဲ႔ ႏွလုံးေရာဂါျဖစ္ေစႏိုင္ပါတယ္။ ကိုယ့္မွာေက်ာက္ကပ္ သို႔မဟုတ္ ႏွလုံးေရာဂါ႐ွိထားတယ္ဆိုရင္ ပိုသတိထားသင့္ပါတယ္။

အစာအိမ္ျပႆနာ

အကင္ေတြဆိုတာေသခ်ာခ်က္ျပဳတ္ထားတာမဟုတ္တဲ့အတြက္E.coli နဲ႔ Listeria monocytogenesေတြလို ဘက္တီးရီးယားေတြပါလာႏိုင္ၿပီး အစာအိမ္ကိုဒုကၡေပးလာႏိုင္ပါတယ္။E.coli ပိုးက ဝမ္းပ်က္ဝမ္းေလွ်ာျခင္းနဲ႔အစာအိမ္နာကိုျဖစ္ေစၿပီးL. monocytogenes ကအစာအဆိပ္သင့္ျခင္းကိုျဖစ္ေစႏိုင္ပါတယ္။

ဒါေတြေၾကာင့္မို႔ ကိုယ့္လူေတြနဲ႔အိမ္မွာပဲ အကင္စားေတာ့မယ္ဆိုရင္ဒီအခ်က္ေလးတခ်ိဳ႕ကိုမေမ့ပါနဲ႔။

* အပူကိုအရမ္းမျပင္းပါေစနဲ႔။

* အကင္ဇကာ သို႔မဟုတ္ အကင္အိုးမ်က္ႏွာျပင္ကို ဆီနည္းနည္းသုတ္ေပးပါ။ အသားေတြအစအနကပ္က်န္ၿပီးမတူးေစေအာင္ပါ။

* အကင္ဇကာ သို႔မဟုတ္ အကင္အိုးကိုသန္႔႐ွင္းေအာင္ထားပါ။

* ကပ္က်န္ေနတဲ့ တူးေနတဲ့အစအနေတြကို ဖယ္႐ွားခြာခ်ပစ္ပါ။

* အကင္မွာ မည္းေနတဲ့၊တူးေနတဲ့အပိုင္းကို ဖဲ့ထုတ္ပစ္ပါ။

* အသားမွာပါေနတဲ့အဆီေတြကို လွီးထုတ္ၿပီးမွ ကင္ပါ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service