ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားခြင်းကိုနှစ်သစ်မှာ အွန်လိုင်းကနေသာစတင်လျှောက်ထားနိုင်ပြီ - Property News in Myanmar from iMyanmarHouse.com
683 Views

ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားခြင်းကိုနှစ်သစ်မှာ အွန်လိုင်းကနေသာစတင်လျှောက်ထားနိုင်ပြီ

[Unicode]

ပို့ကုန်သွင်းကုန်လိုင်စင်တွေကိုလာမယ့်နှစ်ဇန်နဝါရီ ၅ ရက်နေ့ကစတင်ပြီးအွန်လိုင်းကနေသာလျှောက်ထားခွင့်ပြုတော့မယ်လို့ ကုန်သွယ်ရေးဦးစီးဌာနကထုတ်ပြန်လိုက်ပါတယ်။

သွင်းကုန်လိုင်စင်/ပါမစ် (ပင်လယ်ရေကြောင်းနှင့်နယ်စပ်ရုံးချုပ်)ကိုဇန်နဝါရီ၅ရက်နေ့ကစတင်ပြီး Tradenet 2.0 စနစ်မှစတင်ထုတ်ပေးမှာပါ။

လိုင်စင်၊ပါမစ်လျှောက်ထားရာမှာလည်း Myanmar Trade Net ဝက်ဆိုက်ဒ်ကနေလျှောက်ထားနိုင်မှာဖြစ်ပြီးလူကိုယ်တိုင်လာစရာမလိုတော့ဘူးလို့ဆိုပါတယ်။

သွင်းကုန်လိုင်စင်ပါမစ်လျှောက်ထားမှုတွေအတွက်လိုအပ်တဲ့ထောက်ခံချက်တွေကို သက်ဆိုင်ရာထုတ်ပေးတဲ့ဌာနအဖွဲ့အစည်းတွေက Tradenet 2.0 စနစ်အတွင်းဝင်ရောက်ချိတ်ဆက်ပေးပို့ရမှာဖြစ်ပြီးဒီဇင်ဘာလ၃၁ရက်နေ့မတိုင်ခင်ထုတ်ပေးထားတဲ့ထောက်ခံချက်တွေကိုလုပ်ငန်းရှင်တွေကိုယ်တိုင် Application Form မှာ Attach file နဲ့ပူးတွဲတင်ပြရမယ်လို့ဆိုပါတယ်။

ပို့ကုန်သွင်းကုန်လိုင်စင်ကိုအွန်လိုင်းကလျှောက်ထားရာမှာ ယခင်ကအသုံးပြုနေတဲ့အွန်လိုင်းစနစ်ကိုအဆင့်မြှင့်တင်ထားတဲ့ Trade net 2.0 ကိုကုန်သွယ်ရေးဦးစီးဌာနကပြီးခဲ့တဲ့နှစ်သြဂုတ်လထဲမှာမိတ်ဆက်ခဲ့တာပါ။

မြန်မာနိုင်ငံအတွင်းမှာဆောင်ရွက်နေတဲ့ကုန်သွယ်ရေးလုပ်ငန်းတွေထဲမှာပင်လယ်ရေကြောင်းက ၇၅ ရာခိုင်နှုန်းဖြစ်ပြီးနယ်စပ်ကုန်သွယ်ရေးကတော့ ၂၅ရာခိုင်နှုန်းဖြစ်ပါတယ်။

ပို့ကုန်သွင်းကုန်လိုင်စင်ကိုအွန်လိုင်းကလျှောက်ထားရာမှာယခင်ကအသုံးပြုနေတဲ့အွန်လိုင်းစနစ်ကိုအဆင့်မြှင့်တင်ထားတဲ့ Trade net 2.0 ကိုကုန်သွယ်ရေးဦးစီးဌာနနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေပူးပေါင်းလုပ်ဆောင်ထားတာလည်းဖြစ်ပါတယ်။

အွန်လိုင်းကနေပို့ကုန်သွင်းကုန်လိုင်စင်ထုတ်ပေးတဲ့စနစ်ကို၂၀၀၄မှာစတင်အသုံးပြုခဲ့တာပါ။ဒါပေမယ့် ၂၀၁၆ ခုနှစ်မှာမှအွန်လိုင်းစနစ်ကိုအပြည့်အဝအသုံးပြုနိုင်ခဲ့တယ်လို့ ကုန်သွယ်ရေးဦးစီးဌာန၊သတင်းအချက်အလက်နည်းပညာဌာနခွဲမှလက်ထောက်ညွှန်ကြားရေးမှူးဒေါ်နွယ်နီဝင်းကပြောပါတယ်။

ဒါပေမယ့်အမျိုးအစားကန့်သတ်ချက်တွေရှိခဲ့တာကြောင့် စနစ်ဟောင်းကိုပြန်လည်အဆင့်မြှင့်တင်ပြီး ယခုစနစ်သစ်ကိုအသုံးပြုဖို့ရည်ရွယ်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။

CMP လုပ်ငန်းတွေ၊အစားအသောက်ကုန်ပစ္စည်းတွေ၊ဆေးနဲ့ဆေးပစ္စည်းတွေ၊စက်သုံးဆီအမျိုးမျိုးတင်သွင်းတာတွေကို အွန်လိုင်းကနေလျှောက်ထားနိုင်တော့မှာပဲဖြစ်ပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ပို႔ကုန္သြင္းကုန္လိုင္စင္ေလွ်ာက္ထားျခင္းကိုႏွစ္သစ္မွာ အြန္လိုင္းကေနသာစတင္ေလွ်ာက္ထားႏိုင္ၿပီ

ပို႔ကုန္သြင္းကုန္လိုင္စင္ေတြကိုလာမယ့္ႏွစ္ဇန္နဝါရီ ၅ ရက္ေန႔ကစတင္ၿပီးအြန္လိုင္းကေနသာေလွ်ာက္ထားခြင့္ျပဳေတာ့မယ္လို႔ ကုန္သြယ္ေရးဦးစီးဌာနကထုတ္ျပန္လိုက္ပါတယ္။

သြင္းကုန္လိုင္စင္/ပါမစ္ (ပင္လယ္ေရေၾကာင္းႏွင့္နယ္စပ္႐ုံးခ်ဳပ္)ကိုဇန္နဝါရီ၅ရက္ေန႔ကစတင္ၿပီး Tradenet 2.0 စနစ္မွစတင္ထုတ္ေပးမွာပါ။

လိုင္စင္၊ပါမစ္ေလွ်ာက္ထားရာမွာလည္း Myanmar Trade Net ဝက္ဆိုက္ဒ္ကေနေလွ်ာက္ထားႏိုင္မွာျဖစ္ၿပီးလူကိုယ္တိုင္လာစရာမလိုေတာ့ဘူးလို႔ဆိုပါတယ္။

သြင္းကုန္လိုင္စင္ပါမစ္ေလွ်ာက္ထားမႈေတြအတြက္လိုအပ္တဲ့ေထာက္ခံခ်က္ေတြကို သက္ဆိုင္ရာထုတ္ေပးတဲ့ဌာနအဖြဲ႕အစည္းေတြက Tradenet 2.0 စနစ္အတြင္းဝင္ေရာက္ခ်ိတ္ဆက္ေပးပို႔ရမွာျဖစ္ၿပီးဒီဇင္ဘာလ၃၁ရက္ေန႔မတိုင္ခင္ထုတ္ေပးထားတဲ့ေထာက္ခံခ်က္ေတြကိုလုပ္ငန္း႐ွင္ေတြကိုယ္တိုင္ Application Form မွာ Attach file နဲ႔ပူးတြဲတင္ျပရမယ္လို႔ဆိုပါတယ္။

ပို႔ကုန္သြင္းကုန္လိုင္စင္ကိုအြန္လိုင္းကေလွ်ာက္ထားရာမွာ ယခင္ကအသုံးျပဳေနတဲ့အြန္လိုင္းစနစ္ကိုအဆင့္ျမႇင့္တင္ထားတဲ့ Trade net 2.0 ကိုကုန္သြယ္ေရးဦးစီးဌာနကၿပီးခဲ့တဲ့ႏွစ္ၾသဂုတ္လထဲမွာမိတ္ဆက္ခဲ့တာပါ။

ျမန္မာႏိုင္ငံအတြင္းမွာေဆာင္႐ြက္ေနတဲ့ကုန္သြယ္ေရးလုပ္ငန္းေတြထဲမွ ာပင္လယ္ေရေၾကာင္းက ၇၅ ရာခိုင္ႏႈန္းျဖစ္ၿပီးနယ္စပ္ကုန္သြယ္ေရးကေတာ့ ၂၅ရာခိုင္ႏႈန္းျဖစ္ပါတယ္။

ပို႔ကုန္သြင္းကုန္လိုင္စင္ကိုအြန္လိုင္းကေလွ်ာက္ထားရာမွာယခင္ကအသုံးျပဳေနတဲ့အြန္လိုင္းစနစ္ကိုအဆင့္ျမႇင့္တင္ထားတဲ့ Trade net 2.0 ကိုကုန္သြယ္ေရးဦးစီးဌာနနဲ႔ႏိုင္ငံတကာအဖြဲ႕အစည္းေတြပူးေပါင္းလုပ္ေဆာင္ထားတာလည္းျဖစ္ပါတယ္။

အြန္လိုင္းကေနပို႔ကုန္သြင္းကုန္လိုင္စင္ထုတ္ေပးတဲ့စနစ္ကို၂၀၀၄မွာစတင္အသုံးျပဳခဲ့တာပါ။ဒါေပမယ့္ ၂၀၁၆ ခုႏွစ္မွာမွအြန္လိုင္းစနစ္ကိုအျပည့္အ၀အသုံးျပဳႏိုင္ခဲ့တယ္လို႔ ကုန္သြယ္ေရးဦးစီးဌာန၊သတင္းအခ်က္အလက္နည္းပညာဌာနခြဲမွလက္ေထာက္ၫႊန္ၾကားေရးမႉးေဒၚႏြယ္နီဝင္းကေျပာပါတယ္။

ဒါေပမယ့္အမ်ိဳးအစားကန္႔သတ္ခ်က္ေတြ႐ွိခဲ့တာေၾကာင့္ စနစ္ေဟာင္းကိုျပန္လည္အဆင့္ျမႇင့္တင္ၿပီး ယခုစနစ္သစ္ကိုအသုံးျပဳဖို႔ရည္႐ြယ္ခဲ့ျခင္းျဖစ္တယ္လို႔ဆိုပါတယ္။

CMP လုပ္ငန္းေတြ၊အစားအေသာက္ကုန္ပစၥည္းေတြ၊ေဆးနဲ႔ေဆးပစၥည္းေတြ၊စက္သုံးဆီအမ်ိဳးမ်ိဳးတင္သြင္းတာေတြကို အြန္လိုင္းကေနေလွ်ာက္ထားႏိုင္ေတာ့မွာပဲျဖစ္ပါတယ္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service