Bubble Tea သောက်ခြင်းနှင့် ကျန်းမာရေး - Property Knowledge in Myanmar from iMyanmarHouse.com
1496 Views

Bubble Tea သောက်ခြင်းနှင့် ကျန်းမာရေး

Knowledge | Posted by Zarni Kyaw

[Unicode]

Bubble Tea ကို အိမ်နီးချင်းနိုင်ငံတွေမှာ ဆယ်စုနှစ်များစွာ စွဲစွဲလန်းလန်း သောက်သုံးခဲ့ပြီးနောက် ဒီခေတ်ရေစီးကြောင်းက ကျွန်တော်တို့ မြန်မာနိုင်ငံဆီကိုပါ ရောက်လာခဲ့ပါပြီ။ Bubble Tea နဲ့ ပတ်သက်ပြီး ကြိုက်တဲ့သူတွေကလည်း ကြိုက်သလို ကျန်းမာရေးအရ မကောင်းဘူး၊ ကောင်းတယ်ဆိုပြီး အငြင်းပွားတဲ့သူတွေလည်း များလာတယ်။ ဒီဆောင်းပါးမှာတော့ Bubble Tea က ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်မှုရှိစေနိုင်လဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။

Bubble Tea အကြောင်း

ပုံမှန်အားဖြင့်တော့ Bubble Tea ကို အမျိုးအစားခွဲရင် လက်ဖက်ရည်နဲ့ ပုလဲဆိုပြီး ယေဘုယျအားဖြင့် ထွက်လာပါတယ်။ လက်ဖက်ရည်ကတော့ မြန်မာလက်ဖက်ရည်မျိုးမဟုတ်ဘဲ တခြားသော လက်ဖက်ခြောက်တွေကို စစ်ပြီး အချိုကဲထားတဲ့ နွားနို့၊ ခရင်မ်၊ ချိစ်တွေနဲ့ ရောမွှေထားပါတယ်။ ဒီအတိုင်း လက်ဖက်ရည်သီးသန့်မျိုး ရောင်းတာလည်း ရှိပါတယ်။

ပုလဲလို့ခေါ်တဲ့ Bubble အလုံးလေးတွေဆိုတာ ပီလောပီနံကနေ လုပ်ထားတာဖြစ်ပြီး ကစီဓာတ် ပါဝင်မှုအလွန်များပါတယ်။ အရသာအားဖြင့် မရှိပေမဲ့ ဝါးစားလို့ကောင်းတဲ့အတွက် သောက်တဲ့သူအများစုက ကြိုက်ရခြင်း ဖြစ်ပါတယ်။

Bubble Tea က အာဟာရဖြစ်စေလား။

Bubble Tea မှာ ကျန်းမာရေးအရ ကောင်းကျိုးပေးနိုင်တဲ့ ဗီတာမင်၊ အာဟာရဓာတ်တွေ မပါဝင်ပါဘူး။ ဒီအတွက် ကျန်းမာရေးအတွက်ထက်စာရင် ကိုယ်ကြိုက်လို့ အပျော်သောက်တဲ့ အအေးလို့ဆိုရင် ပိုမှန်ပါတယ်။ ကစီဓာတ် ပါဝင်မှုများတဲ့အတွက် ကိုယ်အလေးချိန်ကို ပိုတက်စေနိုင်သလို ဒီကစီဓာတ်က ကိုယ်ခန္ဓာအတွက် သိပ်ပြီးအကျိုးမပြုတဲ့ ကစီဓာတ်တစ်မျိုးဖြစ်ပါတယ်။

အမျှင်ဓာတ် လုံးဝမပါဝင်လို့ စားသုံးမှုများရင် ဝမ်းချုပ်တာ၊ အစာမကြေတာ၊ ရင်ပြည့်တာမျိုး ဖြစ်စေနိုင်ပါတယ်။ လက်ဖက်ရည်ကိုယ်တိုင်က ရေဓာတ်ဖြည့်ပေးတယ်ဆိုပေမယ့် Bubble Tea သောက်ပြီးသွားရင်တော့ အာခြောက်စေတဲ့အတွက် ရေပိုပြီး သောက်ချင်စိတ် ဖြစ်စေပါတယ်။

ပါဝင်ပစ္စည်းပေါ်မှာလည်း မူတည်ပါတယ်။

သမားရိုးကျ Bubble Tea တွေမှာတော့ လက်ဖက်ရည်၊ အချိုကဲထားတဲ့ နို့၊ ခရင်မ်တွေနဲ့ ပုလဲတွေသာ ပါဝင်လို့ အာဟာရတန်ဖိုး များများစားစား မရှိပါဘူး။ နောက်ပိုင်းမှာတော့ ကျန်းမာရေးရှုထောင့်ကနေ ပုံစံပြောင်းပြီး သစ်သီးတွေ ရောကျိတ်ပြီး လုပ်ထားတဲ့ Smoothies မှာ ပုလဲထည့်ထားတာ၊ ခရင်မ်၊ နို့ကို သကြားလျှော့သုံးပြီး အချို အဆိမ့်ပေါ့အောင် လုပ်တာ၊ သစ်သီးကို လှီးစိတ်ပြီး ထည့်ပေးထားတာမျိုးတွေလည်း ရှိပါတယ်။

Bubble Tea သောက်လို့ ကျန်းမာရေးအန္တရာယ် ရှိနိုင်လား။

ကျန်းမာရေးအရ အကျိုးကျေးဇူး သိပ်မရှိတဲ့တိုင်အောင် အန္တရာယ်ပေးနိုင်တဲ့ အရာတွေထဲမှာတော့ မပါပါဘူး။ သတိထားဖို့ လိုတာက Bubble ပုလဲတွေဟာ သေချာကြေညက်အောင် မဝါးစားဘဲ မျိုချမိရင်တော့ လည်ချောင်းထဲမှာ နင်တာ၊ အစာရေမျိုလမ်းကြောင်းနဲ့ အာသီးကို ထိခိုက်ပွန်းပဲ့စေတာမျိုး ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ကလေးတွေဆိုရင်တော့ ပုလဲမပါဝင်တဲ့ ရိုးရိုးအအေးပဲ တိုက်တာ ပိုကောင်းပါတယ်။

တန်ဆေး၊ လွန်ဘေးကို မမေ့ဖို့။

ဘယ်အရာမဆို တန်ဆေး၊ လွန်ဘေးပါပဲ။ ကျန်းမာရေးအတွက် ကောင်းကျိုးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ Bubble Tea ကြိုက်တဲ့သူတွေကတော့ ဆက်ပြီး သောက်နေဦးမှာပါပဲ။ သောက်တာက ပြဿနာမရှိတဲ့တိုင်အောင် နေ့စဉ်ရက်ဆက် သောက်ရင်တော့ အဆင်မပြေပါဘူးနော်။ တစ်ရက်ကို တစ်ကြိမ်ထက် ပိုမသောက်ဖို့၊ နေ့တိုင်း မသောက်ဖို့ကိုတော့ သတိထားပေးပါ။

Bubble Tea မှာတဲ့အခါ အချိုလုံးဝမပါတာ ဒါမှမဟုတ် အချိုလျှော့တာ၊ သို့မဟုတ် သစ်သီးဖျော်ရည်ပုံစံမျိုးကို မှာယူတာက ကျန်းမာရေးအတွက် ပိုကောင်းနိုင်ပါတယ်။ ပုလဲပါမှ သောက်ရတာ အားရတဲ့သူတွေအနေနဲ့ အအေးထဲက ပုလဲကို မဝါးဘဲ မျိုချလိုက်မိတာမျိုး မဖြစ်စေအောင် သေချာဂရုစိုက်ပြီး သောက်သုံးပေးပါ။ Bubble Tea သောက်ပြီးတိုင်း ရေများများ သောက်ပေးပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

Bubble Tea ေသာက္ျခင္းႏွင့္ က်န္းမာေရး

Bubble Tea ကို အိမ္နီးခ်င္းႏိုင္ငံေတြမွာ ဆယ္စုႏွစ္မ်ားစြာ စြဲစြဲလန္းလန္း ေသာက္သုံးခဲ့ၿပီးေနာက္ ဒီေခတ္ေရစီးေၾကာင္းက ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံဆီကိုပါ ေရာက္လာခဲ့ပါၿပီ။ Bubble Tea နဲ႔ ပတ္သက္ၿပီး ႀကိဳက္တဲ့သူေတြကလည္း ႀကိဳက္သလို က်န္းမာေရးအရ မေကာင္းဘူး၊ ေကာင္းတယ္ဆိုၿပီး အျငင္းပြားတဲ့သူေတြလည္း မ်ားလာတယ္။ ဒီေဆာင္းပါးမွာေတာ့ Bubble Tea က က်န္းမာေရးအေပၚ ဘယ္လို သက္ေရာက္မႈ႐ွိေစႏိုင္လဲ ဆိုတာနဲ႔ ပတ္သက္ၿပီး ေျပာျပေပးခ်င္ပါတယ္။

Bubble Tea အေၾကာင္း

ပုံမွန္အားျဖင့္ေတာ့ Bubble Tea ကို အမ်ိဳးအစားခြဲရင္ လက္ဖက္ရည္နဲ႔ ပုလဲဆိုၿပီး ေယဘုယ်အားျဖင့္ ထြက္လာပါတယ္။ လက္ဖက္ရည္ကေတာ့ ျမန္မာလက္ဖက္ရည္မ်ိဳးမဟုတ္ဘဲ တျခားေသာ လက္ဖက္ေျခာက္ေတြကို စစ္ၿပီး အခ်ိဳကဲထားတဲ့ ႏြားႏို႔၊ ခရင္မ္၊ ခ်ိစ္ေတြနဲ႔ ေရာေမႊထားပါတယ္။ ဒီအတိုင္း လက္ဖက္ရည္သီးသန္႔မ်ိဳး ေရာင္းတာလည္း ႐ွိပါတယ္။

ပုလဲလို႔ေခၚတဲ့ Bubble အလုံးေလးေတြဆိုတာ ပီေလာပီနံကေန လုပ္ထားတာျဖစ္ၿပီး ကစီဓာတ္ ပါဝင္မႈအလြန္မ်ားပါတယ္။ အရသာအားျဖင့္ မ႐ွိေပမဲ့ ဝါးစားလို႔ေကာင္းတဲ့အတြက္ ေသာက္တဲ့သူအမ်ားစုက ႀကိဳက္ရျခင္း ျဖစ္ပါတယ္။

Bubble Tea က အာဟာရျဖစ္ေစလား။

Bubble Tea မွာ က်န္းမာေရးအရ ေကာင္းက်ိဳးေပးႏိုင္တဲ့ ဗီတာမင္၊ အာဟာရဓာတ္ေတြ မပါဝင္ပါဘူး။ ဒီအတြက္ က်န္းမာေရးအတြက္ထက္စာရင္ ကိုယ္ႀကိဳက္လို႔ အေပ်ာ္ေသာက္တဲ့ အေအးလို႔ဆိုရင္ ပိုမွန္ပါတယ္။ ကစီဓာတ္ ပါဝင္မႈမ်ားတဲ့အတြက္ ကိုယ္အေလးခ်ိန္ကို ပိုတက္ေစႏိုင္သလို ဒီကစီဓာတ္က ကိုယ္ခႏၶာအတြက္ သိပ္ၿပီးအက်ိဳးမျပဳတဲ့ ကစီဓာတ္တစ္မ်ိဳးျဖစ္ပါတယ္။

အမွ်င္ဓာတ္ လုံးဝမပါဝင္လို႔ စားသုံးမႈမ်ားရင္ ဝမ္းခ်ဳပ္တာ၊ အစာမေၾကတာ၊ ရင္ျပည့္တာမ်ိဳး ျဖစ္ေစႏိုင္ပါတယ္။ လက္ဖက္ရည္ကိုယ္တိုင္က ေရဓာတ္ျဖည့္ေပးတယ္ဆိုေပမယ့္ Bubble Tea ေသာက္ၿပီးသြားရင္ေတာ့ အာေျခာက္ေစတဲ့အတြက္ ေရပိုၿပီး ေသာက္ခ်င္စိတ္ ျဖစ္ေစပါတယ္။

ပါဝင္ပစၥည္းေပၚမွာလည္း မူတည္ပါတယ္။

သမား႐ိုးက် Bubble Tea ေတြမွာေတာ့ လက္ဖက္ရည္၊ အခ်ိဳကဲထားတဲ့ ႏို႔၊ ခရင္မ္ေတြနဲ႔ ပုလဲေတြသာ ပါဝင္လို႔ အာဟာရတန္ဖိုး မ်ားမ်ားစားစား မ႐ွိပါဘူး။ ေနာက္ပိုင္းမွာေတာ့ က်န္းမာေရး႐ႈေထာင့္ကေန ပုံစံေျပာင္းၿပီး သစ္သီးေတြ ေရာက်ိတ္ၿပီး လုပ္ထားတဲ့ Smoothies မွာ ပုလဲထည့္ထားတာ၊ ခရင္မ္၊ ႏို႔ကို သၾကားေလွ်ာ့သုံးၿပီး အခ်ိဳ အဆိမ့္ေပါ့ေအာင္ လုပ္တာ၊ သစ္သီးကို လွီးစိတ္ၿပီး ထည့္ေပးထားတာမ်ိဳးေတြလည္း ႐ွိပါတယ္။

Bubble Tea ေသာက္လို႔ က်န္းမာေရးအႏၲရာယ္ ႐ွိႏိုင္လား။

က်န္းမာေရးအရ အက်ိဳးေက်းဇူး သိပ္မ႐ွိတဲ့တိုင္ေအာင္ အႏၲရာယ္ေပးႏိုင္တဲ့ အရာေတြထဲမွာေတာ့ မပါပါဘူး။ သတိထားဖို႔ လိုတာက Bubble ပုလဲေတြဟာ ေသခ်ာေၾကညက္ေအာင္ မဝါးစားဘဲ မ်ိဳခ်မိရင္ေတာ့ လည္ေခ်ာင္းထဲမွာ နင္တာ၊ အစာေရမ်ိဳလမ္းေၾကာင္းနဲ႔ အာသီးကို ထိခိုက္ပြန္းပဲ့ေစတာမ်ိဳး ျဖစ္ႏိုင္ပါတယ္။ အထူးသျဖင့္ ကေလးေတြဆိုရင္ေတာ့ ပုလဲမပါဝင္တဲ့ ႐ိုး႐ိုးအေအးပဲ တိုက္တာ ပိုေကာင္းပါတယ္။

တန္ေဆး၊ လြန္ေဘးကို မေမ့ဖို႔။

ဘယ္အရာမဆို တန္ေဆး၊ လြန္ေဘးပါပဲ။ က်န္းမာေရးအတြက္ ေကာင္းက်ိဳး႐ွိသည္ျဖစ္ေစ၊ မ႐ွိသည္ျဖစ္ေစ Bubble Tea ႀကိဳက္တဲ့သူေတြကေတာ့ ဆက္ၿပီး ေသာက္ေနဦးမွာပါပဲ။ ေသာက္တာက ျပႆနာမ႐ွိတဲ့တိုင္ေအာင္ ေန႔စဥ္ရက္ဆက္ ေသာက္ရင္ေတာ့ အဆင္မေျပပါဘူးေနာ္။ တစ္ရက္ကို တစ္ႀကိမ္ထက္ ပိုမေသာက္ဖို႔၊ ေန႔တိုင္း မေသာက္ဖို႔ကိုေတာ့ သတိထားေပးပါ။

Bubble Tea မွာတဲ့အခါ အခ်ိဳလုံးဝမပါတာ ဒါမွမဟုတ္ အခ်ိဳေလွ်ာ့တာ၊ သို႔မဟုတ္ သစ္သီးေဖ်ာ္ရည္ပုံစံမ်ိဳးကို မွာယူတာက က်န္းမာေရးအတြက္ ပိုေကာင္းႏိုင္ပါတယ္။ ပုလဲပါမွ ေသာက္ရတာ အားရတဲ့သူေတြအေနနဲ႔ အေအးထဲက ပုလဲကို မဝါးဘဲ မ်ိဳခ်လိုက္မိတာမ်ိဳး မျဖစ္ေစေအာင္ ေသခ်ာဂ႐ုစိုက္ၿပီး ေသာက္သုံးေပးပါ။ Bubble Tea ေသာက္ၿပီးတိုင္း ေရမ်ားမ်ား ေသာက္ေပးပါ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service