ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်လိုသည့် ကုမ္ပဏီပေါင်း တစ်ထောင်ကျော်အား ကန်ထရိုက်မှတ်ပုံတင် လက်မှတ် စိစစ်ထုတ်ပေးထား - Property News in Myanmar from iMyanmarHouse.com
935 Views

ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်လိုသည့် ကုမ္ပဏီပေါင်း တစ်ထောင်ကျော်အား ကန်ထရိုက်မှတ်ပုံတင် လက်မှတ် စိစစ်ထုတ်ပေးထား

[Unicode]

ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်လိုသည့် ကုမ္ပဏီများအားနှစ်စဉ်ကန်ထရိုက် မှတ်ပုံတင်လက်မှတ်များ စိစစ်ထုတ်ပေးရာ လေးနှစ်တာကာလအတွင်း ကုမ္ပဏီပေါင်း တစ်ထောင်ကျော်အား ကန်ထရိုက်မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးထားကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစတင်ကာ ကန်ထရိုက်စနစ်ဖြင့် လုပ်ဆောင်လိုသည့်ကုမ္ပဏီများအား မှတ်ပုံတင်လျှောက်ထားခွင့်ပြုခဲ့ရာ လက်ရှိအချိန်ထိကုမ္ပဏီပေါင်း ၁၁၈၅ ခုထံသို့ ကန်ထရိုက်မှတ်ပုံတင် လက်မှတ်ထုတ်ပေးထားပြီးဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကုမ္ပဏီများကန်ထရိုက်မှတ်ပုံတင်ရေးလုပ်ငန်း ကော်မတီမှ သတင်းထုတ်ပြန်ထားသည်။

မှတ်ပုံတင်လတ်မှတ်ထုတ်ပေးထားသည့်ကုမ္ပဏီများမှာ အရည်အသွေးစစ်ဆေးရေးကုမ္ပဏီ Quality Control ၁၄ ခု၊ အင်ဂျင်နီယာပညာရပ်ဆိုင်ရာ အကြံဉာဏ်ပေးသည့် ကုမ္ပဏီ (Engineering Consultant) ၊ အင်ဂျင်နီယာပညာရပ်ဆိုင်ရာဝန်ဆောင်မှုပေးသောကုမ္ပဏီ(Service) ရှစ်ခု၊ တည်ဆောက်ရေးကုမ္ပဏီ (Construction) ၁၁၃၃ ခုနှင့် အဓိကတည်ဆောက်ရေးပစ္စည်းပေးသွင်းသည့် ကုမ္ပဏီ(Trading) ၂၆ခု စုစုပေါင်း ၁၁၈၅ ခုဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၏ လုပ်ငန်းများကို ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်လိုသည့် ကုမ္ပဏီများအား အသိအမှတ်ပြုလက်မှတ်များအား ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစတင်ကာ လေးနှစ်တာ ကာလအတွင်း ကုမ္ပဏီပေါင်း တစ်ထောင်ကျော်ထိ ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ကုမ္ပဏီများအနေဖြင့် ကန်ထရိုက်မှတ်ပုံတင်နိုင်ရေးအတွက် ကုမ္ပဏီများကန်ထရိုက် မှတ်ပုံတင်ရေးလုပ်ငန်း ကော်မတီသို့ လည်းကောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ဝဘ်ဆိုက်မှ သော်လည်းကောင်း လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

မင်းသူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]









 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service