ကိုဗစ်ကာလတွင်း ရန်ကုန်မြို့ ကွန်ဒို၊ တိုက်ခန်း အရောင်းအဝယ်ဈေးကွက်မြင့်တက်လာခြင်းမရှိသော်လည်းမြေကွက်များအရောင်းအဝယ်သွက်လာ - Property News in Myanmar from iMyanmarHouse.com
1799 Views

ကိုဗစ်ကာလတွင်း ရန်ကုန်မြို့ ကွန်ဒို၊ တိုက်ခန်း အရောင်းအဝယ်ဈေးကွက်မြင့်တက်လာခြင်းမရှိသော်လည်းမြေကွက်များအရောင်းအဝယ်သွက်လာ

[Unicode]

ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလတွင်း ရန်ကုန်မြို့တွင် ကွန်ဒို ၊တိုက်ခန်းများ၏ အရောင်းအဝယ် ဈေးကွက်ငြိမ်သက်နေသော်လည်း ဒဂုံဆိပ်ကမ်းလေးမြို့နယ်တွင် လုံးချင်းအိမ်ရာ၊ မြေကွက်များ အရောင်းအဝယ်သွက်နေကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။

“ ကိုဗစ်ကြီးက ဘယ်အချိန်မှ ပျောက်မယ်ဆိုတာ မသိဘူးလေ၊ လူတော်တော်များများက ပုံမှန် ကွန်ဒိုအခန်းလေးမှာပေါ့ တော်တော်များများက နေရထိုင်ရတဲ့အခါမှာ ပြဿနာလေးတွေရှိတယ်၊ လော့‌ဒေါင်းချမိလိုက်တဲ့အခါဆိုရင် ပိတ်လိုက်ရတာတွေရှိတယ်၊ တစ်ချို့ စမ်းချောင်း၊ ကြည့်မြင်တိုင် တို့ဘက်မှာဆိုရင် လော့ဒေါင်းချလိုက်တော့ အကုန်လုံးပိတ်မိနေရော၊ ဒါမျိုးလေးတွေရှိတာပေါ့၊ တကယ်လို့များ တိုက်က တစ်ယောက် ယောက်က ထဖြစ်လိုက်လို့ရှိရင်များ လော့ဒေါင်းပိတ်ဦး မလားပေါ့၊အဲလိုမျိုးလေးတွေ အဆင်မပြေဖြစ်တာပေါ့၊ အဲဒါတွေ အပေါ်မှာ လူတွေက စဉ်းစားမိပြီးတော့ မြောက်ဒဂုံဘက်ကို မြေကွက်လေးနဲ့ပဲ နေတော့မယ်ပေါ့၊ မြေဝယ်ပြီးတော့ အဲကို ရွှေ့ကြတာတော့များတယ်””ဟု မြန်မာနိုင်ငံအိမ်ခြံမြေ လုပ်ငန်း ဖွံဖြိုးတိုးတက်ရေး အသင်း၏ ဒုဥက္ကဌ ဦးအောင်ထွန်းက ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးတွင်း ဈေးနှုန်းအားဖြင့် သင့်တင့်ပြီး သွားရေးလာရေး လွယ်ကူသည့် မြောက်ဒဂုံ၊တောင်ဒဂုံ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ဒဂုံဆိပ်ကမ်းမြို့နယ်များတွင် ကိုဗစ်ကာလအတွင်း အိမ်ခြံမြေဝယ်လိုအား မြင့်တက်လျက်ရှိနေခြင်းဖြစ်သည်။

“ အထူးသဖြင့်တော့ မြေကွက်တွေအရောင်းအဝယ်လေးတွေ ကောင်းနေတာတော့ မြောက်ဒဂုံပေါ့၊တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်းလေးမြို့နယ်ပေါ့၊ အခုချိန်ထိ မြောက်ဒဂုံကတော့ တော်တော်လေးအရောင်းအဝယ်ဖြစ်တယ်၊ အဓိကတော့ ရင်းနှီးမြှုပ်နှံဖို့ဆိုတာထက် နေကြဖို့ ဝယ်ကြတာများပါတယ်၊ပေ ၄၀×၆၀ မှ သိန်းတစ်ထောင်ကျော်လေးဆိုရင်ရပြီ၊ လမ်းမတန်းတွေကျမှသာ နှစ်ထောင်ကျော်၊သုံးထောင်ပေါ့၊ အဲလောက်လေးဆိုတော့ မြောက်ဒဂုံဘက်မှာက လမ်းကျယ်တယ်လေ၊ ဘေးရဲ့ လမ်းပလက်ဖောင်းတွေကလည်း မြေပိုတွေဘာနဲ့ဆိုတော့ ပေ ၄၀×၆၀ ဝယ်လိုက်ပေမယ့်လည်း ရှေ့မှာက ၁၅ ပေ ၂၀ လောက်ရှိနေတာကို၊ လမ်းကျယ်ဆိုတော့ လုပ်ငန်းတွေ ဘာလေးလုပ် ကိုယ်ခြံနဲ့ ကိုယ့်ဝင်းနဲ့နေလို့ရတယ်၊ သွားရေးလာရေးလည်း အဆင်ပြေတယ်ဆိုပြီးတော့ တော်တော်များများက ဝယ်ကြတယ် ””ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

ထို့ပြင် ဘဏ်တိုးများ လျော့ကျနေချိန် ရွှေဈေး ၊ ဒေါ်လာဈေး၊ ကားဈေးမြင့်တက်လာမှုကြောင့် ငွေပိုငွေလျှံရှိသူများအနေဖြင့် အိမ်ခြံမြေဈေးကွက်တွင် ရင်းနှီးမြှုပ်နှံလာနေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ကိုဗစ္ကာလတြင္း ရန္ကုန္ၿမိဳ႕ ကြန္ဒို၊ တိုက္ခန္း အေရာင္းအဝယ္ေဈးကြက္ျမင့္တက္လာျခင္းမ႐ွိေသာ္လည္းေျမကြက္မ်ားအေရာင္းအဝယ္သြက္လာ

ကိုဗစ္-၁၉ ျဖစ္ပြားေနစဥ္ကာလတြင္း ရန္ကုန္ၿမိဳ႕တြင္ ကြန္ဒို ၊တိုက္ခန္းမ်ား၏ အေရာင္းအဝယ္ ေဈးကြက္ၿငိမ္သက္ေနေသာ္လည္း ဒဂုံဆိပ္ကမ္းေလးၿမိဳ႕နယ္တြင္ လုံးခ်င္းအိမ္ရာ၊ ေျမကြက္မ်ား အေရာင္းအဝယ္သြက္ေနေၾကာင္း အိမ္ျခံေျမအက်ိဳးေဆာင္မ်ားထံမွ သိရသည္။

“ ကိုဗစ္ႀကီးက ဘယ္အခ်ိန္မွ ေပ်ာက္မယ္ဆိုတာ မသိဘူးေလ၊ လူေတာ္ေတာ္မ်ားမ်ားက ပုံမွန္ ကြန္ဒိုအခန္းေလးမွာေပါ့ ေတာ္ေတာ္မ်ားမ်ားက ေနရထိုင္ရတဲ့အခါမွာ ျပႆနာေလးေတြ႐ွိတယ္၊ ေလာ့‌ေဒါင္းခ်မိလိုက္တဲ့အခါဆိုရင္ ပိတ္လိုက္ရတာေတြ႐ွိတယ္၊ တစ္ခ်ိဳ႕ စမ္းေခ်ာင္း၊ ၾကည့္ျမင္တိုင္ တို႔ဘက္မွာဆိုရင္ ေလာ့ေဒါင္းခ်လိုက္ေတာ့ အကုန္လုံးပိတ္မိေနေရာ၊ ဒါမ်ိဳးေလးေတြ႐ွိတာေပါ့၊ တကယ္လို႔မ်ား တိုက္က တစ္ေယာက္ ေယာက္က ထျဖစ္လိုက္လို႔႐ွိရင္မ်ား ေလာ့ေဒါင္းပိတ္ဦး မလားေပါ့၊အဲလိုမ်ိဳးေလးေတြ အဆင္မေျပျဖစ္တာေပါ့၊ အဲဒါေတြ အေပၚမွာ လူေတြက စဥ္းစားမိၿပီးေတာ့ ေျမာက္ဒဂုံဘက္ကို ေျမကြက္ေလးနဲ႔ပဲ ေနေတာ့မယ္ေပါ့၊ ေျမဝယ္ၿပီးေတာ့ အဲကို ေ႐ႊ႕ၾကတာေတာ့မ်ားတယ္””ဟု ျမန္မာႏိုင္ငံအိမ္ျခံေျမ လုပ္ငန္း ဖြံၿဖိဳးတိုးတက္ေရး အသင္း၏ ဒုဥကၠဌ ဦးေအာင္ထြန္းက ေျပာဆိုသည္။

ရန္ကုန္တိုင္းေဒသႀကီးတြင္း ေဈးႏႈန္းအားျဖင့္ သင့္တင့္ၿပီး သြားေရးလာေရး လြယ္ကူသည့္ ေျမာက္ဒဂုံ၊ေတာင္ဒဂုံ၊ ဒဂုံၿမိဳ႕သစ္(အေ႐ွ႕ပိုင္း)၊ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္မ်ားတြင္ ကိုဗစ္ကာလအတြင္း အိမ္ျခံေျမဝယ္လိုအား ျမင့္တက္လ်က္႐ွိေနျခင္းျဖစ္သည္။

“ အထူးသျဖင့္ေတာ့ ေျမကြက္ေတြအေရာင္းအဝယ္ေလးေတြ ေကာင္းေနတာေတာ့ ေျမာက္ဒဂုံေပါ့၊ေတာင္ဒဂုံ၊ ဒဂုံဆိပ္ကမ္းေလးၿမိဳ႕နယ္ေပါ့၊ အခုခ်ိန္ထိ ေျမာက္ဒဂုံကေတာ့ ေတာ္ေတာ္ေလးအေရာင္းအဝယ္ျဖစ္တယ္၊ အဓိကေတာ့ ရင္းႏွီးျမႇဳပ္ႏွံဖို႔ဆိုတာထက္ ေနၾကဖို႔ ဝယ္ၾကတာမ်ားပါတယ္၊ေပ ၄၀×၆၀ မွ သိန္းတစ္ေထာင္ေက်ာ္ေလးဆိုရင္ရၿပီ၊ လမ္းမတန္းေတြက်မွသာ ႏွစ္ေထာင္ေက်ာ္၊သုံးေထာင္ေပါ့၊ အဲေလာက္ေလးဆိုေတာ့ ေျမာက္ဒဂုံဘက္မွာက လမ္းက်ယ္တယ္ေလ၊ ေဘးရဲ႕ လမ္းပလက္ေဖာင္းေတြကလည္း ေျမပိုေတြဘာနဲ႔ဆိုေတာ့ ေပ ၄၀×၆၀ ဝယ္လိုက္ေပမယ့္လည္း ေ႐ွ႕မွာက ၁၅ ေပ ၂၀ ေလာက္႐ွိေနတာကို၊ လမ္းက်ယ္ဆိုေတာ့ လုပ္ငန္းေတြ ဘာေလးလုပ္ ကိုယ္ျခံနဲ႔ ကိုယ့္ဝင္းနဲ႔ေနလို႔ရတယ္၊ သြားေရးလာေရးလည္း အဆင္ေျပတယ္ဆိုၿပီးေတာ့ ေတာ္ေတာ္မ်ားမ်ားက ဝယ္ၾကတယ္ ””ဟု ၎က ထပ္ေလာင္းေျပာဆိုသည္။

ထို႔ျပင္ ဘဏ္တိုးမ်ား ေလ်ာ့က်ေနခ်ိန္ ေ႐ႊေဈး ၊ ေဒၚလာေဈး၊ ကားေဈးျမင့္တက္လာမႈေၾကာင့္ ေငြပိုေငြလွ်ံ႐ွိသူမ်ားအေနျဖင့္ အိမ္ျခံေျမေဈးကြက္တြင္ ရင္းႏွီးျမႇဳပ္ႏွံလာေနေၾကာင္း အိမ္ျခံေျမ အက်ိဳးေဆာင္မ်ားထံမွ သိရသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service