ပြည်တွင်းလေကြောင်းခရီးစဉ်များအတွက် လက်မှတ်ရောင်းချခြင်းဆိုင်ရာစံသတ်မှတ်ချက်များကို မြန်မာအမျိုးသား လေကြောင်းက အသိပေးထား - Property News in Myanmar from iMyanmarHouse.com
659 Views
ပြည်တွင်းလေကြောင်းခရီးစဉ်များအတွက် လက်မှတ်ရောင်းချခြင်းဆိုင်ရာစံသတ်မှတ်ချက်များကို မြန်မာအမျိုးသား လေကြောင်းက အသိပေးထား
[Unicode]
ပြည်တွင်းလေကြောင်းခရီးစဉ်များအတွက် လက်မှတ်ရောင်းချခြင်းဆိုင်ရာစံသတ်မှတ်ချက်များကို မြန်မာအမျိုးသား လေကြောင်းက ဒီဇင်ဘာ ၁၅ ရက်က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြအသိပေးထားသည်။
အဆိုပါ အသိပေးထားသည့် အချက်များမှာ-
၁။ ခရီးသည်မှ ခရီးစဉ်နှင့် ရက်သတ်မှတ်ထားသော လက်မှတ်များကို MNA Ticketing Counter များ၊ Website နှင့် နီးစပ်ရာ Travel Agent တို့တွင် ဝယ်ယူရမည်ဖြစ်သည်။
၂။ ခရီးသည်များအနေဖြင့် သက်မှတ်ထားသော နေရာများတွင် ဝယ်ယူထားသော လေယာဉ်လက်မှတ် ပြ၍ ဖြစ်စေ၊ လေယာဉ်ခရီးစဉ်အတွက် ကြိုတင်စာရင်းသွင်းထားကြောင်း အတည်ပြုချက်ပြ၍ဖြစ်စေ Rapid Antigen Diagnostic Test (RDT) Kit ဖြင့် Covid-19 ရောဂါကင်းစင်ကြောင်း ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပေးရမည်ဖြစ်ပါသည်။ Check-In ပြုလုပ်ရာတွင် ၃၆ နာရီအတွင်းစစ်ဆေးထားသော Negative Test Result ဖြစ်ရပါမည်။
၃ (က)။ ခရီးသည်အနေဖြင့် Rapid Antigen Diagnostic Test တွင် Positive ပြပါက မြန်မာအမျိုးသားလေကြောင်းမှ တိုက်ရိုက်ဝယ်ယူထားသော လက်မှတ်များအတွက် Free Date Change (သို့) Full Refund ပြန်လည်ပေးအပ်ပါမည်။
(ခ)။ Travel Agent မှတစ်ဆင့်ဝယ်ယူထားသော လက်မှတ်များအတွက် မိမိဝယ်ယူထားသော Travel Agent သို့ဆက်သွယ်ပေးရမည်ဖြစ်ပါသည်။
၄။ ယခင် ဝယ်ယူထားသော ပြည်တွင်းလေယာဉ်လက်မှတ်ကိုလည်း ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့မှ စတင်ပျံသန်းမည့် ပြည်တွင်းခရီးစဉ်များအတွက် Free Date Change ပြုလုပ်ပေးပါမည်။
၅။ ပြည်တွင်းလက်မှတ်ဆိုင်ရာ လက်မှတ်ရောင်းချမှု မူလစည်းမျဉ်းသက်မှတ်ချက်များ (Fare Rules) ပြောင်းလဲခြင်းမရှိပါ။ အမှတ်စဉ် (၁) မှ (၄) သည် Covid-19 ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်းဖြေလျော့ပေးထားခြင်းဖြစ်သည်။
ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လေကြောင်းလိုင်းဝန်ထမ်းများ၊ လေဆိပ်ဝန်ထမ်းများနှင့် လေယာဉ်စီးခရီးသည်များ လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များ (Standard Operation Procedure – SOP) ကို ပြည်တွင်း လေယာဉ်ခရီးသွားများအနေဖြင့် သေချာစွာ ဖတ်ရှုလေ့လာပေးကြရန်လည်း မြန်မာအမျိုးသား လေကြောင်းကတိုက်တွန်းထားသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service