ပလင်းကမ်းသာယာဆင်စခန်းအား ခရီးသွားလုပ်ငန်းဖော်ဆောင်ရန်စီစဉ်နေ - Property News in Myanmar from iMyanmarHouse.com
1024 Views

ပလင်းကမ်းသာယာဆင်စခန်းအား ခရီးသွားလုပ်ငန်းဖော်ဆောင်ရန်စီစဉ်နေ

[Unicode]

ပလင်းကမ်းသာယာဆင်စခန်းအား ခရီးသွားလုပ်ငန်းဖော်ဆောင်ရန်စီစဉ်နေကြောင်း ဒီဇင်ဘာ ၁၄ ရက်က ဟိုတယ်နှင်ခရီးသွား လာရေးညွှန်ကြားမှုဦးစီးဌာန၏ လူမှုကွန်ရက်စာမျက်နှာမှသိရသည်။

ပလင်းကမ်းသာယာ ဆင်စခန်းသည် ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုမြို့တော်အတွင်းရှိပြီး ညောင်ဦး-မြင်းခြံ-ပခုက္ကူလမ်းမကြီးမြောက်ဘက်၊ ညောင်ဦးမြို့ မှ ၅ မိုင် ၅ ဖာလုံ၊ လမ်းမကြီးမှ ၂ ဖာလုံခန့်အကွာ ဧရာဝတီမြစ်ကမ်းနံဘေးတွင် တည်ရှိပြီးကြောင်းသိရသည်။

ခရီးသွားလုပ်ငန်း ခရီးစဉ်သစ်များတိုးချဲ့နိုင်ရေးအတွက် အဆိုပါ ဆင်စခန်းသို့ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲတာဝန်ခံနှင့် အရာထမ်း၊ အမှုထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပုဂံ ညောင်ဦးမှ တာဝန်ခံများ၊ ပုဂံညောင်ဦး DMO အဖွဲ့ဝင်များ၊ Bagan Plastic Campaign ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ လိုက်ပါ၍ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အဆိုပါ ဆင်စခန်းသို့ မြေပြင်ကွင်းဆင်းစစ်ဆေးမှု ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပလင်းကမ်းသာယာ ဆင်စခန်းတွင် ဆင်နှင့်ပတ်သက်သည့်ဗဟုသုတများ စုံစုံလင်လင် လေ့လာနိုင်သည့်အပြင် ဆင်ပြတိုက်၊ ဆင်စာကျွေးခြင်းနှင့် သဘာဝတောလမ်းအတိုင်းဆင်စီးခြင်း၊ မြစ်ကမ်းဘေးရှိ ထန်းရွက်တဲများတွင် အပန်းဖြေ ရင်း ဧရာဝတီမြစ်နှင့်သဘာဝအလှတရားများ ခံစားနိုင်မှာဖြစ်ပြီး ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များ အပန်းဖြေသွားရောက်လည် ပတ်သင့်သည့် ဆင်စခန်းတစ်ခု ဖြစ်ကြောင်း သိရသည်။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ပလင္းကမ္းသာယာဆင္စခန္းအား ခရီးသြားလုပ္ငန္းေဖာ္ေဆာင္ရန္စီစဥ္ေန

ပလင္းကမ္းသာယာဆင္စခန္းအား ခရီးသြားလုပ္ငန္းေဖာ္ေဆာင္ရန္စီစဥ္ေနေၾကာင္း ဒီဇင္ဘာ ၁၄ ရက္က ဟိုတယ္ႏွင္ခရီးသြား လာေရးညႊန္ၾကားမႈဦးစီးဌာန၏ လူမႈကြန္ရက္စာမ်က္ႏွာမွသိရသည္။

ပလင္းကမ္းသာယာ ဆင္စခန္းသည္ ပုဂံေညာင္ဦးေရွးေဟာင္းယဥ္ေက်းမႈၿမိဳ႕ေတာ္အတြင္းရွိၿပီး ေညာင္ဦး-ျမင္းၿခံ-ပခုကၠဴလမ္းမႀကီးေျမာက္ဘက္၊ ေညာင္ဦးၿမိဳ႕ မွ ၅ မိုင္ ၅ ဖာလုံ၊ လမ္းမႀကီးမွ ၂ ဖာလုံခန႔္အကြာ ဧရာဝတီျမစ္ကမ္းနံေဘးတြင္ တည္ရွိၿပီးေၾကာင္းသိရသည္။

ခရီးသြားလုပ္ငန္း ခရီးစဥ္သစ္မ်ားတိုးခ်ဲ႕ႏုိင္ေရးအတြက္ အဆိုပါ ဆင္စခန္းသို႔ ဟိုတယ္ႏွင့္ခရီးသြား ညႊန္ၾကားမႈဦးစီးဌာန၊ ပုဂံ႐ုံးခြဲတာဝန္ခံႏွင့္ အရာထမ္း၊ အမႈထမ္းမ်ား၊ ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရး ဦးစီးဌာန ပုဂံ ေညာင္ဦးမွ တာဝန္ခံမ်ား၊ ပုဂံေညာင္ဦး DMO အဖြဲ႕ဝင္မ်ား၊ Bagan Plastic Campaign ဥကၠ႒ႏွင့္ အတြင္းေရးမႉးတို႔ လိုက္ပါ၍ ဒီဇင္ဘာလ ၁၂ ရက္ေန႔တြင္ အဆိုပါ ဆင္စခန္းသို႔ ေျမျပင္ကြင္းဆင္းစစ္ေဆးမႈ ျပဳလုပ္ခဲ့ၾကေၾကာင္း သိရသည္။

အဆိုပါ ပလင္းကမ္းသာယာ ဆင္စခန္းတြင္ ဆင္ႏွင့္ပတ္သက္သည့္ဗဟုသုတမ်ား စုံစုံလင္လင္ ေလ့လာနိုင္သည့္အျပင္ ဆင္ျပတိုက္၊ ဆင္စာေကၽြးျခင္းႏွင့္ သဘာဝေတာလမ္းအတိုင္းဆင္စီးျခင္း၊ ျမစ္ကမ္းေဘးရွိ ထန္းရြက္တဲမ်ားတြင္ အပန္းေျဖ ရင္း ဧရာဝတီျမစ္ႏွင့္သဘာဝအလွတရားမ်ား ခံစားနိုင္မွာျဖစ္ၿပီး ျပည္တြင္း ျပည္ပ ခရီးသြားဧည့္သည္မ်ား အပန္းေျဖသြားေရာက္လည္ ပတ္သင့္သည့္ ဆင္စခန္းတစ္ခု ျဖစ္ေၾကာင္း သိရသည္။

ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ

Upcoming Property Events

CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service