လူသိနည်းသော နနွင်းနက်နှင့် ယင်း၏အသုံးဝင်ပုံများ - Property Knowledge in Myanmar from iMyanmarHouse.com
2998 Views

လူသိနည်းသော နနွင်းနက်နှင့် ယင်း၏အသုံးဝင်ပုံများ

Knowledge | Posted by Zarni Kyaw

[Unicode]

နနွင်းကို ဟင်းပွဲများနှင့်အခြားသော အဖျော်ယမကာများတွင်အသုံးပြုကြသည့်အပြင် ကျန်းမာရေးအကျိုးကျေးဇူးများလည်းရရှိနိုင်သည့်အတွက် ကမ္ဘာအနှံ့လူသိများလှပါသည်။ ကျွန်ုပ်တို့မြင်တွေ့နေကျနနွင်းကို ချက်ပြုတ်ရာနှင့်ဆေးဝါးကုသမှုများ၌အသုံးပြုရသောကြောင့် ရင်းနှီးပြီးဖြစ်သော်လည်း နနွင်းနက်ကိုမူ လူသိနည်းလှပါသည်။ နနွင်းဝါနှင့်ပုံစံတူနနွင်းနက်ကို အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းနှင့် အခြားသောပြည်နယ်များတွင် တွေ့ရပါသည်။ နနွင်းနက်၏သိပ္ပံအမည်မှာ Curcuma caesia ဖြစ်ပြီး Black Zedoary ဟုလည်းခေါ်ဝေါ်ကြပါသည်။ နနွင်းနက်ပင်သည် နှစ်ရှည်ခံသစ်ပျော့ပင်မျိုးဖြစ်ပြီး အနီရောင်အနားသတ်များပါသောအဝါနုရောင်ပန်းပွင့် ပွင့်ပါသည်။

နနွင်းနက်ကိုစိုက်ပျိုးရာတွင် ပုံမှန်နနွင်းကိုစိုက်ပျိုးသည့်အတိုင်းစိုက်ပျိုးနိုင်ပြီး အမှုန့်ပုံစံ နနွင်းခဲပုံစံအဖြစ်အသုံးပြုနိုင်ပါသည်။ Madhya Pradeshပြည်ထောင်စုရှိလူမျိုးစုများသည် နနွင်းနက်ကိုကျက်သရေအဆောင်အဖြစ် သတ်မှတ်ထားကြပါသည်။ နနွင်းနက်ကိုဆောင်ထားခြင်းဖြင့် အစာရေစာပေါကြွယ်ဝစေပြီး ငတ်မွတ်ဆင်းရဲမှုဘေးမှကင်းဝေးစေသည်ဟုအယူရှိပါသည်။ ထို့ပြင်နနွင်းနက်တွင်အမွှေးဂလင်းများပါရှိသောကြောင့် အမွှေးရနံ့ကိုလည်းရရှိစေနိုင်ပါသည်။

ဆေးဖက်ဝင်ပုံများ

Manipurနှင့်အခြားသောပြည်နယ်များတွင် နနွင်းနက်၏ကြိတ်ဖတ်ဖြင့် မြွေကိုက်သည့်ဒဏ်ရာများ၊ ကင်းမြီးကောက်ကိုက်သည့် ဒဏ်ရာများကို ကုသလေ့ရှိပါသည်။ ထို့ပြင်နနွင်းနက်မှရသည့်သတ္တုရည်(နနွင်းနက်ကိုကြိတ်လိုက်လို့ရရှိတဲ့အရည်)ကို ဝမ်းကိုက်ခြင်း၊ အူလမ်းကြောင်းဆိုင်ရာရောဂါများကိုကုသခြင်းများတွင် အသုံးပြုပါသည်။ ထို့အပြင်သွေးထွက်လွန်ခြင်းများကိုကာကွယ်နိုင်ခြင်း၊ အနာကျက်မြန်စေခြင်း စသောအစွမ်းသတ္တိများရှိသောကြောင့် အနာများကုသရာတွင် လွန်စွာအသုံးများပါသည်။

နနွင်းနက်ကြိတ်ဖတ်ကို မီးလောင်ဒဏ်ရာများပေါ်တွင်အုံပေးခြင်းဖြင့် အရည်ကြည်ဖုထခြင်းများကိုသက်သာစေနိုင်ပါသည်။ အဆစ်အမြစ်ကိုက်ခြင်းများကိုလည်း နနွင်းနက်ဖြင့် ကြပ်ထုပ်စည်း၍ကုသနိုင်ပါသည်။ နနွင်းနက်တွင် အင်တီအောက်စီးဒင့် (antioxidant) များပေါကြွယ်ဝသည့်အပြင် မှိုများကိုဆန့်ကျင်သောသတ္တိများပါရှိသောကြောင့် ခန္ဓာကိုယ်ရောင်ရမ်းခြင်းများ ၊ အခြားသောပြင်ပရောဂါများကိုတိုက်ထုတ်ပေးနိုင်စွမ်းရှိပါသည်။ အစရှိသော အစွမ်းသတ္တိများကြောင့် နနွင်းနက်သည် ‌ဆေးဝါးကုသရာ၌လွန်စွာအကျိုးကျေးဇူးများနေရခြင်းဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: အစိမ်းရောင်လမ်း

 

[Zawgyi]




ဆေးဖက်ဝင်ပုံများ







Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service