ကဏန်းစားသုံးခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများ - Property Knowledge in Myanmar from iMyanmarHouse.com
1588 Views
ကဏန်းစားသုံးခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများ
Knowledge | Posted by Si Thu Aung
[Unicode]
၁။ ကဏန်းတစ်ကောင်တွင် အသားနည်းနည်းသာပါသော်လည်း အသားဓါတ်(Protein)များ ကြွယ်ဝလှပေသည်။ ထိုအသားဓါတ်မှာ အရည်အသွေးမြင့်မားပြီး အမဲသား၊ ဆိတ်သားတို့ကဲ့သို့ အကြောတွေ မပါဝင်သဖြင့် အစာကြေလွယ်ပြီး အသက်အရွယ်မရွေး စားသုံးနိုင်ပါသည်။
၂။ ကဏန်းတွင် ဗီတာမင်ဓါတ်(Vitamin) နှင့် သတ္တုဓါတ်(Mineral)များစွာပါဝင်ပြီး အဆီဓါတ်နည်းကာ Omega- 3 ပါဝင်ပါသည်။ ပါဝင်သည့် Omega- 3 သည် အသီးနှံ၊ ဆီတွေမှာ ပါဝင်တတ်သည့် သာမန် Omega- 3 မဟုတ်ဘဲ Long-chain Omega- 3 ဖြစ်သောကြောင့် ကျန်းမာရေးကို အထောက်အကူပြုပြီး စိတ်လှုပ်ရှားမှုပြင်းခြင်းကို တားဆီးပေးခြင်း၊ ကဏန်း (၁၀၀) ဂရမ်တွင် တစ်နေ့တာလိုအပ်သည့် Omega- 3 သုံးပုံတစ်ပုံ ပါဝင်သည်ဟု သိရပါသည်။
၃။ ကဏန်းတွင် Selenium ဓါတ်ပါဝင်ပြီး Selenium ဓါတ်မှာ ခန္ဓာကိုယ်ခုခံအားစနစ်မှာ အရေးပါသည့်နေရာမှ ပါဝင်ပြီး ဆဲလ်၊ တစ်သျူးတွေ ထိခိုက်ခြင်းမှ အကာအကွယ်ပေးပါသည်။ ကဏန်းမှာပါဝင်သည့် Selenium ပမာဏမှာ အမဲသားတွင်ပါဝင်တာထက် (၁၂) ဆပိုများသည်ဟု သိရပါသည်။
၄။ ကဏန်းတွင် ဗီတာမင် ဘီ-တူး လည်းပါဝင်သောကြောင့် ဗီတာမင် ဘီ-တူး မှာ သွေးနီဥတွေ ထုတ်လွှတ်ဖို့အတွက် အရေးပါပြီး အရေပြား၊ မျက်လုံးနှင့် အာရုံကြောများအတွက် လိုအပ်သည့် သက်စောင့်ဓါတ်တစ်မျိုးလည်းဖြစ်ပါသည်။
၅။ ကဏန်းတွင် ကြေးနီ (Copper) ဓါတ်နှင့် ဖော့စ်ဖရိတ်စ်ဓါတ် (Phosphate) လည်း ပါဝင်ပြီး ကြေးနီးဓါတ်မှာ သွေးနီဥဖွဲ့စည်းတည်ဆောက်ပုံအတွက် အရေးပါပြီး ဖော့စ်ဖရိတ်စ်ဓါတ်မှာ ကျောက်ကပ်လုပ်ငန်းစဥ်၊ နှလုံးကြွက်သားနှင့် အစာခြေစနစ်အတွက် များများလိုအပ်သည့် ဓါတ်တစ်မျိုးဖြစ်ပါသည်။
ကဏန်းစားသုံးခြင်းဖြင့် ထိုကဲ့သို့ ကျန်းမာရေးအကျိုးကျေးဇူးများစွာကို ရရှိမှာဖြစ်ပါသည်။ ကဏန်းတွင်မှ ပြာသိုလကဏန်းသည် အကောင်းဆုံးဖြစ်သည်ဟုသိရပြီး ပြာသိုလမိုက်ညကဏန်းဆိုပါက အကောင်ကြီးကာ အဆီ၊ ဥများ၏။ အသားပြည့်၏။ အသားပေါ၍ အချိန်စီးပြီး ရောင်းပန်းလှသည်ဟု သိရပါသည်။ ကဏန်းအသားမှာ အလွန်ချိုပြီး နူးညံ့သောကြောင့် လူကြိုက်များလှပြီး ကဏန်းမာရော ကဏန်းပျော့ပါ ဈေးကောင်းကြပါသည်။
သို့ပါသောကြောင့် အခွံမာရေနေသတ္တဝါ ကဏန်းများမှာ လူသားများအတွက် ကျန်းမာရေး အထောက်အကူလည်းပြု၊ အရသာလည်း ထူးခြားကောင်းမွန်၊ ပြည်တွင်းသာမက နိုင်ငံခြားဈေးကွက်ပါ တင်ပို့နေရပြီး နှစ်စဥ် နိုင်ငံခြားဝင်ငွေရရှိစေသော ရေထွက်ကုန် ကဏန်းများအကြောင်းကို လေ့လာမိသမျှ ရေးသားလိုက်ရပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: greenwaymyanmar
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
Upcoming Property Events
From 28 Jun To 29 Jun
Magical World Apartment
From 28 Jun To 29 Jun
Pan Swal Taw Condominium
From 02 Jun To 30 Jun
42 Mini Condo
From 02 Jun To 30 Jun
Central Shophouse
From 09 Jun To 09 Jul
The Vista Luxury Residence
Pan Swal Taw Condominium
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service